Saturday, August 1, 2009

သူတို့ စရိုက် (၃)

ဒီက လခထုတ်ရက်က စစ်တပ်နဲ့ ရဲ က ရက် ၂၀ ပတ်ဝန်းကျင်၊၀န်ထမ်းတွေက ၂၄ ရက်၊စက်ရုံ တွေကလ ရဲ့နောက်ဆုံးအပတ်ရဲ့သောကြာနေ့ ပါ။
နိုင်ငံသားအများစု ကဆင်းရဲကြပါတယ်။တရုတ်စက်ရုံတွေမှာအလုပ် လုပ်သူများပါတယ်။
စက်ရုံတွေကလခကိုသူတို့ရဲ့ဘဏ်စာရင်းထဲထဲ့ပေးပြီးသူတို့ကATMကတဆင့်ထုတ်
်သုံးရပါတယ်။
လခထုတ်ရက်တွေမှာATMမှာတန်းစီနေကြတာဘဏ်ကလျှံပြီး လမ်းမပေါ်ထိရောက်ပါတယ်။
ပြီးရင်တော့ဝယ်ကြချမ်းကြပါပြီ။supermarket,ဈေးဆိုင်,စားသောက်ဆိုင်တွေမှာ
ကြိတ်ကြိတ်တိုး..
ဆင်းရဲကြပေမဲ့အကောင်းအလွန်ကြိုက်ပါတယ်။ဖုံးဆိုရင် အကောင်းစား၊အ၀တ်ဆိုရင်ဈေးကြီးပေ့
ဆိုတာမှဝယ်ပါတယ်။ပိုက်ဆံရှိရင်KFCကိုနေ့တိုင်းဝယ်စားတယ်။အရက်လဲအလွန်
်သောက်ကြပါတယ်။အရက်မူးရင်လဲသွေးဆိုးပါတယ်။
သောက်ပြီးမူး၊ မူးပြီးရိုက်၊ ရိုက်ပြီး ကွဲကြပြဲကြ..
လခထုတ်ရက်တွေမှာ ဆေးရုံက ဆရာဝန် တွေလဲမချောင်ပါဘူး။
အရက်ပုလင်းနဲ့ ရိုက်လို့ ကွဲပြဲသူ၊ တုတ်နဲ့ ဆော်လို့ ခေါင်းကွဲသူ၊သေနတ်နဲ့ ပစ်လို့ မသေမရှင်လူ၊
ဒါးနဲ့ ထိုးလို့ ဗိုက်ပေါက်သူ၊ မူးပြီးမောင်းလို့ ကားတိုက်သူ။
တမျိုးပြီးတမျိုးမရိုးရအောင် တညလုံး ၀င်လာမစဲတသဲသဲ...
ATM ထဲရှိတဲ့ ပိုက်ဆံ မကုန်မချင်း ထုတ်သုံးရင်း လကုန်ပြီး
နောက်လရဲ့ပထမပတ်အကုန်မှာတော့တစ်လလုံးပင်ပင်ပမ်းပမ်းရှာထားတဲ့ပိုက်ဆံတက်တက်ပြောင်ပါပြီ။
ဆေးရုံတွေမှာ လူနာ ပါးလို့ ၊ ဈေးတွေမှာ လူရှင်းလို့ ...
သူတို့ ကိုယ်တိုင် ကလဲ ပြောပါတယ်၊ ဘဏ်ထဲမှာပိုက်ဆံရှိနေရင်နေလို့ ကိုမရဘူးဆိုပဲ။
ကုန်အောင်သုံးလိုက်ရမှ နေသာထိုင်သာရှိတယ် တဲ့။
ဖုံးအစုတ်သုံးပြီး လဆန်းတိုင်း အ၀တ်အစားသစ်မ၀ယ်နိုင်တဲ့ကျွန်မတို့ ကိုသူတို့ က
အထူးအဆန်းဖြစ်နေပါတယ်။ဘဏ်ထဲက ပိုက်ဆံတွေဘာလုပ်ဖို့ လဲ၊၀ယ်ြ၊ပစ်သုံးပြစ်
ဆိုပြီး အကြံကောင်းဥာဏ်ကောင်းတွေပေးတတ်ပါသေးတယ်။
မတည်မြဲတဲ့လောကဓံတရားနဲ့ သူများနိုင်ငံမှာအလုပ်လာလုပ်ရတဲ့ ကမ်းနားသစ်ပင်
ကျွန်မတို့ ဘ၀ ကိုသူတို့ နားလည်ဟန် မတူပါဘူး။
သူတို့ က နောင်ရေးကိုတွေးပူတတ်သူတွေမဟုတ်ကြပါ။ငွေစုတဲ့အကျင့်လဲမရှိပါ။
ရှိပူရသေး ကုန်မှ အေး ဆိုတဲ့လူစားမျိုးတွေပါ။
အော်..သူအရပ်နဲ့ သူ့ ဇာတ်ကတော့ဟုတ် လို့ ပါဘဲလေ။

3 comments:

  1.ွှအပူပင် မရှိတဲ့သူတွေပဲနော် ပျော်ပျော်နေပျော်ပျော်စားဆိုတဲ့ နိုင်ငံပါလား
    နော် ဗဟုသုတတော့ ရသားရှင့်..

    ReplyDelete
  2. အင်း. ရှိတုန်းကသုံး ၊ မရှိတော့ မရှိသလိုနေ သူတိုပဘ၀ကို သူတို့ကျေနပ်နေကြတယ်နော်။ ရှေ့ရေးဆိုတာ မတွေးဘူးလားမသိဘူး။ ဘာပြောပြော စုဆောင်းသင့်သလောက် စုဆောင်းတာ အကောင်းဆုံးပဲ ။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  3. ဟားဟ..ဒီလူတွေဘယ့်နှယ့်လူတွေတုံး..

    ReplyDelete