Sunday, March 18, 2012

ကျွန်မနှင့်အိမ်နီးချင်းများ(၁)

မြို့တော်မှာနေစဉ်ကကျွန်မရဲ့အိမ်နီးချင်းတွေဟာကုလားနဲ့တရုတ်တွေပါ။
ဌာနေအမည်းတွေနဲ့အိမ်နီးချင်းမဖြစ်ခဲ့ဘူးသလိုသူတို့ရဲ့အိမ်ကိုလည်းတခါမှ
အလည်မသွားခဲ့ပါ။
ကုလားတရုတ်တွေကတော့သူတို့ရဲ့အခါကြီးရက်ကြီးပွဲလမ်းသဘင်နေ့တွေမှာ
ကျွန်မအိမ်ကိုမုန့်လာပို့တတ်ပြီးတခါတရံလည်းအိမ်ကိုဖိတ်ပြီးကျွေးကြပါတယ်။
သင်္ကြန်၊နှစ်ဆန်းတစ်ရက်၊သီတင်းကျွတ်မှာတော့ကျွန်မအိမ်မှာမုန့်လုပ်ပြီး
အိမ်နီးချင်းတွေကိုဝေလေ့ရှိပါတယ်။အာရှသားချင်းမို့အစားအသောက်တွေ
ဆင်တဲ့အပြင်ယဉ်ကျေးမှုဓလေ့ထုံးစံတွေဟာနီးစပ်ကြပါတယ်။
ကျွန်မအိမ်ကိုလုပ်ဖေါ်ကိုင်ဖက်အမည်းတွေတခါတရံလာလည်ကြပေမဲ့
သူတို့အိမ်ကိုလာလည်ဖို့တော့ဘယ်တော့မှမဖိတ်ခေါ်ကြပါဘူး။
လာလည်ရင်ဧည်ခံသမျှအအေးကော်ဖီသာမကပုဂံထဲကမုန့်ပါမကျန်
အကုန်ပြောင်အောင်စားကြပါတယ်။သူတို့အပြောအရနဲနဲဘဲစားပြီချန်ထား
ရင်အိမ်ရှင်ကသူဧည့်ခံတာမကြိုက်လို့၊သဘောမကျလို့ထင်တတ်တာကြောင့်
ကျွေးသမျှကုန်အောင်စားရတယ်ဆိုပါတယ်။ တကယ်ဟုတ်မဟုတ်တော့
မသိပါ။
နယ်ကိုရောက်တော့နိုင်ငံခြားသားရှားပါတဲ့ဒီမြို့လေးမှာကျွန်မရဲ့အိမ်နီးချင်း
တွေဟာအမည်းတွေဖြစ်လာပါတယ်။
စိတ်ထားကောင်းပြီးကူညီတတ်တဲ့အမည်းတွေရှိပေမဲ့အများစုကတော့
သူတို့ကဘာပေးရမလဲဆိုတာထက်သူများဆီကဘာယူရမလဲစဉ်းစားတတ်
ကြသူတွေဖြစ်ပါတယ်။ရင်းနှီးလာရင်ပိုက်ဆံချေးပါတယ်။ချေးလိုက်ရင်
ဘယ်တော့မှပြန်မရပါ။ကျွန်မတို့သုံးတဲ့အသုံးဆောင်ပစ္စည်းအသေးအမွှားက
အစအကြီးအမားအထိတောင်းပါတယ်။ရရင်အမြတ်၊မရရင်အရင်းမို့မပေးရင်
လည်းစိတ်မဆိုးပါ။တခုခုများပေးမယ်ဆိုပြီးပြီးစလွယ်ပြောလိုက်လို့ကတော့
အဲဒီပစ္စည်းကိုကိုယ်ကဘဲသူ့ဆီကယူထားသလိုတွေ့တိုင်းအကြွေးတောင်း
သလိုတောင်းတတ်ပါတယ်။ပေးမယ်ဆိုပြီးpromiseလုပ်ထားတယ်လေဆိုပြီး
ချည်ပြီးတုတ်ပြီးကလည်းလုပ်တတ်သမို့သူတို့နဲ့တွေ့ရင်စကားပြောမလွယ်ဖို့
အင်မတန်သတိထားရပါတယ်။
ဒါတွေကြောင့်အမည်းတွေကြားထဲမှာနေရတဲ့ကျွန်မ၊အိမ်နီးချင်းအမည်းတွေကို
လမ်းတွေ့ရင်နှုတ်ဆက်ရုံ၊ဟိုဘက်ခြံဒီဘက်ခြံမေးထူးခေါ်ပြောရုံထက်မပိုတဲ့
ရင်းနှီးမှုမျိုးနဲ့မပူးမခွာအလိုက်သင့်နေရပါတယ်။

ကျွန်မရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကအမည်းမကမျက်နှာကြောတင်းတင်း
လမ်းတွေ့ရင်ဘယ်တော့မှနှုတ်မဆက်တတ်သူမို့ကျွန်မကအကြောတင်းမ
လို့ခေါ်ပါတယ်။သူကပိုက်ဆံရှိပုံရပါတယ်။သူ့အိမ်မှာကား၂စီးရှိပြီး၃၊၄ရက်
တခါကားဆေးတတ်ပါတယ်။သူကားဆေးရင်ကားတံခါးအားလုံးဖွင့်၊ကားထဲ
ကကက်ဆက်ကိုအသံကုန်ဖွင့်တာမို့၃၊၄ရက်တခါနားဒုက္ခပေးတဲ့အိမ်နီးချင်းပါ။
သူ့ဘေးအိမ်ကမိန်းမကတော့တော်တော်ကိုဝလို့ပွင့်လို့နံမည်ပေးထားပါတယ်။
ဘယ်မှသိပ်သွားတာမတွေ့ပေမဲ့သူ့မှာတပတ်တခါတောင်စက်မနှိုးတဲ့ကားတစီး
ရှိပါတယ်။၂ပတ်၊၃ပတ်လောက်မှအကြောင်းရှိလို့သွားမယ်ကြံရင်သူ့ကားက
ဘက်ထရီဒေါင်းပြီစက်နှိုးမရတာနဲ့၊ဘီးလေမရှိဘဲပြားနေတာနဲ့၊ဘက်ထရီ
လာငှားလိုက်၊ဂျိုက်လာငှားလိုက်နဲ့အငှားအရမ်းထူတဲ့အိမ်နီးချင်းပါ။
အကြောတင်းမနဲ့ပွင့်တို့ရဲ့ယောင်္ကျားတွေဟာတဖက်နိုင်ငံမှာအလုပ်သွားလုပ်
တာမို့ခရစ်စမတ်နဲ့အီစတာစတဲ့ရုံးပိတ်ရက်ရှည်တွေမှာသာပြန်လာကြတာ
မို့အိမ်မှာသူတို့နဲ့ခလေးတွေဘဲရှိပါတယ်။
ကျွန်မညာဘက်အိမ်မှာတော့မျက်နှာချိုပြီးသဘောကောင်းတဲ့မုဆိုးမဒေါ်ချိုပြုံးနဲ့
လူပျိုပေါက်သား၂ယောက်ရှိပါတယ်။ရေဒီယိုကသူတို့ဘာသာနဲ့ကြေငြာတဲ့
မီးပြတ်မဲ့ရက်ရေဖြတ်မဲ့ရက်တွေလည်းအမြဲလာအသိပေးပါတယ်။သူတို့မိသားစု
ကအေးအေးဆေးဆေးနေတတ်ပြီးပတ်ဝန်းကျင်ကိုလည်းအနှောက်အယှက်မပေး
ပါ။ကူညီချင်စိတ်ရှိတဲ့အိမ်နီးချင်းကောင်းတွေပါ။
ကျွန်မရှေ့တည့်တည့်အိမ်ကတော့ခလေး၂ယောက်ရှိတဲ့မိသားစုပါ။
ယောင်္ကျားလုပ်သူကကိုယ်ပိုင်တက္ကစီမောင်းပါတယ်။ူသူတို့ကဖာသိဖာသာ
နေကြပေမဲ့သူတို့ရဲ့အကျီင်္အ၀တ်အစား၊စောင်တွေကျွန်မရဲ့ခြံစည်းရိုးနဲ့ဝင်းတံခါး
ဂိတ်မှာနေ့စဉ်လာလှမ်းတာပြသနာပါ။
ဒီကအိမ်တိုင်းမှာအ၀တ်လှမ်းတဲ့ကြိုးတန်းတွေခိုင်ခိုင်ခန့်ခန့်ကောင်းကောင်း
မွန်မွန်ရှိပါတယ်။သူတို့တင်မကပွင့်တို့အိမ်ကအ၀တ်တွေလည်းသူများခြံစည်းရိုး
တွေမှာလှမ်းတာတွေ့ပါတယ်။သူတို့ရဲ့ ခြံစည်းရိုးနဲ့အ၀တ်တန်းတွေမှာမလှမ်းဘဲ
သူများခြံစည်းရိုးနဲ့ဝင်းတံခါးမှာဘာကြောင့်လှမ်းကြတာလဲစဉ်းစားလို့မရပါ။
အိမ်ရှေ့မှာအ၀တ်တွေတို့လို့တွဲလောင်းနဲ့ကြည့်မကောင်းတာကတကြောင်း၊၀င်းတံခါး
ဖွင့်ချင်ရင်သူတို့အ၀တ်တွေရုတ်ခိုင်းရတာတကြောင်းမို့အ၀တ်မလှမ်းဖို့ပြောလည်း
ပြောတုန်းခဏပါ၊တရက်နှစ်ရက်နေရင်ပြန်လှမ်းပြန်တာပါဘဲ။
ပြောမရတဲ့အဆုံးငါ့ခြံစည်းရိုးနဲ့ဝင်းတံခါးမှာငါ့တိုင်းပြည်ကခေါ်လာတဲ့နတ်တွေရှိတယ်။
နင်တို့အ၀တ်တွေသူတို့စောင့်တဲ့နေရာမှာလှမ်းရင်စိတ်ဆိုးပြီးနင်တို့ကိုဒုက္ခပေးလိမ့်မယ်
ဆိုတော့ဘာဒုက္ခပေးမှာလဲမေးပြန်ပါတယ်။ကျွန်မကသူတို့ကနင့်ကိုစိတ်ညစ်အောင်
လုပ်မယ်၊နေမကောင်းဖြစ်အောင်လုပ်မယ်၊နင့်ယောင်္ကျာကားမောင်းရင်ပိုက်ဆံမရအောင်
လုပ်မယ်၊နောက်ဆုံးနင့်ကိုပြစ်ပြီးနောက်မိန်းမယူသွားအောင်လုပ်မယ်ဟာဆိုပြီး
စိတ်ထဲရှိတာလျှောက်ပြောတော့နောက်ဆုံးအချက်ကဟတ်ထိသွားပုံရပါတယ်။
ှတကယ်လားဆိုပြီးမျက်လုံးပြူးမျက်ဆံပြူးနဲ့အ၀တ်တွေကမန်းကတန်းရုတ်သွားပါတယ်။
နိုင်ငံရပ်ခြားကခေါ်လာတဲ့ဘာမှန်းမသိတဲ့နတ်ကိုအတော်ကြောက်သွားပုံရပါတယ်။
အဲဒီနေ့ကစပြီးကျွန်မရဲ့ခြံစည်းရိုးနဲ့ဝင်းတံခါးမှာရှင်းလင်းပြီးဒေါ်ချိုပြုံးတို့ခြံဝင်းတံခါးမှာ
သူတို့ရဲ့အ၀တ်တွေလှမ်း ထားတာတွေ့ရပါတယ်။
ဆက်ပါအုန်းမယ်။






4 comments:

  1. ဆက်ပါအုန်း အစ်မရေ။ အစ်မရဲ့ အတွေ့ အကြုံလေးတွေက ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်..

    ReplyDelete
  2. ဟတ်ထိအောင်ပြောပလိုက်တာကိုး..အဟိဟိ

    ReplyDelete
  3. ဖတ်သွားခဲ့တယ် .. :)

    ခင်တဲ့
    မြတ်

    ReplyDelete
  4. ကျနော်လည်းအမည်းတွေအများကြီးမဆုံဖူးပေမယ့်ဆုံခဲ့တဲ့အားလုံး
    လိုလိုကိုတော့လန့်ပါတယ်..
    သူတို့တွေကအာရှတိုက်ကလူတွေထက်အရှက်အကြောက်နည်းကြ
    တယ်လို့ထင်ပါတယ်...သူတို့ရဲ့စိတ်ထဲမှာအမည်းမို့လို့ခွဲခြားခံရတယ်
    လို့ယူဆကြပါတယ်...ကျနော့်ကိုတယောက်မေးဖူးပါတယ်..နင်တို့
    နိုင်ငံမှာရောအမည်းကိုခွဲခြားသလားတဲ့...

    ReplyDelete