ကော်ဖီဖျော်သူအီသီယိုးပီးယားသူရဲ့အပြုံး
ကျောင်းသားလေးများကလည်းအားကျမခံ
တရုတ်မလေးလည်းအိန္ဒိယအစာကြိုက်ပါတယ်
မေလ၁ရက်နေ့တိုင်းကျွန်မနေတဲ့မြို့Machabeng International College
ရဲ့ဘော်လုံးကွင်းထဲမှာနိုင်ငံတကာအစားအသောက်ပွဲတော်ကိုကျင်းပလေ့ရှိပါတယ်။
နိုင်ငံတကာဆိုပေမဲ့အိန္ဒိယ၊ဘင်္ဂလာဒေ့ခ်ျ၊ပါကစ္စတန်၊နီပေါနဲ့သီရိလင်္ကာဆိုင်တွေဘဲ
များပါတယ်။
ဒီနှစ်တော့နီပေါနဲ့သီရိလင်္ကာဆိုင်တွေမတွေ့ပါဘူး။
အိန္ဒိယဆိုင်တွေမှာဒန်ပေါက်၊ချပါတီ၊ပူရီ၊ကုလားပဲသုတ်၊မလိုင်လုံး၊ဂျလေဘီ၊
စာကလေးချီး၊စမူစာ၊ကုလားမုန့်အချိုတွေအပြင်ကျွန်မမသိတ၊ဲ့မစားဘူးတဲ့အစားအစာ
တွေရောင်းပါတယ်။
UNကဖွင့်တဲ့ကိတ်မုန့်၊ ပါမု့န်နဲ့ကွတ်ကီးဆိုင်လည်းတွေ့ပါတယ်။
ဖိလစ်ပိုင်နဲ့မောရေးရှပ်ဆိုင်ကကြက်ကင်ဝက်သားကင်ကတော့တော်တော်စားကောင်းပါတယ်။
အစားအသောက်ဆိုင်တွေအပြင်အကျီင်္အ၀တ်အစားရောင်တဲ့ဆိုင်တွေနဲ့လက်ကောက်၊ဆွဲကြိုး၊ပုတီး၊လက်စွပ်
ရောင်းတဲ့ဆိုင်တွေလည်းရှိပါတယ်။
ကြက်ခြေနီအသင်းကလာဖွင့်တဲ့တဲမှာတော့စေတနာရှင်များသွေးလှူဒါန်း
နိုင်ကြပါတယ်။
ပွဲတော်ဝင်ခပေးထားတဲလက်မှတ်ဖြတ်ပိုင်းကနံပါတ်တွေကိုလည်း၂နာရီခြား
တခါကံစမ်းမဲဖေါက်ပေးပါတယ်။
မြို့ဆင်ခြေဖုန်းအထက်တန်းကျောင်းကကျောင်းသူကျောင်းသားတွေပါဝင်တဲ့
အဆိုအကအဖွဲ့ကလည်းသူတို့ရဲ့ရိုးရာအကနဲ့ဖျော်ဖြေကြပါတယ်။
အရင်နှစ်တွေကတခါမှမဖွင့်ဘူးတဲ့အီသီယိုးပီးယားရိုးရာစားသောက်ဆိုင်က
တော့ပွဲတော်လာလူအများရဲ့စိတ်ဝင်စားမှုအရဆုံးဆိုင်ပါ။
အာရှသားတွေရောလူဖြူတွေပါသူတို့ရဲ့အစာကိုမြီးစမ်းကြည့်ပါတယ်။
ဟင်းအနှစ်များများနဲ့ဆီပြန်ချက်ထားတဲ့ဆိတ်သားဟင်း၊ကြက်ဥအလုံးလိုက်
ပြုတ်ပြီးကြက်သားနဲ့ငြုတ်သီးနဲ့ဆီပြန်၊မုန်ညင်းနဲ့သိုးသားရောကြော်တဲ့ဟင်း။
ပဲနှပ်၊ပဲသီးကြော်၊ချိစ်မွှေအစပ်နဲ့အချို၊အခြားတို့တို့တိတိဟင်း၁၀မျိုးလောက်
နဲ့တိုရှည်လိုလိုပေါက်စီလိုလိုလက်သီးဆုတ်လောက်ရှိတဲ့မုန့်လိတ်နဲ့စားရတာပါ။
ဖေါ့ဗူးတစ်ဗူးကိုရမ်၃၀(၄ဒေါ်လာ)ပေးရပါတယ်။
မစားဘူးတဲ့အစာမို့ကျွန်မလဲစားကြည့်ပါတယ်။
အရသာမဆိုးလှပေမဲ့မကြိုက်ပါ။
ဒါ့အပြင်အီသီယိုးပီးယားကော်ဖီကိုလည်းသောက်ကြည့်ပါသေးတယ်။
ရေနွေးကြမ်းပုဂံနဲ့ကော်ဖီတစ်ခွက်၅ရမ်(၀.ရ၅ဒေါ်လာ)ပါ။
ဆိုင်ရှင်ပြောပြချက်အရသူတို့နိုင်ငံကထွက်တဲ့ကော်ဖီစေ့ကိုလှော်အမှုန့်ကြိတ်
ပြီးလတ်လတ်ဆတ်ဆတ်ဖျော်တာလို့ဆိုပါတယ်။
အချိုကြိုက်သူကသကြားထည့်၊အချိုမကြိုက်သူတွေကသကြားမပါဘဲသောက်တဲ့
နွားနို့၊နို့ဆီမပါတဲ့ချစ်ကောင်းရဲ့ဘလက်ကော်ဖီခါးခါးလေးပါ။
ပြောင်းဖူးပေါက်ပေါက်ပုဂံလေးချထားပေးပြီးကော်ဖီနဲ့တွဲစားပါလို့ဆိုင်ရှင်က
ပြောပါတယ်။
အကကြည့်လိုက်ကွင်းထဲပတ်လိုက်၊မုန့်ဝယ်စားလိုက်နဲ့နေ့လည်၂နာရီလောက်မှာတော့
ဗိုက်လည်းတင်းမောလည်းမောခြေလည်းညောင်းပြီမို့အိမ်ကိုပြန်လာခဲ့ပါတယ်။
ကံစမ်းမဲကတော့ထုံးစံအတိုင်းမပေါက်ပါဘူးရှင်။
အီစိမ့်ပြီးပြန်ပြီမမရေ..
ReplyDeleteအစ်မရေ....ရေးထားသမျှအကုန်လုံး မြည်းကြည့်သွားတယ်ဗျို့....း)
ReplyDeleteဗိုက်စာပါတယ် ဆိုမှ ညီမ ဆီရောက်တော့ ကော်ဖီခါးခါး နဲ့ တွေ့နေတယ် မွှေးမှာပေါ့နော် ကော်ဖီတအားကြိုက်တယ်
ReplyDeleteခင်တဲ့
ရွှေစင်
ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်
ReplyDeleteပေါက်ပေါက်လည်းကြိုက်တယ် ထုံးစံအတိုင်း ကံစမ်းမဲကတော့ မပေါက်ပါဘူးရှင် အဟက် တူပြန်ပြီ။
ညီမလေးက ကော်ဖီသရဲမို့လို့ အီသီယိုပီးယားကော်ဖီဆိုတာလေးတော့ မြည်းကြည့်ချင်သား :)))
ReplyDelete