ကျွန်မတို့မြန်မာတွေဟာအလွန်အားနာတတ်ကြသူတွေပါ။တခုခုအကူအညီတောင်း
ရင်လည်းကူညီနိုင်တဲ့ကိစ္စဆိုရင်မငြင်းတတ်ဘဲအင်တိုက်အားတိုက်ကူညီလေ့ရှိပါတယ်။
အားနာတတ်တဲ့အားနည်းချက်ကိုတစ်ချို့လူတွေကအခွင့်ကောင်းယူပြီးအခွင့်အရေးယူ
တာက်ုခံကြရပါတယ်။ကျွန်မနေတဲ့တိုက်ဟာအခန်းပေါင်း၄၅ခန်းရှိပြီး၁၅ခန်းကမြန်မာ၊
ကျူးဘား၊ဖိလစ်ပိုင်၊တရုတ်နဲ့ဒီနိုင်ငံကအမဲတွေနေပြီးကျန်အခန်းတွေကတော့အိန္ဒိယ၊
ဘင်္ဂလာဒေ့ခ်ျ၊ပါကစ္စတန်၊နိပေါတို့ကလာတဲ့ကုလားတွေနေကြပါတယ်။
ဒါကြောင့်ကျွန်မတို့ရဲ့အိမ်နီးချင်းတွေဟာကုလားတွေဖြစ်ပါတယ်။
တချို့ကယဉ်ကျေးမှုရှိပြီးနားလည်သိတတ်ကြပေမဲ့တချို့ကတော့စိတ်ဓာတ်သိမ်ဖျင်းပြီး
စီးပိုးကြပါတယ်။
မြန်မာဆရာဝန်မမလှဟာအောက်ဆုံးအထပ်မှာနေသူပါ။
တခုသောည၉နာရီခွဲလောက်မှာအပေါ်ဆုံးထပ်ကကုလားမုတ်ဆိတ်တံခါးလာခေါက်
ပါတယ်။သူ့မိန်းမနေမကောင်းလို့ဆရာဝန်လာပင့်တာပါ။
ညနက်နေပြီမို့လူနာကိုခေါ်ခဲ့ပါပြောတော့လုံးဝမထနိုင်တဲ့အကြောင်းနဲ့သူ့မိန်းမသာတခုခု
ဖြစ်သွားရင်ခလေး၃ယောက်နဲ့သူဒုက္ခဖြစ်တော့မယ်ကူညီပါဆိုပြီးမျက်နှာငယ်နဲ့
ပြောတော့နဂိုကမှသနားတတ်တဲ့မမလှကသွေးပေါင်ချိန်စက်နဲ့နားကျပ်လေးဆွဲပြီး
အပေါ်ထပ်ကိုလိုက်သွားပါတယ်။
သူတို့အခန်းရောက်တော့လုံးဝမထနိုင်ဘူးဆိုတဲ့လူနာကအိမ်မှာမရှိပါဘူး။
မမလှကိုခဏထိုင်ပါအုံးဆိုပြီးလူနာကိုသွားခေါ်ပါတယ်။လူနာကုလားမက၂ခန်းကျော်
အိမ်ကခလေးခါးထစ်ခွင်ချီပြီးထွက်လာပါတယ်။နေမကောင်းတဲ့ပုံလည်းမရှိ၊
ရောက်လက်စနဲ့မထူးတော့ဘူးဆိုပြီးသွေးပေါင်ချိန်၊စမ်းသပ်ကြည့်တော့လည်းအားလုံးအကောင်း။
အောင့်သက်သက်နဲ့ပြန်လာပြီးဒီအကြောင်းကျွန်မတို့ကိုပြောပြပါတယ်။
တကယ်နေမကောင်းတဲ့အိမ်နီးချင်းကိုလိုက်ကြည့်ပြီးကုသပေးရတာအပမ်းမကြီးပေမဲ့
လူလည်ကျတာတော့ဘယ်ခံချင်ပါ့မလဲလေ။
ကျွန်မတို့လည်းနောက်တခါခေါ်ရင်မလိုက်နဲ့လို့မြှောက်ပေးကြပါတယ်။
နောက်၁လလောက်နေတော့ည၁၀နာရီလောက်လာခေါ်ပြန်ပါတယ်။
ဒီတခါတော့မမလှနပ်သွားပါပြီ။သွေးပေါင်ချိန်စက်ကိုနယ်ကမိတ်ဆွေယူသွား
ပြီမို့မရှိတော့ကြောင်း။နားကျပ်လည်းဆေးရုံမှာကျန်ခဲ့လို့လိုက်ကြည့်မပေးနိုင်ကြောင်း၊
တခြားအခန်းကဆရာဝန်သွားခေါ်ကြည့်။မရရင်တော့ဆေးရုံသာခေါ်သွားပေတော့လို့
ပြောလိုက်ပါတယ်။
နောက်တော်တော်ကြာမှကျွန်မဘေးခန်းကကုလားမနဲ့စကားစပ်မိရင်းမုတ်ဆိတ်တို့
လင်မယားအကြောင်းသိရပါတယ်။
မုတ်ဆိတ်ကသူ့ထက်အသက်၂၀လောက်ငယ်တဲ့မိန်းမကိုယူထားပြီးသူ့မိန်းမကို
အင်မတန်အလိုလိုက်ဆိုဘဲ။လင်မယားခဏခဏရန်ဖြစ်ပြီးရန်ဖြစ်ပြီဆိုရင်သူ့မိန်းမက
ရင်တုန်၊သွေးတက်၊မူးလဲ၊ရောဂါပြပြီးမူလကျီလုပ်တော့တာပါ။
မုတ်ဆိတ်တို့လင်မယားအချစ်စမ်းပွဲမှာဘုမသိဘမသိနဲ့မမလှကြီးခံလိုက်ရတာပါ။
အလုပ်လာလုပ်တဲ့မြန်မာတွေထဲမှာမိုးလေးဟာအသက်အငယ်ဆုံးပါ။ရိုးပြီးအလွန်အားနာ
တတ်သူပါ။တနေ့မှာသူနဲ့စက်ရုံတစ်ခုထဲအတူအလုပ်လုပ်တဲ့ကုလားမသူ့အိမ်ကိုလာလည်
ပါတယ်။ဒီကုလားမဟာမိုးလေးထက်အရင်ရောက်ပြီးလခလည်းမိုးလေးထက်ပိုရသူပါ။
အတောင်းအရမ်းအချေးအငှားထူပြီးလူလည်ကျလို့အလုပ်မှာလည်းနာမည်ကြီးပါ။
သူများကားကြုံလိုက်ပါရစေဆိုပြီးလိုက်လာပြီးကားပေါ်ရောက်မှလမ်းမကြုံတဲ့နေရာကို
အတင်းလိုက်ပို့ခိုင်းတတ်သူလည်းဖြစ်ပါတယ်။
မိုးလေးအခန်းထဲကအ၀တ်လျှော်စက်အဟောင်းလေးမြင်သွားပြီးသူ့အ၀တ်တွေလာ
လျှော်ပါရစေသိပ်မများပါဘူးဆိုပါတယ်။အားနာတတ်တဲ့မိုးလေးကခွင့်ပြုလိုက်ပါတယ်။
နောက်နေ့မှာခြင်းကြီး၂ခြင်းနဲ့အပြည့်စောင်တွေအိပ်ရာခင်းတွေပါမကျန်ယူချလာတဲ့
ကုလားမကိုကြည့်ရင်းမိုးလေးမျက်လုံးပြူးနေပါတယ်။
အားနာမှုရဲ့နောက်ဆက်တွဲကတော့မိုးလေးရဲ့ရေနဲ့လျှပ်စစ်သုံးပြီး၃ခါလောက်လှည့်သွား
တဲ့အပြင်ဆပ်ပြာမှုန့်ကုန်သွားတယ်ဆိုလို့ဆပ်ပြာမှုန့်ပါစိုက်လိုက်ရပါသေးတယ်။
နေရာတကာမှာအားနာတတ်တာမကောင်းကြောင်း။မသိတတ်သူကိုဗြောင်ပြောပြီး
ငြင်းသင့်ကြောင်း၊၁နာရီလောက်လက်ချာရိုက်လိုက်ပါတယ်။
သူများတွေကိုအားမနာဖို့မြှောက်ပေးပြီးဆရာကြီးလုပ်တဲ့ကျွန်မအလှည့်ရောက်လာပါပြီ။
ကျွန်မနဲ့၃ခန်းကျော်မှာလွန်ခဲ့တဲ့၁လလောက်ကမှပြောင်းလာတဲ့ကုလားမိသားစုရှိ
ပါတယ်။ခလေး၃ယောက်ပါပါတယ်။လမ်းတွေ့ရင်နှုတ်ဆက်ပြုံးပြရုံကလွဲလို့စကားတောင်
၃၊၄ခွန်းပြည့်အောင်မပြောဘူးပါ။
တနေ့မှာသူ့အိမ်ကအိမ်ဖေါ်မလေးလွှတ်ပြီးကုလားမကထီးခဏငှားပါတယ်။
လက်လွယ်တဲ့ကျွန်မငှားလိုက်ပါတယ်။နောက်ရက်မှပြန်ရပါတယ်။
၂ရက်၃ရက်နေတော့ကြက်သွန်ဖြူလာချေးပြန်ပါတယ်။ဒီမှာကြက်သွန်ဖြူကဈေးကြီး
ပါတယ်။
အမွှာတွေနဲ့ဥကြီးတစ်ဥကိုဒေါ်လာဝက်လောက်ပေးရပါတယ်။
အိမ်နီးချင်းဆိုတဲ့အားနာစိတ်နဲ့ပေးလိုက်ပါတယ်။မေ့ချင်ယောင်ဆောင်ပြီးပြန်မပေးပါ။
ကျွန်မအခန်းကပေါ်ထပ်မှာမို့ခြံဝန်းထဲကအ၀တ်တန်းတွေကိုအမြဲအောက်ဆင်းမလှမ်းဖြစ်
တော့ဝရံတာမှာထုတ်လှမ်းနိုင်တဲ့ပေါ့ပေါ့ပါးပါးစတီးအ၀တ်တန်းလေးဝယ်ထားပါတယ်။
မကုလားမကအဲဒီအ၀တ်တန်းကိုမျက်စေ့ကျတော်မူပါတယ်။
ခဏခဏလာငှားပါတယ်။ကျွန်မကတနေကုန်အလုပ်သွားရသူမို့အားတဲ့အချိန်လေး
အ၀တ်လျှော်ဖွတ်လှမ်းရသူမို့မငှားပါ။ပြီးတော့သူ့အချေးအငှားထူပြီးဇတ်ရှုတ်တာ
လည်းမကြိုက်လို့ကင်းကင်းရှင်းရှင်းနေချင်တာလဲပါပါတယ်။ဒါလည်းအမှတ်မရှိ
စနေတစ်ရက်မှာထပ်လာငှားပြန်ပါတယ်။
၎၊၅ခါလာငှားပြီးတခါမှမပေးလိုက်တော့အားနာတဲ့စိတ်ကလေးကခေါင်းပြူလာပါတယ်။
တခါလောက်ပေးလိုက်ပါမယ်လေ။ငါလည်းလောလောဆယ်ဆယ်လှမ်းစရာမှမရှိတာ
ဆိုပြီးပေးလိုက်ပါတယ်။
ပြန်လာပေးနိုးစောင့်ရင်း၃ရက်သာကြာရောလာမပေးပါ။သူ့ကလေးအ၀တ်တွေတော့
နေ့တိုင်းထုတ်လှမ်းနေတာမြင်ပါတယ်။ကိုယ့်ပစ္စည်းကိုယ်တောင်းရမှာဝန်လေး
နေပါတယ်။
အသိရှိရှိလာပေးမလားစောင့်ရင်းမလာတော့၎ရက်မြောက်နေ့မှာသွားတောင်းရပါတော့တယ်။
ကုလားမကမျက်နှာတင်းတင်းနဲ့ခဏနေအုန်းဆိုပြီးအ၀တ်တန်းကသူ့ကလေးအ၀တ်တွေ
ကိုဆောင့်ကြီးအောင့်ကြီးရုတ်ပြီးအထဲဝင်သွားပါတယ်။သူများပစ္စည်းငှားပြီးကျေးဇူးတင်
ကြောင်းပြောဖို့နေနေသာသာရန်တွေ့အလွှတ်မခံရတာကံကောင်း..။
အားနာသူကြီးကျွန်မကိုယ့်အ၀တ်တန်းလေးကိုယ်မပြီးအိမ်ပြန်သယ်လာရပါတယ်။
နောင်ဘယ်တော့မှလက်မလွယ်ဖို့၊ကျေးဇူးခံကျေးဇူးစားလည်းမရှိတဲ့တစိမ်းတွေကို
အလကားနေရင်းအားမနာဖို့သင်ခန်းစာကောင်းကောင်းရသွားပါပြီရှင်။
Sunday, April 4, 2010
Subscribe to:
Post Comments (Atom)
ဟယ်...အဲသလိုကြီးတွေလား မမ...
ReplyDeleteအံ့ရော အံ့ရော...ညီမလေးတို့နဲ့များ ကွာပ့ါနော်...လူမျိုးကွာလို့ ထင်ပါရဲ့...စရိုက်တွေလည်း ကွာကုန်လိုက်ကြတာနော်...
မမရေ...မှတ်သာထားပေတော့ နောက်တစ်ခါမခံရအောင်လေ...
ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း
လူဆိုးတွေပါလားဗျာ ...အစ်မဆီက တစ်ခေါက်နဲ့တစ်ခေါက် မရိုးရအောင်ကို ကြားရတယ်နော် ....။ ဘယ်လိုလူတွေလည်းမသိဘူးနော် ...အံ့ရော...။
ReplyDeleteနောက်ဆက်တွဲများကိုလည်း မျှော်နေပါသည်...။
အားနာလို့ လိုက်လျောတာ အ တယ်လို့ ထင်နေသူတွေပေါတယ် ညီမရေ။ မှတ်သားစရာပါပဲဗျာ။
ReplyDeleteညီမ ရေ
ReplyDeleteညီမ အင်ကြင်း ပြောတဲ့ အတိုင်းပါဘဲ.. ဒါနဲ့ ညီမ ကစိတ်ရှုတ်တတ် တယ် ထင်တယ်နော်.. ပျော်ပျော် နေပါညီမရယ်.. လောကကြီး မှာ လူတိုင်းဟာ သူ့အပူနဲ့ သူ ကြီးပါဘဲ.. စိတ်ထားတတ်ရင် ဘဝဟာ နေပျော်သွားမှာပါ..
ခင်တဲ့
ရွှေစင်
မမရေ ဒီနေ့တော့ စာလာဖတ်ပါတယ်ရှင် လူအမျိုးမျိုး စိတ်အထွေထွေ ပေါ့နော် အမ ဒါပေမယ့် အားမနာတက်တဲ့လူ တွေနဲ့ ကြုံရင် စိတ်ညစ် စရာကြီးနော်
ReplyDeleteဖတ်ရင်း ဖတ်ရင်းနှင့် သြော် ဖြစ်ရလေရယ်လို့၊
ReplyDeleteစိတ်ချမ်းသာအောင်နေနော်
ReplyDeleteအားမနာနဲ့နော်
ReplyDeleteသတိထား
ခါးမပါခဲ့ရင် တော်သေးတာပေါ့ဗျာ :P
ReplyDeleteကြားရတာ စိတ်တိုစရာကောင်းလိုက်တာနော်....။
ReplyDeleteဒီကုလားမတွေ တော်တော်ဆိုးတာကိုးးးးးးးး
နောက်တစ်ခါ လုံးဝအားမနာနဲ့....။
(သူများသာ မြှောက်မေးနေတာ.... ကိုယ်တိုင်က ဟိုဘက်ကမ်းတောင် လွန်လို့.....း))
နှစ်သစ်မှာ မင်္ဂလာရှိစွာနဲ့ အစစအရာရာ အားလုံး အဆင်ပြေပျော်ရွှင်ပါစေဗျာ.....။
ခင်မင်တဲ့
ဏီလင်းညို