Saturday, March 20, 2010

ကျွန်မမှာမိန်းမသား(၂ )

သူတို့အမျိုးသမီးတွေဟာမုဆိုးမဘ၀ရောက်တာတောင်ကိုယ့်စိတ်နဲ့ကို့ကိုယ်မနေနိုင်
ကြရှာပါဘူး။
မုဆိုးမအမျိုးသမီးများဟာသေဆုံးသူလင်ယောင်္ကျားရဲ့မိဘဆွေမျိုးတွေ
ချယ်လှယ်မှုအောက်ကမလွတ်နိုင်ပြန်ဘူး။
ကလေးတွေနဲ့ကျန်ခဲ့တဲ့မုဆိုးမကိုစောင့်ရှောက်ဖို့လိုတယ်လို့ယောင်္ကျားဘက်က
အမျိုးတွေကဆုးံဖြတ်ရင်ယောင်္ကျားရဲ့ညီအကိုတွေထဲကဖြစ်ဖြစ်၊အမျိုးထဲကဖြစ်ဖြစ်
ပြန်လက်ဆက်ရပါတယ်။မုဆိုးမဟာနောက်အိမ်ထောင်ပြုလိုသည်ဖြစ်စေ၊မပြုလို
သည်ဖြစ်စေ၊သူတို့ရွေးချယ်ပေးတဲ့လူကိုနှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ၊်ငြင်းပယ်ခွင့်မရှိပါဘူး။နောက်အိမ်ထောင်ကတရားဝင်လက်ထပ်ယူချင်မှယူတာပါ။
ဒါထက်ဆိုးတာကနောက်ပြုတဲ့အိမ်ထောင်ဖက်မှာမိန်းမနဲ့သားကြီးသမီးကြီးတွေ
ရှိနေတတ်တာပါဘဲ။
ဒါကြောင့်လဲနောက်ပြုတဲ့အိမ်ထောင်ဖက်ကမိန်းမထက်စောသေခဲ့ရင်အသုဘမှာ
အရင်မိန်းမနောက်မိန်းမအရင်ကလေးနောက်ကလေးနဲ့ဇယားတွေရှုတ်တော့တာပါ။
သေဆုံးသူဟာပိုက်ဆံရှိရင်ပိုဆိုးပါတယ်။
တခါတရံသေပြီးမှဘယ်တုန်းကယူထားမှန်းမသိတဲ့မိန်းမနဲ့မွေးထားတယ်ဆိုပြီး
ကလေးတွေရောက်လာပြီးအမွေတောင်းလို့စကားတွေများပြီးပြသနာတက်တတ်
ပါသေးတယ်။
ကျွန်မသူငယ်ချင်းဒီနိုင်ငံသူကလည်းရင်ဖွင့်ပြန်ပါတယ်။
သူတို့မှာမောင်နှမ၅ယောက်ရှိပါတယ်။
သူအသက်၁၀နှစ်မှာသူ့အဖေရဲ့အထက်ကအစ်ကိုသူ့ဦးလေးဆုံးပါတယ်။
သူ့အဖေကညီအကို၎ယောက်မှာအငယ်ဆုံးပါ။
ကလေး၎ယောက်နဲ့ကျန်ခဲ့တဲ့မရီးကိုဆွေမျိုးတွေကသူ့အဖေကိုစောင့်ရှောက်ခိုင်းပါတယ်။
မရီးကိုသွားစောင့်ရှောက်ရင်းတပတ်၃၊၄ရက်ပြန်လာလိုက်၊၂ရက်ပြန်လာလိုက်နဲ့နောက်
ဆုံးအိမ်ကိုလုံးဝပြန်မလာတော့ပါ။
မရီးကိုစောင့်ရှောက်ရင်းကလေး၎ယောက်ထပ်ရတာမို့သူတို့မှာမောင်နှမတ၀မ်းကွဲ၊
ဖအေတူမအေကွဲ၁၃ယောက်ရှိပါတယ်တဲ့။
သူ့အဖေဟာသေတဲ့အထိမရီးနဲ့ဘဲအတူနေပြီးသူတို့မိသားစုဆီကိုတော့ဧည့်သွားဧည့်လာ
ခဏတဖြုတ်သာလာလည်ပါတယ်။သူ့အဖေသေတော့မရီးကသူနဲ့တရားဝင်လက်ထပ်
ထားတာမဟုတ်လို့အလောင်းကိုသူငယ်ချင်းအမေဆီကိုပို့လိုက်ပါတယ်။
(သူတို့ဆီမှာအသုဘစရိတ်အလွန်ကြီးပါတယ်။)
သူ့အမေကလည်း၁၅နှစ်လောက်ပြစ်ထားတဲ့ယောင်္ကျားကိုသေမှသူ့ဆီပို့ရကောင်းလား
ဆိုပြီးစိတ်နာနာနဲ့မရီးဆီပြန်ပို့ပါတယ်။
အလောင်းကိုဟိုပို့ဒီပို့နဲ့နောက်ဆုံးမနေနိုင်တဲ့သမီးကြီးဖြစ်သူသူငယ်ချင်းကသဂြိုလ်ပေး
လိုက်ရပါတယ်။
ကျွန်မကဒီလိုအမျိုးသမီးအခွင့်အရေးတွေနည်းပါးပြီးစိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့
ဓလေ့ထုံးစံတွေကိုကြောက်ပြီးအိမ်ထောင်မပြုဘဲအပျိုကြီးလုပ်တဲ့သူတွေရောမရှိဘူး
လားလို့စပ်စုမိတော့...သူတို့နိုင်ငံမှာအိမ်ထောင်ကွဲံ၊တခုလပ်၊boy friendနဲ့ကွဲ
တဲ့သူတွေ။single motherတွေဘဲရှိပြီးအပျိုစင်အပျိုကြီးတွေလုံးဝမရှိကြောင်း
ပါတဲ့။

Thursday, March 11, 2010

ကျွန်မမှာမိန်းမသား(၁)

ဒီနိုင်ငံသူလုပ်ဖေါ်ကိုင်ဖက်မမများနဲ့စကားလက်ဆုံကျရင်းသူတို့နိုင်ငံရဲ့ဓလေ့နဲ့
အမျိုးသမီးတွေရဲ့ဘ၀ကိုတစေ့တစောင်းလေ့လာမိပါတယ်။
ဒီကအများစုအမျိုးသမီးတွေရဲ့ဘ၀ဟာအခွင့်အရေးတွေနည်းပါးလွန်းပြီးသနား
စရာအလွန်ကောင်းပါတယ်။
အိမ်ထောင်ကျပြီဆိုရင်မိန်းမရဲ့တာဝန်ဟာလင်ယောင်္ကျားကိုချက်ပြုတ်ကျွေးမွေး
ပြုစုဖို့နဲ့သားသမီးတွေကိုစောင့်ရှောက်ဖို့ပါ။အိမ်စားရိတ်နဲ့သားသမီးတွေကျောင်း
စားရိတ်မလောက်ငရင်ဒီတာဝန်တွေအပြင်ရရာကျပန်းအလုပ်ပါထွက်လုပ်ကြရပါ
သေးတယ်။လင်ယောင်္ကျားဟာမိသားစုကိုရှာဖွေကျွေးသည်ဖြစ်စေ၊မကျွေးသည်ဖြစ်စေ၊
သစ္စာရှိသည်ဖြစ်စေ၊သစ္စာမဲ့သည်ဖြစ်စေ၊ကောင်းကောင်းဆိုးဆိုးသူဟာအိမ်ရဲ့အရှင်
သခင်ပါ။မိန်းမလုပ်သူကယောင်္ကျားဘယ်သွားမယ်၊ဘာလုပ်မယ်၊ဘယ်အချိန်ပြန်လာ
မယ်၊ဆိုတာမေးပိုင်ခွင့်မရှိပါဘူး။ယောင်္ကျားကလဲအရေးတယူပြောလေ့မရှိပါ။
သူတို့စိတ်ကြိုက်လွတ်လွတ်လပ်လပ်သွားလာနေနိုင်ကြပါတယ်။
မိန်းမကစောဒဂတက်လို့မရပါ။
သားသမီးတွေမွေးလာတော့လည်းပြုစုစောင့်ရှောက်ရတဲ့မိခင်ကသားသမီးကိစ္စအ၀၀
ကိုဆုံးဖြတ်လို့မရပါ။ဖခင်နဲ့ဖခင်ဖက်ကမိဘဆွေမျိုးတွေကသာဆုံးဖြတ်လေ့ရှိပါတယ်။
ပိုဆိုးတာကသူတို့ဓလေ့အရယောင်္ကျားတစ်ယောက်ဟာမိန်းမတစ်ယောက်မက
ယူနိုင်တာပါ။
နောက်မိန်းမယူတာမယားကြီးက၀င်ပြီးတားခွင့်စွက်ဖက်ခွင့်မရှိပါ။
ဒီ့အပြင်သမီးရည်းစားမကလင်မယားမကျ(သူတို့အခေါ်ညာစီး)လို့ခေါ်တဲ့မီးငယ်လေးတွေ
လည်းရှိကြပါသေးတယ်။
တစ်ခါတရံယောင်္ကျားကခရီးထွက်မယ်ဆိုပြီးအိမ်ကမိန်းမကအ၀တ်အစားတွေထည့်ပြင်ဆင်ပေးပြီးတကယ်ကခရီးထွက်တာမဟုတ်ဘဲဟိုဘက်ရပ်ကွက်ကညာစီးအိမ်မှာ၁ပတ်၊
၂ပတ်သွားနေနေတာပါ။
မိန်းမကပတ်ဝန်းကျင်ပြောစကားအရအဖြစ်မှန်ကိုသိပေမဲ့ကလေးတွေကိုအသိပေးလေ့
မရှိပါ။
၂ပတ်လောက်နေမှအိတ်ဆွဲပြီးပြန်လာတဲ့ယောင်္ကျားကိုတကယ့်ခရီးကပြန်လာသလို
မသိဟန်ဆောင်ပြီးခရီးဦးကြိုပြုရတဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့ရင်ထဲကနာကျင်မှုကို
မျှဝေခံစားမိပါတယ်။
အချိုံ့ယောင်္ကျားများကျတော့လည်းရတဲ့လစာမိန်းမကိုမပေးဘဲမိသားစုစားဖို့တစ်လစာ
ဝယ်ချမ်းပေးပြီးကျန်တာအရက်သောက်၊မီးငယ်လေးကိုပေးတတ်ပါတယ်။
မမတို့ကလစာလုံးဝမပေးဘဲသူတို့ဟာသူတို့သုံးဖြန်းပြီးမိန်းမလုပ်စာကိုအရက်သောက်ဖို့နှိပ်စက်တောင်းတတ်တဲ့ယောင်္ကျားတွေထက်စာရင်ဒီလိုမိသားစုတွက်တစ်လစာဝယ်ချမ်း
ပေးတဲ့သူဟာသူတို့တွက်လင်ကောင်းသားကောင်းဆိုဘဲ။
ကျွန်မကငွေလည်းမအပ်၊မိသားစုလည်းလောက်ငအောင်ရှာမကျွေးအငယ်ကလည်းထားသေးဆိုတော့ဘာလို့ဆက်ပေါင်းနေလဲ၊ကွာပြစ်ပါလားလို့ချွန်တွန်းလုပ်တော့လင်မယား
ကွာရင်မိန်းမရဲ့မိဘအိမ်ကိုပြန်ပို့ခံရပါတယ်။
ကလေးတွေကတော့ယောင်္ကျားဘက်ကယူထားတတ်ပါတယ်။
သူတို့ထုံးတမ်းစဉ်လာအရယောင်္ကျားရပြီးသမီးကိုကြာရှည်လက်ခံထားလေ့မရှိဘဲ
ယောင်္ကျားထံပြန်ပို့ပါတယ်။အဲဒီအချိန်ယောင်္ကျားကပြန်လက်မခံရင်နေစရာလည်းမရှိ၊
သားသမီးတွေနဲ့လည်းကွဲကြရတာမို့ပိုဒုက္ခရောက်ရပါတယ်။
သူတို့ဆီကယောင်္ကျားတွေအားလုံးလိုလိုကဒီပုတ်ထဲကဒီပဲတွေဘဲမို့ကွဲကွာဖို့၊
နောက်ထပ်အားကိုးရှာဖို့မစဉ်းစားကြတော့ပါ။
ဒီအဖြစ်မျိုးဟာအမျိုးသမီးတိုင်းလိုလိုကြုံတွေ့နေကြရတာကြောင့်ဖြစ်သမျှအကြောင်း
အကောင်းရယ်လို့သာနှလုံးသွင်းကြရပါတယ်တဲ့။
ခုခေတ်မိန်းခလေးတွေကတော့မမတို့ထက်ပိုပြီးပညာတွေလည်းတတ်လာ၊
အတွေးအခေါ်အယူအဆတွေခေတ်မှီလာ၊အမျိုးသမီးအခွင့်အရေးတွေလည်းပိုရပြီးသတ္တိတွေလည်းမမတို့ခေတ်ကထက်ပိုရှိလာတော့မမျှတဘူးထင်တဲ့ဓလေ့ထုံးတမ်း
အစဉ်အလာတွေကိုလက်မခံတော့ပဲသူတို့တုန်းကလိုကြိတ်မှိတ်သီးခံတာတွေမရှိတော့
တာကြောင့်single motherတွေပိုများလာတယ်လို့ဆိုပါတယ်။
(မုဆိုးမအမျိုးသမီးများဘ၀ဆက်ပါအုန်းမယ်။)