Tuesday, August 11, 2009

ဒီဘက်ကမ်းကမီးထိန်ထိန်

မြန်မာပြည်ကကျွန်မထွက်လာစဉ်၂၀၀၄ခုနှစ်လောက်ကမီးတွေစပျက်နေပါပြီ။
အခုလောက်တော့မဆိုးသေးပါ။အစိုးရဌာနတွေ၊ဆေးရုံတွေမှာလျှပ်စစ်မီးကို
မလိုအပ်ပဲမသုံးဖို့၊မဖြုန်းတီးဖို့၊ချွေတာဖို့ညွှန်ကြားထားပါတယ်။ညဘက်တွေမှာ
လဲလူကြီးတွေကမလိုအပ်ပဲမီးတွေဖွင့်မဖွင့်ရှောင်တခင်လိုက်စစ်ကြပါတယ်။
မိုးမှောင်ကျနေတဲ့အချိန်မှတပါးနေ့အလင်းရောင်ရှိရင်မီးပိတ်တာ၊မီးခလုတ်
တွေ၊ပလပ်တွေ၊စက်ခလုတ်တွေအိမ်မပြန်ခင်ပိတ်မပိတ်သေချာစစ်ရတာ
ကျွန်မတို့အဖို့အကျင့်ပါနေပါပြီ။ဒီမှာတော့လျှပ်စစ်မီးကို့ဖောဖောသုံးလိုက်
ကြတာ။
ဘယ်လောက်အလင်းရောင်ရှိရှိအလုပ်ကိုရောက်တာနဲ့မီးခလုပ်ကိုတန်းဖွင့်
တော့တာပဲ။အိမ်ပြန်တော့လဲမီးတွေကိုပိတ်မသွားကြဘူးရှင့်။မီးတွေအားလုံးဖွင့်
ပြီးခပ်တည်တည်နဲ့ပြန်သွားကြတာပဲ။ရုံးဆင်းလို့အိမ်မပြန်ခင်မီးခလုပ်ပိတ်တာ
သူတို့အလုပ်မဟုတ်သလိုပါပ။ဲညဘက်ရုံးခန်းတွေမှာလူမရှိပဲမီးတွေထိန်ထိန်
လင်းလို့...
ရောက်ခါစကအလင်းရောင်ရှိလျက်မီးချောင်းတွေလင်းနေရင်မီးခလုပ်တွေလိုက်
ပိတ်ပါတယ်။ပြန်ခါနီးမီးခလုပ်တွေအကုန်ပိတ်ပြီးမှပြန်ပါတယ်။ကျွန်မဌာနနဲ့ကပ်
ရက်ဌာနမှာအလုပ်လုပ်တဲ့အကိုကလည်းနေ့ခင်းကြောင်တောင်မီးဖွင့်ထားရင်
လိုက်ပိတ်ပါတယ်။သူကလဲမြန်မာပြည်ကလာတာကိုး။
ခဏအကြာသူတို့ကမီးပိတ်ထားတာတွေ့ ရင်ပြန်ဖွင့်ပါတယ်။့ကျွန်မတို့နှစ်ယောက်
ကလဲမီးပွင့်နေတာတွေ့ ရင်တက်ညီလက်ညီပြန်ပိတ်ကြပါတယ်။သူတို့ကဖွင့်လိုက်
ကိုယ်ကပိတ်လိုက်...
နောက်တော့သူတို့ကမေးပါတယ်။
"နင်တို့ဘာလို့မီးတွေလိုက်လိုက်ပိတ်ရတာလဲ"
"လင်းနေတာမီးမှမလိုပဲ"
"မီးထွန်းဖို့မီးချောင်းအစိုးရကတပ်ထားပေးတာပဲ၊ထွန်းရမှာပေါ့"
သူတို့ကမီးမထွန်းရင်ပဲသမိုင်းပေးတာဝန်မကျေပွန်သလိုပြောနေတာကြောင့်
"မလိုအပ်ပဲထွန်းတော့မီတာခတွေအရမ်းကျမှာပေါ့" လို့လျှာရှည်လိုက်သေးတယ်။
သူတို့ကအူကြောင်ကြောင်ပြန်ကြည့်ရင်း
"ကျပစေပေါ၊့အစိုးရကပေးတာပဲ၊ဘာဖြစ်လဲ"
ကောင်းလေစွ...စိတ်ဓာတ်တွေကတော့..
ဆောင်းရာသီဆိုရင်လဲheaterတွေဖွင့်လိုက်ကြတာ။သူတို့အခန်းထဲများဝင်သွားရင်
ချွေးတောင်ပြန်ပါတယ်။အလုပ်ချိန်ပြီးရင်လဲheaterကိုမပိတ်ခဲ့ပြန်ဘူးရှင်။
နောက်တနေ့မနက်လာရင်အခန်းထဲမှာနွေးနေအောင်ညနေပြန်ကတဲကဖွင့်ခဲ့တာတဲ့။
သူတို့အိမ်မှာတော့ဘယ်လိုသုံးနေကြလဲမသိပါ၊heaterတွေကမီးတအားဆွဲတာ
ကြောင့်သူတို့အိမ်မှာတော့အမြဲဖွင့်မယ်မထင်၊မီးတွေheaterတွေဖွင့်လို့သူတို့ကို
ဘယ်သူကမှအပြစ်မတင်သလို၊အထက်ကလဲဘာမှမပြောပါဘူး။
သူတို့ကိုယ်၌ကလဲဒါကိုဖြုန်းတီးမှုတခုလို့မယူဆသလိုနှမျောရကောင်းမှန်းမသိပါ။
ကျွန်မတို့ကသာမနေနိုင်မထိုင်နိုင်ကိုယ့်နိုင်ငံလဲမဟုတ်၊ကိုယ်ပေးရတာလဲမဟုတ်၊
ကြားထဲကငထွားခါးနာပြီးကပ်စေးနဲနေမိတာ။
တော်ပါပြီ။သူတို့ဟာသူတို့မီးကိုနေ့ဘဲဖွင့်ဖွင့်၊တညလုံးဘဲဖွင့်ဖွင့်ကိုယ်နှင့်မဆိုင်၊
ညဖက်ရုံးခန်းတွေမှာလူမရှိပဲမီးတွေလင်းနေရင်လဲအပြစ်ရှိသလိုခံစားပြီးနှမျောမ
နေနဲ့၊သူ့ နိုင်ငံပေမို့နေသာသလိုနေလိုက်တာအကောင်းဆုံးပဲမဟုတ်ပါလား။

6 comments:

  1. သူဒေသ သူရေမြေပေမယ့် နိုင်ငံကြီးသားပီသတယ်ဆိုရမလားဖြစ်နေတဲ့ တို့အကျင့်တွေက ပြင်မှ မပြင်နိုင်ပဲကိုး။တကယ်တော့ မီးမလာရက်များပြီး အမှောင်ထဲပဲ နေချင်တော့တဲ့ ဇီးကွက်တွေဖြစ်နေလို့ပါ။ချွေတာတာမဟုတ်ဘူး။အကျင့်ရသွားတာ။

    ReplyDelete
  2. မီးတွေထိန်ထိန်ဆိုတော့လည်း လုပ်ကြပေါ့ဗျာ။ dreamangel ပြောသလိုပဲ နာတို့ဆီက နင်တို့လို မီးက တခါတည်းမလာဘူး။ ခဏခဏလာတယ်တဲ့။

    ReplyDelete
  3. သူတို့သုံးနိုင်လို့သုံးပေမယ့် ကမ္ဘာနဲ့ယှဉ်ပြီးတော့ ပြောရရင် မလုပ်သင့်ဘူးနော်။
    educate လုပ်သင့်တယ်ထင်တာပဲ။
    ဒါပေမယ့် ကိုယ်ကလည်း အဲလိုလုပ်ပေးနိုင်တဲ့ အဆင့်မဟုတ်သေးတာ ခက်တယ်။

    ReplyDelete
  4. အနော်တို့ကတော့ လျှပ်စစ်မီးမရှိတဲ့ ဒုက္ခ မီးပြတ်တဲ့ ဒုက္ခ ရေပြတ်တဲ့ ဒုက္ခ ဒုက္ခဆင်းရဲအပေါင်းကို အမြဲတစေခံခဲ့ရ ခံနေရတော့ လျှပ်စစ်မီး ဗုန်းပေါလအောသုံးထားရင် မလိုအပ်ဘဲ မီးချောင်းတွေ ထွန်းထားရင်
    ကိုယ့်တိုင်းပြည်ကို စာနာတဲ့စိတ်နဲ့ အဲ့လိုမျိုး မဖြစ်စေချင်ဘူးရယ်
    ဒါပေမဲ့ အမရယ် နယ်ခြားမျဉ်းလေးပဲ ခြားတဲ့ ဒီဘက် ထိုင်းဘက် ဘန်ကောက်မှာဆိုရင် မီးတွေ ထိန်ထိန်ညီးနေတာမှ ညကြီးမင်းကြီးတောင် နေ့ခင်းဘက်ကြီး ထင်ရတဲ့အထိပါပဲ
    အဲ့ဒီ လျှပ်စစ်မီးတွေ သူတို့ သုံးနေတဲ့ ဓာတ်ငွေ့တွေ လောင်စာဆီတွေဟာ မြန်မာပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ ရေအားလျှပ်စစ်တွေလေ
    တွေးမိတိုင်း အရိုးနာတယ် အမျိုးပါ ဆဲချင်တော့လေး ဆိုသလိုပါပဲ
    အမျိုးယုတ်တွေကိုပဲ ဆဲချင်ပါတော့တယ် (တောင်းပန်ပါတယ် အမရေ စကားလုံးကြမ်းမိတာကို)
    ဖူးးးးးးးးးးးးးးးး သက်ပြင်းမောကြီး မှုတ်ထုတ်မိပါတယ်...........

    ReplyDelete
  5. သူတို့ကလဲနော်။ အစိုးရပေးတယ်ဆိုပြီး ဖြုန်းနေသလို ဖြစ်နေတာပေါ့နော်။ အင်းပေါ့လေ။ အလကားရတယ်ဆိုပြီး။ သူတို့မပေးရတိုင်း တန်ဖိုးမထားတာတော့ မတတ်နိုင်ဘူးပေါ့နော်။

    ReplyDelete
  6. ဟုတ်တယ်။ ရောက်စက အဲလိုပဲ။ နေ့ခင်း မီးထိန်ထိန်လင်းနေရင်း မနေတတ်ဘူး။ အခုတော့ အကျင့်ရသွားပြီ။

    ReplyDelete