Thursday, March 11, 2010

ကျွန်မမှာမိန်းမသား(၁)

ဒီနိုင်ငံသူလုပ်ဖေါ်ကိုင်ဖက်မမများနဲ့စကားလက်ဆုံကျရင်းသူတို့နိုင်ငံရဲ့ဓလေ့နဲ့
အမျိုးသမီးတွေရဲ့ဘ၀ကိုတစေ့တစောင်းလေ့လာမိပါတယ်။
ဒီကအများစုအမျိုးသမီးတွေရဲ့ဘ၀ဟာအခွင့်အရေးတွေနည်းပါးလွန်းပြီးသနား
စရာအလွန်ကောင်းပါတယ်။
အိမ်ထောင်ကျပြီဆိုရင်မိန်းမရဲ့တာဝန်ဟာလင်ယောင်္ကျားကိုချက်ပြုတ်ကျွေးမွေး
ပြုစုဖို့နဲ့သားသမီးတွေကိုစောင့်ရှောက်ဖို့ပါ။အိမ်စားရိတ်နဲ့သားသမီးတွေကျောင်း
စားရိတ်မလောက်ငရင်ဒီတာဝန်တွေအပြင်ရရာကျပန်းအလုပ်ပါထွက်လုပ်ကြရပါ
သေးတယ်။လင်ယောင်္ကျားဟာမိသားစုကိုရှာဖွေကျွေးသည်ဖြစ်စေ၊မကျွေးသည်ဖြစ်စေ၊
သစ္စာရှိသည်ဖြစ်စေ၊သစ္စာမဲ့သည်ဖြစ်စေ၊ကောင်းကောင်းဆိုးဆိုးသူဟာအိမ်ရဲ့အရှင်
သခင်ပါ။မိန်းမလုပ်သူကယောင်္ကျားဘယ်သွားမယ်၊ဘာလုပ်မယ်၊ဘယ်အချိန်ပြန်လာ
မယ်၊ဆိုတာမေးပိုင်ခွင့်မရှိပါဘူး။ယောင်္ကျားကလဲအရေးတယူပြောလေ့မရှိပါ။
သူတို့စိတ်ကြိုက်လွတ်လွတ်လပ်လပ်သွားလာနေနိုင်ကြပါတယ်။
မိန်းမကစောဒဂတက်လို့မရပါ။
သားသမီးတွေမွေးလာတော့လည်းပြုစုစောင့်ရှောက်ရတဲ့မိခင်ကသားသမီးကိစ္စအ၀၀
ကိုဆုံးဖြတ်လို့မရပါ။ဖခင်နဲ့ဖခင်ဖက်ကမိဘဆွေမျိုးတွေကသာဆုံးဖြတ်လေ့ရှိပါတယ်။
ပိုဆိုးတာကသူတို့ဓလေ့အရယောင်္ကျားတစ်ယောက်ဟာမိန်းမတစ်ယောက်မက
ယူနိုင်တာပါ။
နောက်မိန်းမယူတာမယားကြီးက၀င်ပြီးတားခွင့်စွက်ဖက်ခွင့်မရှိပါ။
ဒီ့အပြင်သမီးရည်းစားမကလင်မယားမကျ(သူတို့အခေါ်ညာစီး)လို့ခေါ်တဲ့မီးငယ်လေးတွေ
လည်းရှိကြပါသေးတယ်။
တစ်ခါတရံယောင်္ကျားကခရီးထွက်မယ်ဆိုပြီးအိမ်ကမိန်းမကအ၀တ်အစားတွေထည့်ပြင်ဆင်ပေးပြီးတကယ်ကခရီးထွက်တာမဟုတ်ဘဲဟိုဘက်ရပ်ကွက်ကညာစီးအိမ်မှာ၁ပတ်၊
၂ပတ်သွားနေနေတာပါ။
မိန်းမကပတ်ဝန်းကျင်ပြောစကားအရအဖြစ်မှန်ကိုသိပေမဲ့ကလေးတွေကိုအသိပေးလေ့
မရှိပါ။
၂ပတ်လောက်နေမှအိတ်ဆွဲပြီးပြန်လာတဲ့ယောင်္ကျားကိုတကယ့်ခရီးကပြန်လာသလို
မသိဟန်ဆောင်ပြီးခရီးဦးကြိုပြုရတဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့ရင်ထဲကနာကျင်မှုကို
မျှဝေခံစားမိပါတယ်။
အချိုံ့ယောင်္ကျားများကျတော့လည်းရတဲ့လစာမိန်းမကိုမပေးဘဲမိသားစုစားဖို့တစ်လစာ
ဝယ်ချမ်းပေးပြီးကျန်တာအရက်သောက်၊မီးငယ်လေးကိုပေးတတ်ပါတယ်။
မမတို့ကလစာလုံးဝမပေးဘဲသူတို့ဟာသူတို့သုံးဖြန်းပြီးမိန်းမလုပ်စာကိုအရက်သောက်ဖို့နှိပ်စက်တောင်းတတ်တဲ့ယောင်္ကျားတွေထက်စာရင်ဒီလိုမိသားစုတွက်တစ်လစာဝယ်ချမ်း
ပေးတဲ့သူဟာသူတို့တွက်လင်ကောင်းသားကောင်းဆိုဘဲ။
ကျွန်မကငွေလည်းမအပ်၊မိသားစုလည်းလောက်ငအောင်ရှာမကျွေးအငယ်ကလည်းထားသေးဆိုတော့ဘာလို့ဆက်ပေါင်းနေလဲ၊ကွာပြစ်ပါလားလို့ချွန်တွန်းလုပ်တော့လင်မယား
ကွာရင်မိန်းမရဲ့မိဘအိမ်ကိုပြန်ပို့ခံရပါတယ်။
ကလေးတွေကတော့ယောင်္ကျားဘက်ကယူထားတတ်ပါတယ်။
သူတို့ထုံးတမ်းစဉ်လာအရယောင်္ကျားရပြီးသမီးကိုကြာရှည်လက်ခံထားလေ့မရှိဘဲ
ယောင်္ကျားထံပြန်ပို့ပါတယ်။အဲဒီအချိန်ယောင်္ကျားကပြန်လက်မခံရင်နေစရာလည်းမရှိ၊
သားသမီးတွေနဲ့လည်းကွဲကြရတာမို့ပိုဒုက္ခရောက်ရပါတယ်။
သူတို့ဆီကယောင်္ကျားတွေအားလုံးလိုလိုကဒီပုတ်ထဲကဒီပဲတွေဘဲမို့ကွဲကွာဖို့၊
နောက်ထပ်အားကိုးရှာဖို့မစဉ်းစားကြတော့ပါ။
ဒီအဖြစ်မျိုးဟာအမျိုးသမီးတိုင်းလိုလိုကြုံတွေ့နေကြရတာကြောင့်ဖြစ်သမျှအကြောင်း
အကောင်းရယ်လို့သာနှလုံးသွင်းကြရပါတယ်တဲ့။
ခုခေတ်မိန်းခလေးတွေကတော့မမတို့ထက်ပိုပြီးပညာတွေလည်းတတ်လာ၊
အတွေးအခေါ်အယူအဆတွေခေတ်မှီလာ၊အမျိုးသမီးအခွင့်အရေးတွေလည်းပိုရပြီးသတ္တိတွေလည်းမမတို့ခေတ်ကထက်ပိုရှိလာတော့မမျှတဘူးထင်တဲ့ဓလေ့ထုံးတမ်း
အစဉ်အလာတွေကိုလက်မခံတော့ပဲသူတို့တုန်းကလိုကြိတ်မှိတ်သီးခံတာတွေမရှိတော့
တာကြောင့်single motherတွေပိုများလာတယ်လို့ဆိုပါတယ်။
(မုဆိုးမအမျိုးသမီးများဘ၀ဆက်ပါအုန်းမယ်။)

7 comments:

  1. တော်သေးတာပေါ့နော် မမ...ညီမလေးတို့ အဲဒီနိုင်ငံက လူမျိုးမဖြစ်တာ...မိန်းမတွေရဲ့ဘ၀ သနားပါတယ် မမရယ်...အဆက်လေးလည်း ရေးပါဦး...

    ခင်မင်လေးစားစွာဖြင့်
    ညီမလေး
    အင်ကြင်း

    ReplyDelete
  2. အင်းးးးး
    ကြားရတာ စိတ်မကောင်းဖြစ်စရာပဲ....။
    ကျွန်တော့်အတွေးကတော့ လူဟာ...လူပဲ...။
    ယောက်ျားရော...မိန်းမပါ... စိတ်ခံစားချက်ရှိတတ်တဲ့သူတွေမို့ အတူတူပဲလေ....။
    လုံးဝ မဖြစ်သင့်ဘူးလို့ မြင်ပေမယ့်လည်း သူတို့နိုင်ငံရဲ့ ထုံးစံဆိုတော့ ပြောရခက်သားဗျ....။
    အဆက်ကို မျှော်နေမယ်....
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. ဒီနိုင်ငံမှာလည်း ဒီလို ယောက်ျားတွေ ရှိပါတယ်လေ...
    ယောက်ျားဆိုရင် ကောင်းတဲ့ လူက ရှားပြီး မကောင်းတာက ခပ်များများပါ...

    ReplyDelete
  4. မမရေ..ဖတ်ပြီး ရင်နှင့်စရာပါပဲ လေ..
    လူတိုင်းအဲလို လားမမရေ..
    စိတ်ညစ်စရာ ကောင်းလိုက်တာနော်..
    အဲတာလဲ ဝဋ်တစ်ခုပဲလို့ မွန်တော့ မြင်တယ် မမရေ..

    မမရေ..မုဆိုးမအမျိုးသမီးများဘ၀ဆက် စောင့် မျှော်နေပါ့မယ်နော်..။

    ReplyDelete
  5. ဘယ့်နှယ်လူတွေပါလိမ့်နော်.....သူတို့ culture ကိုက မိန်းမတွေ အများကြီး ယူခွင့်ပေးထားတယ်ဆိုတော့....း(

    ReplyDelete
  6. အမျိုးသမီးတွေရဲ့ဘဝဟာ သနားစရာတွေပဲနော်

    ReplyDelete
  7. သနားပါတယ်။ ဖတ်ရတာ စိတ်မကောင်းဘူး။

    ReplyDelete