Friday, August 21, 2009

သူ့ အကြိုက် ကိုယ့်အကြိုက်

ဒီကအမျိုးသမီးအများစုဟာခပ်၀၀တွေပါ။ရင်ကြီးကြီး၊တင်ကြီးကြီး၊အရိုးအဆစ်လဲ
ဲကြီးပါတယ်။
အပိန်ဆုံးကမဘုတ်ဆုံအငယ်စားလောက်ရှိပါတယ်။
သူတို့ဟာဆယ်ကျော်သက်မှာတော့ခပ်ပိန်ပိန်ပါ၊နှစ်ဆယ်ကျော်အစိတ်ပိုင်းလောက်ကစပြီး
တဖြေးဖြေးအသားတက်လာလိုက်တာအသက်သုံးဆယ်လောက်လဲရောက်ရောအားလုံး
ဂီတာရှိတ်ရှင်ဂွမ်းဂွိ၊စည်ပိုင်းရှိတ်ရှင်ဂွမ်းဂွိတွေဖြစ်လာတော့တာဘဲ။
ယောင်္ကျားတွေကျတော့သိပ်မ၀ဘူးရှင့်။
ဝပြီးအသားမဲပေမဲ့သူတို့အသားအရည်ကအင်မတန်နူးညံ့ပါတယ်။ကိုယ်လုံး၀၀ကြီးတွေ
ကလဲအိနေတာပဲ။လက်ဖ၀ါးလေးတွေကလဲနုဖတ်နေတာပဲ။
နူးညံ့ဆိုသူတို့ကကျွန်မတို့လိုဖြစ်ကတတ်ဆန်းမနေဘူးလေ။အိပ်ထဲမှာအလှဆီဗူးအမြဲပါပြီး
အေးတဲ့ရာသီဆိုတစ်နာရီခြားတခါလောက်လူးနေတာ၊ရေတခါကိုင်ပြီးတိုင်းလဲလက်ကို
အလှဆီလူးရတာအမော၊
သူတို့နဲ့စာရင်ကျွန်မတို့ကအသားသာဖြူတာအလှဆီလူးရမှာပြင်းလို့အသားတွေကကြမ်း
ထော်လို့။
ကျွန်မတို့မြန်မာမတွေဝိတ်တက်ပြီးနဲနဲဝလာရင်ဘဲgymသွားတဲ့လူနဲ့။လေ့ကျင့်ခန်းလုပ်သူ
နဲ့။အစားလျှော့စားသူနဲ့ဝမှာအလွန်ကြောက်ပါတယ်။
သူတို့ကတော့ဘယ်လောက်၀၀အစားမပျက်၊လေ့ကျင့်ခန်းမလုပ်နဲ့။ဝချင်သလောက်ဝ၊
တစ်ခါကကျွန်မအမဲမတယောက်ကိုမေးကြည့်ဘူးပါတယ်၊
"နင်တို့အများစုက၀ကြတယ်နော်၊ပိန်အောင်အစားလျှော့တာ၊လေ့ကျင့်ခန်းယူတာမလုပ်
ဘူးလား၊ငါတို့ဆီမှာတော့ပိန်မှသဘောကျတယ်" ဆိုတော့သူက
"ငါတို့လူမျိုးယောင်္ကျားတွေကပိန်တဲ့မိန်းမဆိုရင်မကြိုက်ဘူး၊ရောဂါရှိတယ်၊ရောဂါထူတယ်
ဆိုပြီးမယူဘူး၊၀တဲ့မိန်းမမှစိုပြေပြီးကျန်းမာရေးကောင်းတယ်ဆိုပြီးလက်ထပ်တာ" တဲ့။
အင်း...သူတို့လိုသာဆိုရင်ဖြင့်ကျွန်မတို့ဆီကမော်ဒယ်ဂဲတွေယောင်္ကျားရဖို.တောင်ခပ်
ခက်ခက်...

5 comments:

  1. :) သူ့တို့ဘာသာသူတို့ကျတော့လဲ ဟုတ်နေတာပဲနော်။ ပိန်ရင် မယူဘူးဆိုပဲ။

    ReplyDelete
  2. အော်....ပိန်တဲ့လူတွေ မျက်နှာငယ်ရမယ့် တိုင်းပြည်ပဲ...:)

    ReplyDelete
  3. ဒါဆို အနော့်အတွက်တော့ အဆင်ပြေတယ် ဟိဟိ
    အနော်က ဝဝလုံးလုံးလေးဆိုတော့လေ
    ဒါပေမဲ့ ချစ်စရာကောင်းလို့ တော်သေးရဲ့ ဟီး
    ကိုယ့်ဟာကို မြှောက်တွားပါဒယ် ခွိခွိ

    ReplyDelete
  4. မိန်းမတွေက ရှင်ဂွမ်းဂွိတွေ ယောက်ျားတွေက သမိန်ပေါသိပ်တွေ တယ်ဟုတ်တဲ့နိုင်ငံပဲနော်.... ဝဝလုံးလုံးအိအိကြီးတွေ အဟိ........

    ReplyDelete
  5. ကျနော်က ပိန်လို့လားမသိဘူး။ ၀၀လေးတွေ ကြိုက်တယ် ဟီးဟီး။

    ReplyDelete