Wednesday, December 14, 2011

ဈေးသည်ကြီး

ဒီနိုင်ငံကိုရောက်ကတဲကနယ်ကိုမပြောင်းရွှေ့ဘဲမြို့တော်မှာနေလာတာ၇နှစ်
ရှိပါပြီ။
၇နှစ်အတွင်းမ၀ယ်ဘူး၊မ၀ယ်ဘူးနဲ့ပစ္စည်းကြီးတွေရောတိုလီမုတ်စတွေပါတတိတိ
နဲ့ဝယ်လာပြောင်းရတော့မယ်ဆိုမှဝယ်ထားတဲ့ပစ္စည်းတွေကဟိုချောင်ကထွက်လာ
ဒီကြားကထွက်လာနဲ့မနဲမနောပါဘဲ။
ဒါတွေအကုန်လုံးသယ်သွားဖို့မဖြစ်နိုင်ပါ။
တကယ်အသုံးလိုတဲ့ပစ္စည်း တွေဘဲချန်ထားပြီးကျန်တာတွေရောင်းတန်တာရောင်း
အလကားပေးတန်ပေးရပါတယ်။
ပရိဘောဂဆိုင်တွေကပစ္စည်းဝယ်ရင်အိမ်တိုင်ရာရောက်ကားနဲ့အခမဲ့ပို့ပေးတဲ့အပြင်
၁၂လပေး၊၂၄လပေးအကြွေးရောင်းတော့ရေခဲသေတ္တာ၊ဆိုဖာစက်တီ၊မှန်တင်ခုံစတဲ့
ပစ္စည်းဟောင်းတွေရောင်းရတာမလွယ်ပါ။
၁၀၀၀လောက်တန်တဲ့ပစ္စည်းကိုခေါက်ချိုးမက၃၀၀၊၄၀၀လောက်နဲ့လျှော့ရောင်း ရ
ပါတယ်။
အားလုံးထဲမှာတရုတ်တွေရောင်းရတာအဆင်ပြေဆုံးပါ။
ဝယ်မဲ့ပစ္စည်းကြည့်၊ကြိုက်ရင်ဈေးဆစ်၊ဈေးဆစ်တဲ့အခါလည်းမတရားမဆစ်ပါ။
ရောင်းသူလျှော့နိုင်မဲ့ဈေးအနည်းအကျဉ်လျှော့ခိုင်းတာလောက်ပါ။
ဈေးတဲ့ရင်ချက်ချင်းငွေချေ၊ပစ္စည်းယူသွားတာမို့စိတ်မရှုတ်ရပါ။
ကုလားတွေကျတော့အလွန်စေ့စပ်ပါတယ်။
ဝယ်မဲ့ပစ္စည်းကိုအမြီးပြန်ခေါင်းပြန်အထပ်ထပ်ကြည့်ပါတယ်။
ကျေနပ်ပြီဆိုမှဈေးဆစ်ပါတယ်။ခေါ်ဈေးထက်ခေါက်ချိုးမကမတရားဆစ်ပါတယ်။
မတည့်ရင်ပြန်သွားပါတယ်။နောက်နေ့လာပြီးဈေးနဲနဲတိုးပေးပြီးဆစ်ပြန်ပါတယ်။
မရရင်ပြန်နောက်နေ့ထပ်လာထပ်ဆစ်ပါတယ်။တကယ်တော့ဒီပစ္စည်းဒီဈေးနဲ့
တန်တယ်ဆိုတာလူလည်တွေမို့သိပါတယ်။ဒါပေမဲ့သူတို့ကအလကားလောက်နီးနီး
လိုချင်တာပါ။၃ခါလောက်လာပြီးတအိအိဈေးနှဲ့နေရင်စိတ်မရှည်တော့ဘဲသူတို့ဆစ်
တဲ့ဈေးနဲ့ရောင်းလိုက်မှဇာတ်လမ်းပြတ်ပါတယ်။
အမည်းတွေဈေးဝယ်ပုံကတော့တမျိုးပါ။
ကိုယ်ရောင်း မဲ့ပစ္စည်းထဲမှာသူတို့လိုချင်တာပါရင်ဝယ်မယ်ချန်ထားပါပြောပါတယ်။
တချို့ကမိတ်ဆွေတွေကတဆင့်ဖုံးဆက်ပြီးချန်ထားခိုင်းပါတယ်။
ပစ္စည်းလဲလာမကြည့်၊ဈေးလည်းမဆစ်၊စရံလည်းပေးမထားပါ။
တပတ်လောက်ပေါ်မလာလို့မေးတော့ပိုက်ဆံမရှိသေးလို့ပါ ။မနက်ဖန်လာမယ်၊
သဘက်ခါလာမယ်ဆိုပြီးနေ့ရွှေ့ညရွှေ့လုပ်ပါတယ်။
စကားမတည်၊အချိန်မတိကျတဲ့သူတို့ကိုစောင့်မနေနိုင်ဘဲဝယ်သူရှိလို့ရောင်းလိုက်
ပြီး၎၊၅၊၁၀ရက်နေမှဘယ်မှာလဲပစ္စည်းလုပ်ပါတယ်။
ရောင်းလိုက်ပြီဆိုရင်သူတို့ယူမယ်ဆိုပြီးပြောထားရဲ့နဲ့ရောင်းလိုက်ရမလားဆိုပြီး
စိတ်ဆိုးမာန်ဆိုးရန်တွေ့တာခံရပါတယ်။
အချိန်နဲ့အလုပ်လုပ်ရတာမို့စရံပေးမထားတဲ့ပစ္စည်းကိုယူမယ်မယူမယ်မသေချာ
ဘဲသူတို့ပိုက်ဆံရှိတဲ့အချိန်ထိစောင့်ဖို့မဖြစ်နိုင်ကြောင်းပြောလည်းနားမလည်ပါ။
အမည်းတွေဟာပစ္စည်းတခုကိုကြိုက်ရင်သိပ်စစ်စစ်ပေါက်ပေါက်ကြည့်တာမဟုတ်
ပါ။ကက်ဆက်ဝယ်တာတောင်ကောင်းမကောင်းဖွင့်မကြည့်ပါ။
သူတို့မှာပိုက်ဆံရှိရင်ဈေးမဆစ်ပဲတန်းဝယ်တတ်ကြပါတယ်။
ပိုက်ဆံမရှိရင်တော့အကြွေးရရင်ရ၊မရရင်ပါးစပ်နဲ့ဝယ်ပြီးတောပြောတောင်ပြော
ပြောတတ်ပါတယ်။သူတို့ကိုအကြွေးရောင်းလိုက်ရင်လည်းဘယ်တော့မှအကြွေး
ဆပ်လေ့မရှိပါ။
ဘာပဲပြောပြောလူအမျိုးမျိုးစိတ်အထွေထွေဈေးရောင်းရတဲ့အတွေ့အကြုံတော့ရလိုက်
ပါတယ်။
ဈေးရောင်းသူဟာမိတ္တဗလကောင်းပြီးပါးနပ်ရပါတယ်။လူကဲခတ်ကျွမ်းပြီးလည်လည်
ပတ်ပတ်ပြောဆိုတတ်ရပါတယ်။နှုတ်ချိုတဲ့အပြင်စိတ်ရှည်ဖို့လည်းလိုပါတယ်။
ဒီအရည်အချင်းတွေမပြည့်စုံတဲ့ကျွန်မဈေးရောင်းစားလို့မဖြစ်တာသေချာတာပေါ့ရှင်။













6 comments:

  1. ဘယ်သူ့ကို ဘယ်လိုရောင်းရမယ်ဆိုတာ သိသွားပြီ။ :P

    မ့ရေ အက်ထားဦး။ ရှေ့အပတ် ရှမ်းပြည်ပြန်မယ်။ နောင် အဆက်အသွယ်မပြတ်အောင်လို့။ ( မင်္ဂလာဆောင်ကျရင် ဖိတ်မလို့ )စတာနော့
    desertraindropz@

    ReplyDelete
  2. ဈေးရောင်းဈေးဝယ်ဆိုတာ စီးပွားရေးပဲဗျာ့
    စီးပွားရေးဆိုတာ စီးပြီးပွားနိုင်မှ စီးပွားရေးတဲ့ ဆရာသမားတစ်ယောက်ကပြောဖူးတယ် အားနာနေရင် စီးပွားဖြစ်ဖို့မလွယ်ဖူးတဲ့လေ
း)
    ရခိုင်ခရီးတင်ထားပြီး)

    ReplyDelete
  3. ကိုယ့်ပစ္စည်းတွေ လိုချင်လို့လိုလို့ ဝယ်ထားတာ ပြန်ရောင်းရရင်လဲနှမြော တယ်၊ လိုချင်ရက်နဲ့ မတရားဈေးဆစ်တာတွေကြုံလဲ စိတ်ရှုပ်ရတယ်။

    ReplyDelete
  4. အခုမှ ညီမ လည်း ဈေးရောင်းနည်း ပညာတွေ အတော်တတ် နေပြီနော် ရွှေပြည်ကြီး ရောက်ရင် အဖြူအမဲအဝါ မက တဲ့ ပညာတွေ ပိုရလိမ့်မယ်

    ReplyDelete
  5. အသုံးမလိုတော့ တဲ့ နှလုံးသားတစ်ပါတ်နွမ်းတွေ
    ရောင်းဒယ်...၀ယ်ဒယ်....!!!
    ခြေရာမချန်...ကွန်မန့် မပေးဖြစ်ပေမယ့် ဖတ်ဖြစ်ပါတယ်ဗျာ...

    ReplyDelete