Sunday, September 12, 2010

ကလေးတို့ကစားဝိုင်း

ကျွန်မနေတဲ့တိုက်ရဲ့ဘေးမှာကား၎၊၅စီးရပ်နိုင်တဲ့ကားပါကင်အသေးလေးနဲ့မျက်ခင်းစိမ်းလေးတစ်ခုရှိပါတယ်။
အခုအဲဒီပါကင်ကိုအသုံးမပြုတော့ဘဲကားဝင်တဲ့အပေါက်ကိုအသေပိတ်လိုက်
တာကြောင့်ဒီကွက်လပ်နဲ့မျက်ခင်းပြင်ဟာကလေးတို့ရဲ့ကစားကွင်းဖြစ်လာပါတယ်။
ကျွန်မအိမ်ကဒုတိယထပ်မှာမို့ပြတင်းပေါက်ကကြည့်ရင်သူတို့ကစားဝိုင်းကိုမြင်နေ
ရပါတယ်။
ညနေ၄၊၅နာရီလောက်ဆိုရင်သူတို့ရဲ့အသံတွေကြားနေရပါပြီ။
တစ်ခုသောစနေနေ့မှာပျင်းပျင်းနဲ့သူတို့ကစားဝိုင်းကိုကြည့်ရင်းစဉ်းစားနေမိပါတယ်။
လာကစားကြတဲ့ကလေးတွေကတော့အရွယ်စုံပါ။
အသက်၃၊၄နှစ်လောက်ကနေ၉နှစ်၁၀နှစ်လောက်အထိပါ။
အကြီးလေးတွေကမိန်းခလေးတွေပါ။သူတို့နဲ့အတူ၃၊၄နှစ်လောက်ရှိတဲ့သူတို့တွေရဲ့
မောင်လေးတွေပါလိုက်လာပြီးဆော့ကြတာပါ။
ကျွန်မအောက်ထပ်မျက်စောင်းထိုးအိမ်ကအိန္ဒိယလာတဲ့မောင်နှမ၃ယောက်၊
မျက်နှာချင်းဆိုင်အခန်းမှာနေတဲ့ပါကစ္စတန်ကအမွှာမောင်နှမ၊အပေါ်ဆုံးထပ်က
ဘင်္ဂလားဒေ့င်္ချဆရာဝန်ရဲ့သမီး၊သူရဲ့ဘေးခန်းကအီသီယိုးပီးယားကမောင်နှမ၃ယောက်၊
မြေညီထပ်ကမူကြိုကျောင်းသူဖိလစ်ပိုင်မလေး၊ကျွန်မတို့ဝင်းထဲကကုန်းကလေးပေါ်က
အိမ်မှာနေတဲ့ဒီအိမ်ရာတွေနဲ့ဆိုင်တဲ့ဝန်ထမ်းရဲ့ကလေးမောင်နှမ၂ယောက်၊
သူတို့ကဒီနိုင်ငံသားအမဲလေးတွေပါ။
သူတို့လေးတွေရဲ့မိဘတွေဟာမူစလင်၊ဟိန္နူ၊ခရစ်ယန်ဘာသာဝင်တွေပါ။
မိန်းကလေးတွေကပန်းပွားလေးတွေနဲ့ကကြ၊ခုန်ကြ၊သီချင်းဆိုကြနဲ့ပါ။
အရုပ်တွေ၊အိုးခွက်တွေနဲ့လည်းကစားကြပါတယ်။
ယောင်္ကျားလေးတွေကတော့ပြေးကြလွှားကြ၊ခုန်ကြပေါက်ကြ၊လုံးကြထွေးကြနဲ့
ဖုတ်အလိမ်းလိမ်းသဲအလိမ်းလိမ်းနဲ့ပါ။ကလေးစီးစက်ဘီးလေးတွေလည်းစီးကြပါတယ်။
စက်ဘီးမရှိတဲ့သူကိုရှိတဲ့သူကပေးစီးပါတယ်။
တခါတခါတော့ရန်ဖြစ်ကြ၊အော်ဟစ်ငိုယိုကြပါတယ်။
အချင်းချင်းဖြန်ဖြေပေးပြီးရန်ပွဲကပြီးသွားပါတယ်။
ခဏနေတော့ရန်ဖြစ်တာမေ့သွားပြီးဆက်ကစားကြပြန်ပါတယ်။ရန်ဖြစ်ကြပြန်ချစ်ကြနဲ့
ခလေးပီပီအငြိုးအတေးတွေလည်းမရှိကြပါဘူး။

ကမ္ဘာကြီးမှာလောဘဒေါသမာနမုန်းတီးမှုအာဃာတတွေနဲ့လူကြီးတွေကလူမျိုးရေးစစ်ပွဲ၊
ဘာသာရေးစစ်ပွဲတွေကိုဆင်နွှဲပြီးအချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတဲ့အချိန်မှာ
ကလေးလေးတွေကလူမျိုးစွဲဘာသာစွဲမရှိဘဲတစ်ဦးနဲ့တစ်ဦးချစ်ခင်သင့်မြတ်စွာ
ကစားနေကြပါတယ်။
ကလေးတို့ကြီးပြင်းအရွယ်ရောက်လာတဲ့အခါသူတို့ရဲ့ဖြူစင်တဲ့စိတ်ဓါတ်လေးတွေ
အရောင်စွန်းထင်းကုန်မှာစိုးလှပါတယ်။
လူမျိုးစွဲဘာသာစွဲကင်းတဲ့အဖြူရောင်စိတ်လေးတွေနဲ့ကြီးပြင်းရှင်သန်ရင်းစစ်ပွဲတွေ
ကိုအဆုံးသတ်လို့အနာဂတ်ကာလမှာငြိမ်းချမ်းတဲ့ကမ္ဘာကြီးကိုကလေးတို့ဆက်လက်
တည်ဆောက်နိုင်ရင်ဘယ်လောက်များကောင်းလိမ့်မလဲတွေးနေမိပါတယ်။

7 comments:

  1. ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့ လူမျိုးဘာသာစွဲကင်းတဲ့ အဖြူရောင်စိတ်လေးတွေနဲ့ .......တွေးရင်းမော တွေးရင် မော တယ်ဗျာ မတွေးချင်တော့ပါ
    စာတွေရေးပေးတာ ကျေးဇူး


    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  2. အဲဒီကမ္ဘာကြီးဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားကြမယ်း)

    ReplyDelete
  3. ဟုတ်တယ်......
    ကလေးတွေပဲကောင်းတယ်ဗျာ......
    ကြီးလာရင်......ဖြူစင်တာတွေလွင့်ပျယ်သွားကြရောလေ....။

    ခင်မင်ခြင်းအားဖြင့်....
    ဏီလင်းညို

    ReplyDelete
  4. အင်းပေါ့ အသက်ကြီးသွားရင် ပတ်ဝန်းကျင်ဆိုတဲ့ အရောင်တွေ တော်တော်များများ စွန်းထင်ကုန်တော့မှာလေ..

    တစ်ကယ်တောဖြူစင်နေတာပဲကောင်းတယ်။အေးချမ်းစေခြင်တယ်..

    ReplyDelete
  5. ညီမ ရေ

    အဲလိုဘဲ ငြိမ်းချမ်းစေချင်ပါတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. ကလေးလေးတွေက အရမ်းဖြူစင်ပါတယ် မမရေ။
    မမလိုပဲ ကလေးလေးတွေစိတ် အရောင်တွေ စွန်းကုန်းမှာ ကြောက်မိတယ်။

    ReplyDelete
  7. တူတူပဲ အစ်မရေ....ခရမ်းလည်း ကလေးတွေကစားတာမြင်တိုင်း အာဂါတတွေ မရှိတဲ့ ကမ္ဘာကြီးကိုပဲ တောင့်တမိတတ်တယ်.....။
    နေကောင်းသွားပေမယ့် အလုပ်တွေ မတရားများလွန်းလို့ ကိုယ့်blog လေးကိုပစ်ထားရတယ် အစ်မရေ....။

    ReplyDelete