Friday, August 28, 2009

လှသထက်လှမယ်ဆိုရင်

လူမဲတွေရဲ့ဆံပင်ဟာပြောင်းဖူးမွှေးတွေလိုပါ။တချို့ ကနီကျန်ကျန်၊တချို့ ကအမဲ ၊
ဆံလုံးသေးပြီးပျော့ပါတယ်။ကောက်ကွေးပြီးခေါင်းပေါ်ကိုသာလိပ်ဝင်နေလို့
ဆံပင်ဘယ်လောက်ရှည်ရှည်လည်ဂုတ်ကမကျော်ပါ။
အမျိုးသားတွေကတော့ရှင်းပါတယ်။အများစုကဂတုံးပြောင်တွေပါ။
ဒါမှမဟုတ်ဂတုံးဆံတောက်ထားပါတယ်။
အမျိုးသမီးတွေကတော့နဲနဲအလုပ်ရှုပ်ပါတယ်၊သူတို့ရဲ့ကောက်ကွေးဖွာလံကြဲ
ဆံပင်တွေကိုတင်းနေအောင်ဆွဲ၊ဆံပင်တုနဲ့ဆက်ပြီးကျစ်ဆံမြီးသေးသေးလေးတွေ
ကျစ်ပါတယ်။အချို့ကတော့လေးထောင့်ပုံလယ်ကွက်လေးတွေလိုအကွက်ဖေါ်
ပြီးဆံပင်တွေကိုလိမ်ပြီးအကွက်လေးတွေပေါ်လိပ်တင်ပါတယ်။တချို့ကျတော့လဲ
ဆီတွေလူးပြီးဖြောင့်စက်နဲ့ဆွဲကြပါတယ်။ဆံပင်သားကမတူလေတော့ကျွန်မတို့
ဆံပင်တွေလိုဖြောင့်စင်းပြီးတုန်မနေပါ။အောက်ခြေကခဲပြီးကားကားကြီးဖြစ်နေ
ပါတယ်။မြိုင်ရာဇာတွတ်ပီထဲကဗိုက်ကလေးဆံပင်ပုံမျိုးပေါ့။
ကျွန်မတို့အာရှသူတွေရဲ့ဆံပင်နက်နက်ဖြောင့်ဖြောင့်ကိုသူတို့အရမ်း
သဘောကျပါတယ်။ကျွန်မတို့ဆံပင်ကထူလဲထူ၊ဖြောင့်စင်းပြီးချောထွက်လို့သူတို့
လိုကျစ်ဆံမြီးကျစ်ရင်မလှပါ၊ကျစ်ရလဲခက်ပါတယ်။
အိမ်ဘေးကတရုတ်မလေးတယောက်ကတော့သူတို့ကျစ်ဆံမြီးကိုသဘောကျ
လို့သူတို့လိုကျစ်ဆံမြီးကျစ်ပါတယ်။၃၊၄ရက်လောက်နေတော့ခေါင်းတွေယားလို့
လျှော်လိုက်တာဆံပင်အစတွေဖွာထွက်လာပြီးပုံပျက်သွားလို့ပြန်ဖြေရပါတယ်။
ကျစ်တုံးကတော့ဘယ်လိုကျစ်လဲမသိ၊ပြန်ဖြေတော့ဆံပင်တွေကမာကျစ်ပြီးခဲနေ
လို့မနည်းဖြေယူရပါတယ်။
တစ်ခါကလဲကျူးဘားတယောက်သူတို့လိုကျစ်ဆံမြီးကျစ်တာညရောက်တော့
ဆွဲကျစ်ထားတဲ့ဆံပင်တွေကတအားတင်းပြီးခေါင်းတွေကိုက်တာမခံနိုင်လို့
မနက်ရောက်တော့ခေါင်းတုံးတုံးရတဲ့ဘ၀ရောက်ပါတယ်။
ဆံပင်တွေကိုအလှဆင်ပြီးရင်အနည်းဆုံး၂ပတ်လောက်ခေါင်းမလျှော်ရပါ။
တချို့ကတစ်လလောက်မလျှော်ပါ။လျှော်ရင်လဲဆိုင်မှာလျှော်တာပိုကောင်း
တယ်ပြောပါတယ်။သူတို့တွေကတော့ကျစ်နေကျ၊ပြင်နေကျ၊နေနေကျလို့လား
မသ၊ိဒီဆံပင်တင်းတင်းကြီးကိုအယားခံပြီးလနဲ့ချီနေနိုင်ပါတယ်။
၃လလောက်ကြာတော့တင်းတင်းဆွဲပြီးကျစ်ထားတဲ့ဆံပင်တွေကလျှော့လာ
ပါပြီ။အရင်လိုတင်းတင်းရင်းရင်းနဲ့ပုံမကျတော့ပါ။အဲဒီအခါပြန်ဖြေကြပြန်တယ်။
ပုံစံအသစ်ပြောင်းကျစ်ရင်ကျစ်၊မကျစ်နိုင်သေးရင်တော့ပုံပျက်နေတဲ့ဆံပင်ကို
မမြင်အောင်ခေါင်းကိုပုဝါနဲ့စီးရင်စီး၊ဦးထုတ်ဆောင်းရင်ဆောင်း၊ဆံပင်တုပုံစံ
လှလှလေးတွေစွပ်ချင်စွပ်။
ဆံပင်အလှပြင်ခကဈေးကြီးပါတယ်။အများစုကဆင်းရဲကြပေမဲ့အလှအပအတွက်
တော့မနှမြောကြပါဘူး။
အမဲမဖြစ်ဖြစ်၊အဖြူမဖြစ်ဖြစ်၊ဥရောပသူဖြစ်ဖြစ်၊အာရှသူဖြစ်ဖြစ်၊အာဖရိကသူဖြစ်ဖြစ်
မိန်းမဟာမိန်းမပါဘဲလေ။
အမျိုးသမီးတိုင်းဟာလှချင်ကြသူချည်းပဲမဟုတ်ပါလား...

Friday, August 21, 2009

သူ့ အကြိုက် ကိုယ့်အကြိုက်

ဒီကအမျိုးသမီးအများစုဟာခပ်၀၀တွေပါ။ရင်ကြီးကြီး၊တင်ကြီးကြီး၊အရိုးအဆစ်လဲ
ဲကြီးပါတယ်။
အပိန်ဆုံးကမဘုတ်ဆုံအငယ်စားလောက်ရှိပါတယ်။
သူတို့ဟာဆယ်ကျော်သက်မှာတော့ခပ်ပိန်ပိန်ပါ၊နှစ်ဆယ်ကျော်အစိတ်ပိုင်းလောက်ကစပြီး
တဖြေးဖြေးအသားတက်လာလိုက်တာအသက်သုံးဆယ်လောက်လဲရောက်ရောအားလုံး
ဂီတာရှိတ်ရှင်ဂွမ်းဂွိ၊စည်ပိုင်းရှိတ်ရှင်ဂွမ်းဂွိတွေဖြစ်လာတော့တာဘဲ။
ယောင်္ကျားတွေကျတော့သိပ်မ၀ဘူးရှင့်။
ဝပြီးအသားမဲပေမဲ့သူတို့အသားအရည်ကအင်မတန်နူးညံ့ပါတယ်။ကိုယ်လုံး၀၀ကြီးတွေ
ကလဲအိနေတာပဲ။လက်ဖ၀ါးလေးတွေကလဲနုဖတ်နေတာပဲ။
နူးညံ့ဆိုသူတို့ကကျွန်မတို့လိုဖြစ်ကတတ်ဆန်းမနေဘူးလေ။အိပ်ထဲမှာအလှဆီဗူးအမြဲပါပြီး
အေးတဲ့ရာသီဆိုတစ်နာရီခြားတခါလောက်လူးနေတာ၊ရေတခါကိုင်ပြီးတိုင်းလဲလက်ကို
အလှဆီလူးရတာအမော၊
သူတို့နဲ့စာရင်ကျွန်မတို့ကအသားသာဖြူတာအလှဆီလူးရမှာပြင်းလို့အသားတွေကကြမ်း
ထော်လို့။
ကျွန်မတို့မြန်မာမတွေဝိတ်တက်ပြီးနဲနဲဝလာရင်ဘဲgymသွားတဲ့လူနဲ့။လေ့ကျင့်ခန်းလုပ်သူ
နဲ့။အစားလျှော့စားသူနဲ့ဝမှာအလွန်ကြောက်ပါတယ်။
သူတို့ကတော့ဘယ်လောက်၀၀အစားမပျက်၊လေ့ကျင့်ခန်းမလုပ်နဲ့။ဝချင်သလောက်ဝ၊
တစ်ခါကကျွန်မအမဲမတယောက်ကိုမေးကြည့်ဘူးပါတယ်၊
"နင်တို့အများစုက၀ကြတယ်နော်၊ပိန်အောင်အစားလျှော့တာ၊လေ့ကျင့်ခန်းယူတာမလုပ်
ဘူးလား၊ငါတို့ဆီမှာတော့ပိန်မှသဘောကျတယ်" ဆိုတော့သူက
"ငါတို့လူမျိုးယောင်္ကျားတွေကပိန်တဲ့မိန်းမဆိုရင်မကြိုက်ဘူး၊ရောဂါရှိတယ်၊ရောဂါထူတယ်
ဆိုပြီးမယူဘူး၊၀တဲ့မိန်းမမှစိုပြေပြီးကျန်းမာရေးကောင်းတယ်ဆိုပြီးလက်ထပ်တာ" တဲ့။
အင်း...သူတို့လိုသာဆိုရင်ဖြင့်ကျွန်မတို့ဆီကမော်ဒယ်ဂဲတွေယောင်္ကျားရဖို.တောင်ခပ်
ခက်ခက်...

Saturday, August 15, 2009

ဒီဇင်ဘာညများမလိုချင်ပါ

၁၂လရာသီမှာဒီဇင်ဘာလဟာကျွန်မအကြိုက်ဆုံးနဲ့အပျော်ဆုံးလပါ။
ရာသီဥတုအေးမြတာရယ်၊နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကိုကြိုရမဲ့နောက်ဆုံးလ
ဖြစ်တာရယ်၊ခရစ်ယာန်သူငယ်ချင်းတွေသီချင်းတွေဆိုကြ၊ခရစ်စမတ်ပွဲတော်
အတွက်ပြင်ကြဆင်ကြကျင်းပကြတာကိုရောယောင်ပျော်ရင်းကျွန်မအတွက်
ပျော်ရွှင်ကြည်နူးဖွယ်ဒီဇင်ဘာညတွေဖြစ်ခဲ့ရပါတယ်။မိသားစုနဲ့ခွဲခွာပြီး
ထွက်လာခဲ့တာလဲဒီဇင်ဘာလမို့ပျော်ရွှင်ဖွယ်ဒီဇင်ဘာညတွေဟာလွမ်းမောဖွယ်
်ညတွေဖြစ်လာခဲ့ရပါတယ်။ဒီကိုရောက်လာမှလွမ်းမောဖွယ်ညတွေဟာ
ခြောက်ခြားရတဲဒီဇင်ဘာညတွေဖြစ်လာပြန်ပါတယ်။
ကျွန်မနေတဲ့flatကအခန်း၄၀ကျော်ရှိပါတယ်။ခြံတစ်ဝင်းထဲမှာပဲအခန်း၂၀ကျော်စီ
ပါတဲ့flat၂ခုလည်းရှိပါသေးတယ်။ခြံဝင်းအ၀င်ဂိတ်၃ခုရှိပြီးတစ်ဂိတ်စီမှာသေနတ်
တစ်လက်နဲ့လုံခြုံရေးတစ်ယောက်စီရှိပါတယ်။ကျွန်မတို့flatမှာအစိုးရပိုင်ဝန်ထမ်း
အခန်း၁၀ခန်းနဲ့အခြားflat၂ခုမှာဝန်ထမ်းခန်း၃ခန်းစီရှိပါတယ်။ကျန်အခန်းတွေက
တော့ပုဂ္ဂလိကအခန်းတွေပါ။အစိုးရ၀န်ထမ်းတွေအပြင်စက်ရုံမှာလုပ်သူ၊
စတိုးဆိုင်ဝန်ထမ်း၊ကျောင်းဆရာ၊စက်ချုပ်သူ၊စားသောက်ဆိုင်ပိုင်ရှင်၊
ပြင်ပစီးပွားရေးသမားများနေထိုင်ကြပါတယ်။၈၀%ကနိုင်ငံခြားသားအိန္ဒိယ၊
တရုတ်၊ကျူဘား၊ဖီလစ်ပိုင်၊မြန်မာ၊အခြားအာဖရိကနိုင်ငံတွေကလူမဲတွေဖြစ်ပါတယ်။
ဒီမှာဒီဇင်ဘာလဟာရာဇ၀တ်မှုအများဆုံးလပါ။ဒီဇင်ဘာခရစ်စမတ်မှာဝတ်ချင်၊စားချင်၊
ဝယ်ချင်ချမ်းချင်၊သုံးချင်ဖြုံးချင်ကြတယ်။ငွေကိုစုတဲ့အကျင့်ကလဲမရှိလေတော့ဝင်ငွေ
ထက်ပိုသုံးချင်တဲ့ငွေကိုသူများဆီကလုယက်ကြတော့တာလေ။
ကျွန်မဒီကိုရောက်ပြီး၂ပတ်အကြာကျွန်မနေတဲ့flatဓားပြ၀င်တိုက်ပါတော့တယ်။
အဲဒီညက၉နာရီလောက်ပဲရှိပါသေးတယ်။လူ၈ရောက်သေနတ်တွေနဲ့ဝင်းထဲကို
ဝင်လာပြီးလုံခြုံရေး၂ယောက်ကိုတိုက်ဘေးမှာကြိုးတုတ်ထားပါတယ်။
ကျန်တစ်ယောက်ကတော့ထွက်ပြေးသွားပါတယ်။ဓားပြတွေဟာအနုကြမ်းမစီးခင်
ထဲကဘယ်အိမ်ကချမ်းသာတယ်ဆိုတာစုံစမ်းသိထားပြီးသားပါ။ကျွန်မတို့လိုအစိုးရ၀န်ထမ်း
အိမ်တွေကိုတော့စီးပွားရေးသမားတွေလိုပိုက်ဆံမပေါတာရယ်၊ရှိတဲ့ပိုက်ဆံကလဲ၁လ
သုံးလောက်ရုံသာအိမ်မှာရှိပြီးကျန်တာဘဏ်ထဲမှာသာထားတတ်ကြတာကြောင့်
သိပ်စိတ်မ၀င်စားကြပါဘူး။အဲဒီနေ့ကမြို့ထဲမှာဆိုင်ဖွင့်ထားတဲဆိုင်ပိုင်ရှင်
ကုလားသူဌေး၃အိမ်ကိုဓားပြတိုက်ပြီးရွှေ၊ငွေ၊cellphoneတွေယူသွားပါတယ်။
ဓားပြတိုက်ခံရတဲ့ကုလားအိမ်တွေဟာတံခါးခေါက်တာကိုဧည့်သည်ထင်
ပြီးတံခါးဖွင့်ပေးလိုက်တာအိမ်ထဲရောက်လာမှဓားပြတွေမှန်းသိရတာပါ။
အိမ်သားတွေကိုတော့ကြိုးတုတ်ပြီးအခန်းထဲထည့်ပြီးအပြင်ကသော့ခတ်ခဲ့ပါတယ်။
အဲဒီမှာကံဆိုးသူတရုတ်တစ်ယောက်ကတော့ဓားပြတိုက်မဲ့အစီအစဉ်မှာ
သူ့အိမ်ပါပုံမရပါဘူး။သူခမျာဓားပြတိုက်နေချိန်မှာညဖက်casinoကအပြန်ကား
parkingလုပ်ပြီးအိမ်ပေါ်ကိုအတက်လှေကားရင်းမှာစော့င်နေတဲ့ဓားပြနှစ်ယောက်နဲ့
ပက်ပင်းတိုးပါတော့တယ်။သေနတ်တေ့ပြီးသူ့ အိမ်ကိုလိုက်ပြခိုင်းပေမဲ့တရုတ်ကသူ့ 
cell phone နဲ့ပါတဲ့ပိုက်ဆံပေးပြီးလိုက်မပြလို့သေနတ်ဒင်နဲ့နားထင်ကိုထုပြီးလုံခြုံရေး
တွေနဲ့အတူကြိုးတုတ်ထားတယ်။ခဏအကြာရုန်းရင်းကန်ရင်းကြိုးပြေပြီးသူတို့၃ယောက်
ရဲစခန်းကိုထွက်ပြေးကြပါတယ်။ကူညီပါရစေတွေရောက်လာချိန်မှာတော့ဓားပြအားလုံး
ရသမျှယူပြီးထွက်ပြေးသွားကြပါပြီအခုထက်ထိတိုင်အောင်လဲဒီအမှုကဓားပြတွေမမိသေး
သလိုပစ္စည်းတွေလည်းပြန်ရတယ်လို့မကြားမိပါဘူး။တတိုက်လုံးအပြင်မှာရုတ်ရုတ်သဲသဲ
ဖြစ်နေချိန်မှာကျွန်မကတော့ဧည့်ခန်းမှာTVကြည့်ရင်းအိပ်ပျော်နေပါတယ်။
ဓားပြတိုက်သွားကြောင်းမနက်မိုးလင်းမှသိပါတယ်။မနက်ကျမှမျက်နှာချင်းဆိုင်အခန်းက
တရုတ်ကပြောပါတယ်။ညကဓားပြတွေကျွန်မအိမ်ကိုတံခါးခေါက်နေတာသူတွေ့ံ့တယ်။ကျွန်မကိုသတိပေးဖို့အပြင်လည်းမထွက်ရဲဖုန်းနံပါတ်လဲမသိလို့အိမ်ထဲက
ချောင်းကြည့်ရင်းကျွန်မများတံခါးဖွင့်ပေးလိုက်မိရင်အခက်ပဲလို့စိုးရိမ်မိကြောင်း
ပြောပါတယ်။ဘာဖြစ်လို့များကျွန်မအခန်းကိုလာခေါက်ရတာပါလိမ့်။
ဘယ်သူဌေးအခန်းနဲ့များမှားခေါက်တာပါလိမ့်။နောက်မှစဉ်းစားမိတာကတော့
့ကျွန်မရဲ့တံခါးမှာအန္တရယ်ကင်း၂၄ပစ္စည်းရေးထားတဲ့ရောင်စုံစက်ဝိုင်းလေးကပ်
ထားတယ်လေ။အဲတာကိုမှောင်မဲမဲမှာတရုတ်စာထင်ပြီးတရုတ်အိမ်နဲ့မှားခေါက်တာ
ဖြစ်မယ်ထင်ပါတယ်။အဲဒီတော့မှတစ်ညလုံးဆင်အော်လို့မနိုးအိပ်ပျော်နေတဲ့ကျွန်မ
ကြောက်ရကောင်းမှန်းသိတော့တာ၊တံခါးခေါက်သံသာကြားခဲ့ရင်အူကြောင်ကြား
ကျွန်မဖွင့်ပေးမိမှာအသေအချာပါပဲ။အိမ်ကထည့်ပေးလိုက်တဲ့ဒေါ်လာနဲ့
ဖုန်းအစုတ်လေးပါသွားတာကအရေးမကြီး၊လူကိုအန္တရယ်ပြုရင်အခက်။
ဒီနိုင်ငံမှာလူသတ်တာကလေးကစားသလောက်လွယ်ပါတယ်။
နားပါးပြီးအလွန်အအိပ်ဆတ်တဲ့ကျွန်မတံခါးခေါက်သံမကြားပဲလုံးဝအိပ်ပျော်သွားတာ
ကတော့ရတနာ၃ပါးဂုဏ်ကျေးဇူးကြောင့်ပါပဲ။နှောက်နှစ်ဒီဇင်ဘာတွေမှာတော့
လုံခြုံရေးတွေလည်းတိုးချ၊လူတွေကလည်းသတိနဲ့နေကြတော့ဘာမှမဖြစ်
တော့ပေမဲ့ဒီဇင်ဘာလရောက်တိုင်းဓားပြလာတိုက်ဦးမလားဆိုပြီးကြောက်တဲ့
စိတ္တဇကတော့ဒီနိုင်ငံမှာနေသ၍ရှိနေဦးမှာပါပဲလေ။

Tuesday, August 11, 2009

ဒီဘက်ကမ်းကမီးထိန်ထိန်

မြန်မာပြည်ကကျွန်မထွက်လာစဉ်၂၀၀၄ခုနှစ်လောက်ကမီးတွေစပျက်နေပါပြီ။
အခုလောက်တော့မဆိုးသေးပါ။အစိုးရဌာနတွေ၊ဆေးရုံတွေမှာလျှပ်စစ်မီးကို
မလိုအပ်ပဲမသုံးဖို့၊မဖြုန်းတီးဖို့၊ချွေတာဖို့ညွှန်ကြားထားပါတယ်။ညဘက်တွေမှာ
လဲလူကြီးတွေကမလိုအပ်ပဲမီးတွေဖွင့်မဖွင့်ရှောင်တခင်လိုက်စစ်ကြပါတယ်။
မိုးမှောင်ကျနေတဲ့အချိန်မှတပါးနေ့အလင်းရောင်ရှိရင်မီးပိတ်တာ၊မီးခလုတ်
တွေ၊ပလပ်တွေ၊စက်ခလုတ်တွေအိမ်မပြန်ခင်ပိတ်မပိတ်သေချာစစ်ရတာ
ကျွန်မတို့အဖို့အကျင့်ပါနေပါပြီ။ဒီမှာတော့လျှပ်စစ်မီးကို့ဖောဖောသုံးလိုက်
ကြတာ။
ဘယ်လောက်အလင်းရောင်ရှိရှိအလုပ်ကိုရောက်တာနဲ့မီးခလုပ်ကိုတန်းဖွင့်
တော့တာပဲ။အိမ်ပြန်တော့လဲမီးတွေကိုပိတ်မသွားကြဘူးရှင့်။မီးတွေအားလုံးဖွင့်
ပြီးခပ်တည်တည်နဲ့ပြန်သွားကြတာပဲ။ရုံးဆင်းလို့အိမ်မပြန်ခင်မီးခလုပ်ပိတ်တာ
သူတို့အလုပ်မဟုတ်သလိုပါပ။ဲညဘက်ရုံးခန်းတွေမှာလူမရှိပဲမီးတွေထိန်ထိန်
လင်းလို့...
ရောက်ခါစကအလင်းရောင်ရှိလျက်မီးချောင်းတွေလင်းနေရင်မီးခလုပ်တွေလိုက်
ပိတ်ပါတယ်။ပြန်ခါနီးမီးခလုပ်တွေအကုန်ပိတ်ပြီးမှပြန်ပါတယ်။ကျွန်မဌာနနဲ့ကပ်
ရက်ဌာနမှာအလုပ်လုပ်တဲ့အကိုကလည်းနေ့ခင်းကြောင်တောင်မီးဖွင့်ထားရင်
လိုက်ပိတ်ပါတယ်။သူကလဲမြန်မာပြည်ကလာတာကိုး။
ခဏအကြာသူတို့ကမီးပိတ်ထားတာတွေ့ ရင်ပြန်ဖွင့်ပါတယ်။့ကျွန်မတို့နှစ်ယောက်
ကလဲမီးပွင့်နေတာတွေ့ ရင်တက်ညီလက်ညီပြန်ပိတ်ကြပါတယ်။သူတို့ကဖွင့်လိုက်
ကိုယ်ကပိတ်လိုက်...
နောက်တော့သူတို့ကမေးပါတယ်။
"နင်တို့ဘာလို့မီးတွေလိုက်လိုက်ပိတ်ရတာလဲ"
"လင်းနေတာမီးမှမလိုပဲ"
"မီးထွန်းဖို့မီးချောင်းအစိုးရကတပ်ထားပေးတာပဲ၊ထွန်းရမှာပေါ့"
သူတို့ကမီးမထွန်းရင်ပဲသမိုင်းပေးတာဝန်မကျေပွန်သလိုပြောနေတာကြောင့်
"မလိုအပ်ပဲထွန်းတော့မီတာခတွေအရမ်းကျမှာပေါ့" လို့လျှာရှည်လိုက်သေးတယ်။
သူတို့ကအူကြောင်ကြောင်ပြန်ကြည့်ရင်း
"ကျပစေပေါ၊့အစိုးရကပေးတာပဲ၊ဘာဖြစ်လဲ"
ကောင်းလေစွ...စိတ်ဓာတ်တွေကတော့..
ဆောင်းရာသီဆိုရင်လဲheaterတွေဖွင့်လိုက်ကြတာ။သူတို့အခန်းထဲများဝင်သွားရင်
ချွေးတောင်ပြန်ပါတယ်။အလုပ်ချိန်ပြီးရင်လဲheaterကိုမပိတ်ခဲ့ပြန်ဘူးရှင်။
နောက်တနေ့မနက်လာရင်အခန်းထဲမှာနွေးနေအောင်ညနေပြန်ကတဲကဖွင့်ခဲ့တာတဲ့။
သူတို့အိမ်မှာတော့ဘယ်လိုသုံးနေကြလဲမသိပါ၊heaterတွေကမီးတအားဆွဲတာ
ကြောင့်သူတို့အိမ်မှာတော့အမြဲဖွင့်မယ်မထင်၊မီးတွေheaterတွေဖွင့်လို့သူတို့ကို
ဘယ်သူကမှအပြစ်မတင်သလို၊အထက်ကလဲဘာမှမပြောပါဘူး။
သူတို့ကိုယ်၌ကလဲဒါကိုဖြုန်းတီးမှုတခုလို့မယူဆသလိုနှမျောရကောင်းမှန်းမသိပါ။
ကျွန်မတို့ကသာမနေနိုင်မထိုင်နိုင်ကိုယ့်နိုင်ငံလဲမဟုတ်၊ကိုယ်ပေးရတာလဲမဟုတ်၊
ကြားထဲကငထွားခါးနာပြီးကပ်စေးနဲနေမိတာ။
တော်ပါပြီ။သူတို့ဟာသူတို့မီးကိုနေ့ဘဲဖွင့်ဖွင့်၊တညလုံးဘဲဖွင့်ဖွင့်ကိုယ်နှင့်မဆိုင်၊
ညဖက်ရုံးခန်းတွေမှာလူမရှိပဲမီးတွေလင်းနေရင်လဲအပြစ်ရှိသလိုခံစားပြီးနှမျောမ
နေနဲ့၊သူ့ နိုင်ငံပေမို့နေသာသလိုနေလိုက်တာအကောင်းဆုံးပဲမဟုတ်ပါလား။

Friday, August 7, 2009

ချဉ်ပေါင် ဒုက္ခ

ချဉ်ပေါင်ကြော်အလွန်ကြိုက်တဲ့ကျွန်မချဉ်ပေါင်ပင်လုံးဝမရှိတဲ့အရပ်မှာနေရတာ
တော်တော်ဆိုးပါတယ်။မျှစ်၇ယ်၊ပုဇွန်ဆိပ်လေးရောပြီးကျော်ထားတဲ့ချဉ်ပေါင်ကြော်
ဟာကျွန်မအနှစ်သက်ဆုံးစားစရာတမျိုးပါ။
ချဉ်ပေါင်မျိုးစေ့တွေကိုတကူးတကလူကြုံနဲံ့မှာပြီးအိမ်ရှေ့ ဝရံတာမှာအိုးတွေနဲ့ပျိုးထား
ပါတယ်။အထပ်တိုင်းမှာဝရံတာကတောက်လျှောက်ပါ။သီးသန့်ဝရံတာမဟုတ်ပါဘုး။
ကျွန်မနေတဲ့အထပ်က၁၂ခန်းလုံးလဲဝရံတာတောက်လျှောက်ပါ။
ချဉ်ပေါင်ပင်လေးတွေထွက်လာတော့ပျော်လိုက်ရတာ..သတိရတိုင်းရေခဏခဏ
လောင်းလို့အပင်တွေရေမြောမှာတောင်စိုးရပ်ါတယ်။အရွက်လေးတွေဝေေ၀ဆာဆာ
ဖြစ်လာပါပြီ။စားဖို့စိုက်ထားတဲ့အပင်တွေကိုမစားရက်မခူးရက်နှမြောနေပါတယ်။
တစ်နေ့မှာတော့...
"အမလေး..ဘုရားဘုရား...ကုန်ပါပြီတော်၊အပင်လေးတွေကိုရက်ရက်စက်စက်
ဘယ်သူများလုပ်သွားတာပါလိမ့်"
အဖူးတွေအရွက်နုလေးတွေဝရံတာမှာပြန့်ကျဲလို့
"အပေါ်ထပ်ကကုလားအိမ်ကမျောက်မူးလဲကုလားမလေးလက်ချက်ပဲဖြစ်မှာ..."
အပေါ်ထပ်ကကုလားအိမ်မှာကလေးတွေ၎၊၅ယောက်လောက်ရှိပါတယ်။ဘုစုခရု
တွေပါ။အဲဒီထဲက၅နှစ်၆နှစ်လောက်ရှိတဲ့ကလေးမလေးကအဆိုးဆုံးပါ။အလွန်ဆော့
အလွန်ဆိုးပါတယ်။
အရင်ကလဲမျက်နှာချင်းဆိုင်မြန်မာအိမ်ကဂေါ်ဖီပွင့်သနပ်လုပ်မလို့ဂေါ်ဖီပွင့်နဲမုန်လာဥနီ
တွေရေဆေးလှီးချွတ်ပြီးဗန်းနဲ့ဝရံတာမှာနေပူလှမ်းထားတာကိုဆော့ပြီးလွှတ်ပြစ်လို့အဲဒီ
အိမ်ကအစ်မကြီးဒေါသထွက်ပြီးအော်ထုက်ဖူးပါတယ်။အခုတော့ကျွန်မအလှည့်ပေါ့။
သက်သက်လာဆော့ပြီးဖျက်ဆီးပြစ်တာ။ဒီကုလားမလေးလုပ်တာသိနေပေမဲ့လက်
ဆုတ်လက်ကိုင်မမိတော့ခက်နေပါတယ်။အဲဒီမှာကျွန်မရဲ့ချဉ်ပေါင်ဒုက္ခစပါတော့တယ်။
အလုပ်သွားတဲ့အချိန်အိမ်မှာလူမရှိတော့အပင်တွေများလာလုပ်မလားလို့အလုပ်မှာ
စိတ်ကမဖြောင့်၊ထမင်းစားချိန်ပြန်လာတော့လည်းခါတိုင်းလိုထမင်းစားပြီးအနားမယူ
နိုင်ပဲဧည့်ခန်းမှာငုတ်တုတ်ထိုင်ပြီးစောင့်ရပါတယ်။ဝရံတာကခြေသံတရှပ်ရှပ်ကြားပြီး
အိမ်ရှေ့နားမှာရပ်သွားရင်ကမန်းကတန်းပြေးပြီးတံခါးဖွင့်ကြည့်ရပါတယ်။လက်သည်
ကတော့မပေါ်သေးပါ။တစ်ပတ်လောက်ကြာတဲအထိအပင်လေးတွေခူးပြီးဆက်ချွေခံရ
ဆဲပါ။အလုပ်ကညနေမောမောနဲပြန်လာရင်ဝရံတာမှာပြန့်ကြဲနေတဲ့အရွက်လေးတွေကြည့်
ရင်းနှမြောလိုက်၊ဒေါသဖြစ်လိုက်နဲ့...
တစ်နေ့မှာတော့အပင်ပေါက်ကိုနုတ်၊အရွက်နဲ့အဖူးတွေခူးပြီးဆော့နေတဲ့ကုလားမလေး
ကိုပက်ပင်းမိပါတယ်။ကျွန်မလဲဒေါသဖြစ်ဖြစ်နဲ့တွေ့ တဲ့တုတ်တစ်ချောင်းဆွဲပြီးလိုက်တာ
ဖိနပ်တောင်မပါပါ။ကုလားမလေးလဲအပေါ်ထပ်ကိုပြေးလိုက်တာတန်းနေတာပဲ။သူ့အိမ်ထဲ
ဝင်ပြေးပြီးတံခါးပိတ်ထားပါတယ်။လက်မတင်လေးလွတ်သွားလို့ဒေါသဖြစ်ဖြစ်နဲ့အိမ်ကိုပြန်
လာပြီးအမောဖြေရပါတယ်။သွေးအေးပြီးဒေါသပြေသွားမှစဉ်းစားပြီးကို့ကိုယ်ကို
ရှက်လာပါတယ်။"ငါ့နှယ်နော်...လူကြီးဖြစ်နေပြီးမသိနားမလည်တဲ့ကလေးလေးနဲ့ဖက်ပြီး
ရန်ဖြစ်ရတယ်လို့၊ဘာမဟုတ်တဲ့ချဉ်ပေါင်ပင်လေးကိုငါ့အပင်ဆိုတဲ့အတ္တနဲ့လောဘတွေဖက်၊
ဒေါသတွေထွက်ပြီးပူလောင်လိုက်ရတာ...အိပ်ကောင်းချင်းမအိပ်ရ၊စားကောင်းချင်းမစားရ၊
နေကောင်းချင်းမနေရ။ဘာမှမရှိတာပဲကောင်းတယ်။ဘာမှမရှိရင်ဘာမှမပူရတော့ဘူးပေါ့"
အခုတော့ချဉ်ပေါင်ကြော်ကြော်စားဖို့လက်လျှော့လိုက်ပါပြီ။
ဒီနှစ်နွေရာသီမှာတော့ချဉ်ပေါင်ပင်မစိုက်တော့ပါ။ပန်းအိုးတွေလည်းသူများပေးလိုက်ပါပြီ။
ကုလားမလေးလည်းဆော့စရာမရှိတော့အိမ်ရှေ့ကိုမလာတော့ပါဘူး။
အခုမှကျွန်မလည်းအနှောက်အရှက်ကင်းစွာစိတ်အေးချမ်းသာနေနိုင်သွားပါပြီ။
ို့်ီ့ိို့ု့်

သူတို့စရိုက်(၄)

သူတို့တွေဟာသချာင်္လည်းတော်တော်ညံ့တဲ့သူတွေပါ။နေရာတကာcalculator ၊
စက်တွေနဲ့ပေါင်းနုတ်နေတော့၅ထဲက၃နုတ်ဆိုတာတောင်စက်မပါရင်မနုတ်တတ်တော့
ပါဘူး။
တခါကအလုပ်မှာကျွန်မရဲ့ခွင့်လက်ကျန်ကိုရုံးမှာတွက်ခိုင်းပါတယ်။၂နှစ်မှာ၉၆ရက်ခွင့်ရတဲ့
အထဲမှာ၂၁ရက်ခွင့်ယူပြီးဖြစ်လို့၇၅ရက်ကျန်ပါတယ်။ဒါကိုcalculatorနဲ့အသည်းအသန်
တွက်ပြီးအဖြေက၆၃ရက်ပါတဲ့။
ကျွန်မကစိတ်တွက်တွက်ပြီး"မှားနေတယ်၊၇၅ရက်ကျန်ရမှာလေ"ပြောတော့မျက်လုံး
ကြီးပြူးပြီး"နင့်မှာစက်မရှိပဲဘယ်လိုတွက်လိုက်တာလဲ"တဲ့၊နောက်၂ခါလောက်ပြန်နှိပ်
မှအဖြေမှန်ထွက်ပါတယ်။ဈေးဝယ်ရာမှာလဲ၅၅ကျပ်ကျတယ်ဆိုပါစို့၊ကျွန်မကတစ်ရာတန်
တစ်ရွက်နဲ၅ကျပ်စေ့တစ်စေ့ပေးရင်သူတို့မအမ်းတတ်တော့ပါဘူး။ခေါင်းကုတ်ပြီး၅ကျပ်စေ့
ကိုပြန်ပေးပါတယ်။ပြီးမှစက်နဲ့တစ်ရာထဲက၅၅နုတ်ပြီး၄၅ကျပ်ပြန်အမ်းပါတယ်။
ဒီလို့ပဲလစဉ်ပုံမှန်ထွက်ရမဲ့လစာဟာများလာလိုက်၊နည်းသွားလိုက်၊နောက်လကျover payဆိုပြီး
ဖြတ်လိုက၊်under payဆိုပြီးပြန်ပေးလိုက်နဲ့ရှုပ်နေတာပါပဲ။
ကျွန်မကတော့ကျွန်မတို့ကိုအပေါင်းအနုတ်အမြှောက်အစားနဲ့အလီတွေကိုအောက်သက်
ကြေအောင်သင်ပေးခဲ့တဲ့မူလတန်းကငယ်ဆရာတွေကိုဦးအကြိမ်ကြိမ်ချပြီးကျေးဇူး
တင်နေမိပါတော့တယ်ရှင်။
ှ်ိဲ့်

Saturday, August 1, 2009

သူတို့ စရိုက် (၃)

ဒီက လခထုတ်ရက်က စစ်တပ်နဲ့ ရဲ က ရက် ၂၀ ပတ်ဝန်းကျင်၊၀န်ထမ်းတွေက ၂၄ ရက်၊စက်ရုံ တွေကလ ရဲ့နောက်ဆုံးအပတ်ရဲ့သောကြာနေ့ ပါ။
နိုင်ငံသားအများစု ကဆင်းရဲကြပါတယ်။တရုတ်စက်ရုံတွေမှာအလုပ် လုပ်သူများပါတယ်။
စက်ရုံတွေကလခကိုသူတို့ရဲ့ဘဏ်စာရင်းထဲထဲ့ပေးပြီးသူတို့ကATMကတဆင့်ထုတ်
်သုံးရပါတယ်။
လခထုတ်ရက်တွေမှာATMမှာတန်းစီနေကြတာဘဏ်ကလျှံပြီး လမ်းမပေါ်ထိရောက်ပါတယ်။
ပြီးရင်တော့ဝယ်ကြချမ်းကြပါပြီ။supermarket,ဈေးဆိုင်,စားသောက်ဆိုင်တွေမှာ
ကြိတ်ကြိတ်တိုး..
ဆင်းရဲကြပေမဲ့အကောင်းအလွန်ကြိုက်ပါတယ်။ဖုံးဆိုရင် အကောင်းစား၊အ၀တ်ဆိုရင်ဈေးကြီးပေ့
ဆိုတာမှဝယ်ပါတယ်။ပိုက်ဆံရှိရင်KFCကိုနေ့တိုင်းဝယ်စားတယ်။အရက်လဲအလွန်
်သောက်ကြပါတယ်။အရက်မူးရင်လဲသွေးဆိုးပါတယ်။
သောက်ပြီးမူး၊ မူးပြီးရိုက်၊ ရိုက်ပြီး ကွဲကြပြဲကြ..
လခထုတ်ရက်တွေမှာ ဆေးရုံက ဆရာဝန် တွေလဲမချောင်ပါဘူး။
အရက်ပုလင်းနဲ့ ရိုက်လို့ ကွဲပြဲသူ၊ တုတ်နဲ့ ဆော်လို့ ခေါင်းကွဲသူ၊သေနတ်နဲ့ ပစ်လို့ မသေမရှင်လူ၊
ဒါးနဲ့ ထိုးလို့ ဗိုက်ပေါက်သူ၊ မူးပြီးမောင်းလို့ ကားတိုက်သူ။
တမျိုးပြီးတမျိုးမရိုးရအောင် တညလုံး ၀င်လာမစဲတသဲသဲ...
ATM ထဲရှိတဲ့ ပိုက်ဆံ မကုန်မချင်း ထုတ်သုံးရင်း လကုန်ပြီး
နောက်လရဲ့ပထမပတ်အကုန်မှာတော့တစ်လလုံးပင်ပင်ပမ်းပမ်းရှာထားတဲ့ပိုက်ဆံတက်တက်ပြောင်ပါပြီ။
ဆေးရုံတွေမှာ လူနာ ပါးလို့ ၊ ဈေးတွေမှာ လူရှင်းလို့ ...
သူတို့ ကိုယ်တိုင် ကလဲ ပြောပါတယ်၊ ဘဏ်ထဲမှာပိုက်ဆံရှိနေရင်နေလို့ ကိုမရဘူးဆိုပဲ။
ကုန်အောင်သုံးလိုက်ရမှ နေသာထိုင်သာရှိတယ် တဲ့။
ဖုံးအစုတ်သုံးပြီး လဆန်းတိုင်း အ၀တ်အစားသစ်မ၀ယ်နိုင်တဲ့ကျွန်မတို့ ကိုသူတို့ က
အထူးအဆန်းဖြစ်နေပါတယ်။ဘဏ်ထဲက ပိုက်ဆံတွေဘာလုပ်ဖို့ လဲ၊၀ယ်ြ၊ပစ်သုံးပြစ်
ဆိုပြီး အကြံကောင်းဥာဏ်ကောင်းတွေပေးတတ်ပါသေးတယ်။
မတည်မြဲတဲ့လောကဓံတရားနဲ့ သူများနိုင်ငံမှာအလုပ်လာလုပ်ရတဲ့ ကမ်းနားသစ်ပင်
ကျွန်မတို့ ဘ၀ ကိုသူတို့ နားလည်ဟန် မတူပါဘူး။
သူတို့ က နောင်ရေးကိုတွေးပူတတ်သူတွေမဟုတ်ကြပါ။ငွေစုတဲ့အကျင့်လဲမရှိပါ။
ရှိပူရသေး ကုန်မှ အေး ဆိုတဲ့လူစားမျိုးတွေပါ။
အော်..သူအရပ်နဲ့ သူ့ ဇာတ်ကတော့ဟုတ် လို့ ပါဘဲလေ။