Wednesday, November 3, 2010

ရောင့်ရဲလွယ်သူ

ကျွန်မနေတဲ့တိုက်ရဲ့အောက်ကကားပါကင်မှာဦးမဲဆိုတဲ့ကားဆေးတဲ့လူတစ်ယောက်
ရှိပါတယ်။အသက်၅၀ကျော်လောက်ရှိပြီးတနင်္ဂနွေကလွဲလို့ကျန်တဲ့နေ့တွေမှာမနက်၉
နာရီလောက်ကနေညနေ၅နာရီလောက်ထိကားပါကင်မှာရှိပါတယ်။
ကျွန်မနေတဲ့တိုက်ပါကင်မှာကား၅၀လောက်ရှိပြီးတဘက်ကတိုက်၂လုံးမှာတော့ကား၂၀
လောက်စီရှိပါတယ်။တစ်နေ့ကိုကားတစ်စီးနှစ်စီးလောက်ဆေးရပါတယ်။
နေ့တိုင်းအလုပ်ရှိတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဦးမဲကတစ်နေ့ကား၂စီးပဲဆေးပါတယ်။
ကားတစ်စီးဆေးရင်၃၊၄ဒေါ်လာရတာမို့တစ်နေ့၈ဒေါ်လာလောက်ရရင်နေ့တွက်စီပြီမို့
အလုပ်ဆက်မလုပ်တော့ပါ။
နေ့လည်၁၂နာရီနဲ့၂နာရီကြားလည်းနေ့လည်စာစားတာရယ်အနားယူတာရယ်ကြောင့်
အလုပ်မလုပ်ပါဘူး။
့တချို့ကနေ့လည်စာပြန်စားရင်းကားဆေးခိုင်းရင်မဆေးပါဘူး။မနက်ဖန်သဘက်ခါ
ရွှေ့နေလို့စိတ်မရှည်သူတွေကကြုံရာမှာဆေးလိုက်လို့ဖေါက်သည်ပျက်တာလည်းမကြာ
ခဏပါ။
စနေ၊တနင်္ဂနွေ၊တနင်္လာ၃ရက်ဆက်တိုက်မိုးရွာတာကြောင့်ကျွန်မကားဖုံတွေရွှံ့တွေနဲ့
ညစ်ပတ်နေလို့ဦးမဲကိုကားဆေးပေးဖို့ပြောပါတယ်။မအားလို့မနက်ဖန်မှဆေးပါရစေ
ဆိုပါတယ်။မနက်ဖန်ရောက်ပြန်တော့နောက်နေ့ချိန်းပြန်ပါတယ်။
ဖုံတွေရွှံ့တွေအလိမ်းလိမ်းနဲ့ကားကိုဆေးဖို့အကြာကြီးစောင့်မနေနိုင်ပါဘူး။
ဒါကြောင့်မိတ်ဆွေတယောက်ရဲ့ရုံးအောက်မှာကားထိုးပေးပြီးပါကင်စောင့်တဲ့ကောင်လေး
ကိုဆေးခိုင်းပါတယ်။ကားဆေးခကအတူတူပါ။
နောက်နေ့ဦမဲကားဆေးဖို့လာပြောတော့ကားကသန့်ရှင်းနေပြီမို့ဆေးဖို့မလိုတော့ပါ။
ဒီမြို့မှာကားဆေးတဲ့သူတွေပေါပါတယ်။
ရုံးတွေအောက်ပါကင်တွေ၊ဈေးပါကင်တွေ၊လမ်းဘေးပါကင်တွေမှာကားဆေးချင်သူတွေ
အများကြီးပါ။တသီးတသန့်အချိန်ပေးနိုင်ရင်ကားဆေးတဲ့ဝေါ့ရှော့တွေလည်းရှိပါတယ်။
ဦးမဲရဲ့အလုပ်ဟာအပြိုင်အဆိုင်တွေများတာကြောင့်ကိုယ်က၀ီရိယစိုက်ပြီးလုပ်ပါမှ၊
ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှအဆင်ပြေမှာပါ။
ကိုယ်ကလုပ်နိုင်ရင်တောင်ကားဆေးချင်တဲ့သူကရှိအုန်းမှ။
မိုးရွာမဲ့နေ့တွေအတွက်နေသာတဲ့နေ့တွေမှာကြိုးစားအလုပ်လုပ်ပြီးစုဆောင်းထားဖို့
စိတ်ကူးရှိပုံမရပါဘူး။
ဒီကလူတွေအများစုဟာဝိရိယနည်းပြီးလက်ကြောမတင်းကြပါ။
လုပ်တဲ့အလုပ်ကိုလည်းစိတ်ဝင်စားပြီးစေတနာမထားတတ်ကြပါဘူး။
အလွန်ပျင်းပြီးလေးလည်းလေးပါတယ်။
ဆိုင်မှာလုပ်တဲ့အလုပ်သမားတွေဆိုလည်းဒါလုပ်ဆိုဒါဘဲလုပ်တတ်ပါတယ်။
တခြားဟာကိုလုပ်တတ်အောင်သင်ယူဖို့စိတ်ကူးမရှိပါဘူး။မခိုင်းရင်ထိုင်နေတတ်ပါတယ်။
အချင်းချင်းလေပေါနေတတ်ပါတယ်။
ဝယ်သူလာလို့ဈေးမေးရင်တစ်ခုမှမသိပါဘူး။ကောင်တာကပိုင်ရှင်ကိုပစ္စည်းတစ်ခုချင်း
ယူပြီးသွားမေးပါတယ်။ဘယ်တော့မှလည်းဈေးတွေမှတ်မထားပါဘူး။
နောက်ဝယ်သူလာရင်ထပ်မေးပြန်ပါတယ်။
သူတို့ဟာအလုပ်သမားဘ၀မှာဘဲကျေနပ်နေပြီးပိုင်ရှင်ဖြစ်အောင်ကြိုးစားကြသူတွေ
မဟုတ်ပါ။
ဒီနေ့ရှာဒီနေ့ကုန်အောင်သုံးပြီးနောင်ရေးမပူပင်တတ်ကြပါဘူး။
ရောင့်ရဲလွယ်တဲ့စိတ်ဓါတ်ဟာပျင်းလို့လား၊ဖျင်းလို့လားသိနိုင်ပါဘူးလေ။

8 comments:

  1. ရောင်ရဲတင်းတိမ် ရေသာခို ဆိုသလိုပေါ့။

    ReplyDelete
  2. ဟားဟားးး ညီမ ကလည်း

    အမ တို့ စီလည်း ဒီအတိုင်း ဘဲ မဟုတ်လား အခုတော့ ဒီမှာ နဲနဲ ကျိုးစားလာကြပါပြီ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. ဒီကလူအတော်များများလည်း.....အဲ့သလိုခပ်ဆင်ဆင်ရယ်....။
    တနင်္လာလိုနေ့မျိုး......မနက်စောစောမိုးရွာရင်....ဆေးခွင့်၊ ရိုးရိုးခွင့်....တန်းစီနေတော့တာမျိုးပါလေ.......။
    သူတို့ကတော့ အေးဆေး...။ ကျန်တဲ့သူတွေကတော့ အလုပ်ထဲမှာ လူမလောက်လို့ သေပြေး၊ ရှင်ပြေးပေါ့.....။
    ဒီလိုပဲ........။

    ReplyDelete
  4. အင်း....ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ဟို “မသေရုံစား မအားရုံလုပ်” ဆိုတဲ့ စကားပုံလိုမျိုးထင်တယ်။

    ReplyDelete
  5. ဂလိုပါပဲဗျား)
    လူပျင်းတွေနဲ့လူလိမ်တွေနဲ့
    လူကောင်းတွေနဲ့ ရောသောပေါသေား)း)

    ReplyDelete
  6. တချို့လူတွေကဒီလိုပါဘဲလေ..
    ရောင့်ရဲလွယ်တယ်ဘဲပြောမလား..
    ပျင်းတယ်ဘဲပြောမလားဘဲလေ...

    ReplyDelete
  7. ရောင့်ရဲခြင်းဆိုတာ ကောင်းပါတယ် ညီမရေ။

    ReplyDelete
  8. အစ်မရေ...အစ်မပေးထားတဲ့ အစ်မရဲံအီးမေလ်းက မသုံးတော့တာလားဟင် ။ ပို့လို့မရဘူးဖြစ်နေတယ် ။ အစ်မ အချိန်ရရင် ခရမ်းကိုအီးမေလ်းလေးပို့ပေးပါဦး ။ ခရမ်း အစ်မအတွက် စာရေးထားလို့ပါ ။

    ReplyDelete