Wednesday, November 3, 2010

ရောင့်ရဲလွယ်သူ

ကျွန်မနေတဲ့တိုက်ရဲ့အောက်ကကားပါကင်မှာဦးမဲဆိုတဲ့ကားဆေးတဲ့လူတစ်ယောက်
ရှိပါတယ်။အသက်၅၀ကျော်လောက်ရှိပြီးတနင်္ဂနွေကလွဲလို့ကျန်တဲ့နေ့တွေမှာမနက်၉
နာရီလောက်ကနေညနေ၅နာရီလောက်ထိကားပါကင်မှာရှိပါတယ်။
ကျွန်မနေတဲ့တိုက်ပါကင်မှာကား၅၀လောက်ရှိပြီးတဘက်ကတိုက်၂လုံးမှာတော့ကား၂၀
လောက်စီရှိပါတယ်။တစ်နေ့ကိုကားတစ်စီးနှစ်စီးလောက်ဆေးရပါတယ်။
နေ့တိုင်းအလုပ်ရှိတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဦးမဲကတစ်နေ့ကား၂စီးပဲဆေးပါတယ်။
ကားတစ်စီးဆေးရင်၃၊၄ဒေါ်လာရတာမို့တစ်နေ့၈ဒေါ်လာလောက်ရရင်နေ့တွက်စီပြီမို့
အလုပ်ဆက်မလုပ်တော့ပါ။
နေ့လည်၁၂နာရီနဲ့၂နာရီကြားလည်းနေ့လည်စာစားတာရယ်အနားယူတာရယ်ကြောင့်
အလုပ်မလုပ်ပါဘူး။
့တချို့ကနေ့လည်စာပြန်စားရင်းကားဆေးခိုင်းရင်မဆေးပါဘူး။မနက်ဖန်သဘက်ခါ
ရွှေ့နေလို့စိတ်မရှည်သူတွေကကြုံရာမှာဆေးလိုက်လို့ဖေါက်သည်ပျက်တာလည်းမကြာ
ခဏပါ။
စနေ၊တနင်္ဂနွေ၊တနင်္လာ၃ရက်ဆက်တိုက်မိုးရွာတာကြောင့်ကျွန်မကားဖုံတွေရွှံ့တွေနဲ့
ညစ်ပတ်နေလို့ဦးမဲကိုကားဆေးပေးဖို့ပြောပါတယ်။မအားလို့မနက်ဖန်မှဆေးပါရစေ
ဆိုပါတယ်။မနက်ဖန်ရောက်ပြန်တော့နောက်နေ့ချိန်းပြန်ပါတယ်။
ဖုံတွေရွှံ့တွေအလိမ်းလိမ်းနဲ့ကားကိုဆေးဖို့အကြာကြီးစောင့်မနေနိုင်ပါဘူး။
ဒါကြောင့်မိတ်ဆွေတယောက်ရဲ့ရုံးအောက်မှာကားထိုးပေးပြီးပါကင်စောင့်တဲ့ကောင်လေး
ကိုဆေးခိုင်းပါတယ်။ကားဆေးခကအတူတူပါ။
နောက်နေ့ဦမဲကားဆေးဖို့လာပြောတော့ကားကသန့်ရှင်းနေပြီမို့ဆေးဖို့မလိုတော့ပါ။
ဒီမြို့မှာကားဆေးတဲ့သူတွေပေါပါတယ်။
ရုံးတွေအောက်ပါကင်တွေ၊ဈေးပါကင်တွေ၊လမ်းဘေးပါကင်တွေမှာကားဆေးချင်သူတွေ
အများကြီးပါ။တသီးတသန့်အချိန်ပေးနိုင်ရင်ကားဆေးတဲ့ဝေါ့ရှော့တွေလည်းရှိပါတယ်။
ဦးမဲရဲ့အလုပ်ဟာအပြိုင်အဆိုင်တွေများတာကြောင့်ကိုယ်က၀ီရိယစိုက်ပြီးလုပ်ပါမှ၊
ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှအဆင်ပြေမှာပါ။
ကိုယ်ကလုပ်နိုင်ရင်တောင်ကားဆေးချင်တဲ့သူကရှိအုန်းမှ။
မိုးရွာမဲ့နေ့တွေအတွက်နေသာတဲ့နေ့တွေမှာကြိုးစားအလုပ်လုပ်ပြီးစုဆောင်းထားဖို့
စိတ်ကူးရှိပုံမရပါဘူး။
ဒီကလူတွေအများစုဟာဝိရိယနည်းပြီးလက်ကြောမတင်းကြပါ။
လုပ်တဲ့အလုပ်ကိုလည်းစိတ်ဝင်စားပြီးစေတနာမထားတတ်ကြပါဘူး။
အလွန်ပျင်းပြီးလေးလည်းလေးပါတယ်။
ဆိုင်မှာလုပ်တဲ့အလုပ်သမားတွေဆိုလည်းဒါလုပ်ဆိုဒါဘဲလုပ်တတ်ပါတယ်။
တခြားဟာကိုလုပ်တတ်အောင်သင်ယူဖို့စိတ်ကူးမရှိပါဘူး။မခိုင်းရင်ထိုင်နေတတ်ပါတယ်။
အချင်းချင်းလေပေါနေတတ်ပါတယ်။
ဝယ်သူလာလို့ဈေးမေးရင်တစ်ခုမှမသိပါဘူး။ကောင်တာကပိုင်ရှင်ကိုပစ္စည်းတစ်ခုချင်း
ယူပြီးသွားမေးပါတယ်။ဘယ်တော့မှလည်းဈေးတွေမှတ်မထားပါဘူး။
နောက်ဝယ်သူလာရင်ထပ်မေးပြန်ပါတယ်။
သူတို့ဟာအလုပ်သမားဘ၀မှာဘဲကျေနပ်နေပြီးပိုင်ရှင်ဖြစ်အောင်ကြိုးစားကြသူတွေ
မဟုတ်ပါ။
ဒီနေ့ရှာဒီနေ့ကုန်အောင်သုံးပြီးနောင်ရေးမပူပင်တတ်ကြပါဘူး။
ရောင့်ရဲလွယ်တဲ့စိတ်ဓါတ်ဟာပျင်းလို့လား၊ဖျင်းလို့လားသိနိုင်ပါဘူးလေ။