Friday, August 12, 2011

နှင်းတောင်များဆီသို့








တောင်စောင်းပေါ်မှတည်းခိုအိမ်များနဲ့စားသောက်ဆိုင်


လူငယ်တွေလည်းပျော်ကြတယ်




ကလေးတွေလည်းပျော်ကြတယ်




ရောက်ပါပြီ..နှင်းလျှောစီးတဲ့နေရာ


စခန်းသို့အ၀င်


နှင်းတွေနဲ့တောင်


နှင်းတွေနဲ့တောင်ပေါ်လမ်း




တောင်ခြေမှOX BOW LODGE


မြူတွေလား..နှင်းတွေလား

နှင်းတောင်တန်းများဆီသို့


တောင်ပေါ်အတက်လမ်း


တောနဲ့တောင်တန်း


တောင်ပေါ်သို့

သြဂုတ်လ၇ရက်နေ့ကမိတ်ဆွေများနဲ့အတူရေခဲတောင်တွေဆီခရီးထွက်ဖြစ်ပါတယ်။
နှင်းတွေမြင်ချင်လို့Ox Bowလို့ခေါ်တဲ့နှင်းလျှောစီးတဲ့နေရာကိုအလည်ထွက်ခဲ့ကြတာပါ။
မြို့တော်ကနေကားနဲ့၃နာရီခွဲလောက်သွားရပါတယ်။
ပေ၁သောင်းကျော်အမြင့်မှာဒယ်အိုးလိုခွက်နေတဲ့နေရာမှာနှင်းလျှောစီးစခန်းကို
တည်ထားတာပါ။
စခန်းကနေကေဘယ်ကြိုးတွေနဲ့ဆွဲပြီးတောင်ပေါ်ကိုတင်ပေးပါတယ်။
တောင်ထိပ်ကမှလျှောစီးကြတာပါ။အခြားနိုင်ငံကနှင်းလျှောစီးစခန်းတွေလောက်
မကြီးမားမရှည်လျားပေမဲ့အာဖရိကရဲ့တစ်ခုတည်းသောနှင်းလျှောစီးတဲ့နေရာမို့
အာဖရိကတခွင်ကလူတွေလာလည်ကြပါတယ်။
ကျွန်မတို့အားလုံးဒီနေရာကိုတခါမှမရောက်ဘူးကြပါ။
အရေးထဲကားမောင်းတဲ့ကိုလူမည်းကရောက်ဖူးတယ်ဆိုပြီးဟုတ်ပြီဟုတ်ရက်နဲ့
တောင်ခြေကစခန်းမှာကားရပ်ပြီးရောက်ပြီဆိုပါတယ်။
ဘေးဘီကြည့်တော့လည်းတောင်နံရံမှာနှင်းတွေကကွက်တိကွက်ကြား၊နှင်းလျှောစီးဖို့နေနေသာသာကျောက်တုံးတွေနဲ့ချော်မလဲအောင်
တောင်မနည်းလမ်းလျှောက်ရမှာပါ။
နှင်းတွေများပျော်ကုန်လို့လား...မဟုတ်သေးပါဘူးဆိုပြီးစခန်းကဧည့်ကြိုနေရာမှာမေးမှဆက်သွားရအုန်းမယ်ဆိုတာသိရပါတယ်။
နောက်ထပ်နာရီဝက်လောက်နှင်းတောင်တွေတတောင်ပြီးတတောင်ကျော်ပြီးမှ
နှင်းလျှောစီးစခန်းကိုဒယ်အိုးခွက်ထဲမှာဘွားကနဲတွေ့ရပါတယ်။
ထူးဆန်းတာကအမည်းနိုင်ငံမှာရှိတဲ့နှင်းလျှောစီးစခန်းမှာအမည်းမတွေ့ရဘဲ
အဖြူတွေချည်းဘဲတွေ့ရတာပါ။
ဒီနိုင်ငံသားလူမည်းတွေမေးကြည့်တော့လည်းလမ်းဘေးကသာဖြတ်သွားဘူးကြတာ၊
စခန်းထဲအထိမရောက်ဘူးကြပါ။
လူဖြူတွေရဲ့ကိုလိုနီဘ၀မှာဖိနှိပ်ခံ၊ခွဲခြားဆက်ဆံခံလာကြရတော့လွတ်လပ်ရေးရပြီးတော့လည်းအဖြူတောကိုမတိုးရဲတဲ့အငုံစိတ်ကရှိနေကြတုန်းမို့လူဖြူတွေအများစုလာလေ့ရှိတဲ့
နေရာတွေကိုသူတို့လာရဲကြဟန်မတူပါဘူး။
နှင်းလျှောစီးမတတ်သေးတဲ့သူတွေအတွက်ကွက်လပ်လေးမှာကြိုးတွေနဲ့လေ့ကျင့်တဲ့
ski schoolလည်းရှိပါတယ်။
ကလေးတွေကပလတ်စတစ်ဖင်ထိုင်ခုံလေးတွေနဲ့သိပ်မမြင့်တဲ့ကွင်းအသေးမှာ
စီးကြပါတယ်။
နှင်းလျှောစီးကျွမ်းကျင်တဲ့သူတွေနဲ့ski schoolမှာကျင့်ပြီးသူတွေကတော့ကေဘယ်ကြိုးတွေနဲ့
ဲ့တောင်ထိပ်တက်ပြီးစီးချပါတယ်။စီးတတ်သူတွေကတော့လှလှပပစီးလို့၊
မကျွမ်းကျင်သူတွေကတော့တဘိုင်းဘိုင်းလဲကြ။ပြန်ထစီးကြနဲ့။
ကျွန်မတို့အားလုံးskiမစီးတတ်ကြတာမို့နှင်းတောထဲမှာဓါတ်ပုံတွေရိုက်ပြီး
ပြန်ခဲ့ကြပါတယ်။
အာဖရိကဆိုတာရုပ်ရှင်တွေထဲကလိုလွင်တီးခေါင်ခေါင်ပူပြင်းချောက်သွေ့တဲ့
သဲကန္တာရတွေရှိသလိုအင်မတန်အေးပြီးနှင်းတွေဝေတဲ့နေရာတွေလည်းရှိကြောင်း
တင်ပြလိုက်ရပါတယ်။

7 comments:

  1. အာဖရိကား မှာ ဒီလိုနေရာမျိုးတွေလည်း ရှိတယ်ဆိုတာ ညီမ ပြောတော့ မှ သတိထားမိတယ် ကျေးဇူး

    အရင်တုန်းက လူမျိုးရေးခွဲခြားမှု့ကြောင့် အမဲတွေ မလာတာ ဖြစ်နိုင်ပါတယ် အမ အခု မာတင်လူသာကင်း ဖတ်နေတာ သိပ်ခံစားရတယ်

    ညီမ ရဲ့ ခရီးစဉ် လေးအတွက် ကြည်နူးမိတယ်

    ReplyDelete
  2. အာဖရိကမှာ နှင်းတောင်ရှိတယ်ဆိုတာ
    ခုမှဘဲသိတော့တာ အမရေ..

    လူမည်းတွေဘဝလေးကလည်း သနားစရာပါဘဲနော်..
    တကယ်တော့အမရယ်.. အပြင်ဘက်အမဲအဖြူထက်
    အတွင်းဘက် အမဲအဖြူက ပိုအရေးကြီးပါတယ်..

    ချစ်တဲ့ Blackroze

    ReplyDelete
  3. နောက်လမှာ နှင်းတောင်တွေအများကြီးရှိတဲ့ နိုင်ငံသွာရမှာမို့ ပုံတေံသေချာကြည့်သွားတယ်။

    ReplyDelete
  4. သွားချင်လိုက်တာ မမရာ..။

    ReplyDelete
  5. ပုံတွေကြည့်ပြီး သွားချင်စိတ် တဖွားဖွားပေါက်မိတယ်
    နှင်းလွှာလျှော စီးရရင် သိပ်မိုက်မှာ

    ReplyDelete
  6. အာဖရိက မှာလဲနှင်းတောင်ရှိတယ်နော်...
    မသ်ရတာလေးသိလိုက်ရလို့ကျေးဇူးပါရှင်။

    ReplyDelete
  7. nice share picture my friend:)
    greetings from Makassar - Indonesia

    ReplyDelete