Tuesday, July 28, 2009

သူုတို့ စရိုက် (၂ )

နောက်ထပ်တောင်းတတ်တာကတော့ လူ ကိုပါ။
မြန်မာအန်တီတစ်ယောက်နဲ့၁၇နှစ်အရွယ်သူ့သမီးလေးရုံးတရုံး ကိုအသွားဓာတ်လှေခါး
အ၀မှာ အလုပ်သမားဝတ်စုံဝတ်ထားပြီးစုတ်စုတ်ပြတ် ပြတ်နဲ့  အသက် ၄၀ လောက် လူတယောက်ကနှုတ်ဆက်တော့အန်တီလဲ မသိပေမဲ့လူမှုရေးအရ်ြပန်နှုတ်ဆက်ပါတယ်။ဒီလူကသူ့ သမီးကိုစေ့စေ့
ကြည့်ရင်းစပ်ဖြဲဖြဲနဲ့ 
" သူ့ ကိုကြိုက်တယ်၊လိုချင်တယ်။ငါ့ကိုပေးမလား "
အန်တီလဲဒေါသဖြစ်ဖြစ်နဲ့ NO..NO..NO လို့ အော်တော့မှ OK.OK ဆိုပြီးထွက်သွားပါတယ်။
အန်တီ့မှာတော့ဒေါသတွေထွက်..သွေးတွေတက်လို့ .......
နောင်လဲလမ်းသွားရင်ခဏခဏတောင်းခံရတော့ဒေါသထွက်ဖို့ မောလာပြီးသမီးပျိုလေးကိုကလေးအမေလုပ်လိုက်ရပါတယ်။
"သူ့မှာယောင်္ကျားရှိတယ်၊ကလေး၂ယောက်တောင်ရှိတယ်"ကိုယ်ကဒေါသချောင်းချောင်း
ထွက်နေပေမဲသူ့တို့ကရယ်ကြဲကြဲနဲ့ နားမလည်သလိုဘာလိုစိတ်ဆိုးရတာလဲပြန်မေးနေသေးတာ။်
ယောင်္ကျားနဲ့ ကလေးရှိတယ်ဆိုမှာပဲဇာတ်လမ်းဆုံးတော့တာလေ။

တစ်ခါကလည်းမြန်မာဇနီးမောင်နှံနဲ့၈နှစ်အရွယ်သူတို့ သမီးလေးဈေးဝယ်ထွက်တာဈေးထဲမှာ၁၈နှစ်အရွယ်လောက်ရှိတဲ့ကောင်လေး၂ယောက်က
စကားရောဖောရောလုပ်ပြီးသမီးတောင်းလို့အဖေလုပ်တဲ့လူကထီးနဲ့ လိုက်ရိုက်ဖူးပါတယ်။

ကျွန်မတို့ယဉ်ကျေးမှုအရသူစိမ်းတစ်ယောက်ကမိဘကိုရှေ့ထားပြီးသမီးတောင်းတာ
တော်တော်ရိုင်းစိုင်းတဲ့အပြုအမူပါ။
သူတို့အနေနဲ့ကတော့စော်ကား
မှုတစ်ခုလို့ယူဆချင်မှယူဆမှာပါ။ကျီဆယ်မှုတစ်ရပ်ဖြစ်ခဲ့ရင်တောင်ကျွန်မတို့အဖို့မှာတော
့တော်တော်ကသိကအောက်ဖြစ်စေတာပါ။
ပြည်တော်မပြန်နိုင်သေးသ၍ဒီလိုခိုးလိုးခုလုလေးတွေကိုသည်းငြီ်းခံရင်း
့်ဒေါသတွေကိုမျိုချလို့  ရေလိုက်ငါးလိုက်နေသွားရုံသာရှိပါတော့တယ်။်

Friday, July 24, 2009

သူတို့ စရိုက် (၁)


ယဉ်ကျေးမှု၊ဓလေ့စရိုက်၊စိတ်ဓာတ်မတူတဲ့နေရာမှာနေရတာတခါတရံ ခိုးလိုးခုလုဖြစ်ရပါတယ်၊

်"ဟယ်..၀တ်ထားတဲ့အနွေးထည်လေး ကလှလိုက်တာ ။ငါ့ကိုပေးပါလား "
အလုပ်မှလုပ်ဖေါ်ကိုင်ဖက်တစ်ဦး အသံပါ။

"နင့်ဖိနပ်လေး ငါကြိုက်တယ်၊ ငါ့ကိုလက်ဆောင်ပေးပါ။ "
အခြားဌာနမှ မျက်မှန်းတမ်းမိနေတဲ့ဝန်ထမ်းတဦး ပူဆာသံပါ။

"ဦးထုပ်လေး လိုချင်တယ်၊ငါ့ကို ပေးပါ။ "
တခါမှမသိတဲ့ စတိုးဆိုင်က အရောင်းစာရေးမ တောင်းဆိုမှုပါ။

ရောက်ခါစက ဒီလိုတောင်းခံရရင် တွန့် သွားပြီးအင်္ကျီပဲချွတ်ရမလို ၊ဖိနပ်ပဲချွတ်ပြီး
ခြေ ဗလာနဲ့ ပြန်ရမလို၊ဦးထုပ်ချွတ်ရမလို အားတောင့်အားနာ ကသိကအောင့်တွေဖြစ်လို့

"sorry ပါဟယ်၊ ငါ့မှာဒီ တခုထဲရှိလို့ ပါ၊ နောက်မှပေးမယ် "
"ဘယ်တော့ပေးမှာလဲ "
"ဒါ ငါ့နိုင်ငံ က၀ယ်လာတာ ၊ငါပြန်ဖြစ်ရင် ၀ယ်လာပေးမယ် "
"အေး ..အေး..မမေ့နဲ့ နော် "

သူတို့ ကတော့ ပြောပြီး မေ့မေ့ပျောက်ပျောက် ၊ကိုယ့်မှာသာသူတို့ နဲ့ ပြန်ဆုံရင်
ဂတိမတည်တဲ့ကိုယ့်ကိုကိုယ်လိပ်ပြာမလုံအားနာနေမိတာသူတို့ ကတော့
သတိတောင်မရတော့ပါဘူး။

သူတို့ တောင်းတတ်တာကတော့ စံပါပဲ။
ဒီကမြန်မာအမကြီးတစ်ယောက် ကဆံပင်အရှည်ကြီးပါ၊
သူ့ ဆံပင်ကိုလိုချင်တယ်၊ဖြတ်ပေးပါတောင်းလိို့ု့
သူများခေါင်းကဆံပင်ကို တောင်းစရာမရှိ တောင်းစရာရှာ ကြံကြံဖန်ဖန်
်တောင်းတယ်ဆိုပြီးစိတ်တွေဆိုးလို့ ...

အလုပ်ခွင်မှာလဲသူတို့ အချင်းချင်းဘဲဖြစ်ဖြစ်ကိုယ်နဲ့ ဖြစ်ဖြစ်အလုပ်လုပ်ရင်း ငြင်းကြ
ခုံကြအော်ကြဟစ်ကြနဲ့ ၊ နောက်တနေ့ ရောက်တော့လဲဘာမှမဖြစ်ခဲ့သလို
ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လို့ 
အလေးအနက် ခံစားတတ်တဲ့ကိုယ့်မှာသာငါ့ကို ပြောရက်လေချင်း၊အော်ရက်လေချင်း
တနုံ့ နုံ့ နဲ့ အိပ်လို့ တောင်မပျော် ။

တကယ်တော့အရာရာမှာသိပ်အလေးအနက်ထားပြီး ခံစားတတ်လွန်းရင်မကောင်း
ပါဘူး၊ကိုယ်ဘဲစိတ်ရှုပ်၊ ကိုယ်ဘဲအိုစာ၊ ကိုယ်ဘဲအသက်တိုမှာလေ ၊
ဒါကြောင့်သူတို့ လို ရင်ထဲမှာရော ခေါင်းထဲမှာပါရှင်းအောင်နေနိုင်ဖို့ ကြိုးစားရအုံးမယ်။့
ုံ



Wednesday, July 22, 2009

အလုပ်ခွင်သို့ ပြန်အ၀င်

သောကြာနေ့  မှာအလုပ်ခွင်ပြန် ၀င်ရပါမယ်။ စာချုပ်အသစ်နဲ့  နောက် ၂နှစ်တော့ ပျော်သည်ဖြစ်စေ မပျော်သည်
ဖြစ်စေ ဆက်လုပ်ရအုန်း တော့မှာပါ။ စာချုပ်တခု အပြီးခွင့်၃လ ရပြီးအနားယူ လိုက်ရတော့ စိတ်သစ်လူသစ်ဖြစ်
ပေမဲ့ ၃လ လောက်ဇိမ်နဲ့ အိမ်မှာနေ လိုက်တော့ အပြင်းထူတဲ့ ရောဂါကလဲစွဲနေပြီလေ၊ ဟို ခေါက်ဆွဲကြော်ငြာ
ထဲကလို" အိမ်မှာဘဲနေချင်တယ်မေမေ" ဖြစ်နေပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် သူ့ ဆန်စားရဲမှ ဆိုသလိုသူ့ လခယူ
ထားတော့လဲသူ့  နိုင်ငံအတွက် တာဝန်ကျေအောင် လုပ်ပေးရမှာပေါ့လေ။ ပြင်းတာလေး ဘေးချိတ် အလုပ်ဝင်
ဖို့ ပြင်အုန်းမှ။

Sunday, July 19, 2009

မိုဟားလေးဆည်သို့ အလည်တစ်ခေါက် (၂ )




ဒီခရီးကိုထွက်ဖြစ်ရတဲ့အကြာင်းကတော့အညာမှာမွေးပြီးရန်ကုန်မှာတလှည့်အညာမှာ
တလည့်ကြီးပြင်းခဲ့တဲ့ကျွန်မနဲ.အညာသူအညာသားမိတ်ဆွေများနှင်းတွေကိုကြည့်ချင်ကြလို့ ပါ။လမ်းတလျှောက်နှင်းတွေကျနေပေမဲ့ဆည်မှာတော့နှင်းမကျပါ။တောင်ပေါ်ဖြစ်တာရယ်
ရေခဲတောင်ကိုဖြတ်တိုက်တဲ့လေအေးတွေကြောင့်ခိုက်ခိုက်တုန်အောင်ချမ်းခဲ့ရပါတယ်။

Monday, July 13, 2009

မိုဟားလေးဆည်သို့ အလည်တစ်ခေါက်




ုူ၁၂ ရက် ဇူလိုငိကဖြစ်ပါတယ်။မိတ်ဆွေများနဲ့ အတူမြို့ တော်နဲ့ ၉၆ကီလိုမီတာဝေးတဲ့ မိုဟာလေးဆည်ကိုအလည်
ရောက်ခဲ့ပါတယ်။ပုံတွေကဆည်ကိုသွားရာလမ်းကရှုခငိးတွေဖြစ်ပါတယ်။

Friday, July 10, 2009

မင်္ဂလာပါ...ဒူမဲလား

ကျွန်မဒီနိုင်ငံကိုရောက်ခါစကဖြစ်ပါတယ်။ရောက်ပြီး၂ရက်အကြာရုံးတစ်ရုံးကို
အသွားဓာတ်လှေခါးထဲမှာပါ။လူမဲမ၀၀ကြီး၃ယောက်နဲ့ အတူအပေါ်ထပ်တက်
ဖို့ ဓာတ်လှေခါးထဲကျွန်မ၀င်လိုက်ပါတယ်သူတို့ ကသူတို့ ဘာသာစကားနဲ့ 
အချင်းချင်းပြောပြီးကျွန်မကိုပေစောင်းစောင်းနဲ့ ကြည့်နေကြပါတယ်။ကျွန်မလည်းခပ်
တည်တည်နဲ့ ပြန်ကြည့်လိုက်ပါတယ်။တယောက်ကမျက်နှာထားတင်းတငိးနဲ့ သူတို့ 
ဘာသာစကားနဲ့ှှပြောပါတယ်၊ကျွန်မနားမလည်ပါ၊အူကြောင်ကြောင်နဲ့ ကျွန်မပုံစံကို
သဘောပေါက်သွားတဲ့နောက်တစ်ယောက်ကအင်္ဂလိပ်လိုဒေါကြီးမောကြီးနဲ့ ရန်တွေ့ 
ပါတယ်။

ဲ"နင်ကငါတို့ ကိုဘာလို့ နှူတ်မဆက်တာလ၊ဲတကယ်ဆိုငါတို့ ကိုနှူုတ်ဆက်သင့်တာပေါ့"

မြတ်စွာဘုရား၊ငါ့မှာသူတို့ ဆီရောက်တာ၂ရက်ရှိသေးဘယ်သူနဲ့ မှလည်းမသိ၊ ဒီမိန်းမ
ကြီးတွေနဲ့ ဆိုမြင်တောင်မမြင်ဖူးဘူး၊အခြောက်တိုက်ရန်တွေ့ ခံနေရပါလားဆိုပြီးအောင့်
့်သက်သက်နဲ့ နှူတ်ဆက်လိုက်ရပါတယ်။

့နောက်တခါရုံးတရုံးမှာလဲခုံတန်းမှာထိုင်နေတဲ့အမျိုးသမီး၂ဦးကသူတို့ ကို့နှူတ်မဆက်လို့ 
ရန်တွေ့ ပြန်ပါတယ်။ကျွန်မသူတို့ ကိုမသိပါဘူး၊သူတို့ ဆီလည်းလာတာမဟုတ်ပါဘူး။
ကျွန်မတို့ ဆီမှာကိုယ့်အသိမိတ်ဆွေကလွဲလို့ 
လမ်းမှာမသိတဲလူကိုမင်္ဂလာပါ၊နေကောင်းလား၊ကောင်းသောနံနက်ခင်းပါဆိုပြီးအလကား
နေရင်းနှူတ်ဆက်လေ့မရှိပါဘူး။အနောက်တိုင်းယဉ်ကျေးမှူမှာလည်းကိုယ့်မိတ်ဆွေ၊အပေါင်း
အသင်းမျက်မှန်းတန်းမိသူ၊မနက်အလုပ်အလာလုပ်ဖော်ကိုင်ဖက်တွေကိုနှူတ်ဆက်တာ
လောက်ပဲရှိမယ်ထင်ပါတယ်။
အဲဒါဆိုလည်းဒီလောက်မသိတဲလူကိုနှူတ်ဆက်ချင်ရင်သူတို့ 
ကစပြီးနှူတ်ဆက်ပါလားနော်၊ဒီလိုလည်းမဟုတ်ပြန်ဘူး။ကျွန်မတို့ ကသူတို့ ကိုစပြီးအရေးတယူနဲ့ နှူတ်ဆက်တာကိုခံချင်တာပါ။ဲသူတို့ဟာနှစ်ပေါင်းများစွာလူဖြူတွေရဲ့အုပ်စိုးမှူ၊အနိုင်ကျင့်မှူ
နှိမ့်ချဆက်ဆံခံရမှူ၊အသားအရောင်ခွဲခြားမှူတွေအောက်မှာနေလာရတော့အခုလို
ုလွတ်လပ်ရေးရပြီးတဲ့အချိန်မှာသူတို့ ကိုယ်သူတို့ သိက္ခာတင်၊အထက်စီးကနေ၊သူများအရေးတယူအလေးအမြတ်ပြု တာကိုခံချင်...
အင်း..ဒါလဲစိတ္တဇတမျိုးပါပဲလေ။
အခုတော့ကျွန်မနားလည်သွားပါပြီ၊ဘယ်ပဲသွားသွားပါးစပ်ကိုအာစေးထဲ့ထားသလိုပိတ်မ
နေပဲ...ဒူမဲလား(မင်္ဂလာပါ)
အိုပယ်လာရွမ်/လေကိုင်း(နေကောင်းလား)
စတာတွေကိုအဆက်မပြတ်ရွတ်ရင်းနှုတ်ဆက်လိုက်ရင်တငိးနေတဲ့သူတို့ ရဲ့မျက်နှာတွေလဲပျော့ပြောင်းကြည်လင်ပြီးဝမ်းသာအားရပြန်နှူတ်ဆက်တော့သူတို့ လည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာရရောမဟုတ်ပါလား။

Thursday, July 9, 2009

ဘယ်ကလာသလဲ

"နိဟောင်"
မြို.ထဲကိုရောက်တိုင်းကြားရတဲ့သူတို့တွေရဲ့တရုတ်ဘာသာနဲ့ နုတ်ဆက်သံလေးပါ။
အသားအရောင်ကွဲပြားတဲ့ဖီလစ်ပိုင်၊ကိုးရီးယား၊မြန်မာ၊စတဲ့အရေှုှ့ှုှု့တိုင်းသားအားလုံး
ကိုတရုတ်လို့ ပဲထင်နေကြတာပါ။သူတို့ နိုင်ငံမှာတရုတ်စက်ရုံတွေအများကြီးရှိပြီးတ
ရုတ်တွေများတာကြောင့်ကျွန်မတို့ အားလုံးကိုတရုတ်ပြည်ကလာတယ်လို့ ယူဆနေ
ကြတာပါ။ှ်
"ငါတရုတ်မဟုတ်ဘူး"
"ဖိလစ်ပိုင်လား"
"မဟုတ်ဘူး"
"ဒါဆိုဂျပန်ပေါ."
"မဟုတ်ဘူးဟေ.၊မြန်မာ၊မြန်မာပြည်ကလာတာ"
"ဒါဆိုနင်ဘယ်ကလာတာလဲ"
"ငါမြန်မာပြည်ကလာတာပါ"
"အော် သိပြီ ဘဟားမားကျွန်းကလာတာမဟုတ်လား"
"မဟုတ်ဘူးမြန်မာပြည်က"
"မြန်မာပြည်ဆိုတာဘယ်မှာလဲ"
ကျွန်မစိတ်တော်တော်တိုသွားပါတယ်၊ကြည်.စမ်းပါအုန်း။သူတို.နိုင်ငံထက်ငါးဆ
ခြောက်ဆလောက်ကြီးတဲ.နိုင်ငံကိုများမသိဘူးတဲ.။
"နင်အိန္ဒိယကိုသိလား"
"သိတယ်"
"တရုတ်နဲ.ထိုင်းရော"
"သိတယ် သိတယ်"
"အေး ဒို.နိုင်ငံဟာအိန္ဒိယနဲ.တရုတ်ပြည်ကြားထိုင်းနဲ.ကပ်ရက်နိုင်ငံပဲ၊
"သြော်"
ဒီလောက်ရှင်းပြတာတောင်ကျောင်းမှာပထ၀ီကောင်းကောင်းသင်ဖူးပုံမရတဲ.ကိုယ်
တော်ချောကသဘောပေါက်ပုံမရကျွန်မလဲဒီထက်ပိုမပြောပြတတ်တော့ပါ၊သူတို.တွေ
မေးတိုင်းအကြိမ်ပေါင်းများစွာအခါခါရှင်းပြပြီးတိုင်းဇဝေဇ၀ါကြောင်တောင်တောင်
သူတို့အကြည့်တွေကြောင့်ဒေါသတွေထွက်ရပေါင်းများလှပါပြီ၊နောက်ဆုံးမတော့
အန္ဒိယသမုဒ္ဒယာကြီးခြားနေတဲ့ဒို.နိုင်ငံကြီးကိုပထ၀ီမပိုင်တဲ.သူတို.တွေမသိတာမဆန်း
ပါဘူးဆိုပြီးခွင်.လွှတ်စိတ်ဖြေရင်းနိဟောငိဆိုရင်မကြားချင်ယောင်ဆောင်ပြီးရှင်းပြဖို့ 
မကြိုးစားတော့ကြောင်းပါ၊

Wednesday, July 8, 2009

ကျွန်မနေတဲ့အိမ်


ကျွန်မနေတဲ့flatဖြစ်ပါတယ်။ဝင်းခြံအကျယ်ကြီးထဲမှာဒီလိုflatမျိုးသုံးခုရှိပါတယ်။ကျွန်မနေတဲ့
flatကအကြီးဆုံးပါပဲ။အခန်းပေါင်းလေးဆယ်ကျော်ရှိပြီးတရုတ်၊ကုလား၊လူမဲ၊ကျူးဘားနဲ့ မြန်မာမိသားစုနှစ်စုနေကြပါတယ်။မနက်ခင်းအလုပ်မသွားမှီနဲ့ 
့အလုပ်ပြန်ချိန်တွေမှာတော့ကုလားသံ၊တရုတ်သံတွေဆူညံနေပါတယ်။လုံခြုံရေး၊သန့်
့ရှင်းရေး၊အိမ်ဖော်တွေရဲ့အော်ဟစ်နုတ်ဆက်နေတဲ့လူမဲစကားသံတွေကိုလည်းကြားရပါတယ်။
လူနည်းစုမြန်မာနဲ့ကျူးဘားတို့အသံကတော့မကြားရသလောက်ပါပဲ။လူမျိုးပေါင်းစုံ၊နိုင်ငံ
ပေါင်းစုံကလာရောက်ကြတော့စရိုက်ကလည်းစုံပါတယ်။မနက်စောစောစီးစီးအော်ကြီးဟစ်
ကျယ်ရန်ဖြစ်တတ်ကြသလိုသူများအိပ်ချိန်ညသန်းခေါင်မှဆူဆူညံညံနဲ့ပြန်လာတဲ့သူများ
လည်းရှိပါတယ်။တခါတရံအပေါ်ဆုံးထပ်မှာနေတဲသူကိုအောက်ကမလာမချင်းကားဟွန်း
တတီတီတီးရင်းပတ်ဝန်းကျင်ကိုအနှောက်အရှက်ပြုတဲ့သူတွေလည်းရှိပါတယ်။ကိုယ်က
တောမြန်မာပီပီအားနာစိတ်ကလေးကြောင့်တံခါးပိတ်တာလမ်းလျှောက်တာကအစသူများ
အနှောက်အရှက်မဖြစ်အောင်နေပါတယ်။ုဘယ်လိုပဲဖြစ်ဖြစ်ဒီအော်သံဟစ်သံတရုတ်သံကု
လားသံတွေဟာအိပ်ချင်မှူးမှူးမှာကိုယ့်မြေမှာပြန်ရောက်နေသလိုထင်မိယောင်မှားရှိနေပါ
တော့တယ်။

ကျွန်မနှင့်blog

Blogလေးတစ်ခုလောက်ရေးချင်တာကြာပါပြီ။ computerကလဲမကျွမ်းကျင်၊အချိန်ကလဲမရမို့ သူများblogလေးတွေလျှောက်လည်ဖတ်ရင်းကျေနပ်နေခဲ့တာပါ။ဒါပေမဲ့ဝါသနာဆိုတာကလဲ
အခက်သားလား၊ငယ်ငယ်ကကျောင်းမဂ္ဂဇင်း၊ဟိုမဂ္ဂဇင်းဒီမဂ္ဂဇင်းတွေမှာဟိုရေး
်ဒီချစ်အခံကရှိလေ တော့အခုကူညီပေးမဲ့သူရှိတုန်းblogလေးတစ်ခုဖွင့်လိုက်ပါတယ်။bloggerမိသားစုလေးဟာ
စိတ်ညစ်ရင်တဦးနဲ့ တဦးအားပေးကြကူညီကြနဲ့ နွေးထွေးတဲ့ပတ်ဝန်းကျင်လေးတစ်ခုပါ။မိသားစုနဲ့ အ
ဝေးမှာနေနေရတဲ့ဘ၀မှာရေမြေမတူ၊ယဉ်ကျေးမှူမတူ၊လူမျိုးမတူတဲ့သူ
တွေရဲ့ကြားမှာနေ့ စဉ်နဲ့ အမျှသောကတွေ၊ဒေါသတွေ၊စိတ်ဖိစီးမှူတွေကိုခံစားနေကြရတာပါ။စိတ်ရဲ့မွန်း
ကြပ်မှူ၊ဖိစီးမှူတွေ ဖြေလျှော့ပေးနိုင်မဲ့ဒီblogလေးမှာရောက်တတ်ရာရာရေးပြီးအချိန်တွေကိုဖြတ်
ကျော်ရင်းအိမ် ပြန်ချိန်ကိုမျှော်လင့်နေပါတယ်။