Friday, August 12, 2011

နှင်းတောင်များဆီသို့








တောင်စောင်းပေါ်မှတည်းခိုအိမ်များနဲ့စားသောက်ဆိုင်


လူငယ်တွေလည်းပျော်ကြတယ်




ကလေးတွေလည်းပျော်ကြတယ်




ရောက်ပါပြီ..နှင်းလျှောစီးတဲ့နေရာ


စခန်းသို့အ၀င်


နှင်းတွေနဲ့တောင်


နှင်းတွေနဲ့တောင်ပေါ်လမ်း




တောင်ခြေမှOX BOW LODGE


မြူတွေလား..နှင်းတွေလား

နှင်းတောင်တန်းများဆီသို့


တောင်ပေါ်အတက်လမ်း


တောနဲ့တောင်တန်း


တောင်ပေါ်သို့

သြဂုတ်လ၇ရက်နေ့ကမိတ်ဆွေများနဲ့အတူရေခဲတောင်တွေဆီခရီးထွက်ဖြစ်ပါတယ်။
နှင်းတွေမြင်ချင်လို့Ox Bowလို့ခေါ်တဲ့နှင်းလျှောစီးတဲ့နေရာကိုအလည်ထွက်ခဲ့ကြတာပါ။
မြို့တော်ကနေကားနဲ့၃နာရီခွဲလောက်သွားရပါတယ်။
ပေ၁သောင်းကျော်အမြင့်မှာဒယ်အိုးလိုခွက်နေတဲ့နေရာမှာနှင်းလျှောစီးစခန်းကို
တည်ထားတာပါ။
စခန်းကနေကေဘယ်ကြိုးတွေနဲ့ဆွဲပြီးတောင်ပေါ်ကိုတင်ပေးပါတယ်။
တောင်ထိပ်ကမှလျှောစီးကြတာပါ။အခြားနိုင်ငံကနှင်းလျှောစီးစခန်းတွေလောက်
မကြီးမားမရှည်လျားပေမဲ့အာဖရိကရဲ့တစ်ခုတည်းသောနှင်းလျှောစီးတဲ့နေရာမို့
အာဖရိကတခွင်ကလူတွေလာလည်ကြပါတယ်။
ကျွန်မတို့အားလုံးဒီနေရာကိုတခါမှမရောက်ဘူးကြပါ။
အရေးထဲကားမောင်းတဲ့ကိုလူမည်းကရောက်ဖူးတယ်ဆိုပြီးဟုတ်ပြီဟုတ်ရက်နဲ့
တောင်ခြေကစခန်းမှာကားရပ်ပြီးရောက်ပြီဆိုပါတယ်။
ဘေးဘီကြည့်တော့လည်းတောင်နံရံမှာနှင်းတွေကကွက်တိကွက်ကြား၊နှင်းလျှောစီးဖို့နေနေသာသာကျောက်တုံးတွေနဲ့ချော်မလဲအောင်
တောင်မနည်းလမ်းလျှောက်ရမှာပါ။
နှင်းတွေများပျော်ကုန်လို့လား...မဟုတ်သေးပါဘူးဆိုပြီးစခန်းကဧည့်ကြိုနေရာမှာမေးမှဆက်သွားရအုန်းမယ်ဆိုတာသိရပါတယ်။
နောက်ထပ်နာရီဝက်လောက်နှင်းတောင်တွေတတောင်ပြီးတတောင်ကျော်ပြီးမှ
နှင်းလျှောစီးစခန်းကိုဒယ်အိုးခွက်ထဲမှာဘွားကနဲတွေ့ရပါတယ်။
ထူးဆန်းတာကအမည်းနိုင်ငံမှာရှိတဲ့နှင်းလျှောစီးစခန်းမှာအမည်းမတွေ့ရဘဲ
အဖြူတွေချည်းဘဲတွေ့ရတာပါ။
ဒီနိုင်ငံသားလူမည်းတွေမေးကြည့်တော့လည်းလမ်းဘေးကသာဖြတ်သွားဘူးကြတာ၊
စခန်းထဲအထိမရောက်ဘူးကြပါ။
လူဖြူတွေရဲ့ကိုလိုနီဘ၀မှာဖိနှိပ်ခံ၊ခွဲခြားဆက်ဆံခံလာကြရတော့လွတ်လပ်ရေးရပြီးတော့လည်းအဖြူတောကိုမတိုးရဲတဲ့အငုံစိတ်ကရှိနေကြတုန်းမို့လူဖြူတွေအများစုလာလေ့ရှိတဲ့
နေရာတွေကိုသူတို့လာရဲကြဟန်မတူပါဘူး။
နှင်းလျှောစီးမတတ်သေးတဲ့သူတွေအတွက်ကွက်လပ်လေးမှာကြိုးတွေနဲ့လေ့ကျင့်တဲ့
ski schoolလည်းရှိပါတယ်။
ကလေးတွေကပလတ်စတစ်ဖင်ထိုင်ခုံလေးတွေနဲ့သိပ်မမြင့်တဲ့ကွင်းအသေးမှာ
စီးကြပါတယ်။
နှင်းလျှောစီးကျွမ်းကျင်တဲ့သူတွေနဲ့ski schoolမှာကျင့်ပြီးသူတွေကတော့ကေဘယ်ကြိုးတွေနဲ့
ဲ့တောင်ထိပ်တက်ပြီးစီးချပါတယ်။စီးတတ်သူတွေကတော့လှလှပပစီးလို့၊
မကျွမ်းကျင်သူတွေကတော့တဘိုင်းဘိုင်းလဲကြ။ပြန်ထစီးကြနဲ့။
ကျွန်မတို့အားလုံးskiမစီးတတ်ကြတာမို့နှင်းတောထဲမှာဓါတ်ပုံတွေရိုက်ပြီး
ပြန်ခဲ့ကြပါတယ်။
အာဖရိကဆိုတာရုပ်ရှင်တွေထဲကလိုလွင်တီးခေါင်ခေါင်ပူပြင်းချောက်သွေ့တဲ့
သဲကန္တာရတွေရှိသလိုအင်မတန်အေးပြီးနှင်းတွေဝေတဲ့နေရာတွေလည်းရှိကြောင်း
တင်ပြလိုက်ရပါတယ်။