Wednesday, April 21, 2010

စားသောက်ဆိုင်မှာ




ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံတဲ့မင်္ဂလာနှစ်သစ်ပါရှင်။
ှုInternetမကောင်းတာရယ်၊ကျန်းမာရေးမကောင်းတာရယ်ကြောင့်
အသစ်မတင်ဖြစ်တာခွင့်လွှတ်ပါ။
နှစ်သစ်ကူးမှာကျွန်မတို့မြန်မာတွေစုပြီးဆိုင်မှာသွားစားကြပါတယ်။
ကြက်၊၀က်နံရိုး၊၀က်ပေါင်၊ငါး၊အမဲ၊ဆိတ်၊သိုးစတဲ့အသားကင်ရောင်းတဲ့ဆိုင်ပါ။
ဘာဂါနဲ့အအေးမျိုးစုံလည်းရပါတယ်။
ဆိုင်အခင်းအကျင်းကောင်းပြီး၊အစားအသောက်တွေအရသာရှိတာတင်မက
ဝန်ဆောင်မှုလည်းကောင်းပါတယ်။ဝန်ထမ်းတွေကလည်းပြုံးရွှင်ဖေါ်ရွေပြီး
ဆက်ဆံရေးကောင်းလို့ဒီနိုင်ငံမှာနာမည်ရတဲ့အပြင်အခြားအာဖရိကနိုင်ငံတွေ
မှာဆိုင်ခွဲတွေအများကြီးရှိပါတယ်။
ကျွန်မတို့စားနေရင်းတိုးတိုးငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့သီချင်းသံကနေမြူးကြွ
ကျယ်လောင်တဲ့သီချင်းသံရုတ်တရက်ပြောင်းသွားပြီးစားပွဲထိုးဝန်ထမ်းလေးတွေ
ရောမီးဖိုနောက်မှာအသားကင်နေတဲဝန်ထမ်းတွေရောငွေသိမ်းကောင်တာက
ဝန်ထမ်းတွေရောအားလုံးပြေးထွက်လာပြီးစားပွဲတွေကြားကမင်းလမ်းနဲ့နေရာလွတ်
တွေမှာအသီးသီးနေရာယူပြီးတေးသွားနဲ့အတူလက်ခုတ်တီးပြီးညီညီညာညာကကြ
ပါတယ်။
သီချင်းကဘာသီချင်းမှန်းမသိပေမဲ့အင်မတန်မြူးပါတယ်။
ကကွက်တွေကလည်းလက်ခုတ်တီး၊ခြေမြှောက်လက်မြှောက်ဘယ်လှည့်ညာလှည့်
ခက်ခက်ခဲခဲမဟုတ်ပါ။
ဆိုင်းသံကြားရင်ကချင်တဲ့စားတဲ့သူတချို့ကလည်းပျော်လာပြီးသူတို့အားလုံးနဲ့အတူ
လိုက်ကကြပါတယ်။
၁၀မိနစ်လောက်ကပြီးသီချင်းဆုံးတော့မှကိုယ်တာဝန်ကျရာနေရာကိုပြန်ပြီးအလုပ်ဆက်
လုပ်ကြပါတယ်။
ဝန်ထမ်းတွေကြည့်ရတာငြီးငွေ့မှုနဲ့စိတ်တင်းကြပ်မှုတွေလျော့ပြီးလန်းဆန်းသွားပုံ
ရပါတယ်။
၂နာရီ၊၃နာရီခြားတခါကကြကြောင်းဝန်ထမ်းတဦးကပြောပြပါတယ်။
အားရပါးရခုန်ပေါက်ကပြီးနောက်အပြောင်းအလဲဖြစ်ပြီးစိတ်ကြည်လင်လန်းဆန်း
လာတာမို့ဝန်ဆောင်မှုကောင်းကောင်းပိုပေးနိုင်ကြမှာပါ။
စားတဲ့သူတွေရောဝန်ထမ်းတွေရောပျော်ရွှင်စေတဲ့ကောင်းမွန်တဲ့နည်းလေးကို
တင်ပြလိုက်ရပါတယ်။

Sunday, April 4, 2010

အားနာလိုက်တာ...

ကျွန်မတို့မြန်မာတွေဟာအလွန်အားနာတတ်ကြသူတွေပါ။တခုခုအကူအညီတောင်း
ရင်လည်းကူညီနိုင်တဲ့ကိစ္စဆိုရင်မငြင်းတတ်ဘဲအင်တိုက်အားတိုက်ကူညီလေ့ရှိပါတယ်။
အားနာတတ်တဲ့အားနည်းချက်ကိုတစ်ချို့လူတွေကအခွင့်ကောင်းယူပြီးအခွင့်အရေးယူ
တာက်ုခံကြရပါတယ်။ကျွန်မနေတဲ့တိုက်ဟာအခန်းပေါင်း၄၅ခန်းရှိပြီး၁၅ခန်းကမြန်မာ၊
ကျူးဘား၊ဖိလစ်ပိုင်၊တရုတ်နဲ့ဒီနိုင်ငံကအမဲတွေနေပြီးကျန်အခန်းတွေကတော့အိန္ဒိယ၊
ဘင်္ဂလာဒေ့ခ်ျ၊ပါကစ္စတန်၊နိပေါတို့ကလာတဲ့ကုလားတွေနေကြပါတယ်။
ဒါကြောင့်ကျွန်မတို့ရဲ့အိမ်နီးချင်းတွေဟာကုလားတွေဖြစ်ပါတယ်။
တချို့ကယဉ်ကျေးမှုရှိပြီးနားလည်သိတတ်ကြပေမဲ့တချို့ကတော့စိတ်ဓာတ်သိမ်ဖျင်းပြီး
စီးပိုးကြပါတယ်။

မြန်မာဆရာဝန်မမလှဟာအောက်ဆုံးအထပ်မှာနေသူပါ။
တခုသောည၉နာရီခွဲလောက်မှာအပေါ်ဆုံးထပ်ကကုလားမုတ်ဆိတ်တံခါးလာခေါက်
ပါတယ်။သူ့မိန်းမနေမကောင်းလို့ဆရာဝန်လာပင့်တာပါ။
ညနက်နေပြီမို့လူနာကိုခေါ်ခဲ့ပါပြောတော့လုံးဝမထနိုင်တဲ့အကြောင်းနဲ့သူ့မိန်းမသာတခုခု
ဖြစ်သွားရင်ခလေး၃ယောက်နဲ့သူဒုက္ခဖြစ်တော့မယ်ကူညီပါဆိုပြီးမျက်နှာငယ်နဲ့
ပြောတော့နဂိုကမှသနားတတ်တဲ့မမလှကသွေးပေါင်ချိန်စက်နဲ့နားကျပ်လေးဆွဲပြီး
အပေါ်ထပ်ကိုလိုက်သွားပါတယ်။
သူတို့အခန်းရောက်တော့လုံးဝမထနိုင်ဘူးဆိုတဲ့လူနာကအိမ်မှာမရှိပါဘူး။
မမလှကိုခဏထိုင်ပါအုံးဆိုပြီးလူနာကိုသွားခေါ်ပါတယ်။လူနာကုလားမက၂ခန်းကျော်
အိမ်ကခလေးခါးထစ်ခွင်ချီပြီးထွက်လာပါတယ်။နေမကောင်းတဲ့ပုံလည်းမရှိ၊
ရောက်လက်စနဲ့မထူးတော့ဘူးဆိုပြီးသွေးပေါင်ချိန်၊စမ်းသပ်ကြည့်တော့လည်းအားလုံးအကောင်း။
အောင့်သက်သက်နဲ့ပြန်လာပြီးဒီအကြောင်းကျွန်မတို့ကိုပြောပြပါတယ်။
တကယ်နေမကောင်းတဲ့အိမ်နီးချင်းကိုလိုက်ကြည့်ပြီးကုသပေးရတာအပမ်းမကြီးပေမဲ့
လူလည်ကျတာတော့ဘယ်ခံချင်ပါ့မလဲလေ။
ကျွန်မတို့လည်းနောက်တခါခေါ်ရင်မလိုက်နဲ့လို့မြှောက်ပေးကြပါတယ်။
နောက်၁လလောက်နေတော့ည၁၀နာရီလောက်လာခေါ်ပြန်ပါတယ်။
ဒီတခါတော့မမလှနပ်သွားပါပြီ။သွေးပေါင်ချိန်စက်ကိုနယ်ကမိတ်ဆွေယူသွား
ပြီမို့မရှိတော့ကြောင်း။နားကျပ်လည်းဆေးရုံမှာကျန်ခဲ့လို့လိုက်ကြည့်မပေးနိုင်ကြောင်း၊
တခြားအခန်းကဆရာဝန်သွားခေါ်ကြည့်။မရရင်တော့ဆေးရုံသာခေါ်သွားပေတော့လို့
ပြောလိုက်ပါတယ်။
နောက်တော်တော်ကြာမှကျွန်မဘေးခန်းကကုလားမနဲ့စကားစပ်မိရင်းမုတ်ဆိတ်တို့
လင်မယားအကြောင်းသိရပါတယ်။
မုတ်ဆိတ်ကသူ့ထက်အသက်၂၀လောက်ငယ်တဲ့မိန်းမကိုယူထားပြီးသူ့မိန်းမကို
အင်မတန်အလိုလိုက်ဆိုဘဲ။လင်မယားခဏခဏရန်ဖြစ်ပြီးရန်ဖြစ်ပြီဆိုရင်သူ့မိန်းမက
ရင်တုန်၊သွေးတက်၊မူးလဲ၊ရောဂါပြပြီးမူလကျီလုပ်တော့တာပါ။
မုတ်ဆိတ်တို့လင်မယားအချစ်စမ်းပွဲမှာဘုမသိဘမသိနဲ့မမလှကြီးခံလိုက်ရတာပါ။

အလုပ်လာလုပ်တဲ့မြန်မာတွေထဲမှာမိုးလေးဟာအသက်အငယ်ဆုံးပါ။ရိုးပြီးအလွန်အားနာ
တတ်သူပါ။တနေ့မှာသူနဲ့စက်ရုံတစ်ခုထဲအတူအလုပ်လုပ်တဲ့ကုလားမသူ့အိမ်ကိုလာလည်
ပါတယ်။ဒီကုလားမဟာမိုးလေးထက်အရင်ရောက်ပြီးလခလည်းမိုးလေးထက်ပိုရသူပါ။
အတောင်းအရမ်းအချေးအငှားထူပြီးလူလည်ကျလို့အလုပ်မှာလည်းနာမည်ကြီးပါ။
သူများကားကြုံလိုက်ပါရစေဆိုပြီးလိုက်လာပြီးကားပေါ်ရောက်မှလမ်းမကြုံတဲ့နေရာကို
အတင်းလိုက်ပို့ခိုင်းတတ်သူလည်းဖြစ်ပါတယ်။
မိုးလေးအခန်းထဲကအ၀တ်လျှော်စက်အဟောင်းလေးမြင်သွားပြီးသူ့အ၀တ်တွေလာ
လျှော်ပါရစေသိပ်မများပါဘူးဆိုပါတယ်။အားနာတတ်တဲ့မိုးလေးကခွင့်ပြုလိုက်ပါတယ်။
နောက်နေ့မှာခြင်းကြီး၂ခြင်းနဲ့အပြည့်စောင်တွေအိပ်ရာခင်းတွေပါမကျန်ယူချလာတဲ့
ကုလားမကိုကြည့်ရင်းမိုးလေးမျက်လုံးပြူးနေပါတယ်။
အားနာမှုရဲ့နောက်ဆက်တွဲကတော့မိုးလေးရဲ့ရေနဲ့လျှပ်စစ်သုံးပြီး၃ခါလောက်လှည့်သွား
တဲ့အပြင်ဆပ်ပြာမှုန့်ကုန်သွားတယ်ဆိုလို့ဆပ်ပြာမှုန့်ပါစိုက်လိုက်ရပါသေးတယ်။
နေရာတကာမှာအားနာတတ်တာမကောင်းကြောင်း။မသိတတ်သူကိုဗြောင်ပြောပြီး
ငြင်းသင့်ကြောင်း၊၁နာရီလောက်လက်ချာရိုက်လိုက်ပါတယ်။

သူများတွေကိုအားမနာဖို့မြှောက်ပေးပြီးဆရာကြီးလုပ်တဲ့ကျွန်မအလှည့်ရောက်လာပါပြီ။
ကျွန်မနဲ့၃ခန်းကျော်မှာလွန်ခဲ့တဲ့၁လလောက်ကမှပြောင်းလာတဲ့ကုလားမိသားစုရှိ
ပါတယ်။ခလေး၃ယောက်ပါပါတယ်။လမ်းတွေ့ရင်နှုတ်ဆက်ပြုံးပြရုံကလွဲလို့စကားတောင်
၃၊၄ခွန်းပြည့်အောင်မပြောဘူးပါ။
တနေ့မှာသူ့အိမ်ကအိမ်ဖေါ်မလေးလွှတ်ပြီးကုလားမကထီးခဏငှားပါတယ်။
လက်လွယ်တဲ့ကျွန်မငှားလိုက်ပါတယ်။နောက်ရက်မှပြန်ရပါတယ်။
၂ရက်၃ရက်နေတော့ကြက်သွန်ဖြူလာချေးပြန်ပါတယ်။ဒီမှာကြက်သွန်ဖြူကဈေးကြီး
ပါတယ်။
အမွှာတွေနဲ့ဥကြီးတစ်ဥကိုဒေါ်လာဝက်လောက်ပေးရပါတယ်။
အိမ်နီးချင်းဆိုတဲ့အားနာစိတ်နဲ့ပေးလိုက်ပါတယ်။မေ့ချင်ယောင်ဆောင်ပြီးပြန်မပေးပါ။
ကျွန်မအခန်းကပေါ်ထပ်မှာမို့ခြံဝန်းထဲကအ၀တ်တန်းတွေကိုအမြဲအောက်ဆင်းမလှမ်းဖြစ်
တော့ဝရံတာမှာထုတ်လှမ်းနိုင်တဲ့ပေါ့ပေါ့ပါးပါးစတီးအ၀တ်တန်းလေးဝယ်ထားပါတယ်။
မကုလားမကအဲဒီအ၀တ်တန်းကိုမျက်စေ့ကျတော်မူပါတယ်။
ခဏခဏလာငှားပါတယ်။ကျွန်မကတနေကုန်အလုပ်သွားရသူမို့အားတဲ့အချိန်လေး
အ၀တ်လျှော်ဖွတ်လှမ်းရသူမို့မငှားပါ။ပြီးတော့သူ့အချေးအငှားထူပြီးဇတ်ရှုတ်တာ
လည်းမကြိုက်လို့ကင်းကင်းရှင်းရှင်းနေချင်တာလဲပါပါတယ်။ဒါလည်းအမှတ်မရှိ
စနေတစ်ရက်မှာထပ်လာငှားပြန်ပါတယ်။
၎၊၅ခါလာငှားပြီးတခါမှမပေးလိုက်တော့အားနာတဲ့စိတ်ကလေးကခေါင်းပြူလာပါတယ်။
တခါလောက်ပေးလိုက်ပါမယ်လေ။ငါလည်းလောလောဆယ်ဆယ်လှမ်းစရာမှမရှိတာ
ဆိုပြီးပေးလိုက်ပါတယ်။
ပြန်လာပေးနိုးစောင့်ရင်း၃ရက်သာကြာရောလာမပေးပါ။သူ့ကလေးအ၀တ်တွေတော့
နေ့တိုင်းထုတ်လှမ်းနေတာမြင်ပါတယ်။ကိုယ့်ပစ္စည်းကိုယ်တောင်းရမှာဝန်လေး
နေပါတယ်။
အသိရှိရှိလာပေးမလားစောင့်ရင်းမလာတော့၎ရက်မြောက်နေ့မှာသွားတောင်းရပါတော့တယ်။
ကုလားမကမျက်နှာတင်းတင်းနဲ့ခဏနေအုန်းဆိုပြီးအ၀တ်တန်းကသူ့ကလေးအ၀တ်တွေ
ကိုဆောင့်ကြီးအောင့်ကြီးရုတ်ပြီးအထဲဝင်သွားပါတယ်။သူများပစ္စည်းငှားပြီးကျေးဇူးတင်
ကြောင်းပြောဖို့နေနေသာသာရန်တွေ့အလွှတ်မခံရတာကံကောင်း..။
အားနာသူကြီးကျွန်မကိုယ့်အ၀တ်တန်းလေးကိုယ်မပြီးအိမ်ပြန်သယ်လာရပါတယ်။
နောင်ဘယ်တော့မှလက်မလွယ်ဖို့၊ကျေးဇူးခံကျေးဇူးစားလည်းမရှိတဲ့တစိမ်းတွေကို
အလကားနေရင်းအားမနာဖို့သင်ခန်းစာကောင်းကောင်းရသွားပါပြီရှင်။