Friday, July 24, 2009

သူတို့ စရိုက် (၁)


ယဉ်ကျေးမှု၊ဓလေ့စရိုက်၊စိတ်ဓာတ်မတူတဲ့နေရာမှာနေရတာတခါတရံ ခိုးလိုးခုလုဖြစ်ရပါတယ်၊

်"ဟယ်..၀တ်ထားတဲ့အနွေးထည်လေး ကလှလိုက်တာ ။ငါ့ကိုပေးပါလား "
အလုပ်မှလုပ်ဖေါ်ကိုင်ဖက်တစ်ဦး အသံပါ။

"နင့်ဖိနပ်လေး ငါကြိုက်တယ်၊ ငါ့ကိုလက်ဆောင်ပေးပါ။ "
အခြားဌာနမှ မျက်မှန်းတမ်းမိနေတဲ့ဝန်ထမ်းတဦး ပူဆာသံပါ။

"ဦးထုပ်လေး လိုချင်တယ်၊ငါ့ကို ပေးပါ။ "
တခါမှမသိတဲ့ စတိုးဆိုင်က အရောင်းစာရေးမ တောင်းဆိုမှုပါ။

ရောက်ခါစက ဒီလိုတောင်းခံရရင် တွန့် သွားပြီးအင်္ကျီပဲချွတ်ရမလို ၊ဖိနပ်ပဲချွတ်ပြီး
ခြေ ဗလာနဲ့ ပြန်ရမလို၊ဦးထုပ်ချွတ်ရမလို အားတောင့်အားနာ ကသိကအောင့်တွေဖြစ်လို့

"sorry ပါဟယ်၊ ငါ့မှာဒီ တခုထဲရှိလို့ ပါ၊ နောက်မှပေးမယ် "
"ဘယ်တော့ပေးမှာလဲ "
"ဒါ ငါ့နိုင်ငံ က၀ယ်လာတာ ၊ငါပြန်ဖြစ်ရင် ၀ယ်လာပေးမယ် "
"အေး ..အေး..မမေ့နဲ့ နော် "

သူတို့ ကတော့ ပြောပြီး မေ့မေ့ပျောက်ပျောက် ၊ကိုယ့်မှာသာသူတို့ နဲ့ ပြန်ဆုံရင်
ဂတိမတည်တဲ့ကိုယ့်ကိုကိုယ်လိပ်ပြာမလုံအားနာနေမိတာသူတို့ ကတော့
သတိတောင်မရတော့ပါဘူး။

သူတို့ တောင်းတတ်တာကတော့ စံပါပဲ။
ဒီကမြန်မာအမကြီးတစ်ယောက် ကဆံပင်အရှည်ကြီးပါ၊
သူ့ ဆံပင်ကိုလိုချင်တယ်၊ဖြတ်ပေးပါတောင်းလိို့ု့
သူများခေါင်းကဆံပင်ကို တောင်းစရာမရှိ တောင်းစရာရှာ ကြံကြံဖန်ဖန်
်တောင်းတယ်ဆိုပြီးစိတ်တွေဆိုးလို့ ...

အလုပ်ခွင်မှာလဲသူတို့ အချင်းချင်းဘဲဖြစ်ဖြစ်ကိုယ်နဲ့ ဖြစ်ဖြစ်အလုပ်လုပ်ရင်း ငြင်းကြ
ခုံကြအော်ကြဟစ်ကြနဲ့ ၊ နောက်တနေ့ ရောက်တော့လဲဘာမှမဖြစ်ခဲ့သလို
ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လို့ 
အလေးအနက် ခံစားတတ်တဲ့ကိုယ့်မှာသာငါ့ကို ပြောရက်လေချင်း၊အော်ရက်လေချင်း
တနုံ့ နုံ့ နဲ့ အိပ်လို့ တောင်မပျော် ။

တကယ်တော့အရာရာမှာသိပ်အလေးအနက်ထားပြီး ခံစားတတ်လွန်းရင်မကောင်း
ပါဘူး၊ကိုယ်ဘဲစိတ်ရှုပ်၊ ကိုယ်ဘဲအိုစာ၊ ကိုယ်ဘဲအသက်တိုမှာလေ ၊
ဒါကြောင့်သူတို့ လို ရင်ထဲမှာရော ခေါင်းထဲမှာပါရှင်းအောင်နေနိုင်ဖို့ ကြိုးစားရအုံးမယ်။့
ုံ



2 comments:

  1. ဟုတ်တယ်နော်။ သူတို့တွေက အခုထအော်ဟစ်နေကြ ၊ ခဏနေ အေးဆေးပဲ အရင်လိုပဲ ရယ်ရယ်မောမောနဲ့ ပြန်ဖြစ်ကြတာပဲ။ ပြောစရာရှိတာကိုတော့ ပွင့်ပွင့်လင်းလင်းပြောပြီး ပြီးသွားကြတယ်နော်။ ဒါပေမဲ့ အချေးအငှားနဲ့ အတောင်းအရမ်းကတော့ ပြောရဲတာ ကိုယ်က ပြန်အားနာနေရတယ်။

    ReplyDelete
  2. အယ်...တမျိုးပါလား..
    တကယ်တောင်းတာလား..နောက်ပြီးတောင်းတာလား?

    ReplyDelete