Friday, September 18, 2009

စိုစိ

သူတို့ဘာသာစကားနဲ့စိုစိဆိုတာမြန်မာလိုလူဆိုး၊သူခိုး၊ဓားပြကိုခေါ်တာပါ။ဒီနိုင်ငံဟာ
အာဖရိကထုံးစံအတိုင်းရာဇ၀တ်မှုထူပြောပါတယ်။သူတို့လူမျိုးဟာသွေးဆိုးပါတယ်။
စိတ်ဓာတ်ရက်စက်ကြမ်းကြုတ်ပြီးဇက်ရဲလက်ရဲလဲရှိပါတယ်။
ဓားပြစိုစိတွေဟာအသက်အရွယ်စုံပြီး၅ယောက်က၁၀ယောက်အထိစုရုံးဂိုဏ်းဖွဲ့ 
လှုပ်ရှားကြပါတယ်။အခြားအာဖရိကတိုက်ကနိုင်ငံသားတွေလဲဒီအုပ်စုထဲမှာ
ပါတတ်ပြီးဓားပြတိုက်လုယက်ပြီးတခြားနိုင်ငံထဲကိုဝင်ပြေးတတ်ကြပါတယ်။
သူတို့ဟာသေနပ်တွေသုံးပြီးအဆင်မသင့်ရင်လူသတ်တဲအထိကျူးလွန်ကြပါတယ်။
လမ်းမပေါ်မှာလုတဲ့စိုစိလေးတွေကတော့၁၂-၁၃နှစ်က၂၀မှ၂၅နှစ်အတွင်း
လူငယ်လေးတွေဖြစ်ပြီး၂ယောက်ကနေ၃ယောက်အုပ်စုလေးတွေဖြစ်ပါတယ်။
မောင်းချဓား၊ဓားအလတ်စားတွေဆောင်ပြီးဓားထောက်လုလေ့ရှိပါတယ်။
စိုစိအများစုဟာအမျိုးသားတွေဖြစ်ပြီးဓားပြစိုစိတွေထဲမှာတော့
တခါတရံအမျိုးသမီးတွေပါတတ်ပါတယ်။လမ်းမပေါ်ကစိုစိတွေဟာ
ငွေ၊ဖုန်းနဲ့ကင်မရာကိုသာအဓိကထားလုလေ့ရှိပါတယ်။အခြားပစ္စည်းတွေ
ဘယ်လောက်တန်ဖိုးရှိရှိသိပ်စိတ်မ၀င်စားပါ။
လမ်းမပေါ်ကစိုစိတွေရဲ့အဓိကပြစ်မှတ်ဟာနိုင်ငံခြားသားတွေအထူးသဖြင့်
တရုတ်တွေပါ။
လစာထုတ်ရက်တွေမှာတော့သူတို့လူမျိုးအချင်းချင်းလဲလုကြပါတယ်။
ဒီနိုင်ငံမှာစီးပွါးလာရှာကြသူအများစုဟာအခြားနိုင်ငံတွေမှာလိုဘဲတရုတ်နဲ့ကုလား
တွေဖြစ်ပါတယ်။
ကုလားတွေကတော့ထစ်ကနဲဆိုသွေးဆူပြီးသူတို့ထက်မိုက်ပါတယ်။အုပ်စုလိုက်
ဒုတ်ဆွဲဓားဆွဲကြမ်းတတ်လို့လမ်းမပေါ်မှာသွားနေတဲ့ကုလားတွေကိုသူတို့မလုရဲပါ။
ဒါတောင်ချမ်းသာတဲ့ကုလားအိမ်တွေဆိုင်တွေကိုအလစ်ဝင်ပြီးဓားပြတိုက်တတ်ကြ
ပါသေးတယ်။
တရုတ်တွေနဲ့ဆင်ဆင်တူတဲ့မြန်မာတွေ၊ဖိလစ်ပိုင်တွေ၊အသားလတ်ပြီးကုလားနဲ့
သိပ်မတူတဲ့နီပေါ၊သီရိလင်္ကာတွေလဲသူတို့ပြစ်မှတ်ထဲအပါအ၀င်ပေါ့လေ။
ကျွန်မတို့မြန်မာအများစုလဲလုဖို့ကြိုးစားခံရသူ၊အလုခံခဲ့ရသူချည်းပါဘဲ။
ခေတ်မှီသူတိုင်းအလုခံကြရသည်လို့တောင်အချင်းချင်းစကြပါတယ်။
ဒါကြောင့်ဒီနိုင်ငံမှာနေမယ်ဆိုရင်မော်တော်ကားဟာမရှိမဖြစ်လိုအပ်ပါတယ်။
ဇိမ်ခံဖို့၊အလှပြဖို့မဟုတ်ပါ။လုံခြုံရေးအတွက်ဖြစ်ပါတယ်။လမ်းမပေါ်အမြဲလမ်းလျှောက်
သွားလို့ကတော့တချိန်မဟုတ်တချိန်အလုခံရနိုင်ပါတယ်။
ခရီးနီးနီးဝေးဝေးကားမှန်အလုံပိတ်၊lockချပြီးသွားတာအလုံခြုံဆုံးပါဘဲ။
ကျွန်မစိုစိနဲ့တွေ့ ခဲ့ရတဲ့အကြောင်းနောက်postမှာဆက်ရေးပါအုန်းမယ်။

7 comments:

  1. အောင်မလေး..စိုစိ..စိုစိ နဲ့ ဘာကြီးတုန်း မှတ်တယ်
    ဓါးပြ ဖြစ်နေတာကိုး..
    သတိထားပါ
    ဘေးရန်ကင်းကွာ ကျန်းမာပါစေခင်ဗျာ...

    ReplyDelete
  2. အမလေး လုပ်ပြန်ပြီ ဒိအစ်မ..ကိုယ်တွေ့တွေတင်ဦးမယ်ပေါ့လေ ။
    ဒီက အသည်းငယ်ပါတယ်ဆိုမှ ။ ဟိုမည်းမည်းပြောင်ပြောင်ကြီးနဲ့တွေ့တုန်းကလည်း ကြောက်ရပြီးပြီ...ဟင့်

    ReplyDelete
  3. အန္တာရယ်များလိုက်တဲ့ နိုင်ငံပဲနော်.... သွားသွားလာလာ သတိထားနေပေါ့နော်။ ပို့စ်ထဲကလို ကားလေးဝယ်ထားလိုက်ပေါ့။

    ReplyDelete
  4. စိုစိဆိုလို့  ..ဘာကြီးလဲလို့ ...ဓါးပြလား...ကြောက်စရာကြီးနော်..

    ReplyDelete
  5. အစ်မရေ ဒီကောင်တွေအကြောင်းတော့ ကိုယ်တွေ့ပဲ
    မလေးရှားမှာလည်းတော်တော်ဆိုးတာ
    သူတို့လာတာ ကျောင်းသားဗီဇာနဲ့  မလေးရှားမှာ
    ဘိန်းရောင်းတယ်ဆေးခြောက်ရောင်းတယ်
    စာရွက်စာတန်းအတုလုပ်တယ်....
    အကုန်ဗျာ မကောင်းတာကန်ထရိုက်ဆွဲထားလားသိဖူး
    ပြသနာတော်တော်ရှာတယ်
    အစ်မလည်းအဲဒီမှာအဆင်ပြေပါစေ
    ဘေးကင်းပါစေဗျာ

    ReplyDelete
  6. စိုစိအကြောင်းဖတ်ရတာ မောသွားတယ်။ မ့ သတိရှိပါစေနော့

    ReplyDelete
  7. စိုစိဆိုလို့ မာဖီးယားတွေပါလား။

    ReplyDelete