Thursday, December 31, 2009

နှစ်သစ်ဆုတောင်း


၂၀၀၉ခုနှစ်ကုန်ဆုံးလို့၂၀၁၀ခုနှစ်တံခါးဝကိုရောက်ရှိလာပါပြီ။
နှစ်ဟောင်းကစိတ်ညစ်စရာတွေ၊ဒေါသဖြစ်စရာတွေ၊အဆင်မပြေတာတွေ၊အမှတ်မထင်
လုပ်ခဲ့မိတဲ့အမှားတွေ၊ပြုမိခဲ့တဲ့အပြစ်တွေအားလုံးနှုတ်ဆက်ထားခဲ့ပြီးကံကောင်းခြင်းတွေ
သယ်ဆောင်လာမဲ့နှစ်သစ်ကိုပျော်ရွှင်စွာတံခါးဖွင့်ပြီးကြိုဆိုကြရအောင်။
အလိုဆန္ဒတွေပြည့်ဝတဲ့နှစ်သစ်ကိုရယူပိုင်ဆိုင်နိုင်ကြပါစေ။
ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။
အလုပ်အကိုင်များအဆင်ပြေပြီးအလုပ်ခွင်မှာစိတ်အေးချမ်းသာအလုပ်လုပ်နိုင်ကြပါစေ။
ခွဲခွါနေရတဲ့မိသားစုများနဲ့လည်းအမြန်ဆုံးပျော်ရွှင်စွာပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့
နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်။

Thursday, December 24, 2009

ပန်းများပွင့်ရာမြေ

ဒီနိုင်ငံကလူတွေကိုချီးမွန်းချင်တာတစ်ခုကတော့ပန်းပင်သစ်ပင်တွေကိုတန်ဖိုးထား
တတ်တဲ့စိတ်ပါ။
ဆောင်းရာသီမှာသစ်ပင်ပန်းပင်တွေအားလုံးအအေးဒဏ်ကြောင့်သေကုန်ပါတယ်။
သစ်ပင်ကြီးတွေလဲအရွက်တွေကြွေ၊အရိုးပြိုင်းပြိုင်းနဲ့ချောက်ကုန်ပါတယ်။
နွေဦးရာသီမှာတော့ပန်းပင်သစ်ပင်တွေပြန်စိုက်ကြပါပြီ။ရေလောင်းပေါင်းသင်
ဂရုတစိုက်စိုက်ပျိုးကြပါတယ်။
မိုးလေးတပြိုက်နှစ်ပြိုက်ရွာရင်ချောက်သွေ့ပြီးအရိုးပြိုင်းပြိုင်းအပင်ကြီးတွေရွက်နုသစ်
တွေထွက်လာပြီးပြန်လည်ရှင်သန်လာသလို၊ပြန်စိုက်ထားတဲ့နှင်းဆီပင်၊မြေကပ်ပင်၊
ရောင်စုံပွင့်တဲ့ကတ္တီပါပန်း၊ထပ်တရာပန်း။ဇော်မွှားပန်းလေးတွေရှင်သန်ပွင့်လန်းလာ
ကြပါတယ်။
အိမ်မှာစိုက်ထားတဲ့ပန်းဖြစ်ဖြစ်၊ပန်းခြံထဲကပန်းဖြစ်ဖြစ်၊လမ်းဘေးမှာပွင့်နေတဲ့ပန်းဖြစ်ဖြစ်
ပန်းလေးတွေဟာအပင်မှာနွမ်းပြီးကြွေကျမှသာမြေခကြရတာပါ၊ဘယ်သူမှအပင်မှာပွင့်
ပြီးလှနေတဲ့ပန်းကိုခူးတာချိုးတာမလုပ်ကြပါဘူး။
အမဲကလေးလေးတွေဟာမိုးပျံအောင်ဆော့ချင်ဆော့မယ်ပန်းပင်သစ်ပင်တွေကိုတော့
ခူးတာဖျက်ဆီးတာမရှိပါဘူး။
နွေရာသီမှာပန်းမျိုးစုံအရောင်အသွေးစုံပွင့်နေတာရှုမငြီးနိုင်အောင်ပါဘဲ။
ပန်းရောင်စုံဝေနေတာမြင်ရတဲ့သူတွေအဖို့လည်းစိတ်ကြည်လင်လန်းဆန်းစေတယ်
မဟုတ်ပါလားရှင်။

Tuesday, December 15, 2009

ပိုးဟပ်တိုက်ပွဲ

ဆောင်းတွင်းတစ်ခုလုံးအအေးဒဏ်ကြောင့်ချောင်တွေမှာပုန်းပြီးဆောင်းခိုနေတဲ့ပိုးဟပ်တွေ
နွေဦးပေါက်ရင်နေရာအနှံ့ကထွက်လာကြပါပြီ။
ဒီကပိုးဟပ်တွေကမြန်မာပြည်ကလိုအကြီးကြီးတွေမဟုတ်ပါ။အကြီးဆုံးကမြန်မာပြည်က
ပိုးဟပ်ပေါက်စတွေလောက်အရွယ်ပါ။ကြမ်းပိုးသာသာအရွယ်များပါတယ်။
ပိုးဟပ်အကြီးအသေးဆိုက်စုံဟာမီးဖိုထဲတင်မကထမင်းစားခန်း၊ဧည့်ခန်း၊ရေချိုးခန်း၊
အိပ်ခန်းထဲထိအောင်စစ်မျက်နှာဖွင့်ကြပါတယ်။
ထမင်းစားစားပွဲပေါ် နေရာယူသူကယူ၊ဧည့်ခန်းမှာစူးစမ်းသူကစူးစမ်း၊ညဘက်အိပ်
နေတုန်းလက်ပေါ်ရွစိတက်သူကတက်နဲ့မရိုးရအောင်အမျိုးမျိုးဒုက္ခပေးပါတော့တယ်။
ဟင်းချက်ပြီးလည်းသေချာဖုံးထားရင်ထား၊ဒါမှမဟုတ်အေးတာနဲ့ရေခဲသေတ္တာထဲ
ထည့်ရပါတယ်။သတိမေ့ပြီးဖုန်းအုပ်မထားမိလို့ကတော့သူတို့အတွက်ပွဲတော်တည်ပေး
သလိုဖြစ်ပြီးပိုးဟတ်ပါတီပွဲမှာအစားကြူးတဲ့ကောင်ကဟင်းခွက်ထဲခုန်ချဆီထဲနစ်ပြီး
သေပွဲဝင်ကြရပါတယ်။ကိုယ့်မှာလည်းပိုးဟတ်အသေကြီးနဲ့ဟင်းခွက်ကြီးနှမြောမြောနဲ့
လွှတ်ပြစ်လိုက်ရပါတော့တယ်။
သူတို့ကရေခဲသေတ္တာအအေးခန်းထဲထိနယ်ချဲ့ကြပါသေးတယ်။အအေးခန်းထဲမှာအေးခဲပြီး
သေနေတဲ့ပိုးဟပ်တစ်ကောင်စနှစ်ကောင်စကိုနှစ်ရက်သုံးရက်ခြားတစ်ခါတွေ.ရတတ်ပါတယ်။
ပိုးဖလံမျိုးမီးကိုတိုးမဟုတ်ဘဲပိုးဟပ်မျိုးfreezerထဲကိုတိုးကိုယ်ကျိုးနဲရတဲ့အဖြစ်ပါ။
အိုးခွက်ပန်းကန်တွေလည်းဘယ်လောက်စင်အောင်ဆေးထားထားစားခါနီးရေနွေးနဲ့
ပြန်ဆေးရတော့တော်တော်အလုပ်ပိုပါတယ်။
ကိုယ်ကိုယ်တိုင်မိသားစုအသိုက်အမြုံနဲ့ခွဲခဲ့ရသူမို့ဝဋ္ဋ်လည်မှာကြောက်ပါတယ်။
သူတို့အသိုက်အမြုံကိုမဖျက်ဆီးချင်ပေမဲ့မနှိမ်နင်းရင်တစ်အိမ်လုံးပိုးဟတ်ဂေဟာ
ဖြစ်သွားတော့မှာမို့နွေရာသီရောက်လာရင်ပိုးဟပ်စစ်ဆင်ရေးစရပါတယ်။
မေတ္တာပို့ရင်ပိုးဟတ်တွေမနေဘူးဆိုလို့မေတ္တာပို့ရတာအမောပါ။မေတ္တာတန်ခိုးတော်
ကြောင့်ပိုပြီးများလာလို့ဒီနည်းကိုလက်လျှော့လိုက်ပါတယ်။
ပိုးဟပ်ဆေးအမှုံ့၊ အခဲ...မရပါ။ တီဗီမှာကြော်ငြာတဲ့sprayတံဆိပ်ပေါင်းစုံ..ရီတာပေါ့တဲ့၊
ပိုးဟပ်အိမ်၊ပိုးဟပ်ဗုံး..ပြင်းတောင်ပြင်းသေးတယ်၊
တနှစ်တခါခြင်တွေ၊ပိုးဟပ်တွေဆေးငွေ့နဲ့ဖြန်းတာလဲမဖြုံပါ။
ဘယ်ဆေးသုံးသုံး၃၊၄ရက်လောက်ငြိမ်ပြီးအရင်အတိုင်းပြန်သောင်းကြမ်းကြတာပါဘဲ။
ကျွန်မရဲ့အနုနည်းအကြမ်းနည်း၊မဟာဗျူဟာနည်းဗျူဟာတွေလည်းစုံပါပြီ။
ပိုးဟပ်စစ်ဆင်ရေးနှစ်တိုင်းတစိုက်မတ်မတ်လုပ်ပေမဲ့မအောင်မြင်သေးပါဘူး။
အခုလည်းနွေရာသီရောက်ပါပြီ။
ပိုးဟတ်ပုပုကွကွတွေလည်းထွက်လာကြပါပြီ။
ဘယ်နည်းလမ်းသုံးပြီးဘယ်လိုနှိမ်နင်းရပါ့........။

Monday, December 7, 2009

ဖြေးဖြေးပေါ့

ကျွန်မဟာအလွန်စိတ်မြန်ပြီးစိတ်တိုတတ်သူတစ်ဦးပါ။
ဒီကိုရောက်လာတော့သူတို့တစ်တွေအလုပ်လုပ်တာနှေးလွန်းလို့စိတ်မရှည်ခဲ့ပါဘူး။
ဒီကလူတွေဟာအလုပ်တွေဘယ်လောက်အရေးကြီးကြီး၊အလုပ်တွေဘယ်လောက်
များများဖြေးဖြေးဘဲလုပ်ပါတယ်။
သူတို့နိုင်ငံဟာလူဦးရည်နည်းတဲ့အပြင်ဘယ်အရာမှအရေးတကြီးဆိုပြီးသဘောထား
ကြဟန်မတူပါဘူး၊အလုပ်မပြီးလို့လည်းဘယ်သူမှသူတို့ကိုဆူပူတွန်းအားပေးသူမရှိပါ။
ဘဏ်တွေ၊စတိုးဆိုင်တွေ၊အစိုးရရုံးတွေ၊ဆေးရုံတွေနေရာတကာမှာဖြေးဖြေးလေးလေး
ဘဲလုပ်ပါတယ်။အလုပ်လုပ်တဲ့သူတွေကဖြေးသလိုတန်းစီစောင့်တဲ့သူတွေကလဲတစ်နေကုန်
စောင့်ရစောင့်ရစိတ်ရှည်လက်ရှည်စောင့်ပါတယ်။
ကျွန်မကတော့ရုံးပြင်ကမ်းနားသွားလည်းစောင့်ရတာကြာလို့စိတ်မရှည်၊ဘဏ်မှာတန်းစီ
တော့လည်းမရွှေ့နိုင်လို့ဒေါသထွက်၊စတိုးဆိုင်မှာတန်းစီလဲအိပဲ့အိပဲ့မို့စိတ်တိုနဲ့တနေ့တနေ့
အသက်တွေတိုရပါတယ်။
မြန်မြန်သွက်သွက်လုပ်ရင်ပြီးမဲ့ကိစ္စကိုဟိုလှည့်ဒီလှည့်၊ဆဲလ်ဖုံးပြောလိုက်၊အချင်းချင်းစကား
ပြောလိုက် ကြည့်ရတာနဲ့တင်စိတ်တိုရပါတယ်။

အလုပ်ထဲမှာရော...ကိုယ်ကစိတ်မြန်သူမို့အလုပ်များရင်များသလိုတွန်းလုပ်ပါတယ်။
ဒါပေမဲ့နောက်လှည့်ကြည့်လိုက်ရင်ဘယ်သူမှကိုယ့်နောက်ကပါမလာပါဘူး။
၂နာရီလောက်အလုပ်ဆက်တိုက်လုပ်ပြီးရင်မောတဲ့သူနဲ့၊ပင်ပန်းပြီဆိုတဲ့သူနဲ့၊
ဗိုက်ဆာသူနဲ့ဖြစ်ကုန်ကြပါပြီ။
ကိုယ်လုပ်သလောက်အနောက်ကပါမလာတော့အားမလိုအားမရဖြစ်ပြီးစိတ်ပင်ပန်း
ရပါတယ်။လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ခဏခဏစကားများရပါတယ်။
အလုပ်ပြီးအောင်လုပ်ပြီးမှနားကြမယ်ဘယ်လိုပြောပြောသူတို့အကျင့်တွေကိုပြုပြင်
လို့မရပါဘူး။သူတို့ကိုပြောမရတော့ကိုယ်ဘဲအလုပ်တွေသိမ်းကြုံးလုပ်၊ကိုယ်ဘဲပင်ပန်း၊
ဒေါသတွေဖြစ်၊သွေးတွေတက်နဲ့ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုပါဘဲ။
နောက်ဆုံးတော့ရောမရောက်ရင်ရောမလိုကျင့်ရမှာမို့ကို့ကိုယ်ကိုပြုပြင်ဖို့ကြိုးစားရ
ပါတော့တယ်။
အလုပ်ဆိုတာလုပ်နေသရွေ့ပြီးဆုံးသွားတာမှမဟုတ်တာလေ၊ဒီနေ့ပြီးနက်ဖန်၊နက်ဖန်ပြီး
နက်ဖန်။မနက်ဖန်ပေါင်းများစွာဆက်လက်လုပ်နေရအုန်းမှာမို့စိတ်အေးအေးထားပြီး
အရင်မလိုဖို့အလုပ်များရင်စိတ်မတိုဖို့၊မပြီးရင်ပြီးသလောက်လုပ်မယ်၊လုပ်နိုင်သလောက်
လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မွေးရပါတယ်။
ဘဏ်တွေစတိုးဆိုင်တွေမှာတန်းစီရင်းလူတန်းကြီးတရွေ့ရွေ့သွားနေရင်ဘုရားစာ
ရွတ်ချင်ရွတ်။စိတ်ထဲကသီချင်းဆိုချင်ဆို၊စိတ်ချမ်းသာစရာပျော်စရာလေးတွေစဉ်းစားနဲ့
စိတ်တိုတဲ့ဆီမရောက်အောင်ကြိုးစားရပါတယ်။
အခုတော့ကျွန်မရေလိုက်ငါးလိုက်နေတတ်ပါပြီ။
သူများအမှီမလိုက်နိုင်တာတွေလဲတွန်းအားပေးဖို့မကြိုးစားတော့ပါ။
သူတို့နှုံးနဲ့အတူလိုက်ပြီးသူတို့ရဲ့ဖြေးဖြေးပေါ့ဇာတ်မှာအလိုက်သင့်မြောပါရင်း
ဒီနေ့မပြီးနောက်နေ့ဇာတ်ကိုဆက်ကတော့ကိုယ်လဲသက်သာစိတ်လဲမပင်ပန်း
သူတို့နဲ့လည်းရန်မဖြစ်ရတော့ဘူးပေါ့လေ...

Friday, November 27, 2009

ပါမုန့်လေးတစ်လုံး

အိမ်မှာပါမုန့်ကုန်နေလို့စတိုးဆိုင်တခုမှာပါမုန့်သွားဝယ်ပါတယ်။ပလပ်စတစ်အိတ်အကြည်
တွေမှာပါမုန့်အဖြူဈေးဘယ်လောက်၊အညိုဈေးဘယ်လောက်ဆိုတာဘားကုတ်နဲ့ကပ်ထား
ပြီး၊ပါမုန့်အဖြူယူရင်အဖြူဈေးကပ်ထားတဲ့အိတ်ထဲထည့်၊အညိုယူရင်အညိုဈေးကပ်ထားတဲ့
အိတ်ထဲထည့်ကောင်တာကိုယူသွားပြီးပိုက်ဆံရှင်းရုံပါ။
အဲဒီနေ့ကပါမုန့်အဖြူမရှိလို့အညိုဘဲယူလိုက်ပါတယ်။ဒါပေမဲ့ပလပ်စတစ်အိတ်အကြည်မှာ
ဈေးနှုန်းနဲ့ဘားကုတ်ကပ်ထားတဲ့အိတ်တွေမရှိလို့ဘာမှကပ်မထားတဲ့အိတ်ထဲမှာဘဲထည့်ခဲ့
ရပါတယ်။
ကောင်တာရောက်လို့ငွေရှင်းမယ်လုပ်မှဈေးနှုန်းနဲ့ဘားကုတ်မပါတဲ့အိတ်မို့မမမဲကရစ်ပါ
တော့တယ်။သူကိုယ်တိုင်လည်းသူ့ဆိုင်ကဘာပစ္စည်းဘယ်ဈေးမှန်းမသိ၊ကိုယ်ကဈေးပြောပြ
တော့လဲလက်မခံ၊ပါမုန့်ထားတဲ့နေရာကိုတယောက်ယောက်လွှတ်ပြီးဈေးကြည့်ဖို့လဲမခိုင်း၊
တခြားကောင်တာကိုဈေးမေးဖို့လဲမကြိုးစားဘဲမယူနဲ့၊ထားခဲ့လို့သာတွင်တွင်ပြောပါတော့
တယ်။
ကျွန်မလဲအောင့်သက်သက်နဲ့တခြားပစ္စည်းတွေဘဲရှင်းပြီးပါမုန့်ကိုထားခဲ့ရပါတော့တယ်။
သူတို့ကဆိုင်ပိုင်ရှင်မဟုတ်ဘဲအရောင်းစာရေးမတွေဆိုတော့ပါမုန့်တစ်လုံးမရောင်းရလည်း
အရေးမကြီးဘူး၊ဘာမှမဖြစ်လောက်ဘူးဆိုပြီး၊ပြီးစလွယ်လုပ်လိုက်ပုံရပါတယ်။
ဒါပေမဲသူတို့ဆိုင်မှာအမြဲလာအားပေးနေတဲ့ဖေါက်သည်တစ်ဦးလျော့သွားတော့မယ်ဆို
တာတော့စဉ်းစားမိပုံမရပါဘူး။
ဒီလိုဆက်ဆံရေးကြဲပြီးပိုက်ဆံပေးဝယ်တာကိုတောင်မရောင်းချင်တဲ့ဆိုင်မျိုးကိုနောက်မလာ
ဖို့ဆုံးဖြတ်လိုက်တာဝယ်သူအလွန်မဟုတ်ဘူးထင်ပါတယ်။

Friday, November 20, 2009

သတိရမိပါသည်ဒေါ်နှင်းဆီ

ကျွန်မရဲ့ဘေးကပ်ရက်ခန်းမှာယူဂန်ဒါနိုင်ငံကဒီမှာလာပြီးအလုပ်လုပ်နေတဲ့ယူဂန်ဒါနိုင်ငံသား
လူမဲမိသားစုနေပါတယ်။သူတို့မိသားစုဒီကိုရောက်တာ၁၀နှစ်ကျော်ပါပြီ။
အဖေကအသက်၅၀ကျော်လောက်ရှိပြီးအမေလုပ်သူက၄၅လောက်ရှိပါပြီ။
အဖေကကွန်ပြူတာကုမ္မဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။အမေကတော့အလုပ်မလုပ်ပါ။
အမေရဲ့နာမည်ကRoseမို့ကျွန်မကသူ့ကိုဒေါ်နှင်းဆီလို့မြန်မာနံမည်ပေးထားပါတယ်။
အာဖရိကအလယ်ပိုင်းသူမို့ဒီကအမဲတွေထက်အသားပိုမဲပေမဲ့မျက်လုံးဝိုင်းဝိုင်းမျက်တောင်
ကော့ကော့နဲ့မျက်နှာပေါက်လှပါတယ်။ကိုယ်လုံးကတော့အမဲမတွေထုံးစံအတိုင်းခပ်ဖိုင့်ဖိုင့်
ပါ။သူတို့ရဲ့တစ်ဦးသောသားလေးကအသက်၁၉၊၂၀လောက်ရှိပါပြီ။သူ့နာမည်ရောဘတ်ပေမဲ့
ဂတုံးပြောင်အောင်တုံးပြီးခေါင်းကခပ်ချွန်ချွန်မို့ဘဲဥလို့ကျွန်မကနာမည်ပေးထားပါတယ်။
ဘဲဥဟာသွေးရောဂါတမျိုးရှိလို့၎၊၅လတစ်ခါသွေးသွင်းနေရသူပါ။မကျန်းမာလို့အလယ်တန်း
အောင်ပြီးကျောင်းဆက်မတက်တော့ပါ။ရောဂါသယ်ပေမဲ့အိပ်ရာထဲလဲနေလောက်အောင်
မပြင်းထန်တာမို့သွားသွားလာလာပါဘဲ။ဒေါ်နှင်းဆီဟာသူ့သားလေးကိုအလွန်ချစ်ပါတယ်။
သူတို့မိသားစုဟာစိတ်ထားနူးညံ့ပြီးသဘောကောင်းပါတယ်။ပျော်လဲပျော်တတ်ပါတယ်။
ကူညီစရာရှိရင်မတွက်မကပ်ကူညီတတ်လို့တတိုက်လုံးကအမဲတွေသာမကကုလားတွေ
ရောတရုတ်တွေပါသူတို့ကိုခင်ကြပါတယ်။
ဒေါ်နှင်းဆီနဲ့ကျွန်မတော်တော်ရင်းနှီးပါတယ်။ကျွန်မခရီးသွားရင်ကျွန်မအခန်းကို
သူတို့ကြည့်ပေးပြီးသူတို့ယူဂန်ဒါပြန်ရင်လဲသူတို့အခန်းသော့ကျွန်မကိုအပ်ခဲ့ပါတယ်။
ဒီမှာမပျော်တာ၊အိမ်လွမ်းတာ၊အမြဲအိမ်ပြန်ချင်နေတာတွေတူနေတော့တယောက်နဲ့
တယောက်နားလည်ခံစားအားပေးဖြစ်ကြတယ်လေ။
သူချက်တဲ့ဟင်းတွေ။သူလုပ်တဲ့မုန့်တွေခဏခဏလာပေးတတ်သလိုကျွန်မကလဲ
မြန်မာအစားအစာသူ့ကိုပြန်ပေးတတ်ပါတယ်။သူကအုန်းနို့ခေါက်ဆွဲကြိုက်လို့အိမ်
မှာခေါက်ဆွဲချက်တိုင်းသူ့ကိုသတိတရပို့ဖြစ်ပါတယ်။
စနေတနင်္ဂနွေတွေကျွန်မအလုပ်နားရက်တွေမှာအိမ်လာလည်ပြီးစကားစမြည်
ပြောလေ့ရှိပါတယ်။
သူကသတင်းစုံသူမို့အပေါ်ထပ်ကမူစလင်မလေးကိုမျက်နှာချင်းဆိုင်အခန်းကဟိန္နူကုလား
လေးခိုးပြေးတဲ့အကြောင်း၊အောက်ထပ်ကတရုတ်အိမ်ရဲဝင်စစ်တာတရားမ၀င်နေတဲ့
တရုတ်နှစ်ယောက်မိသွားလို့ပြသနာတက်နေတဲ့အကြောင်း၊မြို့လည်ကစတိုးဆိုင်သူခိုး
ဖေါက်သွားတဲ့အကြောင်းစုံအောင်ပြောပြတတ်ပါတယ်။စကားပြောကောင်းပြီး
ဟာသပြောတတ်သူမို့သူပြောတာတွေဟာနားထောင်ကောင်းပြီးရယ်ရလို့အပြင်းပြေ
ရပါတယ်။
သူတို့မိသားစုဘေးအခန်းမှာရှိတာကျွန်မအဖို့ကိုယ့်ဆွေမျိုးသားချင်းအနားမှာရှိနေ
သလိုပါဘဲ။
ပြီးခဲ့တဲ့နှစ်ကဘဲဥလေးအကောင်းကြီးကနေရောဂါဖေါက်ပြီးကောက်ခါငင်ခါဆုံးပါး
သွားပါတယ်။၂ရက်အတွင်းဖြစ်သွားတာမို့ဒေါ်နှင်းဆီခင်မျာဖြေမဆည်နိုင်အောင်ဖြစ်
ရပါတယ်။ဘဲဥအလောင်းကိုယူဂန်ဒါပြန်သယ်ပြီးအဲဒီမှာဘဲသဂြိုလ်ပါတယ်။
၂လလောက်နေတော့ဒေါ်နှင်းဆီတို့ပြန်လာပါတယ်။
အရင်ကလိုသွက်လက်ပြီးစကားတွေအများကြီးပြောတဲ့ဒေါ်နှင်းဆီမဟုတ်တော့ပါဘူး။
ဒီမှာနေရင်သူ့သားလေးအရိပ်ဟာနေရာတိုင်းမှာရှိနေတာမို့သူ့သားကိုပိုသတိရတယ်ဆိုပြီး
တငိုငိုတရီရီနဲ့မို့သူ့ကိုကြည့်ပြီးစိတ်ဆင်းရဲရပါတယ်။
၁လလောက်ကြာတော့သူတို့ဒီမှာမနေချင်တော့လို့သူတို့နိုင်ငံကိုအပြီးပြန်တော့မဲ့
အကြောင်းပြောပါတယ်။၅နှစ်နီးပါးတရင်းတနှီးနေခဲ့ကြတာမို့ကိုယ့်ဆွေမျိုးသားချင်းနဲ့
ခွဲခွာရသလိုစိတ်မကောင်းဖြစ်ရပါတယ်။
ဒေါ်နှင်းဆီတယောက်သူ့သားလေးကိုအောင့်မေ့လွမ်းဆွတ်ခြင်းတွေရင်မှာပိုက်လို့မျက်ရည်
စက်လက်နဲ့ပြည်တော်ပြန်သွားပါပြီ။
သူတို့ပြောင်းသွားပြီးနောက်နေ့မှာဘဲသူတို့အခန်းကိုဒီနိုင်ငံသားမိသားစုပြောင်းလာပါတယ်။
အဖေနဲ့အမေကအသက်၂၅၊၃၀လောက်ပဲရှိပါသေးတယ်။၃၊၄နှစ်လောက်သမီးလေးလဲရှိပါတယ်။
သမီးလေးကချစ်စရာကောင်းပြီးကျွန်မကိုလဲချောင်းချောင်းကြည့်ပါတယ်။
ခလေးကိုချစ်ပေမဲ့သူ့အမေအမဲမမျက်နှာထားတင်းတာကြောင့်အရောတ၀င်
နှုတ်မဆက်ဖြစ်ပါ။မျက်နှာချင်းဆိုင်တွေ့တိုင်းမျက်နှာထားတည်တည်နဲ့နေလို့မိတ်ဆက်ဖို့၊
နှုတ်ဆက်ဖို့မကြိုးစားတော့ဘဲဖာသိဖာသာဘဲနေလိုက်ပါတော့တယ်။
အခုဆိုသူတို့ပြောင်းလာတာ၆လနီးပါးရှိပါပြီ။
တစ်ခါမှရီပြခြင်း၊နှုတ်ဆက်ခြင်း၊စကားပြောခြင်းမရှိပါဘူး။
သူတို့ကိုမြင်တိုင်းအင်မတန်ဖေါ်ရွေပြီးခင်မင်ကူညီတတ်တဲ့ဒေါ်နှင်းဆီတို့မိသားစုကို
သတိရနေမိပါတော့တယ်။
အိမ်နီးချင်းကောင်းနဲ့ရေစက်ဆုံရတာလဲကံကောင်းခြင်းတစ်မျိုးမဟုတ်ပါလား။

Monday, November 9, 2009

ဓာတ်ဆီဆိုင်မှာ

ကားထဲမှာဆီနဲနေလို့ဆီသွားဖြည့်ပါတယ်။ဒီကဓာတ်ဆီဆိုင်ဝန်ထမ်းတွေကလဲခေသူတွေ
မဟုတ်ကြပါ။နည်းမျိုးစုံနဲ့အကြံအဖန်လုပ်ပါတယ်။
မိတ်ဆွေတစ်ဦးဆီသွားဖြည့်တာဆီတိုင်ကီအဖုံးဖွင့်ပေး၁၀၀ဖိုးပြောပြီးချက်ချင်းကားပေါ်က
ဆင်းပြီးပန့်ကိုကြည့်တော့၆၀ရောက်နေပါပြီ။
သုံညကမစဘဲအရင်ကားဖြည့်ပြီးသွားတဲ့၅၀ကစဖြည့်တာပါ။ချက်ချင်း၆၀တန်းရောက်
သွားတာမဖြစ်နိုင်မှန်းသိလို့ပြောပေမဲ့မျက်မြင်သက်သေမရှိတော့ဘယ်လိုမှပြောမရဘဲ
ငွေ၅၀အလကားပေးလိုက်ရပါတယ်။
ဒါကြောင့်ကျွန်မလဲဆီတိုင်ကီအဖုံးဖွင့်ကားပေါ်ကဆင်း၊ဆီပန့်ခလုတ်ဖိပြီးသုံညကစမစ
ပြူးပြဲကြည့်တော့ဆီဖြည့်တဲ့အမဲကောင်ကမနေသာဘဲခလုတ်ဖိပြီးသုံညကစပါတယ်။
ကျွန်မကတိုင်ကီအပြည့်ဖြည့်ခိုင်းတော့ဆီဖြည့်ရင်းသူတရုတ်စာအလွန်ကြိုက်ကြောင်း၊
သူ့ကိုနေ့လည်စာကျွေးပါလို့ပြောပါတယ်။
ကျွန်မလဲတရုတ်မဟုတ်ဘူးပြောတော့ထုံးစံအတိုင်းဘာလူမျိုးလဲဆိုပြီးရှာရှည်ပြန်ပါတယ်။
မြန်မာလို့ပြောလဲသိပုံမရပါဘူး၊ကျွန်မတော်တော်စိတ်တိုနေပါပြီ။
၁၉၆ မာလိုတီရောက်တော့ရပ်လိုက်ပါတယ်။တစ်ခါကားမှန်ဆေးရင်းမြန်မာအစားအစာ
ကိုသူမြည်းစမ်းကြည့်ချင်ကြောင်း။နေ့လည်စာစားဖို့သူ့ကိုလာခေါ်ပါပြောပြန်ပါတယ်။
ကျွန်မလဲစိတ်ထဲကပိတ်တီးချင်နေပေမဲ့ဆိုင်မှာလည်းအမဲတွေချည်းပဲမို့အေးအေးဆိုပြီး
မြန်မြန်စကားဖြတ်ရပါတယ်။၂၀၀တန်ပေးတာပြန်မအမ်းချင်လို့စကားရောဖေါရော
လုပ်နေတာကျွန်မရိပ်မိပါတယ်။
ကျွန်မလဲမြန်မြန်သွားချင်နေလို့ပြန်အမ်းငွေ၎မာလိုတီကိုမယူတော့ဘဲထွက်လာခဲ့ပါတယ်။
သူတို့ငွေ၎မာလိုတီဟာဒေါ်လာဝက်သာတန်လို့တန်ဖိုးမရှိလှပေမဲ့ကိုယ်ကကြည်
ကြည်ဖြူဖြူပေးခဲ့တာမဟုတ်ဘဲမလိမ့်တပတ်လုပ်ယူတယ်ခံစားရလို့ခံပြင်းမိပါတယ်။
နိုင်ငံခြားသားမိန်းခလေးတစ်ယောက်ထဲမို့အနိုင်ကျင့်တယ်ထင်လို့စိတ်ထဲမှာ
ခိုးလိုးခုလုလဲဖြစ်မိပါတယ်။
ဒါပေမဲ့...ကိုယ်မလိုတဲ့ပြက္ခဒိန်ကိုဈေးမတန်တဆနဲ့ဝယ်ခိုင်းတာတို့၊သဒ္ဒါမပေါက်တဲ့
ဘာရံပုံငွေ၊ညာရံပုံငွေတွေထည့်ခိုင်းတာနဲ့စာရင်အများကြီးတော်ပါသေးတယ်ဆိုပြီး
စိတ်ဖြေလိုက်ရပါတယ်။

Friday, November 6, 2009

ငယ်ငယ်တုန်းကသူငယ်ချင်း(ဒုတိယပိုင်း)

အဲဒီနှစ်ကခင်ထား၁၀တန်းမအောင်ခဲ့ပါဘူး။နောက်နှစ်လဲသူ့အမေမကျန်းမာလို့
ပင်စင်ယူလိုက်တာကြောင့်အိမ်ဆိုင်လေးဖွင့်ပြီးအိမ်ရဲ့စီးပွားရေးကိုခင်ထားက
တာဝန်ယူရတာကြောင့်၁၀တန်းပြန်မဖြေဖြစ်တော့ပါ။
နောက်ပိုင်းကျွန်မတို့၂ယောက်မတွေ့ ဖြစ်ပါ။
တက္ကသိုလ်ဒုတိယနှစ်မှာမိုးမိုးသူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ငွေကြေးချမ်းသာတဲ့
နှစ်ဖက်မိဘများရဲ့တစ်ဦးတည်းသောသားနဲ့သမီးဖြစ်လို့မင်္ဂလာပွဲကိုကြီးကြီး
ကျယ်ကျယ်ကျင်းပပါတယ်။ဧည့်ခံပွဲကိုငယ်သူငယ်ချင်းအားလုံးလိုလာကြပေမဲ့
ခင်ထားကိုတော့မတွေ့ပါ။မဖိတ်လို့မလာတာလား၊၀မ်းနည်းကြေကွဲအားငယ်မှု
တွေနဲ့အရှုံးကိုရင်မဆိုင်ရဲလို့မလာတာလားသူငယ်ချင်းရယ်။
ကျွန်မနောက်ဆုံးနှစ်ရောက်တော့ခင်ထားတစ်ယောက်အိမ်ထောင်ကျသွားကြောင်း
သတင်းရပါတယ်။
ရုံးတက်လက်မှတ်ထိုးပြီး၂ဖက်မိဘဆွေမျိုးလောက်နဲ့အကျဉ်းရုံးကျင်းပတဲ့မင်္ဂလာပွဲ
ကိုကျွန်မကိုမဖိတ်လို့မသွားခဲ့ရပါ။သူ့မိခင်စိတ်ချမ်းသာအောင်လက်ထပ်တာလား၊
သူကိုယ်တိုင်ချစ်ခင်နှစ်သက်လို့လား။အားကိုးရာမဲ့တဲ့ဘ၀အတွက်မှီခိုရာရှာချင်လို့
လက်ထပ်ခဲ့တာလားကျွန်မမသိပါ။
နောက်တစ်နှစ်လောက်ကြာတော့ခင်ထားခလေးဗိုက်ခွဲမွေးရင်းထုံဆေးကြောင့်
အောက်ပိုင်းသေသွားကြောင်းကြားရပါတယ်။
ခင်ထားအိမ်ကိုကျွန်မရောက်သွားပါတယ်။
ခင်ထားဟာတော်တော်လေးပိန်ပြီးစိတ်ဓာတ်ကျနေပါတယ်။သူ့ရဲ့မျက်လုံးတွေဟာ
မှုံမှိုင်းရီဝေပြီးမျှော်လင့်ချက်ကင်းမဲ့နေပါတယ်။
ဒုက္ခိတဘ၀မှာသူ့သားလေးကိုမပြုစုနိုင်လို့ယောက္ခမတွေကိုပေးထားရပါတယ်။
သူ့ယောက်ျားနဲ့မကျန်းမာတဲ့မိခင်အတွက်သူဟာဝန်ထုတ်ဝန်ပိုးဖြစ်နေပြီဆိုပြီး
မျက်ရည်ကျပါတယ်။ဒုက္ခတွေဝေနေတဲ့ကြားကမိုးမိုးအဆင်ပြေရဲ့လားမေးလိုက်
ပါသေးတယ်။ကံမကောင်းရှာတဲ့သူငယ်ချင်းကိုတတ်နိုင်သလောက်ကူညီအားပေး
ရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါ။
ကျွန်မဒီထွက်မလာခင်ကတော့ခင်ထားယောက်ျားနောက်အိမ်ထောင်ပြုသွားပြီး
သားလေးကိုလဲခင်ထားရဲ့ကျန်းမာရေးနဲ့စီးပွားရေးအခြေအနေကြောင့်ယောက္ခမ
တွေကိုအပြီးပေးလိုက်ရကြောင်းနောက်ဆုံးသတင်းကြားပါတယ်။
ကျွန်မလည်းဝေးတမြေမှာကိုယ့်ဘ၀ကိုယ်ရုန်းကန်ရှင်သန်ဖို့ကြိုးစားနေရတာကြောင့်
ခင်ထားကိုမေ့နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကအွန်လိုင်းမှာရန်ကုန်ကငယ်သူငယ်ချင်းတစ်ဦးနဲ့ပြန်ဆုံတော့ခင်ထား
အကြောင်းသတိတရမေးမိပါတယ်။
ခင်ထားတစ်ယောက်လွန်ခဲ့တဲ့၃လလောက်ကကွယ်လွန်သွားပြီဖြစ်ကြောင်းသူငယ်ချင်း
ကသတင်းပေးပါတယ်။
လူ့လောကကစွန့်ခွာသွားတာခင်ထားအတွက်ဆင်းရဲမှုအပေါင်းက၀ဋ်ကျွတ်သွားတယ်
ဆိုပေမဲ့အချိန်မတိုင်မှီကြွေလွင့်ခဲ့ရလို့စိတ်မကောင်းဘူးခင်ထားရယ်။
သူငယ်ချင်းလေးကောင်းရာသုဂတိလားပါစေ....

Tuesday, November 3, 2009

ငယ်ငယ်တုန်းကသူငယ်ချင်း

ကျွန်မမှာငယ်ငယ်တုန်းကအသားညိုညို၊မျက်လုံးတောက်တောက်၊ပါးချိုင့်လေးနဲ့
ခင်ထားလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့သူငယ်ချင်းလေးရှိခဲ့ဖူးပါတယ်။
သူနဲ့ကျွန်မ၂တန်းလောက်ကထဲကခင်ခဲ့တာပါ။
သူ့ အမေကကျွန်မတို့ကျောင်းကဆရာမပါ။အဖေကတော့ခင်ထား၃နှစ်သမီးလောက်
ထဲကသူတို့သားအမိကိုပြစ်ပြီးနောက်အိမ်ထောင်ပြုသွားပါတယ်။
ခင်ထားအမေဟာကျောထောက်နောက်ခံတောင့်တင်းသူမဟုတ်တော့သူတို့
သားအမိတော်တော်ရုန်းကန်ရရှာပါတယ်။
ခင်ထားဟာကျွန်မဆိုးတဲ့ဒဏ်ကိုလဲတော်တော်ခံခဲ့ရပါတယ်။
၃တန်းမှာကျွန်မအစာမကျေဖြစ်ပြီးအတန်းထဲမှာအန်ချတုန်းကအမတစ်ယောက်လိုမရွံမရှာ
သုတ်သင်ပေးပြီးကျောင်းဆေးခန်းကိုပို့ပေးခဲ့ပါတယ်။ခဏခဏစိတ်ကောက်တဲ့ကျွန်မကို
အမြဲသည်းခံပြီးစိတ်ရှည်ရှည်နဲ့ချော့တတ်ပါတယ်။
ကျွန်မကြည့်မရတဲ့သူတွေကိုလဲကျွန်မကမခေါ်ရဆိုပြီးအမိန့်ထုတ်လို့သူနဲ့ပါမခေါ်နိုင်
မပြောနိုင်ဖြစ်ကုန်ပါတယ်။
၆တန်းမှာကျွန်မဆေးလိပ်သောက်ချင်တယ်ဆိုပြီးဂျီကျလို့ဆေးလိပ်ခိုးသောက်ပြီး
ဆရာမမိသွားလို့ရိုက်ခံရတာလဲအတူတူပါ။
ရှစ်တန်းရောက်တော့ခင်ထားတယောက်ပိုလှလာသလိုစိတ်တွေလဲထွေပြားလာပါတယ်။
သူ့ကိုကြိုက်တဲ့ကောင်လေးတွေရှိပေမဲ့သူကြိုက်တာကတော့အတန်းထဲကတစ်ယောက်ပါ။
သူကချစ်စနိုးနဲ့မိုးမိုးလို့ခေါ်ပါတယ်။
မိုးမိုးမိဘတွေကရွှေဆိုင်ပိုင်ရှင်တွေဖြစ်ပြီးတော်တော်ချမ်းသာပါတယ်။
မိုးမိုးကလဲခင်ထားကိုစိတ်ဝင်စားပုံရပါတယ်။သူတို့၂ယောက်မျက်လုံးချင်းစကားပြော
နေပေမဲ့ဖွင့်ဟပြောပြီးပွင့်လင်းမှုတော့မရှိသေးပါ။
ခင်ထားကသူ့ခံစားချက်တွေကိုကျွန်မကိုရင်ဖွင့်တတ်ပါတယ်။
အဲဒီအချိန်ကျွန်မကအစားနဲ့ကစားကိုဘဲမက်နေတဲ့အချိန်မို့သူ့ခံစားချက်တွေကိုနားမလည်ဘဲ
စိတ်လိုရင်ပြန်ကြိုက်ပစ်၊ရည်းစားထားပစ်ဆိုပြီးမြှောက်ထိုးပင့်ကော်လုပ်ပြီးစိတ်မလိုရင်
မိုးမိုးကဘာပုံကြီးမှန်းလဲမသိဘူး၊လှလဲမလှဘူးပြန်မကြိုက်နဲ့ဆိုပြီးကပျက်ကယက်
လုပ်တတ်ပါတယ်။
သူကတော့အဲဒီကတဲကလောကအကြောင်းနားလည်နေပြီမို့ဘယ်လောက်
သံယောဇဉ်ရှိရှိငါတို့၂ယောက်မဖြစ်နိုင်ပါဘူးဟာ၊ဘ၀ချင်းမတူကြဘူးလေဆိုပြီးလွမ်းလွမ်း
ဆွေးဆွေးပြောတတ်ပါတယ်။
ဒီလိုနဲ့ခင်ထားဟာစိတ်တွေလေနေပုံရပါတယ်။စာလဲကောင်းကောင်းဖတ်ပုံမရပါ။
ရှစ်တန်းအောင်တော့ခင်ထားက၀ိဇ္ဖာဘာသာတွဲကိုရောက်သွားပြီးကျွန်မနဲ့မိုးမိုး
ကတော့သိပံ္ပတွဲအခန်းမှာကျန်ခဲ့ပါတယ်။
တကျောင်းထဲပေမဲ့အတန်းမတူတော့အရင်ကလိုသိပ်မတွဲမိတော့ပါဘူး။
၁၀တန်းစာမေးပွဲမဖြေခင်ကျွန်မနဲ့ခင်ထားစကားပြောဖြစ်ပါတယ်။
မဖြစ်နိုင်ဘူးဆိုတာသိနေပေမဲ့သူမိုးမိုးကိုချစ်နေဆဲပါဘဲ။
အဲဒီအချိန်မှာမိုးမိုးဟာအနေဝေးခဲ့ပြီမို့တခါကစိတ်ကစားဖူးတဲ့ခင်ထားကိုမေ့ပြီး
တခြားမိန်းကလေးတယောက်ကိုစိတ်ဝင်စားနေပြီဆိုတာတစ်တန်းထဲသားကျွန်မ
သိနေပေမဲ့ခင်ထားကိုမပြောပြရက်ခဲ့ပါ။မိုးမိုးကိုမေ့ပြစ်ပြီးကိုယ့်ဘ၀တိုးတက်ဖို့
စာကြိုးစားဖို့သာတိုက်တွန်းနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းဆက်ပါအုန်းမယ်။

Friday, October 30, 2009

အွန်လိုင်းစာပေလောက

အွန်လိုင်းစာပေလောကဆိုတာကိုယ့်စာကိုယ်တည်းဖြတ်၊ကိုယ်ရေးတဲ့စာ
ကိုယ်တာဝန်ယူပြီးရေးးသားနေကြတဲ့စာပေ၀ါသနာရှင်များရဲ့ရင်ဖွင့်ရာ
နေရာလေးလို့ကျွန်မမြင်ပါတယ်။
စာရေးသူအများစုဟာရေခြားမြေခြားမှာမိဝေးဖဝေးမိသားစုဝေးနဲ့
ပညာသင်ဖို့၊၀မ်းရေးတွက်အလုပ်လုပ်ဖို့စတဲ့အကြောင်းအမျိုးမျိုးကြောင့်
နေနေကြရသူတွေဖြစ်ပါတယ်။သူများနိုင်ငံဘယ်လောက်တိုးတက်ပြီး
ဘယ်လောက်ကောင်းတယ်ဆိုဆိုကိုယ်နေထိုင်ကြီးပြင်းအရွယ်ရောက်ခဲ့
တဲ့ဇာတိမြေကိုတော့ဘယ်သူမှမေ့နိုင်ကြမယ်မထင်ပါဘူး။အမိမြေမှာ
ကျန်ခဲ့တဲ့ချစ်သူ၊မိဘဆွေမျိုး၊မိတ်ဆွေငယ်သူငယ်ချင်းတွေကိုလဲအမြဲ
တမ်းတလွမ်းဆွတ်နေကြမှာပါ။ဒီကြားထဲယဉ်ကျေးမှုဓလေ့စရိုက်မတူ
တဲ့လူမျိုးခြားတွေနဲ့အလုပ်လုပ်ရလို့အဆင်မပြေမှုတွေ၊အခက်အခဲတွေ
ကလဲအများကြီးပါ။
အိမ်အလွမ်းနဲ့စိတ်ဖိစီးမှုတွေကိုဖြေဖြောက်နိုင်တဲ့နေရာကတော့အွန်လိုင်း
စာပေလောကလေးပါဘဲ။
စာရေးသူဟာအလွမ်းအဆွေး၊ပျော်စရာ၊ဒေါသဖြစ်စရာ၊
ဝမ်းနည်းစရာ၊မခံချင်တာစတဲ့သူ့ ခံစားမှုတွေကိုဆင်ဆာမရှိ၊တည်းဖြတ်သူ
မရှိလွတ်လပ်စွာရင်ဖွင့်နိုင်တာအွန်လိုင်းဘလော့မှာပါ။
မမြင်ဘူးကြပေမဲ့ဘလော့မောင်နှမတွေအချင်းချင်းရိုင်းပင်းကူညီအားပေး
မှုတွေကလဲလျော့ပါးကျဆင်းနေတဲ့စိတ်ဓာတ်တွေအတွက်အင်အားတခုပါပဲ။
ဒီလောကထဲရောက်လာလို့အားပေးခင်မင်တတ်တဲ့မိတ်ဆွေတွေတိုးလာသလို
ကိုယ်မသိနားမလည်တဲ့အကြောင်းအရာတွေလည်းမိတ်ဆွေများရဲ့ဘလော့တွေ
ကလေ့လာသိရှိနိုင်တာမို့်အွန်လိုင်းစာပေလောကလေးဟာကျွန်မအတွက်တော့
စိတ်၏ဖြေရာအားဆေးလေးတစ်ခွက်ပါပဲရှင်။
မိတ်ဆွေကြီးကိုဘကြိုင်ရေ..တဂ်ထားတာလေးတတ်သလောက်မှတ်သလောက်
ရေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေနော်။

Friday, October 23, 2009

ပစ်တိုင်းထောင်ရုပ်ကြိုးတွေရှုပ်

ဒီနိုင်ငံမှာခွေးတွေကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးကြပေမဲ့ကြောင်ကလေး
တွေကိုတော့မွေးလေ့မရှိပါဘူး။လူမဲတော်တော်များများကလဲတိရိစ္ဆာန်
မချစ်တတ်ပါ။လူဖြူအာဖရိကန်တွေကသာခွေးတွေ၊ကြောင်တွေတယုတယ
မွေးကြပါတယ်။အမဲတွေခွေးမွေးတယ်ဆိုတာကလဲတောမှာသိုးတွေ၊
ဆိတ်တွေ၊နွားတွေကျောင်းဖို့၊မြို့မှာသူခိုးရန်ကာကွယ်ဖို့ပါ။ချစ်လို့မွေးကြတာ
ရှားပါတယ်။
ဒီကကြောင်တွေဟာတောထဲမှာ၊ကျင်းတွေဂလိုင်တွေထဲမှာနေပြီးနီးစပ်ရာ
မှာရှာစားရတဲ့ကြောင်ရိုင်းလေးတွေပါ။ကြောင်ရိုင်းဆိုပေမဲ့အေးတဲ့ဒေသမို့
အမွှေးထူပြီးမျက်နှာပေါက်ကလေးတွေကလှပါတယ်။
ကျွန်မတို့တိုက်ရဲ့အောက်ဘက်အမှိုက်ခန်းနားမှာဂလိုင်ကြီးတစ်ခုရှိပါတယ်။
အဲဒီထဲမှာကြောင်ရိုင်းလေးတွေနေပါတယ်။သူတို့ဟာဂလိုင်ထဲမှာနေ၊အမှိုက်
ခန်းကစားကြွင်းစားကျန်တွေစား၊အဲဒီမှာသားပေါက်နဲ့ကြောင်ဦးရေ
တိုးပွားလာပါတယ်။ဒါပေမဲ့တစ်ချို့လုံခြုံရေးအမဲတွေကအလစ်ဖမ်းပြီးစားလို့
ကြောင်ဦးရေကတိုးလိုက်လျော့လိုက်ပါ။
ကျွန်မတို့တိုက်မှာနေတဲ့မြန်မာအမျိုးသမီးတွေအားလုံးတိရိစ္ဆန်ချစ်တတ်ပြီး
ခွေးတွေကြောင်တွေ မွေးချင်ပေမဲ့တိုက်ခန်းစည်းကမ်းအရမွေးခွင့်မရှိပါဘူး။
ကျွန်မကတော့သူတို့လေးတွေနေမကောင်းရင်၊သေသွားရင်
ခံစားရလွန်းလို့ဘာတိရိစ္ဆာန်မှမမွေးဘဲသံယောဇဉ်ဖြတ်ထားတာကြာပါပြီ။
ကြောင်ဇာတ်လမ်းကိုစသူကတော့မသီတာဖြစ်ပါတယ်။
မသီတာဟာသူနဲ့၆နှစ်လောက်နေခဲ့တဲ့ကြောင်ကြီးကိုသူများပေးပြီးသူ့ 
ခင်ပွန်းရှိတဲ့ဒီကိုလိုက်လာသူဖြစ်ပါတယ်။သားသမီးမရှိသူမို့သူ့ကြောင်ကို
အလွန်ချစ်ပြီးသားသမီးလိုမွေးခဲ့တာကြောင့်ကြောင်ကိုသတိရတိုင်းယောင်္ကျား
ကိုဂျီကျတတ်သူလဲဖြစ်ပါတယ်။
သူကအိမ်ရှင်မသက်သက်မို့ချက်ပြုတ်ပြီးရင်ပြင်းပြင်းနဲ့ပြတင်းပေါက်မှာငေးရင်း
ကြောင်တွေကိုစိတ်ဝင်စားလာပါတယ်။ထမင်းဟင်းကျန်တွေနယ်ဖတ်ဖေါ့ဗန်း
လေးနဲ့ထည့်ပြီးဂလိုင်ပေါက်မှာသွားချထားပါတယ်။အရင်ကအမှုမဲ့အမှတ်မဲ့နေ
နေရာကကျွန်မတို့တတွေလည်းကြောင်လေးတွေကိုရှိတဲ့အရိုးအရင်းလေးတွေ
နဲ့အစာသွားကျွေးကြပါတယ်။
သူတို့တတွေဟာအနားသိပ်မကပ်ရဲကြပေမဲ့အစာကျွေးပါများတော့ကျွန်မတို့ကို
တဖြေးဖြေးမှတ်မိလာပါတယ်။အစာကျွေးဖို့သွားရင်ထွက်မပြေးပဲလူနဲ့အတော်
နီးနီးထိလာစားပါတယ်။ပြတင်းပေါက်မှာတွေ့ရင်လဲမော့ကြည့်ပြီးတညောင်ညောင်
အော်ရင်းအစာတောင်းတတ်ပါတယ်။တိရိစ္ဆာန်ပေမဲ့သဘာဝအသိစိတ်အရ
သူတို့ကိုအန္တရာယ်ပြုမဲ့သူဟုတ်မဟုတ်ခွဲခြားတတ်ပါတယ်။လုံခြုံရေးနဲ့ကုလား
ကလေးတွေမြင်ရင်အနားကပ်မခံပဲဂလိုင်ထဲဝင်ပြေးကြပါတယ်။
သူတို့ကကျွန်မတို့ကိုမှတ်မိလာသလိုကျွန်မတို့ကလဲကြည့်ရင်းသူတို့ကိုတစ်ကောင်
ချင်းသိလာပါတယ်။
ကျွန်မတို့နဲ့မျက်မှန်းတမ်းမိဆုံးကတော့ကုလားလေးတွေဂဲနဲ့ပေါက်လိုက်လို့ခြေထောက်လေး
တစ်ဘက်ခွင်နေတဲ့ခွင်ခွင်လေးပါ။ကိုင်လို့မရပေမဲ့တော်တော်လေးယဉ်ပြီးကျွန်မတို့နဲ့
နီးနီးမှာနေတတ်ပါတယ်။
တကိုယ်လုံးနက်တဲ့နက်နက်၊မျက်နှာချွန်ချွန်နဲ့ကောင်ကိုစုတ်ချွန်း၊မျက်နှာပေါက်လ
တဲ့ကြောင်မလေးကိုချောစု၊တခြားကြောင်တွေတွေကိုအနိုင်ကျင့်တဲ့ကောင်ကို
စွမ်းအားရှင်စသဖြင့်ပေါက်ကရနာမည်တွေလည်းပေးထားပါသေးတယ်။
ညနေဖက်တွေ့ကြရင်နက်နက်ကိုတခြားတိုက်ကကြောင်ထီးကြီးလာရစ်တာ၊
ပြောက်ကျားမလေးဇီးရှိနေတာ၊ချောစုလေးအစာကိုစွမ်းအားရှင်ကလုစားလို့
မောင်းထုတ်ရတာစသဖြင့်စက်ရပ်သတင်းတွေဖလှယ်ကြပါတယ်။
ကြောင်များရဲ့မိခင်ကြီးမသီတာကတော့အားလုံးထဲမှာအလုပ်အရှုပ်ဆုံးပါ။
အစာမှန်မှန်ကျွေးတဲ့အလုပ်အပြင်အမဲလုံခြုံရေးတွေဂလိုင်နားလာချောင်းရင်
ဖမ်းမှာစိုးလို့အသံပြုရတာနဲ့၊ကုလားလေးတွေဂဲနဲ့လာပေါက်ရင်ထွက်အော်ရတာ
နဲ့၊ကျွေးထားတဲ့အစာကိုတခြားတိုက်ကကြောင်တွေလာစားရင်ခြောက်ရတာနဲ့
ပြင်းတယ်လို့တောင်မငြီးနိုင်တော့ပါဘူး။
တနေ့တော့ခွင်ခွင်လေးပျောက်သွားပါတယ်။ကျွန်မတို့တွေဂလိုင်နားခဏခဏ
သွားချောင်းသူကချောင်း၊လက်နှိပ်ဓာတ်မီးနဲ့အပေါက်ထဲထိုးကြည့်သူကကြည့်၊
တခြားတိုက်ကအမှိုက်ခန်းတွေထဲနံနံစော်စော်သွားရှာသူကရှာ၊လုံခြုံရေး
တွေဖမ်းတာနေမှာဘဲဆိုပြီးကျိန်ဆဲသူကကျိန်ဆဲနဲ့အလုပ်တွေရှုပ်ကြပါတယ်။
၃ရက်လောက်ကြာမှကိုယ်တော်ချောကပြန်ရောက်လာပါတယ်။
သူတို့ရာသီမှာတခြားတိုက်ကကြောင်မတွေသွားပိုးပြီးအလည်လွန်နေတာဖြစ်မှာပါ။
အားလုံးပျောက်နေတဲ့ပစ္စည်းပြန်ရသလိုပျော်သွားကြပါတယ်။
အော်..သံယောဇဉ်များနော်..ကိုယ့်အိမ်မှာတယုတယမွေးထားတာမဟုတ်ပဲ
အဝေးကအစာလေးကြွေးရုံနဲ့တောင်တွယ်ငြိတတ်ပါတယ်။
တခါတရံအမှတ်မထင်တွယ်တဲ့သံယောဇဉ်တွေကဖြတ်ရခက်တတ်ပါတယ်လေ။

Saturday, October 17, 2009

အလယ်ကလူုစကားဝဲ၏

ဘာသာစကားတစ်ခုပြောတဲ့နေရာမှာလူမျိုး၊နေရာဒေသကိုလိုက်ပြီးလေယူလေသိမ်း၊
အသံအတက်အကျ၊အဆွဲအငင်အဖြတ်အတောက်တွေ ကွဲပြားကွာခြားကြပါတယ်။
ကျွန်မတို့ဆီကတိုင်းရင်းသားတွေမြန်မာစကားပြောရင်ဝဲသလိုဒီမှာလည်းအင်္ဂလိပ်စကားကို
ပြောတာလူမဲနဲ့အာဖရိကန်ဘိုးဝါးလူဖြူတွေလေယူလေသိမ်းအသံထွက်မတူကြပါ။
အာဖရိကတစ်တိုက်ထဲမှာတောင်မှမြောက်ပိုင်း၊အလယ်ပိုင်း၊တောင်ပိုင်းလေယူလေသိမ်း
မတူကြပါ။
အင်္ဂလိပ်စာမတောက်တခေါက်နဲ့နိုင်ငံခြားထွက်လာတဲ့ကျွန်မဒီရောက်တာနဲ့အမဲလေနဲ့စတွေ့
ရတော့တာပါဘဲ။
အင်္ဂလိပ်၊အမေရိကန်လေယူလေသိမ်းသာဗီဒီယိုကားတွေမှာကြားဖူးပြီးလူမဲတွေရဲ့အသံထွက်က
တစ်မျိုးမို့သူတို့လေကိုကျက်မိအောင်ကြိုးစားရပါတယ်။သူတို့လိုဆွဲဆွဲငင်ငင်အသံအတက်
အကျနဲ့မပြောဘဲအသံပြတ်နဲ့ပြောတဲ့ကျွန်မလေသံကိုလဲသူတို့က၀ဲတယ်ထင်ကြမှာပါ။
သူတို့ လေကိုနားရည်ဝပြီးအဆင်ပြေယုံရှိသေးနောက်ပြသနာတစ်ခုဝင်ပြန်ပါတယ်။
ကျွန်မဌာနဟာတစ်ဘက်နိုင်ငံBloemfontainမြို့နဲ့ဆက်သွယ်လုပ်ရတဲ့လုပ်ငန်းတွေရှိပါတယ်။
ကျွန်မနေတဲ့နိုင်ငံမှာအင်္ဂလိပ်နဲ့စီစိုသိုဘာသာစကား၂မျိုးသာသုံးပေမဲ့တစ်ဘက်နိုင်ငံမှာတော့
အဲဒီ၂မျိုးအပြင်အာဖရိကန်ဘာသာစကားကိုလည်းအသုံးများပါတယ်။
Bloemfontainမြို့ဟာတောင်အာဖရိကနိုင်ငံFree State Provinceရဲ့မြို့တော်ဖြစ်ပါတယ်။
အမဲတွေအပြင်ဘိုးဝါးလို့ခေါ်တဲ့အာဖရိကန်လူဖြူတွေအများအပြားနေထိုင်တဲ့မြို့ပါ။
အာဖရိကန်ဘာသာစကားကျယ်ကျယ်ပြန့်ပြန့်သုံးပြီးတက္ကသိုလ်တက်ရင်၊အလုပ်လျှောက်ရင်
်အာဖရိကန်လိုတတ်မှအဆင်ပြေတဲ့ဒေသပါ။
အာဖရိကန်စကားဟာအာလိပ်လျှာလိပ်ပြောလို့နားထောင်လို့ကောင်းပေမဲ့သူတို့လိုပြောနိုင်
ဖို့တော့ခက်ခဲပါတယ်။
အလုပ်မှာBloemfontainကိုဖုံးနဲ့ဆက်သွယ်ရတော့မယ်ဆိုရင်ကျွန်မဟိုချောင်ကပ်
ဒီချောင်ကပ်နဲ့ရှောင်ပါတော့တယ်။မရှောင်သာလို့ဖုံးခေါ်ရပြီဆိုရင်တော့ဒုက္ခှတွေ့ရပါ
တော့တယ်။
သူတို့ရဲ့အာလိပ်လျှာလိပ်အာဖရိကန်သံဝဲတဲ့အင်္ဂလိပ်စကားကိုကျွန်မလုံးဝနားမလည်ပါ။
နဂိုကမှအင်္ဂလိပ်စာကတော်တော်မို့ခပ်မြန်မြန်ံများပြောလိုက်လို့ကတော့မျက်ကလူးဆန်ပြာ
နဲ့သူတို့ဘာပြောလဲဆိုတာနားလည်ဖို့နေနေသာသာအင်္ဂလိပ်လိုပြောနေတာလားအာဖရိကန်
လိုပြောနေတာလားတောင်မသိတော့ပါ။
ဘာတွေပြောနေမှန်းမသိလို့ခဏခဏပြန်မေးနေတာဖုံးထဲကနေမို့ပါဘဲ။လူသာအနားမှာရှိ
လို့ကတော့စိတ်တိုပြီးထရိုက်မှာသေချာပါတယ်။
ကျွန်မပြောတဲ့အင်္ဂလိပ်စကားကိုလည်းအာမထိလျှာမထိငပိသံဝဲတယ်လို့သူတို့ထင်မှာပါဘဲ။
ပြီးခဲ့တဲ့အပတ်ကBloemfontainမြို့ကိုအလုပ်ကိစ္စနဲ့သွားဖို့ကျွန်မကိုလွှတ်ပါတယ်။
လုပ်ဖေါ်ကိုင်ဖက်တွေကစရိတ်ငြိမ်းခရီးထွက်ရမှာမို့ကံကောင်းလိုက်တာပြောကြပေမဲ့
ကျွန်မကတော့ကိုယ့်အပူနဲ့ကိုယ်စိတ်ညစ်နေပါတယ်။ဟိုမှာအာဖရိကန်သံဝဲ၀ဲအင်္ဂလိပ်
စကားကိုနားမလည်ဘဲတလွှဲတွေလုပ်ရင်ဒုက္ခလှလှတွေ့ရပါတော့မယ်။
ဘုရားသိကြားမလို့ကျွန်မနဲ့တွေ့ခဲ့ရတဲ့အာဖရိကန်ကြီးကပြုံးပြုံးရွှင်ရွှင်နဲ့သဘောကောင်း
ပါတယ်။မျက်နှာဇီးရွက်လောက်နဲ့အူကြောင်ကြောင်ကျွန်မပုံစံကိုသနားသွားလို့လားမသိ၊
စကားကိုခပ်ဖြေးဖြေးပြောပေးတဲ့အတွက်အလုပ်ကိစ္စအားလုံးအဆင်ပြေခဲ့ပါတယ်။
သူတို့ပြောတာနားမလည်မှာ၊အလုပ်ကိစ္စအဆင်မပြေမှာစိုးရိမ်စိတ်တွေများနေတာကြောင့်
ခရီးသွားရတာပျော်တောင်မပျော်လိုက်ရပါဘူးရှင်။


Saturday, October 10, 2009

အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

ကျွန်မနေတဲ့အခန်းရဲ့အပေါ်ထပ်မှာငပွကြီးကုလားမိသားစုရှိပါတယ်။
အသက်၃၀ကျော်လောက်ရှိတဲ့အဖေနဲ့ အမေ၊သူတို့ ကလေးဘုစုခရု၎ယောက်ပါ။
သူတို့ ပြောင်းလာတာ၁နှစ်လောက်ရှိပါပြီ။ကျွန်မရဲ့ငြိမ်သက်အေးချမ်းမှုတွေလည်း
ပျောက်ဆုံးခဲ့တာ၁နှစ်ရှိပြီပေါ့။
အဖေလုပ်သူကအပြင်သွားမယ်ဆိုရင်အောက်ထပ်ကားပါကင်ကနေသူ့မိန်းမနဲ့ကလေးတွေ အောက်ဆင်းမလာမချင်းဟွန်းတတီတီတီးပါတယ်။ကားဟွန်းသံကြောင့်အိမ်နီးချင်းတွေ
စိတ်အနှောက်အရှက်ဖြစ်ရပါတယ်။
အမေလုပ်သူကတော့အောက်ထပ်ကကုလားမတွေနဲ့မကြာခဏအော်ကြီးဟစ်ကျယ်ရန်ဖြစ်
တတ်ပါတယ်။ဝရံတာကနေအပေါ်နဲ့အောက်လှမ်းအော်ရန်ဖြစ်ကြတာမို့ပတ်ဝန်းကျင်အိမ်
တွေတော်တော်နားငြီးရပါတယ်။
မိဘတွေလူမှုရေးနားမလည်သလိုကလေးတွေကလည်းတက်ညီလက်ညီသောင်းကြမ်း
ကြပါတယ်။
တခြားအိမ်ကကုလားကလေးတွေနဲ့ပေါင်းပြီးဝရံတာမှာတစ်နေကုန်နေ၀င်မိုးချုပ်ထိ
စက်ဘီးစီးကြပြေးလွှားကစားကြပါတယ်။ရန်ဖြစ်ကြ၊ငိုကြအော်ကြနဲ့ဝရံတာတလျှောက်
ဆူညံပွက်လောရိုက်နေတာပါဘဲ။
မိဘတွေကတော့ဘယ်လောက်ဆူညံညံတစ်ချက်လေးမှထွက်မဟန့် ပါ။
ကျွန်မစိုက်ထားတဲ့ဝရံတာကချဉ်ပေါင်ပင်တွေလည်းသူတို့နှိပ်စက်လို့ဘာပင်မှ
မစိုက်တာကြာပါပြီ။
သူတို့ ဘေး၂ခန်းကျော်ကတရုတ်မအလုပ်မသွားခင်မနက်စောစောလျှော်ဖွတ်ပြီး အခန်းရှေ့ဝရံတာမှာချိတ်နဲ့လှမ်းခဲ့တဲ့အ၀တ်တွေလည်းယူဆော့ဖုန်တွေနဲ့လူး၊ချိတ်တွေ
ဝရံတာမှာလွှတ်ပြစ်တာမို့တရုတ်မခင်မျာအ၀တ်တွေအပြင်မှာမလှမ်းခဲ့ရဲတော့ပါ။
သူတို့ကလေးတွေသောင်းကြမ်းလွန်းလို့သွားပြောရင်လည်းအမေကုလားမကကက်ကက်
လန်အောင်အော်ကြီးဟစ်ကျယ်ရန်တွေ့တတ်တာကြောင့်အိမ်နီးချင်းအားလုံးကသူတို့နဲ့
မပြောချင်မဆိုချင်မပတ်သက်ချင်ကြပါ။
လှေခါးအတက်အဆင်းမှာစက္ကူစုတ်တွေ၊ချောကလက်ခွံတွေ၊သဲတွေနဲ့ပွစိတက်အောင်
ဆော့ထားကြတာလည်းသူတို့ ပါဘဲ။အဲဒီအပြင်ခြံဝင်းထဲကသူတို့ အရပ်နဲ့မှီတဲ့အပင်
မှန်သမျှပန်းပွင့်တွေခူးတစစီချွေ၊သစ်ကိုင်းတွေချိုး၊သစ်ရွက်တွေခူးလွှတ်ပြစ်ပြီးအမှိုက်တွေ
ဖွကြတာလဲသူတို့လက်ချက်ပါဘဲ။
ကျွန်မအခန်းကသူတို့အောက်တည့်တည့်မှာမို့တခြားအိမ်နီးချင်းတွေထက်ပိုခံစားရပါတယ်။
နေ့လည်ထမင်းစားပြီးထမင်းလုံးစီမလို့ငိုက်လာရုံရှိသေးအပေါ်ထပ်ကတဒုန်းဒုန်းတဒိုင်းဒိုင်း
သံတွေကြောင့်လန့်ဖြန့်နိုးပြီးရင်တုန်ရတာအခါခါပါ။
ည၁၁နာရီလောက်တဒုန်းဒုန်းထုတာကတမျိုး၊ညသန်းခေါင်အချိန်ကကျမှပစ္စည်းတွေရွှေ့လို့ ဆူညံသံကတမျိုး၊ဒေါက်ဖိနပ်စီးပြီးတအိမ်လုံးလျှောက်သွားနေတယ်ထင်ရတဲ့ဒေါက်ဖိနပ်သံ
တဂွပ်ဂွပ်ကတမျိုး၊တစ်နေ့ တမျိုးမရိုးရအောင်နှိပ်စက်ပါတယ်။
ဒါ့အပြင်ဂက်စ်အိုးတွန်းသံရွှေ့ သံကလဲနေ့ တိုင်းလောက်ကြားရပါတယ်။
ဂက်စ်အိုးဆိုတာမျိုးဟာတခါနေရာချပြီးရင်ခဏခဏရွှေ့စရာမလိုတာမို့သူတို့ဘာလို့နေ့တိုင်း
ရွှေ့ နေတာလဲစဉ်းစားလို့ မရပါ။
ဂက်စ်အိုးကုန်ပြီဆိုရငိတော့အဲဒီအိုးကိုမမချဘဲဝရံတာတလျှောက်လှိမ့်ပြီး၃ထပ်လှေခါး
ပေါ်ကတွန်းချလိုက်ပါတယ်။အိုးလိမ့်ဆင်းသွားသံတဂွမ်ဂွမ်ဆူညံနေတဲ့အပြင်လှေခါးက
ကွန်ကရစ်တွေလဲပဲ့လို့ ရွဲ့ လို့ ။
ဝရံတာကဆူညံသံတွေကိုတံခါးပိတ်ပြီးလစ်လျုရှုထားနိုင်ပေမဲ့အပေါ်တည့်တည့်က
အသံတွေကတော့နေ့စဉ်နဲ့ အမျှဒုက္ခပေးပါတယ်။
အများနဲ့နေရတဲ့တိုက်ခန်းတွေမှာနေမယ်ဆိုရင်ကိုယ့်ကြောင့်သူတပါးမှာအနှောက်အယှက်
မဖြစ်အောင်နေတတ်ဖို့ ၊ကိုယ့်ကြောင့်ပတ်ဝန်းကျင်ကိုမညစ်နွမ်းစေဖို့ လိုပါတယ်။
ကလေးသဘာဝဆော့တတ်တာမှန်ပေမဲ့ကိုယ့်ကလေးကြောင့်သူများမှာကသိကအောင့်
မဖြစ်ရလေအောင်ဆုံးမပဲ့ပြင်ရပါမယ်။
ဒီလိုအသိတရားမရှိတဲ့လူတွေနဲ့ဘယ်အချိန်ထိအောင်အပေါ်ထပ်နဲ့အောက်ထပ်ဆက်
နေရအုံးမလဲမသိပါတော့ပါ။

Friday, October 2, 2009

ကံကောင်း

လွန်ခဲ့တဲ့၁၅နှစ်လောက်ကဖြစ်ပါတယ်။
ညတစ်ညမှာလေကြီးမိုးကြီးကျပြီးမနက်ရောက်တော့ကျွန်မတို့ခြံအုန်းပင်ရင်းမှာ
ကျီးကန်းပေါက်လေးတစ်ကောင်ရေစိုရွှဲပြီးအသိုက်ထဲကပြုတ်ကျနေပါတယ်။
ကျွန်မဖေဖေခြံထဲဆင်းရင်းတွေ့ လို့ အိမ်ထဲခေါ်လာပြီးရေသုတ်ပေးပြီးကြည့်လိုက်
တော့တောင်ပံနဲ့ ခြေထောက်မှာဒဏ်ရာရထားပါတယ်။
ဖေဖေကသူ့ ကိုစတိုခန်းထဲမှာထားပြီးအစာကျွေး၊ဆေးထည့်ပေးပါတယ်။
သေကံမရောက်သက်မပျောက်သူလေးမို့ ကံကောင်းလို့ နာမည်ပေးထားပါတယ်။
၂ပတ်လောက်ကြာတော့သူ့ ရဲ့ဒဏ်ရာတွေလည်းပျောက်ကင်းပြီးပြန်ကျန်းမာ
လာပါတယ်။ဖေဖေကခြံထဲခေါ်သွားပြီးမြေပေါ်ချပေးလိုက်ပါတယ်။
ပထမတစ်ရက်နှစ်ရက်တော့အမြင့်ကြီးမပျံနိုင်ပါဘူး။အုတ်ရေကန်လေးဘောင်
ပေါ်ပျံလိုက်ဖေဖေ့နားပြန်လာလိုက်လုပ်နေပါတယ်။ဖေဖေလည်းခွေးဆွဲသွားမှာ
စိုးလို့ အိမ်ထဲပြန်ခေါ်လာပါတယ်။၃၊၄ရက်လောက်အပြင်ထုတ်ပေးပြီးပျံခိုင်းလိုက်တော့
သူနေတဲ့အုန်းပင်ပေါ်ကိုပျံနိုင်လာပါတယ်။သူ့ မျိုးတူအပေါင်းအဖေါ်တွေနဲ့ နေရအောင်
ဖေဖေကလွှတ်ပေးလိုက်ပေမဲ့တခြားကျီးတွေကသူ့ ကိုလက်မခံပဲထိုးဆိတ်လွှတ်တာ
ကြောင့်သူ့ ခင်မျာအုန်းပင်ပေါ်မှာတစ်ကောင်ထည်းနေရရှာပါတယ်။
ဖေဖေကဒီကောင်လေးရှာစားတတ်အုန်းမှာမဟုတ်ဘူးဆိုပြီးသံယောဇဉ်ကြီးစွာ
ထမင်းဟင်းတွေကိုအုတ်ရေကန်ဘောင်လေးပေါ်နေ့ တိုင်းသွားတင်ပြီးအစာကျွေး
ပါတယ်။ကံကောင်းကအုန်းပင်ပေါ်ကနေပြီးဖေဖေခြံထဲထွက်လာတာနဲ့ ဖေဖေ့
ပခုန်းပေါ်လာနားပါတယ်။ဖေဖေခြံထဲမှာပန်းပင်ရေလောင်းနေရင်ဖြစ်ဖြစ်၊ခြံထဲ
ကပက်လက်ကုလားထိုင်မှာထိုင်ရင်းစာဖတ်နေရင်ဖြစ်ဖြစ်ဖေဖေ့ပုခုန်းပေါ်မှာဘဲနေပါတယ်။
ဖေဖေခြံထဲဆင်းလို့ တခါတလေသူမရောက်လာရင်ဖေဖေကကံကောင်းရေလို့ 
ခေါ်လိုက်ရင်သူ့ နာမည်ကိုသိနေသလိုချက်ချင်းရောက်လာပါတယ်။
ဖေဖေ့နားရွက်နဲ့ လည်ပင်းကိုသူ့ နှုတ်သီးနဲ့ မနာကျင်အောင်ဆိတ်ပြီး်ကစားတတ်
ပါသေးတယ်။
ဖေဖေကလွဲပြီးကျန်တဲ့သူတွေကိုတော့သူခင်ပုံမရပါ။ကျွန်မတို့ သူ့ ကိုကိုင်ရင်ခံပေမဲ့
ခဏနေရင်နှုတ်သီးနဲ့ နာအောင်ဆိတ်ပါတယ်။
ဒီလိုနေရင်းတစ်လကျော်နှစ်လလောက်အကြာမှာတော့ကံကောင်းလေးတော်တော်
အရွယ်ရောက်ပြီးအမွှေးအတောင်စုံလာပါပြီ။တစ်နေ့ မှာဖေဖေခြံထဲဆင်းချိန်ကံကောင်း
ရောက်မလာပါဘူး။သူ့ နာမည်ခါတိုင်းလိုခေါ်တော့လဲမလာပါဘူး။
အုန်းပင်ပေါ်မော့ကြည့်တော့လဲမတွေ့ ပါဘူး။
ဖေဖေလည်းအဲဒီနေ့တစ်နေ့လုံးအစာခွက်လေးကိုင်လိုက်၊သူ့နာမည်ခေါ်လိုက်၊
ခြံထဲထွက်ကြည့်လိုက်၊ဒီကောင်လေးကအစာလည်းရှာမစားတတ်တခြားကျီးတွေက
ဆိတ်လွှတ်နဲ့ဘယ်များရောက်နေပါလိမ့်။ဒဏ်ရာအနာတရဖြစ်ပြီးတနေရာရာမှာ
ပြုတ်ကျနေမလားဆိုပြီးသားသမီးတစ်ယောက်လိုပူပန်နေပါတယ်။အဲဒီနေ့ ကစပြီးကံကောင်းကိုမတွေ့ ရတော့ပါ။အပေါင်းအသင်းနဲ့ တွေ့ ပြီးတခြား တနေရာကိုပြောင်းသွားလား၊ထိခိုက်မိပြီးသေသွားလား၊
ကျီးကန်းမလေးနဲ့ တွေ့ ပြီးတနေရာမှာတအိုးတအိမ်ထူထောင်နေလား..မသိတော့ပါ။
တကယ်တော့ကျီးကန်းဆိုတဲ့အမျိုးဟာလူရဲ့ပါတ်ဝန်းကျင်မှာရှိနေပေမဲ့ယဉ်ပါးဖို့ ခက်ခဲ
ပါတယ်။လူတွေနဲ့ လည်းအိမ်မွေးတိရိစ္ဆာန်လိုလက်ပွန်းတနှီးနေလေ့မရှိပါဘူး။
ဖေဖေနဲ့ သာဘယ်လိုရေစက်ကြောင့်သံယောဇဉ်တွယ်မိနေသလဲမပြောတတ်ပါ။
ကံကောင်းလေးသူ့ အသိုက်အမြုံ၊သူ့ မိသားစုလေးထဲမှာရှိနေ၊ပျော်နေပါစေလို့ 
ကျွန်မတို့ ဆုတောင်းပေးကြပါစို့ နော်။

Monday, September 28, 2009

မိတ်ဆွေများနဲ့စိုစိ

ကျွန်မတစ်ယောက်ထဲစိုစိနဲ့တွေ့ ခဲ့ရတာမဟုတ်ပါ။ကျွန်မမိတ်ဆွေအများစုကလဲ
စိုစိနဲ့တွေ့ ဖူးခဲ့ကြသူတွေပါ။
တစ်ဦးကပန်းခြံလမ်းကြားထဲမှာဘဲစိုစိ၂ယောက်လည်ပင်းညှစ်ပြီးငွေရ၀ လုခံရဘူးပါတယ်။
နောက်တစ်ယောက်ကတော့ကားနဲ့သွားရင်းလုခံရတာပါ။
ကားမှန်အားလုံးပိတ်ထားပေမဲ့သတိမေ့ပြီးlockမချမိတာကြောင့်မီးပွိုင့်မိလို့ကားရပ်ထား
တုန်းဂီယာထိုးတဲ့နောက်ကနေရာပေါ်တင်ထားတဲ့ဆဲလ်ဖုံးကိုကားတံခါးဖွင့်ယူပြီး
ထွက်ပြေးသွားတာပါ။
ဈေးသွားရင်း၊ဘဏ်၊စာတိုက်သွားရင်းလဲလမ်းမပေါ်ပိုက်ဆံအိတ်၊ဖုံးတွေအလစ်လုခံရ
တတ်တာကြောင့်ကျွန်မတို့လမ်းသွားရင်ပိုက်ဆံအိတ်ဘယ်သူမှမကိုင်ပါ။
မြန်မာပြည်မှာပိုက်ဆံအိတ်၊ပခုန်းလွယ်အိတ်လေးတွေအမျိုးမျိုးကိုင်ခဲ့ကြပေမဲ့
ဒီမှာတော့ပိုက်ဆံအိတ်နဲ့ကိုယ်ဟာလားလားမှမထိုက်ဖြစ်နေပါတယ်။
ကျွန်မတို့အားလုံးအပြင်ထွက်ရင်ဆဲလ်ဖုံးတွေ၊ပိုက်ဆံတွေကိုအင်္ကျီ၊ဘောင်းဘီ
အတွင်းအိတ်တွေမှာဟိုဖွက်ဒီဖွက်ထည့်တတ်ကြပါတယ်။
တခါတရံဈေးဝယ်ကောင်တာရောက်မှငွေရှင်းမယ်ကြံရင်အဖွက်လွန်ပြီး
ဘယ်အိတ်ကပ်ထဲထည့်မိမှန်းမသိတော့လို့ဟိုနှိုက်ဒီနှိုက်ဟိုရှာဒီရှာနဲ့သရုပ်ပျက်
ရတာခဏခဏပါ။
့ကျွန်မမိတ်ဆွေကိုတူးနဲ့မိုးငယ်တို့၂ယောက်သူတို့ရဲ့သားလေးကျောပိုးအိတ်
လိုလို့တနင်္ဂနွေနေ့နေ့လည်တခုမှာတက်စီကားနဲ့စတိုးဆိုင်ကြီးတစ်ဆိုင်ကို
သွားခဲ့ပါတယ်။ရုံးပိတ်ရက်ထုံးစံအတိုင်းလမ်းမပေါ်မှာလူသွားလူလာနည်း
ပါတယ်။တက်စီကစတိုးဆိုင်ရှေ့နားမှာရပ်ပေးပါတယ်။
ကားပေါ်ကဆင်းပြီးစတိုးဆိုင်ဆီကိုအသွားပလက်ဖေါင်းပေါ်မှာလူ၂ယောက်
ရုတ်ကနဲရောက်လာပြီးကိုတူးကိုဝိုင်းဆွဲကြပါတယ်။တယောက်ကနောက်က
ချုပ်ထားပြီးနောက်တယောက်ကကိုတူးအင်္ကျီအိတ်ကပ်ထဲကိုနှိုက်ပါတယ်။
ဖြစ်ချင်တော့စနေနေ့ညကမြန်မာတွေစုပြီးအပြင်းပြေဖဲရိုက်ကြပါတယ်။
အပျော်ကစားကြတာမို့၅ပြားကြေး၊၁၀ပြားကြေးဆော့ကြတာပါ။
ကိုတူးကအဲဒီညကဖဲနိုင်တာကြောင့်၅ပြားစေ့၊၁၀ပြားစေ့တွေပါတဲ့အကြွေအိတ်
ကြီးကိုအိတ်ကပ်ထဲထည့်ထားတာပါ။အဲဒီအင်္ကျီကိုဘဲကောက်ဝတ်လာတာမို့
သူ့ရှပ်အင်္ကျီအိတ်ကအကြွေတွေနဲ့ဖေါင်းနေပေမဲ့ ရေကြည့်ရင်၅ကျပ်၁၀လောက်
ဘဲရှိတာပါ။ပိုက်ဆံကမိုးငယ်ဆီမှာပါ။ကိုတူးဆီမှာအကြွေအိတ်ကလွဲလို့ဘာမှ
မပါပါဘူး။စိုစိတွေကမိုးငယ်ကိုတော့ဘာမှမလုပ်ပါဘူး၊ပထမတော့မိုးငယ်လဲ
ကြောင်ပြီးကြည့်နေပြီးမှသတိဝင်လာပြီးသူခိုးသူခိုးနဲ့အသံကုန်ဟစ်ပါတယ်။
မိုးငယ်ကကျွန်မတိုဲ့ရဲရဲတောက်အဖွဲ့ဝင်ဖြစ်တာကြောင့်တခုခုဆိုအသံ
ကုန်ဟစ်ပြီးထွက်ပြေးတာကလွဲပြီးပြန်ချဖို့သတ္တိရှိသူမဟုတ်ပါ။ဒါပေမဲ့သူ့ 
လောင်တော်မင်ကစိုစိလက်ထဲမှာမို့ကြောက်စိတ်တွေပျောက်သတ္တိတွေရောက်
လာပြီး ပြန်ချဖို့လက်နှက်လိုက်ရှာတော့အနီးအနားမှာလဲဘာမှမရှိ၊ဒါနဲ့အင်္ကျီ
အိတ်ကပ်ထဲနှိုက်လိုက်တော့...ထွက်လာပါတယ်။
၃၊၄လက်မလောက်ရှည်တဲ့လက်သဲညှပ်။
မိုးငယ်လဲစဉ်းစားမနေတော့ဘဲအဲဒီလက်သဲညှပ်နဲ့ကိုတူးကိုချုပ်ထားတဲ့
အမဲရဲ့ဂတုံးပြောင်ကိုအဆက်မပြတ်ခေါက်ပါတော့တယ်။
အဲဒီအချိန်မှာဘဲစတိုးဆိုင်ထဲကလုံခြုံရေးတွေပြေးထွက်လာပါတယ်။
စိုစိ၂ယောက်လဲအကြွေအိတ်ကိုလက်ထဲဆုတ်ပြီးထွက်ပြေးကြပါတယ်။
ကံကောင်းထောက်မစွာကိုတူးတယောက်နဲနဲပါးပါးပွန်းပဲ့ရုံကလွဲပြီးဘာမှမဖြစ်ပါ။
အိမ်ပြန်ရောက်မှမြန်မာအားလုံးခေါ်ပြီးသူတို့ခေတ်မှီသွားတဲ့အတွေ့ အကြုံ
ကိုပြန်ပြောပြပါတယ်။
မိုးငယ်ကိုပြန်တီးစရာရှားလို့လက်သဲညှပ်နဲ့စိုစိကိုခေါက်ရမလားဝိုင်းအပြစ်တင်
ကြပါတယ်။ကိုယ်မကြုံရတိုင်းလက်သဲနဲ့ကုတ်ဆွဲပါလား၊ခြေထောက်နဲ့ပိတ်ကန်
ပါလား၊နားရင်းပါးရင်းတီးပြစ်ပါလားစသည်ဖြင့်သိုင်းကား၊သိုင်းဝတ္တုတွေထဲက
အကွက်တွေမြင်ယောင်ပြီးကိုယ်ဘဲချခဲ့ဘူးသလိုလိုလေပေါပြီးတယောက်
တပေါက်ဆရာလုပ်ကြပါတယ်။
ကိုတူးကတော့သူ့ အကြွေအိတ်ကြီးကိုလူရှင်းတဲ့နေရာရောက်မှဖွင့်ကြည့်ပြီး
၅ပြားစေ့၊၁၀ပြားစေ့တွေထွက်လာရင်သူတို့ ကိုကောင်းကောင်းကြိမ်ဆဲနေကြ
မှာလို့ပြောပါတယ်။
ဒီလိုအတွေ့ အကြုံမျိုးကလဲဒီနိုင်ငံမှာသာရနိုင်တယ်ထင်ပါရဲ့။

Tuesday, September 22, 2009

အသွားမတော်တစ်လှမ်း

ဒီနိုင်ငံမှာကျွန်မတို့နိုင်ငံမှာလိုအချိန်မရွေးနေရာမရွေးသွားချင်တဲ့နေရာကိုသွားလို့မရမှန်း
ရောက်ခါစကကျွန်မမသိခဲ့ပါဘူး။ဒါကြောင့်လဲရောက်လို့မှ၃လမပြည့်ခင်စိုစိနဲ့တွေ့ ခဲ့
ရတာပါ။
မြို့ထဲအ၀ိုင်းကလွန်ရင်အမဲဈေး၊အမဲရပ်ကွက်တွေရှိပါတယ်။လူအလွန်စည်ပေမဲ့
အမဲတွေသာများတာမို့ကျွန်မတို့လုံးဝမသွားသင့်တဲ့နေရာပါ။အမဲတောထဲမှာလုခံရရင်
ဝိုင်းကြည့်နေကြရုံကလွဲပြီးဘယ်သူမှလာကူမှာမဟုတ်ပါ။ကျွန်မတို့ကိုကူညီရင်သူတို့ကို
ရန်ရှာပြီှးအန္တရယ်ပြုတတ်လို့ကူညီချင်ပေမဲ့မကူရဲဘူးလို့အမဲမိတ်ဆွေတဦးကပြောဘူး
ပါတယ်။
တနင်္ဂနွေညနေနဲ့အစိုးရရုံးပိတ်ရက်တွေကတော့အပြင်မထွက်သင့်တဲ့နေ့တွေပါ။
လမ်းမပေါ်လူသွားလူလာနည်းလို့အလုခံရနိုင်ပါတယ်။
ညနေ၆နာရီကျော်မှောင်လာရင်အပြင်ထွက်လို့မကောင်းပါ။စိုစိကတမျိုး
အမူးသမားကတမျိုးမို့ကျွန်မတို့မြန်မာတွေမှောင်လာရင်အပြင်ထွက်လေ့မရှိပါ။
ကျွန်မနေတဲ့တိုက်ခန်းကနေမြို့ထဲကshopping centreကိုသွားတဲ့အခါဖြတ်လမ်းလေး
တခုရှိပါတယ်။
အဲဒီိဖြတ်လမ်းဟာလမ်းကြားလေးကတဆင့်ပန်းခြံတခုရဲ့နောက်ဖက်လမ်းကမှလမ်းမကြီး
ပေါ်ထွက်တာပါ။ပန်းခြံနောက်ကလမ်းဟာပန်းခြံကွယ်နေလို့အဲဒီလမ်းကိုဖြတ်လျှောက်ရင်
လမ်းမကသဲသဲကွဲကွဲမမြင်ရပါဘူး။
အဲဒီနေ့ကအစိုးရရုံးပိတ်ရက်တရက်ဖြစ်ပြီးနေ့လည်၁နာရီလောက်ရှိပါပြီ။
ဈေးဝယ်ပြီးအပြန်လမ်းမပေါ်ကလမ်းကြားလေးကိုအကူးသူငယ်ချင်းဆီကဖုံးလာလို့ဖုံးပြော
ပြီးဖုံးကိုဘောင်းဘီအိပ်ထဲထည့်လိုက်စဉ်အသက်၂၀လောက်ရှိမဲ့အမဲ၂ယောက်ကျွန်မနဲ့
မျက်နှာချင်းဆိုင်ကဖြတ်လျှောက်သွားပါတယ်။လမ်းပေါ်မှာလူတယောက်မှမရှိပါ။
ကျွတ်ကျွတ်အိပ်ကြီး၂လုံးဆွဲရင်းအေးအေးဆေးဆေးဘဲဆက်သွားနေပါတယ်။
အမဲ၂ယောက်ဟာ၎။၅။၁၀လှမ်းလောက်လွန်သွားမှပြန်လှည့်လာပါတယ်။
ကျွန်မဖုံးပြောတာ၊အိတ်ထဲထည့်တာသူတို့မြင်ပုံရပါတယ်။
တယောက်ကမလှမ်းမကမ်းမှာရပ်နေပြီးနောက်တယောက်ကဓားကောက်နဲ့ကျွန်မ
လည်ပင်းကိုထောက်ပြီးဘောင်းဘီအိတ်ထဲကဖုံးကိုနှိုက်ပါတယ်။
ကျွန်မလည်းကြောက်အားလန့်အားနဲ့သူ့ဓားကိုင်ထားတဲ့လက်ကိုပုတ်ချ၊ခြေထောက်နဲ့
လဲပိတ်ကန်၊ပါးစပ်ကလဲသူခိုး..သူခိုး၊ကယ်ကြပါနဲ့ကယောင်ကတန်းအင်္ဂလိပ်လိုရော။
မြန်မာလိုပါအော်ပါတယ်။
ဘောင်းဘီကကျပ်နေတော့ဘောင်းဘီအိတ်ကပ်ထဲကဖုံးကိုဆွဲထုတ်လို့မရဖြစ်နေပါတယ်။
ရုန်းရင်းကန်ရင်းကျွန်မခြေထောက်နဲ့ပိတ်ကန်ထည့်လိုက်တာအမဲကောင်လည်းလမ်းမပေါ်
ကိုလဲကျသွားပါတယ်။ကြောက်ကန်ကန်တယ်ဆိုတာဒါမျိုးကိုခေါ်တာထင်ပါရဲ့။
အော်ကလဲအော်ပြန်ကလဲဆော်မို့အခြေအနေမဟန်မှန်းသိပြီးစိုစိ၂ကောင်ခပ်သုတ်သုတ်
နဲ့တဖက်လမ်းကိုထွက်သွားပါတယ်။လမ်းပေါ်ပြန့်ကျဲနေတဲ့ပစ္စည်းတွေကိုကတုန်ကရီနဲ့
ဲကျွတ်ကျွတ်အိတ်ထဲကောက်ထည့်ရင်းဘေးဘီကိုကြည့်လိုက်တော့ကျွန်မတို့ရုန်းရင်း
ဆန်ခတ်ဖြစ်နေတဲ့မနီးမဝေးပန်းခြံမျက်ခင်းပေါ်မှာအမဲမကြီးတစ်ယောက်ခြေဆင်း
ထိုင်ရင်းကျွန်မတို့ကိုကြည့်နေတယ်ရှင့်။
ကျွန်မတို့ကိုဗီဒီယိုရိုက်နေတယ်များထင်နေသလားမသိ။အကူအညီပေးမဲ့ပုံတော့လုံးလုံးမရှိ။
အော်..အားရှိစရာနော်၊
မသွားသင့်တဲ့နေ့၊မသွားသင့်တဲ့အချိန်၊မသွားသင့်တဲ့နေရာကသွားမိပေတာကိုး။
ကိုယ်ဖြစ်ကိုယ်ခံပေါ့လေ။
နောက်လဲဒီလမ်းကြားလေးဟာနိုင်ငံခြားသားတွေမကြာခနအလုခံရတဲ့အန္တရယ်လမ်းကြား
လေးဖြစ်လာပါတယ်။ရဲစခန်းကိုခဏခဏတိုင်ကြလွန်းလို့အခုတော့ပန်းခြံထဲမှာ
အိမ်ဆောက်ပြီးရဲတွေ၂၄နာရီတာဝန်ချထားလို့လုယက်တာတွေမရှိတော့ပါ။
ဒါပေမဲ့ကျွန်မတို့အားလုံးကတော့ဒီနေရာကိုဖြတ်သန်းသွားလာခြင်းမပြုတော့ပါဘူး။

Friday, September 18, 2009

စိုစိ

သူတို့ဘာသာစကားနဲ့စိုစိဆိုတာမြန်မာလိုလူဆိုး၊သူခိုး၊ဓားပြကိုခေါ်တာပါ။ဒီနိုင်ငံဟာ
အာဖရိကထုံးစံအတိုင်းရာဇ၀တ်မှုထူပြောပါတယ်။သူတို့လူမျိုးဟာသွေးဆိုးပါတယ်။
စိတ်ဓာတ်ရက်စက်ကြမ်းကြုတ်ပြီးဇက်ရဲလက်ရဲလဲရှိပါတယ်။
ဓားပြစိုစိတွေဟာအသက်အရွယ်စုံပြီး၅ယောက်က၁၀ယောက်အထိစုရုံးဂိုဏ်းဖွဲ့ 
လှုပ်ရှားကြပါတယ်။အခြားအာဖရိကတိုက်ကနိုင်ငံသားတွေလဲဒီအုပ်စုထဲမှာ
ပါတတ်ပြီးဓားပြတိုက်လုယက်ပြီးတခြားနိုင်ငံထဲကိုဝင်ပြေးတတ်ကြပါတယ်။
သူတို့ဟာသေနပ်တွေသုံးပြီးအဆင်မသင့်ရင်လူသတ်တဲအထိကျူးလွန်ကြပါတယ်။
လမ်းမပေါ်မှာလုတဲ့စိုစိလေးတွေကတော့၁၂-၁၃နှစ်က၂၀မှ၂၅နှစ်အတွင်း
လူငယ်လေးတွေဖြစ်ပြီး၂ယောက်ကနေ၃ယောက်အုပ်စုလေးတွေဖြစ်ပါတယ်။
မောင်းချဓား၊ဓားအလတ်စားတွေဆောင်ပြီးဓားထောက်လုလေ့ရှိပါတယ်။
စိုစိအများစုဟာအမျိုးသားတွေဖြစ်ပြီးဓားပြစိုစိတွေထဲမှာတော့
တခါတရံအမျိုးသမီးတွေပါတတ်ပါတယ်။လမ်းမပေါ်ကစိုစိတွေဟာ
ငွေ၊ဖုန်းနဲ့ကင်မရာကိုသာအဓိကထားလုလေ့ရှိပါတယ်။အခြားပစ္စည်းတွေ
ဘယ်လောက်တန်ဖိုးရှိရှိသိပ်စိတ်မ၀င်စားပါ။
လမ်းမပေါ်ကစိုစိတွေရဲ့အဓိကပြစ်မှတ်ဟာနိုင်ငံခြားသားတွေအထူးသဖြင့်
တရုတ်တွေပါ။
လစာထုတ်ရက်တွေမှာတော့သူတို့လူမျိုးအချင်းချင်းလဲလုကြပါတယ်။
ဒီနိုင်ငံမှာစီးပွါးလာရှာကြသူအများစုဟာအခြားနိုင်ငံတွေမှာလိုဘဲတရုတ်နဲ့ကုလား
တွေဖြစ်ပါတယ်။
ကုလားတွေကတော့ထစ်ကနဲဆိုသွေးဆူပြီးသူတို့ထက်မိုက်ပါတယ်။အုပ်စုလိုက်
ဒုတ်ဆွဲဓားဆွဲကြမ်းတတ်လို့လမ်းမပေါ်မှာသွားနေတဲ့ကုလားတွေကိုသူတို့မလုရဲပါ။
ဒါတောင်ချမ်းသာတဲ့ကုလားအိမ်တွေဆိုင်တွေကိုအလစ်ဝင်ပြီးဓားပြတိုက်တတ်ကြ
ပါသေးတယ်။
တရုတ်တွေနဲ့ဆင်ဆင်တူတဲ့မြန်မာတွေ၊ဖိလစ်ပိုင်တွေ၊အသားလတ်ပြီးကုလားနဲ့
သိပ်မတူတဲ့နီပေါ၊သီရိလင်္ကာတွေလဲသူတို့ပြစ်မှတ်ထဲအပါအ၀င်ပေါ့လေ။
ကျွန်မတို့မြန်မာအများစုလဲလုဖို့ကြိုးစားခံရသူ၊အလုခံခဲ့ရသူချည်းပါဘဲ။
ခေတ်မှီသူတိုင်းအလုခံကြရသည်လို့တောင်အချင်းချင်းစကြပါတယ်။
ဒါကြောင့်ဒီနိုင်ငံမှာနေမယ်ဆိုရင်မော်တော်ကားဟာမရှိမဖြစ်လိုအပ်ပါတယ်။
ဇိမ်ခံဖို့၊အလှပြဖို့မဟုတ်ပါ။လုံခြုံရေးအတွက်ဖြစ်ပါတယ်။လမ်းမပေါ်အမြဲလမ်းလျှောက်
သွားလို့ကတော့တချိန်မဟုတ်တချိန်အလုခံရနိုင်ပါတယ်။
ခရီးနီးနီးဝေးဝေးကားမှန်အလုံပိတ်၊lockချပြီးသွားတာအလုံခြုံဆုံးပါဘဲ။
ကျွန်မစိုစိနဲ့တွေ့ ခဲ့ရတဲ့အကြောင်းနောက်postမှာဆက်ရေးပါအုန်းမယ်။

Saturday, September 12, 2009

အန္တရာယ်ကင်းအောင်ကွယ်...

့မြို့တော်ကနေတစ်နာရီကျော်ကျော်ကားနဲ့သွားရတဲ့နယ်မြို့လေးတမြို့ရဲ့ဆေးရုံမှာ
မြန်မာဆရာဝန်မိသားစု၃စုရှိပါတယ်။သူတို့ကအလည်ခေါ်လို့မြို့တော်မှာနေတဲ့မြန်မာတွေ
စုပြီးအဲဒီမြို့လေးကိုတစ်ညအိပ်ခရီးထွက်ဖြစ်ကြပါတယ်။
စနေနေ့နေ့လည်ထဲကအဲဒီမြို့မှာအားလုံးဆုံကြပါတယ်။စနေနေ့ညစာကို
မြို့ခံဆရာဝန်မမလှအိမ်မှာအသားကင်စားကြပါတယ်။
မမလှအိမ်ဟာဆေးရုံဝင်းထဲမှာဖြစ်ပြီးခြံကျယ်ကြီးမို့အိမ်မကြီးင်္နဲ့ကိုက်သုံးလေးဆယ်
လောက်ဝေးတဲ့ကားဂိုဒေါင်ရှေ့မှာညနေကထဲကမီးမွှေးပြီးအသားကင်စားကြပါတယ်။
ညမှောင်ရီပျိုးချိန်မှာတော့စားသောက်ပြီးပါပြီ။
အားလုံးအိမ်ထဲဝင်စကားပြောနေတဲ့အချိန်မှာကျွန်မ၊မီးငယ်၊မမမြ၊မသီတာ၊
မိုးလေး ၅ယောက်သားမီးပုံရှေ့မှာအိုးခွက်တွေသိမ်းဆည်းရင်းလေပေါနေကြပါတယ်။
အိမ်ရှင်မမလှကတော့မီးဖိုထဲမှာပုဂံဆေးနေပါတယ်။
ခြံထဲမှာရောဂိုဒေါင်မှာပါမီးမရှိဘဲမီးဖိုချောင်အ၀မှာသာမီးရှိလို့ကျွန်မတို့အသားကင်တဲ့
နေရာကမှောင်မဲနေပါတယ်။မီးဖိုကမီးလက်ကျန်ကလဲရေနဲ့လောင်းပြီးငြိမ်းထားလိုက်ပြီလေ။
စကားတွေပေါက်ပေါက်ဖေါက်သလိုပြောနေရင်းမိုးလေးက
"အမရေ..ဒီကနေလှမ်းကြည့်ရင်ဟိုမှာမြင်နေရတာရင်ခွဲရုံလေ၊ဆေးရုံကလူနာ
တွေသေရင်အလောင်းတွေကိုဒီအိမ်ရှေ့ကဖြတ်ပြီးရင်ခွဲရုံကိုသယ်တာ "
တကယ်တော့ကျွန်မတို့၅ယောက်စလုံးကသတ္တိခဲတွေပါ။သူခိုး၊ဓားပြ၊သရဲ၊တစ္ဆေ၊
အမဲ အကုန်ကြောက်ပါတယ်။သရဲကားတောင်ကြည့်ရဲသူတွေမဟုတ်ပါ။
မမမြက"သူတို့ကဗုဒ္ဒဘာသာမဟုတ်တော့အမျှဝေလဲသာဓုခေါ်နိုင်မှာမဟုတ်တော့
ကျွတ်မှာမဟုတ်ဘူး။"
မိုးလေးက"ဟင်..ဒါဆိုဒီဝင်းထဲမှာမကျွတ်မလွတ်တဲ့သရဲတွေအများကြီးရှိမှာနော်"
"အေးတော့ဒို့တွေကလဲခြံထဲမှာသားစိမ်းငါးစိမ်းတွေကင်စားထားတော့..ဘုရား၊ဘုရား"
စားတုန်းကစားပြီးအခုမှစားထားတာတွေဘဲအန်ထုတ်ရတော့မလို
မသီတာကမျက်စေ့ပျက်မျက်နှာပျက်နဲ့အိုးကြီးကိုကဗျာကရာမရင်း
"တော်ကြတော့ဟယ်..ကြောက်တယ်။အထဲဝင်ကြစို့"
မမမြ၊မသီတာ၊တို့အိုးခွက်ပန်းကန်တွေမပြီးထွက်သွားတာနဲ့ကျွန်မနဲ့
မီးငယ်လဲခုံတွေမပြီးသူတို့နောက်လိုက်ဖို့ခြေလှမ်းပြင်လိုက်ပါတယ်။
ဥာဏ်ကြီးရှင်မီးငယ်က
"အမရေ..ဒီကအမဲတွေသရဲဖြစ်ရင်ဖြူဖြူကြီးဖြစ်မလား၊မဲမဲကြီးဖြစ်မလားမသိဘူးနော်"
"ဟယ်..ဒီကသရဲကဖြူမယ်မတင်ပေါင်၊မဲမဲကြီးဘဲဖြစ်မယ်ထင်...ထင်"
မိုးလေးကပြောရင်းရပ်သွားပြီးမျက်လုံးကြီးပြူးပြီးဂိုဒေါင်ဘေးကိုလက်ညှိုးထိုးလို.လှမ်း
့ကြည့်လိုက်တော့ဂိုဒေါင်ဘေးမှောင်ရိပ်ထဲကအင်္ကျီနီနီ၊ဂတုံးပြောင်ပြောင်နဲ့အမဲကြီး
ကုန်းကုန်း ကုန်းကုန်းနဲ့ထွက်လာတာတွေ့ လိုက်ရပါတယ်။
မီးငယ်ကကျွန်မလက်ကိုလှမ်းဆွဲပြီး
"အမရေ..လာပြီ၊လာပြီ။ ပြေး..ပြေး"
ကျွန်မတို့၃ယောက်မထားတဲ့မီးသွေးအိပ်နဲ့ခုံတွေကိုပြစ်ချပြီးပြေးကြပါတယ်။
ရှေ့က၂ယောက်လဲနောက်လှည့်မကြည့်ဘဲဘာလာမှန်းဘာဖြစ်တာမှန်းမသိပဲ
သယ်လာတဲ့အိုးတွေနဲ့ပန်းကန်တွေဂွမ်ကနဲလွှတ်ချပြီးမီးဖိုဘက်ကိုပြေးပါတယ်။
ကျွန်မလဲပြေးနေရင်းနောက်ဖက်ကိုဖြတ်ကနဲလှည့်ကြည့်လိုက်တော့အမဲကြီးက
ပါးစပ်ကဘာတွေမှန်းမသိအော်ပြီးခြေကားယားလက်ကားယားနဲ့ကျွန်မတို့နောက်
ကိုပြေးလိုက်လာပါတယ်။
"လိုက်လာတယ်၊လိုက်လာတယ်။မြန်မြန်ပြေး"
မီးဖိုချောင်ဝင်ပေါက်သေးသေးလေးကိုအလုအယက်တိုးဝင်နေလို့တစ်နေကြပါ
သေးတယ်။
အော်သံဟစ်သံတွေကြောင့်မမလှမီးဖိုချောင်အ၀ရောက်လာပြီး
"ဟဲ့ဘာဖြစ်ကြတာလဲ"စိုးရိမ်တကြီးမေးတော့ကျွန်မတို့လဲကယ်တင်ရှင်တွေ့ ပြီဆိုပြီး
ရဲရဲဝံ့ဝံ့နဲ့မီးဖိုပေါက်ဝကိုလှည့်ကြည့်လိုက်တော့.....
မီးဖိုပေါက်ဝမီးရောင်အောက်မှာအမဲကြီး..ပြူးကြောင်ကြောင်နဲ့ရပ်လို့
မီးငယ်ကဂယောင်ဂတန်းနဲ့"အယ်..သရဲမဟုတ်ဘူး၊လူအစစ်တော့"
မမလှကသဘောပေါက်သွားပုံရပါတယ်၊
"အော်..ညီမလေးတို့ကိုပြောဖို့မေ့သွားလို့။သူ့မိန်းမကဒီဆေးရုံကသန့်ရှင်းရေးလေ။
သူကဆေးရုံလမ်းထိပ်မှာဈေးရောင်းတာ၊သူတို့လင်မယားကိုမမတို့ဂိုဒေါင်နောက်
ကအခန်းလေးမှာပေးနေတာ၊ညမိုးချုပ်မှသူတို့လင်မယားကပြန်လာကြတာ၊
ဟိုဘက်ခြံအပေါက်က၀င်လာတော့သူတို့ဝင်လာတာညီမလေးတို့မတွေ့ လိုက်ဘူးထင်တယ်။"
"ဟဲ့ဂျွန်..ဘာဖြစ်တာလဲ"မမလှမေးတော့
"မသိပါဘူး..ဒေါက်တာရယ်၊ကျွန်တော်ကလူသံတွေကြားလို့ထွက်လာတာ။သူတို့က
ကျွန်တော့ဘက်ကိုလက်ညှိုးထိုးပြီးထွက်ပြေးကြတော့ကျွန်တော်လဲလန့်ပြီးသူတို့နောက်
ကိုလိုက်တာ။စောင့်ပါအုံးလို့အော်တာတောင်မစောင့်ဘူး..တကတဲပြေးတာမြန်လိုက်ကြတာ
ကျွန်တော်ကသရဲအရမ်းကြောက်တတ်တာ"
သူကသူ့ ကိုကြောက်ပြီးထွက်ပြေးကြတာသိပုံမရပါ။
ဒီတော့မှခုနက၀ရုန်းသုံးကားအော်ဟစ်ထွက်ပြေးတာတွေးပြီးရယ်နိုင်ပါတော့တယ်။
စာရင်းချုပ်တော့လွှတ်ချခဲ့တဲ့ပန်းကန်၃ချပ်နဲ့ဖန်ခွက်၂လုံးကွဲပြီးမဆင်မချင်ဂမူးရှုးထိုး
နဲ့ပြေးဖို့သာအားသန်တဲ့ကျွန်မတို့အားလုံးအဆူခံရပါတယ်။
မှောင်နဲ့မဲမဲမှာအမဲကြီးကိုသူခိုးထင်လို့ပြေးမိတာလား၊သရဲထင်လို့ပြေးမိတာလား၊
ဘာကိုကြောက်ပြီးပြေးမိကြတာလဲမသိတော့ပါဘူး။သူခိုးဖြစ်ဖြစ်သရဲဖြစ်ဖြစ်
ပြန်ချဖို့သတ္တိလဲမရှိတာမို့ပြေးတာကအန္တရာယ်အကင်းဆုံးမဟုတ်ပါလား။



Friday, September 4, 2009

အကြိုက်ချင်းရယ်ဖြင့်မတူုပါလေ

သူတို့အမြဲစားတဲ့အစာဟာပါပါးလို့ခေါ်တဲ့ပြောင်းဖူးမှုန့်နဲ့မရောဟော်ခေါ်တဲ့မုန်ညင်းကြော်ပါ။
ပြောင်းဖူးမှုန့်ကိုရေနဲ့ဆားနည်းနည်းနဲ့ချက်လိုက်ရင်မုန့်ပေါင်းလိုရပါတယ်။
ပူနေတုန်းစားရင်မဆိုးပေမဲ့အေးရင်တော့မာပါတယ်။ပါပါးစားလို့လားမသိသူတို့ကလေးလေး
တွေရဲ့အသားတွေဟာမာပြီးကျစ်ပါတယ်။ဆန်ကိုကြိုက်ပေမဲ့ဈေးကြီးလို့အမြဲမစား
နိုင်ကြပါဘူး။
သူတို့စားတဲ့ဆန်တွေဟာboiledriceခေါ်ပြုတ်ဆန်တွေမို့ရေဘယ်လောက်ထည့်ထည့်
ပျော့ပျော့ပျောင်းပျောင်းမရှိပါဘူး။ကျွန်မတို့အာရှကလူတွေကတော့တရုတ်ဆိုင်က
ထိုင်းဆန်၊ဗီယက်နမ်ဆန်တွေဝယ်စားကြပါတယ်။
မရောဟော်ဆိုတာကတော့မုန်ညင်းလိုအရွက်ဖြစ်ပြီးဈေးပေါပါတယ်။နုတ်နုတ်စင်းပြီး
ဆီနည်းနည်းနဲ့ကြော်စားပါတယ်။ရောက်စကမုန်ညင်းကြော်သလိုကြော်စားတာ
ဗိုက်နာလို့နောက်ထပ်မစားရဲတော့ပါ။
တခါတရံခရမ်းချဉ်သီးကိုရေနဲ့ဆားနဲ့ပြုတ်ပြီးမွှေစားတတ်ပါတယ်။ခရမ်းချဉ်သီး
ငပိချက်လိုပေမဲ့ငါးပိ၊ငံပြာရည်၊ပုဇွန်ချောက်မပါတော့ကျွန်မတို့ကတော့အရသာမတွေ့ ပါ။
ပါပါးနဲ့မရောဟော်ဟာကျွန်မတို့ရဲ့ထမင်းနဲ့ငါးပိရည်လိုပါဘဲ။နေ့တိုင်းစားတဲ့အစာပါ။
သူတို့ကြိုက်တဲ့နောက်အစာတစ်ခုကတော့ရွှေဖရုံသီးပါ။ရွှေဖရုံသီးဟာဒီမှာအလွန်ပေါပါတယ်။
လမ်းဘေးမှာအလေ့ကျပေါက်သလိုစိုက်ထားတာတွေလဲရှိပါတယ်။
ရွှေဖရုံသီးကိုအခွံမသင်ဘဲအစိတ်စိတ်ပြီးရေနဲ့ဆားနဲ့ပေါင်းစားတာသူတို့အလွန်ကြိုက်ပါတယ်။
ကြက်သွန်မပါ၊ပုဇွန်ချောက်မပါမို့ဒီဟင်းလဲကျွန်မတို့မကြိုက်လှပါဘူး။
ပိုက်ဆံရှိသူဟာအသားနေ့တိုင်းစားနိုင်ပေမဲ့အများစုကဆင်းရဲတော့တစ်ပတ်ကိုတစ်ခါ၊နှစ်ခါ
လောက်၊အရမ်းဆင်းရဲသူကတော့တစ်လတစ်ခါလောက်သာအသားစားနိုင်ကြပါတယ်။
ကြက်၊၀က်၊အမဲ၊ဆိတ်၊သိုးအကုန်စားပေမဲ့ငါးနဲ့ပုဇွန်တော့သိပ်စားလေ့မရှိပါဘူး။
ငါးကိုအရိုးလွတ်အသားလွှာပြီးဂျုံနဲ့ကပ်ပြီးကြော်ထားတဲ့ငါးကြော်ကလွဲလို့ငါး၊ပုဇွန်မစားကြပါ။
ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အပြင်မြစ်ချောင်းအင်းအိုင်နည်းတာကြောင့်ငါး၊ပုဇွန်လဲများများ
မရှိပါဘူး။အာရှသားတွေကတော့တစ်ဖက်နိုင်ငံကသွင်းတဲ့ငါး၊ပုဇွန်ရေခဲရိုက်တွေပဲ
တရုတ်ဆိုင်က၀ယ်စားရပါတယ်။
နွေရာသီမှာတော့အနီးအနားရေကန်ကငါးတွေဖမ်းပြီးနိုင်ငံခြားသားများတဲ့ကျွန်မတို့
တိုက်ခန်းတွေမှာလာရောင်းတတ်ပါတယ်။ငါးကြင်းနဲ့တူပေမဲ့အရိုးများပြီးဒိုက်စော်နံတဲ့ငါး၊
ငါးခူကြီးကြီးတွေပါလာတတ်ပါတယ်။ကျွန်မတို့မြန်မာတွေငါးခူနဲ့မုန့်ဟင်းခါးချက်စားချင်ပေမဲ့
အရှင်တွေမို့မ၀ယ်ဖြစ်ကြတော့ပါ။ငါးရှားတဲ့အရပ်မို့ငါးကြိုက်တဲ့အာရှသားတွေဝိုင်းဝယ်ကြတာ
ဆာလာအိပ်အပြည့်နီးပါးငါးတွေဟာနာရီဝက်လောက်ဆိုကုန်သွားပါတယ်။
တစ်ခါကမြန်မာအိမ်တစ်အိမ်ကငါးခူကိုအသေထင်ပြီးဝယ်လိုက်တာရှင်နေပြီးလူးနေတာ
သတ်လဲမသတ်ရဲတာကြောင့်ရေဇလုံကြီးထဲရေဖြည့်ထဲ့ထားပြီးနောက်နေ့မနက်မှကားငှား
ပြီးမြို့ပြင်ကရေကန်မှာသွားလွှတ်ရပါတယ်။
ငါးခူက၁၀ဘဲပေးရပေမဲ့ကားငှားခကအသွားအပြန်၂၀ကျတာကြောင့်ငါးမစားရတဲ့အပြင်
ငွေ၃၀ထွက်သွားပါတယ်။
သူတို့အစာတွေဟာဆား၊မဆလာ၊ဟင်းခတ်မှုန့်တွေပါပေမဲ့အချိုမှုန့်၊ငံပြာရည်၊ငပိ၊
ပုဇွန်ချောက်မပါလို့ပေါ့ရွှတ်ရွှတ်နဲ့အရသာမရှိလိှို့ကျွန်မတို့မနှစ်သက်သလို၊
ကျွန်မတို့ချက်တဲ့မုန့်ဟင်းခါး၊ငါးပိချက်၊အသုတ်တွေကိုလည်းငါးပိ၊ငံပြာရည်နံ့နံလို့မကြိုက်
ကြပါဘူး။ကျွန်မတို့အတွက်မွှေးပေမဲ့သူတို့ကအနံ့မခံနိုင်ကြပါ။
နေရာဒေသအလိုက်စားတဲ့အစာ၊ချက်ပုံချက်နည်း၊သုံးတဲ့ဟင်းခတ်တွေမတူကြသလို
အကြိုက်ချင်းလည်းဘယ်တူနိုင်ပါ့မလဲလေ...

Friday, August 28, 2009

လှသထက်လှမယ်ဆိုရင်

လူမဲတွေရဲ့ဆံပင်ဟာပြောင်းဖူးမွှေးတွေလိုပါ။တချို့ ကနီကျန်ကျန်၊တချို့ ကအမဲ ၊
ဆံလုံးသေးပြီးပျော့ပါတယ်။ကောက်ကွေးပြီးခေါင်းပေါ်ကိုသာလိပ်ဝင်နေလို့
ဆံပင်ဘယ်လောက်ရှည်ရှည်လည်ဂုတ်ကမကျော်ပါ။
အမျိုးသားတွေကတော့ရှင်းပါတယ်။အများစုကဂတုံးပြောင်တွေပါ။
ဒါမှမဟုတ်ဂတုံးဆံတောက်ထားပါတယ်။
အမျိုးသမီးတွေကတော့နဲနဲအလုပ်ရှုပ်ပါတယ်၊သူတို့ရဲ့ကောက်ကွေးဖွာလံကြဲ
ဆံပင်တွေကိုတင်းနေအောင်ဆွဲ၊ဆံပင်တုနဲ့ဆက်ပြီးကျစ်ဆံမြီးသေးသေးလေးတွေ
ကျစ်ပါတယ်။အချို့ကတော့လေးထောင့်ပုံလယ်ကွက်လေးတွေလိုအကွက်ဖေါ်
ပြီးဆံပင်တွေကိုလိမ်ပြီးအကွက်လေးတွေပေါ်လိပ်တင်ပါတယ်။တချို့ကျတော့လဲ
ဆီတွေလူးပြီးဖြောင့်စက်နဲ့ဆွဲကြပါတယ်။ဆံပင်သားကမတူလေတော့ကျွန်မတို့
ဆံပင်တွေလိုဖြောင့်စင်းပြီးတုန်မနေပါ။အောက်ခြေကခဲပြီးကားကားကြီးဖြစ်နေ
ပါတယ်။မြိုင်ရာဇာတွတ်ပီထဲကဗိုက်ကလေးဆံပင်ပုံမျိုးပေါ့။
ကျွန်မတို့အာရှသူတွေရဲ့ဆံပင်နက်နက်ဖြောင့်ဖြောင့်ကိုသူတို့အရမ်း
သဘောကျပါတယ်။ကျွန်မတို့ဆံပင်ကထူလဲထူ၊ဖြောင့်စင်းပြီးချောထွက်လို့သူတို့
လိုကျစ်ဆံမြီးကျစ်ရင်မလှပါ၊ကျစ်ရလဲခက်ပါတယ်။
အိမ်ဘေးကတရုတ်မလေးတယောက်ကတော့သူတို့ကျစ်ဆံမြီးကိုသဘောကျ
လို့သူတို့လိုကျစ်ဆံမြီးကျစ်ပါတယ်။၃၊၄ရက်လောက်နေတော့ခေါင်းတွေယားလို့
လျှော်လိုက်တာဆံပင်အစတွေဖွာထွက်လာပြီးပုံပျက်သွားလို့ပြန်ဖြေရပါတယ်။
ကျစ်တုံးကတော့ဘယ်လိုကျစ်လဲမသိ၊ပြန်ဖြေတော့ဆံပင်တွေကမာကျစ်ပြီးခဲနေ
လို့မနည်းဖြေယူရပါတယ်။
တစ်ခါကလဲကျူးဘားတယောက်သူတို့လိုကျစ်ဆံမြီးကျစ်တာညရောက်တော့
ဆွဲကျစ်ထားတဲ့ဆံပင်တွေကတအားတင်းပြီးခေါင်းတွေကိုက်တာမခံနိုင်လို့
မနက်ရောက်တော့ခေါင်းတုံးတုံးရတဲ့ဘ၀ရောက်ပါတယ်။
ဆံပင်တွေကိုအလှဆင်ပြီးရင်အနည်းဆုံး၂ပတ်လောက်ခေါင်းမလျှော်ရပါ။
တချို့ကတစ်လလောက်မလျှော်ပါ။လျှော်ရင်လဲဆိုင်မှာလျှော်တာပိုကောင်း
တယ်ပြောပါတယ်။သူတို့တွေကတော့ကျစ်နေကျ၊ပြင်နေကျ၊နေနေကျလို့လား
မသ၊ိဒီဆံပင်တင်းတင်းကြီးကိုအယားခံပြီးလနဲ့ချီနေနိုင်ပါတယ်။
၃လလောက်ကြာတော့တင်းတင်းဆွဲပြီးကျစ်ထားတဲ့ဆံပင်တွေကလျှော့လာ
ပါပြီ။အရင်လိုတင်းတင်းရင်းရင်းနဲ့ပုံမကျတော့ပါ။အဲဒီအခါပြန်ဖြေကြပြန်တယ်။
ပုံစံအသစ်ပြောင်းကျစ်ရင်ကျစ်၊မကျစ်နိုင်သေးရင်တော့ပုံပျက်နေတဲ့ဆံပင်ကို
မမြင်အောင်ခေါင်းကိုပုဝါနဲ့စီးရင်စီး၊ဦးထုတ်ဆောင်းရင်ဆောင်း၊ဆံပင်တုပုံစံ
လှလှလေးတွေစွပ်ချင်စွပ်။
ဆံပင်အလှပြင်ခကဈေးကြီးပါတယ်။အများစုကဆင်းရဲကြပေမဲ့အလှအပအတွက်
တော့မနှမြောကြပါဘူး။
အမဲမဖြစ်ဖြစ်၊အဖြူမဖြစ်ဖြစ်၊ဥရောပသူဖြစ်ဖြစ်၊အာရှသူဖြစ်ဖြစ်၊အာဖရိကသူဖြစ်ဖြစ်
မိန်းမဟာမိန်းမပါဘဲလေ။
အမျိုးသမီးတိုင်းဟာလှချင်ကြသူချည်းပဲမဟုတ်ပါလား...

Friday, August 21, 2009

သူ့ အကြိုက် ကိုယ့်အကြိုက်

ဒီကအမျိုးသမီးအများစုဟာခပ်၀၀တွေပါ။ရင်ကြီးကြီး၊တင်ကြီးကြီး၊အရိုးအဆစ်လဲ
ဲကြီးပါတယ်။
အပိန်ဆုံးကမဘုတ်ဆုံအငယ်စားလောက်ရှိပါတယ်။
သူတို့ဟာဆယ်ကျော်သက်မှာတော့ခပ်ပိန်ပိန်ပါ၊နှစ်ဆယ်ကျော်အစိတ်ပိုင်းလောက်ကစပြီး
တဖြေးဖြေးအသားတက်လာလိုက်တာအသက်သုံးဆယ်လောက်လဲရောက်ရောအားလုံး
ဂီတာရှိတ်ရှင်ဂွမ်းဂွိ၊စည်ပိုင်းရှိတ်ရှင်ဂွမ်းဂွိတွေဖြစ်လာတော့တာဘဲ။
ယောင်္ကျားတွေကျတော့သိပ်မ၀ဘူးရှင့်။
ဝပြီးအသားမဲပေမဲ့သူတို့အသားအရည်ကအင်မတန်နူးညံ့ပါတယ်။ကိုယ်လုံး၀၀ကြီးတွေ
ကလဲအိနေတာပဲ။လက်ဖ၀ါးလေးတွေကလဲနုဖတ်နေတာပဲ။
နူးညံ့ဆိုသူတို့ကကျွန်မတို့လိုဖြစ်ကတတ်ဆန်းမနေဘူးလေ။အိပ်ထဲမှာအလှဆီဗူးအမြဲပါပြီး
အေးတဲ့ရာသီဆိုတစ်နာရီခြားတခါလောက်လူးနေတာ၊ရေတခါကိုင်ပြီးတိုင်းလဲလက်ကို
အလှဆီလူးရတာအမော၊
သူတို့နဲ့စာရင်ကျွန်မတို့ကအသားသာဖြူတာအလှဆီလူးရမှာပြင်းလို့အသားတွေကကြမ်း
ထော်လို့။
ကျွန်မတို့မြန်မာမတွေဝိတ်တက်ပြီးနဲနဲဝလာရင်ဘဲgymသွားတဲ့လူနဲ့။လေ့ကျင့်ခန်းလုပ်သူ
နဲ့။အစားလျှော့စားသူနဲ့ဝမှာအလွန်ကြောက်ပါတယ်။
သူတို့ကတော့ဘယ်လောက်၀၀အစားမပျက်၊လေ့ကျင့်ခန်းမလုပ်နဲ့။ဝချင်သလောက်ဝ၊
တစ်ခါကကျွန်မအမဲမတယောက်ကိုမေးကြည့်ဘူးပါတယ်၊
"နင်တို့အများစုက၀ကြတယ်နော်၊ပိန်အောင်အစားလျှော့တာ၊လေ့ကျင့်ခန်းယူတာမလုပ်
ဘူးလား၊ငါတို့ဆီမှာတော့ပိန်မှသဘောကျတယ်" ဆိုတော့သူက
"ငါတို့လူမျိုးယောင်္ကျားတွေကပိန်တဲ့မိန်းမဆိုရင်မကြိုက်ဘူး၊ရောဂါရှိတယ်၊ရောဂါထူတယ်
ဆိုပြီးမယူဘူး၊၀တဲ့မိန်းမမှစိုပြေပြီးကျန်းမာရေးကောင်းတယ်ဆိုပြီးလက်ထပ်တာ" တဲ့။
အင်း...သူတို့လိုသာဆိုရင်ဖြင့်ကျွန်မတို့ဆီကမော်ဒယ်ဂဲတွေယောင်္ကျားရဖို.တောင်ခပ်
ခက်ခက်...

Saturday, August 15, 2009

ဒီဇင်ဘာညများမလိုချင်ပါ

၁၂လရာသီမှာဒီဇင်ဘာလဟာကျွန်မအကြိုက်ဆုံးနဲ့အပျော်ဆုံးလပါ။
ရာသီဥတုအေးမြတာရယ်၊နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကိုကြိုရမဲ့နောက်ဆုံးလ
ဖြစ်တာရယ်၊ခရစ်ယာန်သူငယ်ချင်းတွေသီချင်းတွေဆိုကြ၊ခရစ်စမတ်ပွဲတော်
အတွက်ပြင်ကြဆင်ကြကျင်းပကြတာကိုရောယောင်ပျော်ရင်းကျွန်မအတွက်
ပျော်ရွှင်ကြည်နူးဖွယ်ဒီဇင်ဘာညတွေဖြစ်ခဲ့ရပါတယ်။မိသားစုနဲ့ခွဲခွာပြီး
ထွက်လာခဲ့တာလဲဒီဇင်ဘာလမို့ပျော်ရွှင်ဖွယ်ဒီဇင်ဘာညတွေဟာလွမ်းမောဖွယ်
်ညတွေဖြစ်လာခဲ့ရပါတယ်။ဒီကိုရောက်လာမှလွမ်းမောဖွယ်ညတွေဟာ
ခြောက်ခြားရတဲဒီဇင်ဘာညတွေဖြစ်လာပြန်ပါတယ်။
ကျွန်မနေတဲ့flatကအခန်း၄၀ကျော်ရှိပါတယ်။ခြံတစ်ဝင်းထဲမှာပဲအခန်း၂၀ကျော်စီ
ပါတဲ့flat၂ခုလည်းရှိပါသေးတယ်။ခြံဝင်းအ၀င်ဂိတ်၃ခုရှိပြီးတစ်ဂိတ်စီမှာသေနတ်
တစ်လက်နဲ့လုံခြုံရေးတစ်ယောက်စီရှိပါတယ်။ကျွန်မတို့flatမှာအစိုးရပိုင်ဝန်ထမ်း
အခန်း၁၀ခန်းနဲ့အခြားflat၂ခုမှာဝန်ထမ်းခန်း၃ခန်းစီရှိပါတယ်။ကျန်အခန်းတွေက
တော့ပုဂ္ဂလိကအခန်းတွေပါ။အစိုးရ၀န်ထမ်းတွေအပြင်စက်ရုံမှာလုပ်သူ၊
စတိုးဆိုင်ဝန်ထမ်း၊ကျောင်းဆရာ၊စက်ချုပ်သူ၊စားသောက်ဆိုင်ပိုင်ရှင်၊
ပြင်ပစီးပွားရေးသမားများနေထိုင်ကြပါတယ်။၈၀%ကနိုင်ငံခြားသားအိန္ဒိယ၊
တရုတ်၊ကျူဘား၊ဖီလစ်ပိုင်၊မြန်မာ၊အခြားအာဖရိကနိုင်ငံတွေကလူမဲတွေဖြစ်ပါတယ်။
ဒီမှာဒီဇင်ဘာလဟာရာဇ၀တ်မှုအများဆုံးလပါ။ဒီဇင်ဘာခရစ်စမတ်မှာဝတ်ချင်၊စားချင်၊
ဝယ်ချင်ချမ်းချင်၊သုံးချင်ဖြုံးချင်ကြတယ်။ငွေကိုစုတဲ့အကျင့်ကလဲမရှိလေတော့ဝင်ငွေ
ထက်ပိုသုံးချင်တဲ့ငွေကိုသူများဆီကလုယက်ကြတော့တာလေ။
ကျွန်မဒီကိုရောက်ပြီး၂ပတ်အကြာကျွန်မနေတဲ့flatဓားပြ၀င်တိုက်ပါတော့တယ်။
အဲဒီညက၉နာရီလောက်ပဲရှိပါသေးတယ်။လူ၈ရောက်သေနတ်တွေနဲ့ဝင်းထဲကို
ဝင်လာပြီးလုံခြုံရေး၂ယောက်ကိုတိုက်ဘေးမှာကြိုးတုတ်ထားပါတယ်။
ကျန်တစ်ယောက်ကတော့ထွက်ပြေးသွားပါတယ်။ဓားပြတွေဟာအနုကြမ်းမစီးခင်
ထဲကဘယ်အိမ်ကချမ်းသာတယ်ဆိုတာစုံစမ်းသိထားပြီးသားပါ။ကျွန်မတို့လိုအစိုးရ၀န်ထမ်း
အိမ်တွေကိုတော့စီးပွားရေးသမားတွေလိုပိုက်ဆံမပေါတာရယ်၊ရှိတဲ့ပိုက်ဆံကလဲ၁လ
သုံးလောက်ရုံသာအိမ်မှာရှိပြီးကျန်တာဘဏ်ထဲမှာသာထားတတ်ကြတာကြောင့်
သိပ်စိတ်မ၀င်စားကြပါဘူး။အဲဒီနေ့ကမြို့ထဲမှာဆိုင်ဖွင့်ထားတဲဆိုင်ပိုင်ရှင်
ကုလားသူဌေး၃အိမ်ကိုဓားပြတိုက်ပြီးရွှေ၊ငွေ၊cellphoneတွေယူသွားပါတယ်။
ဓားပြတိုက်ခံရတဲ့ကုလားအိမ်တွေဟာတံခါးခေါက်တာကိုဧည့်သည်ထင်
ပြီးတံခါးဖွင့်ပေးလိုက်တာအိမ်ထဲရောက်လာမှဓားပြတွေမှန်းသိရတာပါ။
အိမ်သားတွေကိုတော့ကြိုးတုတ်ပြီးအခန်းထဲထည့်ပြီးအပြင်ကသော့ခတ်ခဲ့ပါတယ်။
အဲဒီမှာကံဆိုးသူတရုတ်တစ်ယောက်ကတော့ဓားပြတိုက်မဲ့အစီအစဉ်မှာ
သူ့အိမ်ပါပုံမရပါဘူး။သူခမျာဓားပြတိုက်နေချိန်မှာညဖက်casinoကအပြန်ကား
parkingလုပ်ပြီးအိမ်ပေါ်ကိုအတက်လှေကားရင်းမှာစော့င်နေတဲ့ဓားပြနှစ်ယောက်နဲ့
ပက်ပင်းတိုးပါတော့တယ်။သေနတ်တေ့ပြီးသူ့ အိမ်ကိုလိုက်ပြခိုင်းပေမဲ့တရုတ်ကသူ့ 
cell phone နဲ့ပါတဲ့ပိုက်ဆံပေးပြီးလိုက်မပြလို့သေနတ်ဒင်နဲ့နားထင်ကိုထုပြီးလုံခြုံရေး
တွေနဲ့အတူကြိုးတုတ်ထားတယ်။ခဏအကြာရုန်းရင်းကန်ရင်းကြိုးပြေပြီးသူတို့၃ယောက်
ရဲစခန်းကိုထွက်ပြေးကြပါတယ်။ကူညီပါရစေတွေရောက်လာချိန်မှာတော့ဓားပြအားလုံး
ရသမျှယူပြီးထွက်ပြေးသွားကြပါပြီအခုထက်ထိတိုင်အောင်လဲဒီအမှုကဓားပြတွေမမိသေး
သလိုပစ္စည်းတွေလည်းပြန်ရတယ်လို့မကြားမိပါဘူး။တတိုက်လုံးအပြင်မှာရုတ်ရုတ်သဲသဲ
ဖြစ်နေချိန်မှာကျွန်မကတော့ဧည့်ခန်းမှာTVကြည့်ရင်းအိပ်ပျော်နေပါတယ်။
ဓားပြတိုက်သွားကြောင်းမနက်မိုးလင်းမှသိပါတယ်။မနက်ကျမှမျက်နှာချင်းဆိုင်အခန်းက
တရုတ်ကပြောပါတယ်။ညကဓားပြတွေကျွန်မအိမ်ကိုတံခါးခေါက်နေတာသူတွေ့ံ့တယ်။ကျွန်မကိုသတိပေးဖို့အပြင်လည်းမထွက်ရဲဖုန်းနံပါတ်လဲမသိလို့အိမ်ထဲက
ချောင်းကြည့်ရင်းကျွန်မများတံခါးဖွင့်ပေးလိုက်မိရင်အခက်ပဲလို့စိုးရိမ်မိကြောင်း
ပြောပါတယ်။ဘာဖြစ်လို့များကျွန်မအခန်းကိုလာခေါက်ရတာပါလိမ့်။
ဘယ်သူဌေးအခန်းနဲ့များမှားခေါက်တာပါလိမ့်။နောက်မှစဉ်းစားမိတာကတော့
့ကျွန်မရဲ့တံခါးမှာအန္တရယ်ကင်း၂၄ပစ္စည်းရေးထားတဲ့ရောင်စုံစက်ဝိုင်းလေးကပ်
ထားတယ်လေ။အဲတာကိုမှောင်မဲမဲမှာတရုတ်စာထင်ပြီးတရုတ်အိမ်နဲ့မှားခေါက်တာ
ဖြစ်မယ်ထင်ပါတယ်။အဲဒီတော့မှတစ်ညလုံးဆင်အော်လို့မနိုးအိပ်ပျော်နေတဲ့ကျွန်မ
ကြောက်ရကောင်းမှန်းသိတော့တာ၊တံခါးခေါက်သံသာကြားခဲ့ရင်အူကြောင်ကြား
ကျွန်မဖွင့်ပေးမိမှာအသေအချာပါပဲ။အိမ်ကထည့်ပေးလိုက်တဲ့ဒေါ်လာနဲ့
ဖုန်းအစုတ်လေးပါသွားတာကအရေးမကြီး၊လူကိုအန္တရယ်ပြုရင်အခက်။
ဒီနိုင်ငံမှာလူသတ်တာကလေးကစားသလောက်လွယ်ပါတယ်။
နားပါးပြီးအလွန်အအိပ်ဆတ်တဲ့ကျွန်မတံခါးခေါက်သံမကြားပဲလုံးဝအိပ်ပျော်သွားတာ
ကတော့ရတနာ၃ပါးဂုဏ်ကျေးဇူးကြောင့်ပါပဲ။နှောက်နှစ်ဒီဇင်ဘာတွေမှာတော့
လုံခြုံရေးတွေလည်းတိုးချ၊လူတွေကလည်းသတိနဲ့နေကြတော့ဘာမှမဖြစ်
တော့ပေမဲ့ဒီဇင်ဘာလရောက်တိုင်းဓားပြလာတိုက်ဦးမလားဆိုပြီးကြောက်တဲ့
စိတ္တဇကတော့ဒီနိုင်ငံမှာနေသ၍ရှိနေဦးမှာပါပဲလေ။

Tuesday, August 11, 2009

ဒီဘက်ကမ်းကမီးထိန်ထိန်

မြန်မာပြည်ကကျွန်မထွက်လာစဉ်၂၀၀၄ခုနှစ်လောက်ကမီးတွေစပျက်နေပါပြီ။
အခုလောက်တော့မဆိုးသေးပါ။အစိုးရဌာနတွေ၊ဆေးရုံတွေမှာလျှပ်စစ်မီးကို
မလိုအပ်ပဲမသုံးဖို့၊မဖြုန်းတီးဖို့၊ချွေတာဖို့ညွှန်ကြားထားပါတယ်။ညဘက်တွေမှာ
လဲလူကြီးတွေကမလိုအပ်ပဲမီးတွေဖွင့်မဖွင့်ရှောင်တခင်လိုက်စစ်ကြပါတယ်။
မိုးမှောင်ကျနေတဲ့အချိန်မှတပါးနေ့အလင်းရောင်ရှိရင်မီးပိတ်တာ၊မီးခလုတ်
တွေ၊ပလပ်တွေ၊စက်ခလုတ်တွေအိမ်မပြန်ခင်ပိတ်မပိတ်သေချာစစ်ရတာ
ကျွန်မတို့အဖို့အကျင့်ပါနေပါပြီ။ဒီမှာတော့လျှပ်စစ်မီးကို့ဖောဖောသုံးလိုက်
ကြတာ။
ဘယ်လောက်အလင်းရောင်ရှိရှိအလုပ်ကိုရောက်တာနဲ့မီးခလုပ်ကိုတန်းဖွင့်
တော့တာပဲ။အိမ်ပြန်တော့လဲမီးတွေကိုပိတ်မသွားကြဘူးရှင့်။မီးတွေအားလုံးဖွင့်
ပြီးခပ်တည်တည်နဲ့ပြန်သွားကြတာပဲ။ရုံးဆင်းလို့အိမ်မပြန်ခင်မီးခလုပ်ပိတ်တာ
သူတို့အလုပ်မဟုတ်သလိုပါပ။ဲညဘက်ရုံးခန်းတွေမှာလူမရှိပဲမီးတွေထိန်ထိန်
လင်းလို့...
ရောက်ခါစကအလင်းရောင်ရှိလျက်မီးချောင်းတွေလင်းနေရင်မီးခလုပ်တွေလိုက်
ပိတ်ပါတယ်။ပြန်ခါနီးမီးခလုပ်တွေအကုန်ပိတ်ပြီးမှပြန်ပါတယ်။ကျွန်မဌာနနဲ့ကပ်
ရက်ဌာနမှာအလုပ်လုပ်တဲ့အကိုကလည်းနေ့ခင်းကြောင်တောင်မီးဖွင့်ထားရင်
လိုက်ပိတ်ပါတယ်။သူကလဲမြန်မာပြည်ကလာတာကိုး။
ခဏအကြာသူတို့ကမီးပိတ်ထားတာတွေ့ ရင်ပြန်ဖွင့်ပါတယ်။့ကျွန်မတို့နှစ်ယောက်
ကလဲမီးပွင့်နေတာတွေ့ ရင်တက်ညီလက်ညီပြန်ပိတ်ကြပါတယ်။သူတို့ကဖွင့်လိုက်
ကိုယ်ကပိတ်လိုက်...
နောက်တော့သူတို့ကမေးပါတယ်။
"နင်တို့ဘာလို့မီးတွေလိုက်လိုက်ပိတ်ရတာလဲ"
"လင်းနေတာမီးမှမလိုပဲ"
"မီးထွန်းဖို့မီးချောင်းအစိုးရကတပ်ထားပေးတာပဲ၊ထွန်းရမှာပေါ့"
သူတို့ကမီးမထွန်းရင်ပဲသမိုင်းပေးတာဝန်မကျေပွန်သလိုပြောနေတာကြောင့်
"မလိုအပ်ပဲထွန်းတော့မီတာခတွေအရမ်းကျမှာပေါ့" လို့လျှာရှည်လိုက်သေးတယ်။
သူတို့ကအူကြောင်ကြောင်ပြန်ကြည့်ရင်း
"ကျပစေပေါ၊့အစိုးရကပေးတာပဲ၊ဘာဖြစ်လဲ"
ကောင်းလေစွ...စိတ်ဓာတ်တွေကတော့..
ဆောင်းရာသီဆိုရင်လဲheaterတွေဖွင့်လိုက်ကြတာ။သူတို့အခန်းထဲများဝင်သွားရင်
ချွေးတောင်ပြန်ပါတယ်။အလုပ်ချိန်ပြီးရင်လဲheaterကိုမပိတ်ခဲ့ပြန်ဘူးရှင်။
နောက်တနေ့မနက်လာရင်အခန်းထဲမှာနွေးနေအောင်ညနေပြန်ကတဲကဖွင့်ခဲ့တာတဲ့။
သူတို့အိမ်မှာတော့ဘယ်လိုသုံးနေကြလဲမသိပါ၊heaterတွေကမီးတအားဆွဲတာ
ကြောင့်သူတို့အိမ်မှာတော့အမြဲဖွင့်မယ်မထင်၊မီးတွေheaterတွေဖွင့်လို့သူတို့ကို
ဘယ်သူကမှအပြစ်မတင်သလို၊အထက်ကလဲဘာမှမပြောပါဘူး။
သူတို့ကိုယ်၌ကလဲဒါကိုဖြုန်းတီးမှုတခုလို့မယူဆသလိုနှမျောရကောင်းမှန်းမသိပါ။
ကျွန်မတို့ကသာမနေနိုင်မထိုင်နိုင်ကိုယ့်နိုင်ငံလဲမဟုတ်၊ကိုယ်ပေးရတာလဲမဟုတ်၊
ကြားထဲကငထွားခါးနာပြီးကပ်စေးနဲနေမိတာ။
တော်ပါပြီ။သူတို့ဟာသူတို့မီးကိုနေ့ဘဲဖွင့်ဖွင့်၊တညလုံးဘဲဖွင့်ဖွင့်ကိုယ်နှင့်မဆိုင်၊
ညဖက်ရုံးခန်းတွေမှာလူမရှိပဲမီးတွေလင်းနေရင်လဲအပြစ်ရှိသလိုခံစားပြီးနှမျောမ
နေနဲ့၊သူ့ နိုင်ငံပေမို့နေသာသလိုနေလိုက်တာအကောင်းဆုံးပဲမဟုတ်ပါလား။

Friday, August 7, 2009

ချဉ်ပေါင် ဒုက္ခ

ချဉ်ပေါင်ကြော်အလွန်ကြိုက်တဲ့ကျွန်မချဉ်ပေါင်ပင်လုံးဝမရှိတဲ့အရပ်မှာနေရတာ
တော်တော်ဆိုးပါတယ်။မျှစ်၇ယ်၊ပုဇွန်ဆိပ်လေးရောပြီးကျော်ထားတဲ့ချဉ်ပေါင်ကြော်
ဟာကျွန်မအနှစ်သက်ဆုံးစားစရာတမျိုးပါ။
ချဉ်ပေါင်မျိုးစေ့တွေကိုတကူးတကလူကြုံနဲံ့မှာပြီးအိမ်ရှေ့ ဝရံတာမှာအိုးတွေနဲ့ပျိုးထား
ပါတယ်။အထပ်တိုင်းမှာဝရံတာကတောက်လျှောက်ပါ။သီးသန့်ဝရံတာမဟုတ်ပါဘုး။
ကျွန်မနေတဲ့အထပ်က၁၂ခန်းလုံးလဲဝရံတာတောက်လျှောက်ပါ။
ချဉ်ပေါင်ပင်လေးတွေထွက်လာတော့ပျော်လိုက်ရတာ..သတိရတိုင်းရေခဏခဏ
လောင်းလို့အပင်တွေရေမြောမှာတောင်စိုးရပ်ါတယ်။အရွက်လေးတွေဝေေ၀ဆာဆာ
ဖြစ်လာပါပြီ။စားဖို့စိုက်ထားတဲ့အပင်တွေကိုမစားရက်မခူးရက်နှမြောနေပါတယ်။
တစ်နေ့မှာတော့...
"အမလေး..ဘုရားဘုရား...ကုန်ပါပြီတော်၊အပင်လေးတွေကိုရက်ရက်စက်စက်
ဘယ်သူများလုပ်သွားတာပါလိမ့်"
အဖူးတွေအရွက်နုလေးတွေဝရံတာမှာပြန့်ကျဲလို့
"အပေါ်ထပ်ကကုလားအိမ်ကမျောက်မူးလဲကုလားမလေးလက်ချက်ပဲဖြစ်မှာ..."
အပေါ်ထပ်ကကုလားအိမ်မှာကလေးတွေ၎၊၅ယောက်လောက်ရှိပါတယ်။ဘုစုခရု
တွေပါ။အဲဒီထဲက၅နှစ်၆နှစ်လောက်ရှိတဲ့ကလေးမလေးကအဆိုးဆုံးပါ။အလွန်ဆော့
အလွန်ဆိုးပါတယ်။
အရင်ကလဲမျက်နှာချင်းဆိုင်မြန်မာအိမ်ကဂေါ်ဖီပွင့်သနပ်လုပ်မလို့ဂေါ်ဖီပွင့်နဲမုန်လာဥနီ
တွေရေဆေးလှီးချွတ်ပြီးဗန်းနဲ့ဝရံတာမှာနေပူလှမ်းထားတာကိုဆော့ပြီးလွှတ်ပြစ်လို့အဲဒီ
အိမ်ကအစ်မကြီးဒေါသထွက်ပြီးအော်ထုက်ဖူးပါတယ်။အခုတော့ကျွန်မအလှည့်ပေါ့။
သက်သက်လာဆော့ပြီးဖျက်ဆီးပြစ်တာ။ဒီကုလားမလေးလုပ်တာသိနေပေမဲ့လက်
ဆုတ်လက်ကိုင်မမိတော့ခက်နေပါတယ်။အဲဒီမှာကျွန်မရဲ့ချဉ်ပေါင်ဒုက္ခစပါတော့တယ်။
အလုပ်သွားတဲ့အချိန်အိမ်မှာလူမရှိတော့အပင်တွေများလာလုပ်မလားလို့အလုပ်မှာ
စိတ်ကမဖြောင့်၊ထမင်းစားချိန်ပြန်လာတော့လည်းခါတိုင်းလိုထမင်းစားပြီးအနားမယူ
နိုင်ပဲဧည့်ခန်းမှာငုတ်တုတ်ထိုင်ပြီးစောင့်ရပါတယ်။ဝရံတာကခြေသံတရှပ်ရှပ်ကြားပြီး
အိမ်ရှေ့နားမှာရပ်သွားရင်ကမန်းကတန်းပြေးပြီးတံခါးဖွင့်ကြည့်ရပါတယ်။လက်သည်
ကတော့မပေါ်သေးပါ။တစ်ပတ်လောက်ကြာတဲအထိအပင်လေးတွေခူးပြီးဆက်ချွေခံရ
ဆဲပါ။အလုပ်ကညနေမောမောနဲပြန်လာရင်ဝရံတာမှာပြန့်ကြဲနေတဲ့အရွက်လေးတွေကြည့်
ရင်းနှမြောလိုက်၊ဒေါသဖြစ်လိုက်နဲ့...
တစ်နေ့မှာတော့အပင်ပေါက်ကိုနုတ်၊အရွက်နဲ့အဖူးတွေခူးပြီးဆော့နေတဲ့ကုလားမလေး
ကိုပက်ပင်းမိပါတယ်။ကျွန်မလဲဒေါသဖြစ်ဖြစ်နဲ့တွေ့ တဲ့တုတ်တစ်ချောင်းဆွဲပြီးလိုက်တာ
ဖိနပ်တောင်မပါပါ။ကုလားမလေးလဲအပေါ်ထပ်ကိုပြေးလိုက်တာတန်းနေတာပဲ။သူ့အိမ်ထဲ
ဝင်ပြေးပြီးတံခါးပိတ်ထားပါတယ်။လက်မတင်လေးလွတ်သွားလို့ဒေါသဖြစ်ဖြစ်နဲ့အိမ်ကိုပြန်
လာပြီးအမောဖြေရပါတယ်။သွေးအေးပြီးဒေါသပြေသွားမှစဉ်းစားပြီးကို့ကိုယ်ကို
ရှက်လာပါတယ်။"ငါ့နှယ်နော်...လူကြီးဖြစ်နေပြီးမသိနားမလည်တဲ့ကလေးလေးနဲ့ဖက်ပြီး
ရန်ဖြစ်ရတယ်လို့၊ဘာမဟုတ်တဲ့ချဉ်ပေါင်ပင်လေးကိုငါ့အပင်ဆိုတဲ့အတ္တနဲ့လောဘတွေဖက်၊
ဒေါသတွေထွက်ပြီးပူလောင်လိုက်ရတာ...အိပ်ကောင်းချင်းမအိပ်ရ၊စားကောင်းချင်းမစားရ၊
နေကောင်းချင်းမနေရ။ဘာမှမရှိတာပဲကောင်းတယ်။ဘာမှမရှိရင်ဘာမှမပူရတော့ဘူးပေါ့"
အခုတော့ချဉ်ပေါင်ကြော်ကြော်စားဖို့လက်လျှော့လိုက်ပါပြီ။
ဒီနှစ်နွေရာသီမှာတော့ချဉ်ပေါင်ပင်မစိုက်တော့ပါ။ပန်းအိုးတွေလည်းသူများပေးလိုက်ပါပြီ။
ကုလားမလေးလည်းဆော့စရာမရှိတော့အိမ်ရှေ့ကိုမလာတော့ပါဘူး။
အခုမှကျွန်မလည်းအနှောက်အရှက်ကင်းစွာစိတ်အေးချမ်းသာနေနိုင်သွားပါပြီ။
ို့်ီ့ိို့ု့်

သူတို့စရိုက်(၄)

သူတို့တွေဟာသချာင်္လည်းတော်တော်ညံ့တဲ့သူတွေပါ။နေရာတကာcalculator ၊
စက်တွေနဲ့ပေါင်းနုတ်နေတော့၅ထဲက၃နုတ်ဆိုတာတောင်စက်မပါရင်မနုတ်တတ်တော့
ပါဘူး။
တခါကအလုပ်မှာကျွန်မရဲ့ခွင့်လက်ကျန်ကိုရုံးမှာတွက်ခိုင်းပါတယ်။၂နှစ်မှာ၉၆ရက်ခွင့်ရတဲ့
အထဲမှာ၂၁ရက်ခွင့်ယူပြီးဖြစ်လို့၇၅ရက်ကျန်ပါတယ်။ဒါကိုcalculatorနဲ့အသည်းအသန်
တွက်ပြီးအဖြေက၆၃ရက်ပါတဲ့။
ကျွန်မကစိတ်တွက်တွက်ပြီး"မှားနေတယ်၊၇၅ရက်ကျန်ရမှာလေ"ပြောတော့မျက်လုံး
ကြီးပြူးပြီး"နင့်မှာစက်မရှိပဲဘယ်လိုတွက်လိုက်တာလဲ"တဲ့၊နောက်၂ခါလောက်ပြန်နှိပ်
မှအဖြေမှန်ထွက်ပါတယ်။ဈေးဝယ်ရာမှာလဲ၅၅ကျပ်ကျတယ်ဆိုပါစို့၊ကျွန်မကတစ်ရာတန်
တစ်ရွက်နဲ၅ကျပ်စေ့တစ်စေ့ပေးရင်သူတို့မအမ်းတတ်တော့ပါဘူး။ခေါင်းကုတ်ပြီး၅ကျပ်စေ့
ကိုပြန်ပေးပါတယ်။ပြီးမှစက်နဲ့တစ်ရာထဲက၅၅နုတ်ပြီး၄၅ကျပ်ပြန်အမ်းပါတယ်။
ဒီလို့ပဲလစဉ်ပုံမှန်ထွက်ရမဲ့လစာဟာများလာလိုက်၊နည်းသွားလိုက်၊နောက်လကျover payဆိုပြီး
ဖြတ်လိုက၊်under payဆိုပြီးပြန်ပေးလိုက်နဲ့ရှုပ်နေတာပါပဲ။
ကျွန်မကတော့ကျွန်မတို့ကိုအပေါင်းအနုတ်အမြှောက်အစားနဲ့အလီတွေကိုအောက်သက်
ကြေအောင်သင်ပေးခဲ့တဲ့မူလတန်းကငယ်ဆရာတွေကိုဦးအကြိမ်ကြိမ်ချပြီးကျေးဇူး
တင်နေမိပါတော့တယ်ရှင်။
ှ်ိဲ့်

Saturday, August 1, 2009

သူတို့ စရိုက် (၃)

ဒီက လခထုတ်ရက်က စစ်တပ်နဲ့ ရဲ က ရက် ၂၀ ပတ်ဝန်းကျင်၊၀န်ထမ်းတွေက ၂၄ ရက်၊စက်ရုံ တွေကလ ရဲ့နောက်ဆုံးအပတ်ရဲ့သောကြာနေ့ ပါ။
နိုင်ငံသားအများစု ကဆင်းရဲကြပါတယ်။တရုတ်စက်ရုံတွေမှာအလုပ် လုပ်သူများပါတယ်။
စက်ရုံတွေကလခကိုသူတို့ရဲ့ဘဏ်စာရင်းထဲထဲ့ပေးပြီးသူတို့ကATMကတဆင့်ထုတ်
်သုံးရပါတယ်။
လခထုတ်ရက်တွေမှာATMမှာတန်းစီနေကြတာဘဏ်ကလျှံပြီး လမ်းမပေါ်ထိရောက်ပါတယ်။
ပြီးရင်တော့ဝယ်ကြချမ်းကြပါပြီ။supermarket,ဈေးဆိုင်,စားသောက်ဆိုင်တွေမှာ
ကြိတ်ကြိတ်တိုး..
ဆင်းရဲကြပေမဲ့အကောင်းအလွန်ကြိုက်ပါတယ်။ဖုံးဆိုရင် အကောင်းစား၊အ၀တ်ဆိုရင်ဈေးကြီးပေ့
ဆိုတာမှဝယ်ပါတယ်။ပိုက်ဆံရှိရင်KFCကိုနေ့တိုင်းဝယ်စားတယ်။အရက်လဲအလွန်
်သောက်ကြပါတယ်။အရက်မူးရင်လဲသွေးဆိုးပါတယ်။
သောက်ပြီးမူး၊ မူးပြီးရိုက်၊ ရိုက်ပြီး ကွဲကြပြဲကြ..
လခထုတ်ရက်တွေမှာ ဆေးရုံက ဆရာဝန် တွေလဲမချောင်ပါဘူး။
အရက်ပုလင်းနဲ့ ရိုက်လို့ ကွဲပြဲသူ၊ တုတ်နဲ့ ဆော်လို့ ခေါင်းကွဲသူ၊သေနတ်နဲ့ ပစ်လို့ မသေမရှင်လူ၊
ဒါးနဲ့ ထိုးလို့ ဗိုက်ပေါက်သူ၊ မူးပြီးမောင်းလို့ ကားတိုက်သူ။
တမျိုးပြီးတမျိုးမရိုးရအောင် တညလုံး ၀င်လာမစဲတသဲသဲ...
ATM ထဲရှိတဲ့ ပိုက်ဆံ မကုန်မချင်း ထုတ်သုံးရင်း လကုန်ပြီး
နောက်လရဲ့ပထမပတ်အကုန်မှာတော့တစ်လလုံးပင်ပင်ပမ်းပမ်းရှာထားတဲ့ပိုက်ဆံတက်တက်ပြောင်ပါပြီ။
ဆေးရုံတွေမှာ လူနာ ပါးလို့ ၊ ဈေးတွေမှာ လူရှင်းလို့ ...
သူတို့ ကိုယ်တိုင် ကလဲ ပြောပါတယ်၊ ဘဏ်ထဲမှာပိုက်ဆံရှိနေရင်နေလို့ ကိုမရဘူးဆိုပဲ။
ကုန်အောင်သုံးလိုက်ရမှ နေသာထိုင်သာရှိတယ် တဲ့။
ဖုံးအစုတ်သုံးပြီး လဆန်းတိုင်း အ၀တ်အစားသစ်မ၀ယ်နိုင်တဲ့ကျွန်မတို့ ကိုသူတို့ က
အထူးအဆန်းဖြစ်နေပါတယ်။ဘဏ်ထဲက ပိုက်ဆံတွေဘာလုပ်ဖို့ လဲ၊၀ယ်ြ၊ပစ်သုံးပြစ်
ဆိုပြီး အကြံကောင်းဥာဏ်ကောင်းတွေပေးတတ်ပါသေးတယ်။
မတည်မြဲတဲ့လောကဓံတရားနဲ့ သူများနိုင်ငံမှာအလုပ်လာလုပ်ရတဲ့ ကမ်းနားသစ်ပင်
ကျွန်မတို့ ဘ၀ ကိုသူတို့ နားလည်ဟန် မတူပါဘူး။
သူတို့ က နောင်ရေးကိုတွေးပူတတ်သူတွေမဟုတ်ကြပါ။ငွေစုတဲ့အကျင့်လဲမရှိပါ။
ရှိပူရသေး ကုန်မှ အေး ဆိုတဲ့လူစားမျိုးတွေပါ။
အော်..သူအရပ်နဲ့ သူ့ ဇာတ်ကတော့ဟုတ် လို့ ပါဘဲလေ။

Tuesday, July 28, 2009

သူုတို့ စရိုက် (၂ )

နောက်ထပ်တောင်းတတ်တာကတော့ လူ ကိုပါ။
မြန်မာအန်တီတစ်ယောက်နဲ့၁၇နှစ်အရွယ်သူ့သမီးလေးရုံးတရုံး ကိုအသွားဓာတ်လှေခါး
အ၀မှာ အလုပ်သမားဝတ်စုံဝတ်ထားပြီးစုတ်စုတ်ပြတ် ပြတ်နဲ့  အသက် ၄၀ လောက် လူတယောက်ကနှုတ်ဆက်တော့အန်တီလဲ မသိပေမဲ့လူမှုရေးအရ်ြပန်နှုတ်ဆက်ပါတယ်။ဒီလူကသူ့ သမီးကိုစေ့စေ့
ကြည့်ရင်းစပ်ဖြဲဖြဲနဲ့ 
" သူ့ ကိုကြိုက်တယ်၊လိုချင်တယ်။ငါ့ကိုပေးမလား "
အန်တီလဲဒေါသဖြစ်ဖြစ်နဲ့ NO..NO..NO လို့ အော်တော့မှ OK.OK ဆိုပြီးထွက်သွားပါတယ်။
အန်တီ့မှာတော့ဒေါသတွေထွက်..သွေးတွေတက်လို့ .......
နောင်လဲလမ်းသွားရင်ခဏခဏတောင်းခံရတော့ဒေါသထွက်ဖို့ မောလာပြီးသမီးပျိုလေးကိုကလေးအမေလုပ်လိုက်ရပါတယ်။
"သူ့မှာယောင်္ကျားရှိတယ်၊ကလေး၂ယောက်တောင်ရှိတယ်"ကိုယ်ကဒေါသချောင်းချောင်း
ထွက်နေပေမဲသူ့တို့ကရယ်ကြဲကြဲနဲ့ နားမလည်သလိုဘာလိုစိတ်ဆိုးရတာလဲပြန်မေးနေသေးတာ။်
ယောင်္ကျားနဲ့ ကလေးရှိတယ်ဆိုမှာပဲဇာတ်လမ်းဆုံးတော့တာလေ။

တစ်ခါကလည်းမြန်မာဇနီးမောင်နှံနဲ့၈နှစ်အရွယ်သူတို့ သမီးလေးဈေးဝယ်ထွက်တာဈေးထဲမှာ၁၈နှစ်အရွယ်လောက်ရှိတဲ့ကောင်လေး၂ယောက်က
စကားရောဖောရောလုပ်ပြီးသမီးတောင်းလို့အဖေလုပ်တဲ့လူကထီးနဲ့ လိုက်ရိုက်ဖူးပါတယ်။

ကျွန်မတို့ယဉ်ကျေးမှုအရသူစိမ်းတစ်ယောက်ကမိဘကိုရှေ့ထားပြီးသမီးတောင်းတာ
တော်တော်ရိုင်းစိုင်းတဲ့အပြုအမူပါ။
သူတို့အနေနဲ့ကတော့စော်ကား
မှုတစ်ခုလို့ယူဆချင်မှယူဆမှာပါ။ကျီဆယ်မှုတစ်ရပ်ဖြစ်ခဲ့ရင်တောင်ကျွန်မတို့အဖို့မှာတော
့တော်တော်ကသိကအောက်ဖြစ်စေတာပါ။
ပြည်တော်မပြန်နိုင်သေးသ၍ဒီလိုခိုးလိုးခုလုလေးတွေကိုသည်းငြီ်းခံရင်း
့်ဒေါသတွေကိုမျိုချလို့  ရေလိုက်ငါးလိုက်နေသွားရုံသာရှိပါတော့တယ်။်

Friday, July 24, 2009

သူတို့ စရိုက် (၁)


ယဉ်ကျေးမှု၊ဓလေ့စရိုက်၊စိတ်ဓာတ်မတူတဲ့နေရာမှာနေရတာတခါတရံ ခိုးလိုးခုလုဖြစ်ရပါတယ်၊

်"ဟယ်..၀တ်ထားတဲ့အနွေးထည်လေး ကလှလိုက်တာ ။ငါ့ကိုပေးပါလား "
အလုပ်မှလုပ်ဖေါ်ကိုင်ဖက်တစ်ဦး အသံပါ။

"နင့်ဖိနပ်လေး ငါကြိုက်တယ်၊ ငါ့ကိုလက်ဆောင်ပေးပါ။ "
အခြားဌာနမှ မျက်မှန်းတမ်းမိနေတဲ့ဝန်ထမ်းတဦး ပူဆာသံပါ။

"ဦးထုပ်လေး လိုချင်တယ်၊ငါ့ကို ပေးပါ။ "
တခါမှမသိတဲ့ စတိုးဆိုင်က အရောင်းစာရေးမ တောင်းဆိုမှုပါ။

ရောက်ခါစက ဒီလိုတောင်းခံရရင် တွန့် သွားပြီးအင်္ကျီပဲချွတ်ရမလို ၊ဖိနပ်ပဲချွတ်ပြီး
ခြေ ဗလာနဲ့ ပြန်ရမလို၊ဦးထုပ်ချွတ်ရမလို အားတောင့်အားနာ ကသိကအောင့်တွေဖြစ်လို့

"sorry ပါဟယ်၊ ငါ့မှာဒီ တခုထဲရှိလို့ ပါ၊ နောက်မှပေးမယ် "
"ဘယ်တော့ပေးမှာလဲ "
"ဒါ ငါ့နိုင်ငံ က၀ယ်လာတာ ၊ငါပြန်ဖြစ်ရင် ၀ယ်လာပေးမယ် "
"အေး ..အေး..မမေ့နဲ့ နော် "

သူတို့ ကတော့ ပြောပြီး မေ့မေ့ပျောက်ပျောက် ၊ကိုယ့်မှာသာသူတို့ နဲ့ ပြန်ဆုံရင်
ဂတိမတည်တဲ့ကိုယ့်ကိုကိုယ်လိပ်ပြာမလုံအားနာနေမိတာသူတို့ ကတော့
သတိတောင်မရတော့ပါဘူး။

သူတို့ တောင်းတတ်တာကတော့ စံပါပဲ။
ဒီကမြန်မာအမကြီးတစ်ယောက် ကဆံပင်အရှည်ကြီးပါ၊
သူ့ ဆံပင်ကိုလိုချင်တယ်၊ဖြတ်ပေးပါတောင်းလိို့ု့
သူများခေါင်းကဆံပင်ကို တောင်းစရာမရှိ တောင်းစရာရှာ ကြံကြံဖန်ဖန်
်တောင်းတယ်ဆိုပြီးစိတ်တွေဆိုးလို့ ...

အလုပ်ခွင်မှာလဲသူတို့ အချင်းချင်းဘဲဖြစ်ဖြစ်ကိုယ်နဲ့ ဖြစ်ဖြစ်အလုပ်လုပ်ရင်း ငြင်းကြ
ခုံကြအော်ကြဟစ်ကြနဲ့ ၊ နောက်တနေ့ ရောက်တော့လဲဘာမှမဖြစ်ခဲ့သလို
ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လို့ 
အလေးအနက် ခံစားတတ်တဲ့ကိုယ့်မှာသာငါ့ကို ပြောရက်လေချင်း၊အော်ရက်လေချင်း
တနုံ့ နုံ့ နဲ့ အိပ်လို့ တောင်မပျော် ။

တကယ်တော့အရာရာမှာသိပ်အလေးအနက်ထားပြီး ခံစားတတ်လွန်းရင်မကောင်း
ပါဘူး၊ကိုယ်ဘဲစိတ်ရှုပ်၊ ကိုယ်ဘဲအိုစာ၊ ကိုယ်ဘဲအသက်တိုမှာလေ ၊
ဒါကြောင့်သူတို့ လို ရင်ထဲမှာရော ခေါင်းထဲမှာပါရှင်းအောင်နေနိုင်ဖို့ ကြိုးစားရအုံးမယ်။့
ုံ



Wednesday, July 22, 2009

အလုပ်ခွင်သို့ ပြန်အ၀င်

သောကြာနေ့  မှာအလုပ်ခွင်ပြန် ၀င်ရပါမယ်။ စာချုပ်အသစ်နဲ့  နောက် ၂နှစ်တော့ ပျော်သည်ဖြစ်စေ မပျော်သည်
ဖြစ်စေ ဆက်လုပ်ရအုန်း တော့မှာပါ။ စာချုပ်တခု အပြီးခွင့်၃လ ရပြီးအနားယူ လိုက်ရတော့ စိတ်သစ်လူသစ်ဖြစ်
ပေမဲ့ ၃လ လောက်ဇိမ်နဲ့ အိမ်မှာနေ လိုက်တော့ အပြင်းထူတဲ့ ရောဂါကလဲစွဲနေပြီလေ၊ ဟို ခေါက်ဆွဲကြော်ငြာ
ထဲကလို" အိမ်မှာဘဲနေချင်တယ်မေမေ" ဖြစ်နေပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် သူ့ ဆန်စားရဲမှ ဆိုသလိုသူ့ လခယူ
ထားတော့လဲသူ့  နိုင်ငံအတွက် တာဝန်ကျေအောင် လုပ်ပေးရမှာပေါ့လေ။ ပြင်းတာလေး ဘေးချိတ် အလုပ်ဝင်
ဖို့ ပြင်အုန်းမှ။

Sunday, July 19, 2009

မိုဟားလေးဆည်သို့ အလည်တစ်ခေါက် (၂ )




ဒီခရီးကိုထွက်ဖြစ်ရတဲ့အကြာင်းကတော့အညာမှာမွေးပြီးရန်ကုန်မှာတလှည့်အညာမှာ
တလည့်ကြီးပြင်းခဲ့တဲ့ကျွန်မနဲ.အညာသူအညာသားမိတ်ဆွေများနှင်းတွေကိုကြည့်ချင်ကြလို့ ပါ။လမ်းတလျှောက်နှင်းတွေကျနေပေမဲ့ဆည်မှာတော့နှင်းမကျပါ။တောင်ပေါ်ဖြစ်တာရယ်
ရေခဲတောင်ကိုဖြတ်တိုက်တဲ့လေအေးတွေကြောင့်ခိုက်ခိုက်တုန်အောင်ချမ်းခဲ့ရပါတယ်။

Monday, July 13, 2009

မိုဟားလေးဆည်သို့ အလည်တစ်ခေါက်




ုူ၁၂ ရက် ဇူလိုငိကဖြစ်ပါတယ်။မိတ်ဆွေများနဲ့ အတူမြို့ တော်နဲ့ ၉၆ကီလိုမီတာဝေးတဲ့ မိုဟာလေးဆည်ကိုအလည်
ရောက်ခဲ့ပါတယ်။ပုံတွေကဆည်ကိုသွားရာလမ်းကရှုခငိးတွေဖြစ်ပါတယ်။

Friday, July 10, 2009

မင်္ဂလာပါ...ဒူမဲလား

ကျွန်မဒီနိုင်ငံကိုရောက်ခါစကဖြစ်ပါတယ်။ရောက်ပြီး၂ရက်အကြာရုံးတစ်ရုံးကို
အသွားဓာတ်လှေခါးထဲမှာပါ။လူမဲမ၀၀ကြီး၃ယောက်နဲ့ အတူအပေါ်ထပ်တက်
ဖို့ ဓာတ်လှေခါးထဲကျွန်မ၀င်လိုက်ပါတယ်သူတို့ ကသူတို့ ဘာသာစကားနဲ့ 
အချင်းချင်းပြောပြီးကျွန်မကိုပေစောင်းစောင်းနဲ့ ကြည့်နေကြပါတယ်။ကျွန်မလည်းခပ်
တည်တည်နဲ့ ပြန်ကြည့်လိုက်ပါတယ်။တယောက်ကမျက်နှာထားတင်းတငိးနဲ့ သူတို့ 
ဘာသာစကားနဲ့ှှပြောပါတယ်၊ကျွန်မနားမလည်ပါ၊အူကြောင်ကြောင်နဲ့ ကျွန်မပုံစံကို
သဘောပေါက်သွားတဲ့နောက်တစ်ယောက်ကအင်္ဂလိပ်လိုဒေါကြီးမောကြီးနဲ့ ရန်တွေ့ 
ပါတယ်။

ဲ"နင်ကငါတို့ ကိုဘာလို့ နှူတ်မဆက်တာလ၊ဲတကယ်ဆိုငါတို့ ကိုနှူုတ်ဆက်သင့်တာပေါ့"

မြတ်စွာဘုရား၊ငါ့မှာသူတို့ ဆီရောက်တာ၂ရက်ရှိသေးဘယ်သူနဲ့ မှလည်းမသိ၊ ဒီမိန်းမ
ကြီးတွေနဲ့ ဆိုမြင်တောင်မမြင်ဖူးဘူး၊အခြောက်တိုက်ရန်တွေ့ ခံနေရပါလားဆိုပြီးအောင့်
့်သက်သက်နဲ့ နှူတ်ဆက်လိုက်ရပါတယ်။

့နောက်တခါရုံးတရုံးမှာလဲခုံတန်းမှာထိုင်နေတဲ့အမျိုးသမီး၂ဦးကသူတို့ ကို့နှူတ်မဆက်လို့ 
ရန်တွေ့ ပြန်ပါတယ်။ကျွန်မသူတို့ ကိုမသိပါဘူး၊သူတို့ ဆီလည်းလာတာမဟုတ်ပါဘူး။
ကျွန်မတို့ ဆီမှာကိုယ့်အသိမိတ်ဆွေကလွဲလို့ 
လမ်းမှာမသိတဲလူကိုမင်္ဂလာပါ၊နေကောင်းလား၊ကောင်းသောနံနက်ခင်းပါဆိုပြီးအလကား
နေရင်းနှူတ်ဆက်လေ့မရှိပါဘူး။အနောက်တိုင်းယဉ်ကျေးမှူမှာလည်းကိုယ့်မိတ်ဆွေ၊အပေါင်း
အသင်းမျက်မှန်းတန်းမိသူ၊မနက်အလုပ်အလာလုပ်ဖော်ကိုင်ဖက်တွေကိုနှူတ်ဆက်တာ
လောက်ပဲရှိမယ်ထင်ပါတယ်။
အဲဒါဆိုလည်းဒီလောက်မသိတဲလူကိုနှူတ်ဆက်ချင်ရင်သူတို့ 
ကစပြီးနှူတ်ဆက်ပါလားနော်၊ဒီလိုလည်းမဟုတ်ပြန်ဘူး။ကျွန်မတို့ ကသူတို့ ကိုစပြီးအရေးတယူနဲ့ နှူတ်ဆက်တာကိုခံချင်တာပါ။ဲသူတို့ဟာနှစ်ပေါင်းများစွာလူဖြူတွေရဲ့အုပ်စိုးမှူ၊အနိုင်ကျင့်မှူ
နှိမ့်ချဆက်ဆံခံရမှူ၊အသားအရောင်ခွဲခြားမှူတွေအောက်မှာနေလာရတော့အခုလို
ုလွတ်လပ်ရေးရပြီးတဲ့အချိန်မှာသူတို့ ကိုယ်သူတို့ သိက္ခာတင်၊အထက်စီးကနေ၊သူများအရေးတယူအလေးအမြတ်ပြု တာကိုခံချင်...
အင်း..ဒါလဲစိတ္တဇတမျိုးပါပဲလေ။
အခုတော့ကျွန်မနားလည်သွားပါပြီ၊ဘယ်ပဲသွားသွားပါးစပ်ကိုအာစေးထဲ့ထားသလိုပိတ်မ
နေပဲ...ဒူမဲလား(မင်္ဂလာပါ)
အိုပယ်လာရွမ်/လေကိုင်း(နေကောင်းလား)
စတာတွေကိုအဆက်မပြတ်ရွတ်ရင်းနှုတ်ဆက်လိုက်ရင်တငိးနေတဲ့သူတို့ ရဲ့မျက်နှာတွေလဲပျော့ပြောင်းကြည်လင်ပြီးဝမ်းသာအားရပြန်နှူတ်ဆက်တော့သူတို့ လည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာရရောမဟုတ်ပါလား။

Thursday, July 9, 2009

ဘယ်ကလာသလဲ

"နိဟောင်"
မြို.ထဲကိုရောက်တိုင်းကြားရတဲ့သူတို့တွေရဲ့တရုတ်ဘာသာနဲ့ နုတ်ဆက်သံလေးပါ။
အသားအရောင်ကွဲပြားတဲ့ဖီလစ်ပိုင်၊ကိုးရီးယား၊မြန်မာ၊စတဲ့အရေှုှ့ှုှု့တိုင်းသားအားလုံး
ကိုတရုတ်လို့ ပဲထင်နေကြတာပါ။သူတို့ နိုင်ငံမှာတရုတ်စက်ရုံတွေအများကြီးရှိပြီးတ
ရုတ်တွေများတာကြောင့်ကျွန်မတို့ အားလုံးကိုတရုတ်ပြည်ကလာတယ်လို့ ယူဆနေ
ကြတာပါ။ှ်
"ငါတရုတ်မဟုတ်ဘူး"
"ဖိလစ်ပိုင်လား"
"မဟုတ်ဘူး"
"ဒါဆိုဂျပန်ပေါ."
"မဟုတ်ဘူးဟေ.၊မြန်မာ၊မြန်မာပြည်ကလာတာ"
"ဒါဆိုနင်ဘယ်ကလာတာလဲ"
"ငါမြန်မာပြည်ကလာတာပါ"
"အော် သိပြီ ဘဟားမားကျွန်းကလာတာမဟုတ်လား"
"မဟုတ်ဘူးမြန်မာပြည်က"
"မြန်မာပြည်ဆိုတာဘယ်မှာလဲ"
ကျွန်မစိတ်တော်တော်တိုသွားပါတယ်၊ကြည်.စမ်းပါအုန်း။သူတို.နိုင်ငံထက်ငါးဆ
ခြောက်ဆလောက်ကြီးတဲ.နိုင်ငံကိုများမသိဘူးတဲ.။
"နင်အိန္ဒိယကိုသိလား"
"သိတယ်"
"တရုတ်နဲ.ထိုင်းရော"
"သိတယ် သိတယ်"
"အေး ဒို.နိုင်ငံဟာအိန္ဒိယနဲ.တရုတ်ပြည်ကြားထိုင်းနဲ.ကပ်ရက်နိုင်ငံပဲ၊
"သြော်"
ဒီလောက်ရှင်းပြတာတောင်ကျောင်းမှာပထ၀ီကောင်းကောင်းသင်ဖူးပုံမရတဲ.ကိုယ်
တော်ချောကသဘောပေါက်ပုံမရကျွန်မလဲဒီထက်ပိုမပြောပြတတ်တော့ပါ၊သူတို.တွေ
မေးတိုင်းအကြိမ်ပေါင်းများစွာအခါခါရှင်းပြပြီးတိုင်းဇဝေဇ၀ါကြောင်တောင်တောင်
သူတို့အကြည့်တွေကြောင့်ဒေါသတွေထွက်ရပေါင်းများလှပါပြီ၊နောက်ဆုံးမတော့
အန္ဒိယသမုဒ္ဒယာကြီးခြားနေတဲ့ဒို.နိုင်ငံကြီးကိုပထ၀ီမပိုင်တဲ.သူတို.တွေမသိတာမဆန်း
ပါဘူးဆိုပြီးခွင်.လွှတ်စိတ်ဖြေရင်းနိဟောငိဆိုရင်မကြားချင်ယောင်ဆောင်ပြီးရှင်းပြဖို့ 
မကြိုးစားတော့ကြောင်းပါ၊

Wednesday, July 8, 2009

ကျွန်မနေတဲ့အိမ်


ကျွန်မနေတဲ့flatဖြစ်ပါတယ်။ဝင်းခြံအကျယ်ကြီးထဲမှာဒီလိုflatမျိုးသုံးခုရှိပါတယ်။ကျွန်မနေတဲ့
flatကအကြီးဆုံးပါပဲ။အခန်းပေါင်းလေးဆယ်ကျော်ရှိပြီးတရုတ်၊ကုလား၊လူမဲ၊ကျူးဘားနဲ့ မြန်မာမိသားစုနှစ်စုနေကြပါတယ်။မနက်ခင်းအလုပ်မသွားမှီနဲ့ 
့အလုပ်ပြန်ချိန်တွေမှာတော့ကုလားသံ၊တရုတ်သံတွေဆူညံနေပါတယ်။လုံခြုံရေး၊သန့်
့ရှင်းရေး၊အိမ်ဖော်တွေရဲ့အော်ဟစ်နုတ်ဆက်နေတဲ့လူမဲစကားသံတွေကိုလည်းကြားရပါတယ်။
လူနည်းစုမြန်မာနဲ့ကျူးဘားတို့အသံကတော့မကြားရသလောက်ပါပဲ။လူမျိုးပေါင်းစုံ၊နိုင်ငံ
ပေါင်းစုံကလာရောက်ကြတော့စရိုက်ကလည်းစုံပါတယ်။မနက်စောစောစီးစီးအော်ကြီးဟစ်
ကျယ်ရန်ဖြစ်တတ်ကြသလိုသူများအိပ်ချိန်ညသန်းခေါင်မှဆူဆူညံညံနဲ့ပြန်လာတဲ့သူများ
လည်းရှိပါတယ်။တခါတရံအပေါ်ဆုံးထပ်မှာနေတဲသူကိုအောက်ကမလာမချင်းကားဟွန်း
တတီတီတီးရင်းပတ်ဝန်းကျင်ကိုအနှောက်အရှက်ပြုတဲ့သူတွေလည်းရှိပါတယ်။ကိုယ်က
တောမြန်မာပီပီအားနာစိတ်ကလေးကြောင့်တံခါးပိတ်တာလမ်းလျှောက်တာကအစသူများ
အနှောက်အရှက်မဖြစ်အောင်နေပါတယ်။ုဘယ်လိုပဲဖြစ်ဖြစ်ဒီအော်သံဟစ်သံတရုတ်သံကု
လားသံတွေဟာအိပ်ချင်မှူးမှူးမှာကိုယ့်မြေမှာပြန်ရောက်နေသလိုထင်မိယောင်မှားရှိနေပါ
တော့တယ်။

ကျွန်မနှင့်blog

Blogလေးတစ်ခုလောက်ရေးချင်တာကြာပါပြီ။ computerကလဲမကျွမ်းကျင်၊အချိန်ကလဲမရမို့ သူများblogလေးတွေလျှောက်လည်ဖတ်ရင်းကျေနပ်နေခဲ့တာပါ။ဒါပေမဲ့ဝါသနာဆိုတာကလဲ
အခက်သားလား၊ငယ်ငယ်ကကျောင်းမဂ္ဂဇင်း၊ဟိုမဂ္ဂဇင်းဒီမဂ္ဂဇင်းတွေမှာဟိုရေး
်ဒီချစ်အခံကရှိလေ တော့အခုကူညီပေးမဲ့သူရှိတုန်းblogလေးတစ်ခုဖွင့်လိုက်ပါတယ်။bloggerမိသားစုလေးဟာ
စိတ်ညစ်ရင်တဦးနဲ့ တဦးအားပေးကြကူညီကြနဲ့ နွေးထွေးတဲ့ပတ်ဝန်းကျင်လေးတစ်ခုပါ။မိသားစုနဲ့ အ
ဝေးမှာနေနေရတဲ့ဘ၀မှာရေမြေမတူ၊ယဉ်ကျေးမှူမတူ၊လူမျိုးမတူတဲ့သူ
တွေရဲ့ကြားမှာနေ့ စဉ်နဲ့ အမျှသောကတွေ၊ဒေါသတွေ၊စိတ်ဖိစီးမှူတွေကိုခံစားနေကြရတာပါ။စိတ်ရဲ့မွန်း
ကြပ်မှူ၊ဖိစီးမှူတွေ ဖြေလျှော့ပေးနိုင်မဲ့ဒီblogလေးမှာရောက်တတ်ရာရာရေးပြီးအချိန်တွေကိုဖြတ်
ကျော်ရင်းအိမ် ပြန်ချိန်ကိုမျှော်လင့်နေပါတယ်။