လွန်ခဲ့တဲ့၁၅နှစ်လောက်ကဖြစ်ပါတယ်။
ညတစ်ညမှာလေကြီးမိုးကြီးကျပြီးမနက်ရောက်တော့ကျွန်မတို့ခြံအုန်းပင်ရင်းမှာ
ကျီးကန်းပေါက်လေးတစ်ကောင်ရေစိုရွှဲပြီးအသိုက်ထဲကပြုတ်ကျနေပါတယ်။
ကျွန်မဖေဖေခြံထဲဆင်းရင်းတွေ့ လို့ အိမ်ထဲခေါ်လာပြီးရေသုတ်ပေးပြီးကြည့်လိုက်
တော့တောင်ပံနဲ့ ခြေထောက်မှာဒဏ်ရာရထားပါတယ်။
ဖေဖေကသူ့ ကိုစတိုခန်းထဲမှာထားပြီးအစာကျွေး၊ဆေးထည့်ပေးပါတယ်။
သေကံမရောက်သက်မပျောက်သူလေးမို့ ကံကောင်းလို့ နာမည်ပေးထားပါတယ်။
၂ပတ်လောက်ကြာတော့သူ့ ရဲ့ဒဏ်ရာတွေလည်းပျောက်ကင်းပြီးပြန်ကျန်းမာ
လာပါတယ်။ဖေဖေကခြံထဲခေါ်သွားပြီးမြေပေါ်ချပေးလိုက်ပါတယ်။
ပထမတစ်ရက်နှစ်ရက်တော့အမြင့်ကြီးမပျံနိုင်ပါဘူး။အုတ်ရေကန်လေးဘောင်
ပေါ်ပျံလိုက်ဖေဖေ့နားပြန်လာလိုက်လုပ်နေပါတယ်။ဖေဖေလည်းခွေးဆွဲသွားမှာ
စိုးလို့ အိမ်ထဲပြန်ခေါ်လာပါတယ်။၃၊၄ရက်လောက်အပြင်ထုတ်ပေးပြီးပျံခိုင်းလိုက်တော့
သူနေတဲ့အုန်းပင်ပေါ်ကိုပျံနိုင်လာပါတယ်။သူ့ မျိုးတူအပေါင်းအဖေါ်တွေနဲ့ နေရအောင်
ဖေဖေကလွှတ်ပေးလိုက်ပေမဲ့တခြားကျီးတွေကသူ့ ကိုလက်မခံပဲထိုးဆိတ်လွှတ်တာ
ကြောင့်သူ့ ခင်မျာအုန်းပင်ပေါ်မှာတစ်ကောင်ထည်းနေရရှာပါတယ်။
ဖေဖေကဒီကောင်လေးရှာစားတတ်အုန်းမှာမဟုတ်ဘူးဆိုပြီးသံယောဇဉ်ကြီးစွာ
ထမင်းဟင်းတွေကိုအုတ်ရေကန်ဘောင်လေးပေါ်နေ့ တိုင်းသွားတင်ပြီးအစာကျွေး
ပါတယ်။ကံကောင်းကအုန်းပင်ပေါ်ကနေပြီးဖေဖေခြံထဲထွက်လာတာနဲ့ ဖေဖေ့
ပခုန်းပေါ်လာနားပါတယ်။ဖေဖေခြံထဲမှာပန်းပင်ရေလောင်းနေရင်ဖြစ်ဖြစ်၊ခြံထဲ
ကပက်လက်ကုလားထိုင်မှာထိုင်ရင်းစာဖတ်နေရင်ဖြစ်ဖြစ်ဖေဖေ့ပုခုန်းပေါ်မှာဘဲနေပါတယ်။
ဖေဖေခြံထဲဆင်းလို့ တခါတလေသူမရောက်လာရင်ဖေဖေကကံကောင်းရေလို့ 
ခေါ်လိုက်ရင်သူ့ နာမည်ကိုသိနေသလိုချက်ချင်းရောက်လာပါတယ်။
ဖေဖေ့နားရွက်နဲ့ လည်ပင်းကိုသူ့ နှုတ်သီးနဲ့ မနာကျင်အောင်ဆိတ်ပြီး်ကစားတတ်
ပါသေးတယ်။
ဖေဖေကလွဲပြီးကျန်တဲ့သူတွေကိုတော့သူခင်ပုံမရပါ။ကျွန်မတို့ သူ့ ကိုကိုင်ရင်ခံပေမဲ့
ခဏနေရင်နှုတ်သီးနဲ့ နာအောင်ဆိတ်ပါတယ်။
ဒီလိုနေရင်းတစ်လကျော်နှစ်လလောက်အကြာမှာတော့ကံကောင်းလေးတော်တော်
အရွယ်ရောက်ပြီးအမွှေးအတောင်စုံလာပါပြီ။တစ်နေ့ မှာဖေဖေခြံထဲဆင်းချိန်ကံကောင်း
ရောက်မလာပါဘူး။သူ့ နာမည်ခါတိုင်းလိုခေါ်တော့လဲမလာပါဘူး။
အုန်းပင်ပေါ်မော့ကြည့်တော့လဲမတွေ့ ပါဘူး။
ဖေဖေလည်းအဲဒီနေ့တစ်နေ့လုံးအစာခွက်လေးကိုင်လိုက်၊သူ့နာမည်ခေါ်လိုက်၊
ခြံထဲထွက်ကြည့်လိုက်၊ဒီကောင်လေးကအစာလည်းရှာမစားတတ်တခြားကျီးတွေက
ဆိတ်လွှတ်နဲ့ဘယ်များရောက်နေပါလိမ့်။ဒဏ်ရာအနာတရဖြစ်ပြီးတနေရာရာမှာ
ပြုတ်ကျနေမလားဆိုပြီးသားသမီးတစ်ယောက်လိုပူပန်နေပါတယ်။အဲဒီနေ့ ကစပြီးကံကောင်းကိုမတွေ့ ရတော့ပါ။အပေါင်းအသင်းနဲ့ တွေ့ ပြီးတခြား တနေရာကိုပြောင်းသွားလား၊ထိခိုက်မိပြီးသေသွားလား၊
ကျီးကန်းမလေးနဲ့ တွေ့ ပြီးတနေရာမှာတအိုးတအိမ်ထူထောင်နေလား..မသိတော့ပါ။
တကယ်တော့ကျီးကန်းဆိုတဲ့အမျိုးဟာလူရဲ့ပါတ်ဝန်းကျင်မှာရှိနေပေမဲ့ယဉ်ပါးဖို့ ခက်ခဲ
ပါတယ်။လူတွေနဲ့ လည်းအိမ်မွေးတိရိစ္ဆာန်လိုလက်ပွန်းတနှီးနေလေ့မရှိပါဘူး။
ဖေဖေနဲ့ သာဘယ်လိုရေစက်ကြောင့်သံယောဇဉ်တွယ်မိနေသလဲမပြောတတ်ပါ။
ကံကောင်းလေးသူ့ အသိုက်အမြုံ၊သူ့ မိသားစုလေးထဲမှာရှိနေ၊ပျော်နေပါစေလို့ 
ကျွန်မတို့ ဆုတောင်းပေးကြပါစို့ နော်။
Friday, October 2, 2009
Subscribe to:
Post Comments (Atom)
သံယောဇဉ်ဆိုတာ ဒီလိုပါပဲ.. ပူလောင်တတ်တဲ့သဘောကိုး... သူလည်း သူ့သဘာဝ အခြေတကျ ဖြစ်နေမှာပေါ့.. ခုလောက်ဆို ဖိုးဖိုး ကံကောင်းတောင် ဖြစ်နေမလားပဲနော်.. ဟီး...
ReplyDeleteလူနဲ တိရိစ္ဆာန်တွေကြား သံယောဇဉ်လေးတစ်ခုပေါ့။ဖြစ်လေ့ရှိပါတယ်။ကြုံခဲလှပါတယ်။ကံကောင်းလေးလဲ ညီမဆုတောင်းလို မိသားစုနဲ့ အတူပျော်ရွှင်ပါစေ။
ReplyDeleteလူနဲ့တိရစ္ဆာန်ကြား သံဃောဇဉ်ထားရတာ တကယ် ပျော်ဖို့ကောင်းတယ်။ သူတို့တွေ ကစားနေတာပဲ ဖြစ်ဖြစ် ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတယ်လေ။ ကံကောင်းတစ်ယောက် သူ့အဖော်တွေနဲ့ ပျော်နေမှာပါ။
ReplyDeleteသူ့သဘာဝ ကိုသူမမေ့ဖူးဗျ
ReplyDeleteကျွန်တော်လဲမျောက်ပေါက်လေးနှစ်ကောင်မွေးဖူးတယ်ဗျ
သူ့တို့အမေတွေကိုယ်တိုင်က ကုတ်လွတ်တာ ပေါက်စလေး
တကယ်သေးသေးလေးဗျ မျောက်အုပ်ထဲမဝင်ရဲရှာဖူးလေ ဝင်တာနဲ့
ဝိုင်းကုတ်တာ အထီးလေးနဲ့အမလေး နှစ်ကောင် သနားစရာလေး
ကျွန်တော်မွေးထားလိုက်တာ အချိန်တန်တော့ဗျာ
ခြေစုံကန်တာပါပဲ ကျွန်တော်မှာသာလွမ်းကျန်ခဲ့ရတယ်
ကြီးလာတော့ တောခိုသွားတယ်လေ
အထီးလေးက ကီးကီး အမလေးက နယ်လီတဲ့ နာမည်တောင်
မှည့်ထားသေး
း)
ပို့စ်လေးကို ဖတ်ပြီး ခံစားရပါတယ်။ သံယောဇဉ်ဆိုတာ လူလူချင်းကြားမှာ မဟုတ်ဘူး တိရိစ္ဆာန်ဒါမှမဟုတ် သက်မဲ့ပစ္စည်းတွေ အပေါ်မှာလည်း သံယောဇဉ်ဖြစ်တတ်တာပဲ။
ReplyDeleteတစ်ဦးမေတ္တာတစ်ဦးမှာပေါ့အစ်မရယ်...
ReplyDeleteအရမ်းကြီးကို အလုပ်ရှုပ်နေလို့ ခုမှစာတွေဖတ်ရပါတယ်....။