Friday, December 10, 2010

မြင်ပါများတော့ရိုးတယ်ထင်

၂၀၀၄ခုနှစ်ဒီနိုင်ငံကိုကျွန်မရောက်စကတရုတ်နဲ့ဌာနေပေါက်ကုလားအနည်းငယ်သာ
ရှိပါတယ်။မြန်မာ၊ကိုးရီးယား၊ဖိလစ်ပိုင်၊NGOအဖွဲ့၊သာသနာပြုအဖွဲ့တွေနဲ့လာတဲ့
လူဖြူတွေလည်းအနဲအပါးရှိပါတယ်။
အာရှတိုက်နဲ့မိုင်ထောင်ပေါင်းများစွာဝေးပြီးအိန္နိယသမုဒ္ဒယာကြီးခြားနေတဲ့
ကုန်းတွင်းပိတ်နိုင်ငံငယ်လေးမှာအလုပ်လာလုပ်တဲ့အာရှသားတွေနည်းပါးတာမို့
ဒီကလူတွေကလူဖြူတွေကိုအမြင်မစိမ်းပေမဲ့အာရှသားတွေကိုတော့သိပ်မမြင်ဘူးကြပါ။
သူတို့ကိုယ်တိုင်ကလည်းနိုင်ငံရပ်ခြားအရောက်အပေါက်နည်းပါးတာကြောင့်
နိုင်ငံခြားသားတွေမတွေ့ဘူးကြပါ။
ဒါကြောင့်လူဖြူကလွဲရင်ကျန်တဲ့အသားညို၊အသားလတ်အားလုံးတရုတ်လို့
ထင်ကြပါတယ်။
ကျွန်မတို့မြန်မာတွေထဲမှာအသားညိုလို့မဲလုံးတို့၊ကုလားတို့ခေါ်သူတွေတောင်
တရုတ်လို့ထင်ခံရပါတယ်။
အဲဒီအချိန်ကကျွန်မတို့ကိုလမ်းမှာတွေ့ရင်တအံ့တသြငေးမောကြည့်ကြလို့
စိတ်ညစ်ရပါတယ်။
ကျွန်မကိုယ်တိုင်လည်းလူမဲဆိုတာရုပ်ရှင်ထဲမှာသာမြင်ဖူးတာပါ။
ဖြူဖြူသေးသေးပါးပါးယားယားအာရှသားတွေတွေ့နေရာကအရိုးအဆစ်ကြီးကြီး၊
နှုတ်ခမ်းထူထူ၊မျက်လုံးပြူးပြူးထောင်ထောင်မောင်းမောင်းစတွေ့တော့အရုပ်ဆိုးလှချည်ရဲ့ထင်မိပါတယ်။
ကြောက်လည်းကြောက်မိပါတယ်။
သူတို့တွေနဲ့အလုပ်အတူလုပ်တာကြာလာပြီးရင်းနှီးခင်မင်လာတော့သူတို့ကိုမဲလှချည်ရဲ့၊
ရုပ်ဆိုးလှချည်ရဲ့မထင်တော့ပါ။တစ်ချို့အမဲမလေးတွေကိုလှတယ်တောင်ထင်လာ
ပါတယ်။
၆နှစ်အတွင်းတရုတ်စက်ရုံတွေတဖြေးဖြေးများလာတာနဲ့အတူအဲဒီစက်ရုံတွေမှာလူမဲတွေအလုပ်ဝင်လုပ်ကြရင်းအာရှသားတွေနဲ့တစတစအတွေ့အမြင်များပြီးအကျွမ်းတ၀င်
ဖြစ်လာကြပါပြီ။
အကင်းပါးတဲ့အချို့လူမဲတွေတောင်ကျွန်မတို့မျက်နှာပေါက်၊အသားအရည်၊ပြောတဲ့စကားတွေကိုကြည့်ပြီးတရုတ်တွေနဲ့ခွဲခြားတတ်လာကြပါပြီ။
တွေ့ပါမြင်ပါများလာတော့သူတို့တွေကျွန်မတို့ကိုအထူးအဆန်းမဖြစ်တော့သလို
ကျွှန်မတို့ကလည်းသူတို့ကိုသက်တောင့်သက်သာနဲ့ပြောဆိုဆက်ဆံနိုင်သွားပါပြီ။

4 comments:

  1. မြင်ပါများတော့ရိုးသွားတာ လက်ခံပါတယ် ညီမရေ
    နမ်းပါများရင်လည်း ပျယ်သွားတယ်မဟုတ်လား

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  2. မမ..တရုတ်စကားတော်တော်တတ်နေပြီပေါ့။
    你好嗎?း))

    ReplyDelete
  3. မြင်တာများတော့ ယဉ်သွားတာပါ၊
    အိန္နိယသူတွေကို မဆာလနံ့ ရတယ်၊ တရုတ်မတွေဆို ဝက်ဆီနံ့၊ ဂျပန်မတွေဆို ငါးနံ့၊
    မြန်မာမတွေဆို သွေးဆေးနံ့၊ နေတာကြာလာရင် ဘာနံ့မှ မရတော့ပါ။

    ReplyDelete
  4. နေ့တိုင်းတွေ့နေတော့လည်း..
    တမျိုးမဆန်းတော့ဘူးပေါ့..

    ReplyDelete