Saturday, January 16, 2010

မျှော်လင့်ခြင်းကောင်းကင်

ကျွန်မကိုကလေးလေးတစ်ယောက်လိုစိတ်မချဘဲအရာရာကိုဦးဆောင်ပြီးကာကွယ်
စောင့်ရှောက်ပေးခဲ့တဲ့ချစ်သူကိုမွေးရပ်မြေမှာထားခဲ့ပြီးအဝေးတစ်နေရာမှာရုန်းကန်ရင်း
ဘ၀သစ်စဖို့တစ်ယောက်တည်းရောက်လာပါပြီ။
လောကကြောင်းလဲမသိ၊လူတွေအကြောင်းလည်းနားမလည်၊ခပ်ထူထူခပ်အအနဲ့ကျွန်မ
ကိုချစ်သူစိတ်မချပေမဲ့အခြေအနေအရပ်ရပ်ကြောင့်ဇွတ်မှိတ်ပြီးလွှတ်လိုက်တယ်ဆိုတာ
နားလည်ပါတယ်။
လူမျိုးမတူ၊ဘာသာမတူ၊ယဉ်ကျေးမှုမတူသူတွေကြားထဲမှာအနှိမ်ခံရတိုင်း၊အနိုင်အထက်
ပြုတယ်လို့ခံစားရတိုင်း၊အဆင်မပြေမှုတွေနဲ့ကြုံတိုင်းအခက်အခဲတွေ့ရင်ရှေ့ကမားမား
မတ်မတ်ရပ်ပြီးအကာအကွယ်ပေးတတ်တဲ့ချစ်သူကိုတမ်းတမိပါတယ်။
စိတ်ဓါတ်ကျပြီးတွယ်ရာမဲ့သလိုခံစားရတိုင်းလည်းချစ်သူရဲ့နွေးထွေးတဲ့နှစ်သိမ့်အားပေးမှု
တွေသတိရလွမ်းဆွတ်မိပါတယ်။လွမ်းမျက်ရည်ကျလို့သုတ်ပေးမဲ့သူမရှိခဲ့ပါဘူး၊၀မ်းနည်း
ရင်ငိုကြွေးဖို့ပုခုန်းမရှိခဲ့ပါဘူး၊
ချစ်သူရဲ့အလုပ်ဟာအလားအလာကောင်းပြီးအ၀င်ခက်အထွက်ခက်တယ်ဆိုတာသိပေမဲ့
နောင်၂နှစ်ကြာရင်အလုပ်ထွက်ပြီးလိုက်လာခဲ့မယ်ဆိုတဲ့ချစ်သူရဲ့ဂတိစကားတွေကို
ယုံကြည်မျှော်လင့်ရင်းအားတင်းပြီးနေခဲ့ရပါပြီ။
၂နှစ်ကြာအထည်းကျန်တဲ့နေ့ရက်တွေဖြတ်ကျော်ပြီးအလုပ်ထွက်ခွင့်မရကြောင်းသိရချိန်မှာတော့ကျွန်မစိတ်ဓါတ်တွေ
တော်တော်ကျခဲ့ရပါတယ်။အကြောင်းကြောင်းကြောင့်ချစ်သူရှိရာပြန်မလာနိုင်တဲ့ကျွန်မနဲ့ချစ်သူပြန်လည်ဆုံနိုင်ခွင့်မှ
ရှိပါတော့မလား။
ချစ်သူကတော့အားမလျှော့ဘဲထွက်ခွင့်ရအောင်ဆက်လက်ကြိုးစားနေပြီးကျွန်မကို
လည်းစိတ်ဓါတ်မကျဖို့အားပေးနေဆဲပါ။
အလုပ်မှာအစစအဆင်ပြေနေပါရက်နဲ့ကျွန်မကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့အားလုံးကိုစွန့်လွှတ်ပြီးထွက်လာမဲ့ချစ်သူကို
မရေရာပေမဲ့မ၀ံ့မရဲနဲ့ဆက်လက်မျှော်လင့်နေဆဲပါ။
ချစ်သူရဲ့သစ္စာတရားကိုလည်းယုံကြည်နေဆဲပါ။
နောက်၅နှစ်မှာ...
ကျွန်မဘက်ကချစ်သူကိုသစ္စာရှိရှိစောင့်နေမှာတော့သေချာပါတယ်။
ချစ်သူကရောကျွန်မအပေါ်သစ္စာစောင့်ပြီးအရင်လိုချစ်ခင်မြတ်နိုးနေအုန်းမှာလား?
အနေဝေးနေတဲ့ကျွန်မထက်ပိုပြီးချစ်ရမဲ့သူတွေ့ပြီးကျွန်မကိုတယောက်ထဲထားခဲ့မှာလား?
သူကြိုးစားခဲ့သလိုတကယ်အလုပ်ထွက်ခွင့်ရပြီးကျွန်မနောက်ကိုလိုက်လာမှာလား?
အဖြေမထွက်တဲ့မေးခွန်းပေါင်းများစွာ၊ခါးသီးတဲ့ပူပန်မှုတွေ၊မရေရာတဲ့မျှော်လင့်ချက်တွေနဲ့အချိန်တွေကိုကျော်ဖြတ်နေပါတယ်။
ကံကြမ္မာဆိုတာနောက်၁စက္ကန့်၊၁မိနစ်၊၁နာရီမှာတောင်ဘာတွေဖြစ်မလည်းဆိုတာ
မသိနိုင်တာမို့ကျွန်မတို့နှစ်ယောက်ပြန်ဆုံနိုင်မဆုံနိုင်ကိုကံတရားကအဆုံးအဖြတ်ပေးမှာပါ။
မိတ်ဆွေများလည်းကျွန်မတို့ချစ်သူ၂ယောက်ပြန်လည်ဆုံဆည်းနိုင်အောင်ဆုတောင်း
ပေးကြပါရှင်။


ကျွန်မကဗျာနဲ့အချစ်ဝတ္တုတွေမရေးတတ်ပါဘူး၊ကိုဏီလင်းညိုတဂ်ထားလို့ကြိုးစားရေး
လိုက်ပါတယ်။

8 comments:

  1. မရေ...
    မရဲ့ ချစ်သူကလည်း မလိုပဲ သစ္စာရှိရှိနဲ့ မအပေါ်မှာ ဆက်လက်ချစ်ခင် မြတ်နိုးသွားပြီး မတို့ချစ်သူနှစ်ဦးလည်း အမြန်ဆုံးပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်....

    ခင်တဲ့
    ညီမ
    အင်ကြင်း

    ReplyDelete
  2. တက်ဂ်ပို့စ်လေးလာဖတ်တယ်ဗျ...။
    ချစ်တဲ့သူနဲ့ ပြန်ဆုံဖို့ နှစ်ယောက်စလုံး...စက္ကန့်တွေပေါ်မှာဖြတ်သန်းစီးမျောနေခဲ့ကြရတဲ့ ပုံရိပ်လေးတွေကို...ဒီစာလေးထဲမှာ မြင်မိတယ်....။
    ဆုတောင်းပေးတယ်ဗျာ...။ ပြန်ဆုံတဲ့အခါ ပျော်ရွှင်ခြင်းတွေအနှိုင်းမဲ့စွာနဲ့ ဖြစ်နေပါစေလို့...။
    သစ္စာတရားဆိုတာကို စောင့်ထိန်းနေတတ်သူတွေအဖို့ကတော့ အချိန်တွေဟာ... အရေးမကြီးလောက်ဘူးထင်ပါတယ်ဗျာ...။ ဘယ်လောက်ပဲဝေးဝေးပေါ့နော်...။
    သူလည်း...စောင့်နေမှာပါ...။
    ရေးလေ့မရှိတဲ့ စာလေးကို ကျွန်တော်တက်ဂ်ထားလို့ရေးပေးတာ.... အရမ်းကျေးဇူးတင်ပါတယ်ဗျာ...း) အမှတ်တရပါပဲ....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. အားလုံး အဆင်ပြေသွားမှာပါ...
    ပျော်ပါစေ
    *.*.*

    ReplyDelete
  4. အစ်မရေ....ပြီးခဲ့တဲ့ရက်ကပဲ ရန်ကုန်ကပြန်ရောက်ပါတယ် ။
    တစ်ယောက်ကိုတစ်ယောက်ချစ်ကြတယ်ဆိုရင် ဆုံဆည်းနိုင်မှာ သေချာပါတယ် အစ်မရယ် ....။ တကယ်ချစ်ကြတဲ့ ချစ်သူတွေ မြန်မြန်ဆုံဆည်းနိုင်ဖို့ ခရမ်းဆုတောင်းပေးလိုက်ပါတယ်နော်....း)

    ReplyDelete
  5. ပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  6. ဆုံဆည်နိုင်ပါစေဗျာ ခုလိုချစ်ကြတာတွေ မြင်တော့ အားကျသဗျ

    ReplyDelete
  7. မမရေ..အမြန်ဆုံးပြန်ဆုံနိုင်ပါစေနော်..။

    ReplyDelete
  8. ညီမ ရေ

    ပူမနေနဲ့ အသစ်တယောက် ရ နဲလား

    အလားကား စတာပါနော် ဆုတောင်းပေးပါတယ်ဗျာ

    ချစ်သော
    ရွှေစင်ဦး

    ReplyDelete