Wednesday, June 9, 2010

သံယောဇဉ်တစ်မျှင်ကြိုးရယ်ကြောင့်(ဒုတိယပိုင်း)

၁ပတ်၂ပတ်နေရင်ပြန်ပို့မယ်စိတ်ကူးထားပေမဲ့တကယ်တမ်းကျတော့တနေ့တခြား
ဝတုတ်ပြီးချစ်စရာကောင်းလာတဲ့ရွှေလုံးလေးကိုသံယောဇဉ်တွယ်ပြီးပြန်မပို့ရက်ဘဲ
အိမ်မှာခေါ်ထားတာ၁လကြာခဲ့ပါပြီ။
ရွှေလုံးကိုအိမ်ထဲမှာခိုးမွေးထားရကောင်းမလားစဉ်းစားနေမိပါတယ်။
ဒါပေမဲ့ကျွန်မဆီကိုတခြားမြို့မှာရက်တိုသင်တန်းတစ်ခုတက်ဖို့အမိန့်စာဝင်လာပါတယ်။
သင်တန်းကတစ်ပတ်ကြာမှာမို့ကျွန်မရဲ့စိတ်ကူးယဉ်အိမ်မက်တွေလန့်နိုးလာပြီး
လက်တွေ့ဘ၀ထဲပြန်ရောက်လာပါပြီ။
ကျွန်မအလုပ်ဟာတခါတရံခရီးထွက်ရတတ်တာမို့ရွှေလုံးကိုရေရှည်မွေးဖို့မဖြစ်နိုင်ပါ။
သူ့တစ်ကောင်ထဲအိမ်ထဲမှာပိတ်ထားခဲ့ဖို့လည်းမဖြစ်နိုင်ပါ။
အဲဒီအချိန်မှာဘေးအိမ်မှာအလုပ်လာလုပ်တဲ့အမဲမကြီးကရွှေလုံးကိုတွေ့သွားပြီး
တောင်းပါတယ်။
သူ့သမီးလေးကကြောင်အလွန်ချစ်ကြောင်း၊ကြောင်မွေးချင်လို့ပူစာနေတာကြာပြီ
ဆိုတဲ့အကြောင်းချစ်ချစ်ခင်ခင်နဲ့သေသေချာချာမွေးမှာဖြစ်ကြောင်းပြောပါတယ်။
ကျွန်မကလည်းရွှေလုံးကိုကိုယ်တိုင်မမွေးနိုင်ရင်တောင်သူ့ကိုကြင်ကြင်နာနာနဲ့မွေးမဲ့သူကိုဘဲပေးချင်တာမို့အမဲမကြီးမိသားစုကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
ခရီးမထွက်ခင်တစ်ရက်အလိုမှာကတ်ပုံးထဲကိုရွှေလုံးလေးထည့်၊သူ့ကြောင်စာထုတ်တွေနွားနို့ဗူးတွေနဲ့အတူအမဲမကြီးကိုပေးလိုက်ရပါတော့တယ်။
မျက်လုံးဝိုင်းလေးနဲ့ကျွန်မကိုကြည့်ရင်းတညောင်ညောင်အော်ရင်းပါသွားတဲ့ရွှေလုံး
ကိုမြင်ယောင်ရင်းတစ်နေ့လုံးစိတ်မကောင်းဖြစ်နေမိပါတယ်။
အလုပ်မှာလည်းစိတ်မပါ၊အလွဲလွဲအချော်ချော်နဲ့ပါ။
အလုပ်ကပြန်ရောက်တော့အယောင်ယောင်အမှားမှားနဲ့ရွှေလုံးကိုရှာနေမိပါတယ်။
ရွေလုံးလေးဟိုချောင်ကထွက်လာသလိုလို၊ကိုယ့်အနားမှာဘဲရှိနေသလိုလို၊သူ့အော်သံ
ံကြားမိသလိုလိုနဲ့ပါ။
တစ်ပတ်အကြာခရီးကပြန်ရောက်ရောက်ချင်းအမဲမကြီးကိုရွှေလုံးအကြောင်းမေး
ရပါတယ်။
အလွန်ဆော့ကြောင်း၊ကတ်ပုံးထဲမှာမနေတော့ကြောင်း၊ညမှာသူ့သမီးနဲ့အတူစောင်ခြုံထဲမှာအိပ်ကြောင်း၊သူ့သမီးကအလွန်ချစ်ကြောင်းပြောပြပါတယ်။
ရွှေလုံးတစ်ကောင်သူ့သခင်သစ်တွေကသူ့ကိုချစ်ပြီးအဆင်ပြေနေတယ်တယ်ဆိုတာ
သိရတော့ဝမ်းသာရပါတယ်။
မမြင်ရတဲ့သံယောဇဉ်ကြိုးလေးတွေဟာသေးငယ်ပေမဲ့ရစ်ပတ်နှောင်ဖွဲ့မိပြီဆိုရင်
ဖြတ်ရခက်တတ်ပါတယ်။
ကိုယ်ကိုတိုင်ကကိုယ့်အိမ်မှာမနေနိုင်ဘဲသူများနိုင်ငံမှာခေတ္တနေနေရတဲ့ကမ်းနားသစ်ပင်ဘ၀မျိုးမို့မင်းကိုလုံခြုံနွေးထွေးတဲ့အိမ်မှာအတည်တကျနေနိုင်အောင်
ပေးလိုက်ရတာခွင့်လွှတ်ပါလို့သာတောင်းပန်မိပါတော့တယ်။

3 comments:

  1. မမရေ....အဆက်ကလေး လာဖတ်တယ်နော်။ မှန်တယ်....သံယောဇဉ်ကြိုးတွေဟာ တွယ်မိပြီဆိုရင် အင်မတန်ဖြတ်ရခက်တာမျိုးကိုးးးးးးးးးးး။ ဒါပေမယ့်လည်း သိသိကြီးနဲ့ကို နှောင်ဖွဲ့မိနေတတ်တုန်းပါပဲ :)))

    ReplyDelete
  2. ကျွန်တော်လည်း......အဲ့သလိုသတ္တ၀ါလေးတွေကို အားကြီးချစ်တာဗျ....။
    သူတို့တွေ... အေးအေးချမ်းချမ်းနေရတာ...... ဖြေနိုင်မယ်ထင်တယ်....။
    သံယောဇဉ်တရားကတော့ အဲ့သလိုပါပဲဗျာ.......။
    (ခုလည်း.......အိမ်မှာတစ်ကောင်မွေးထားတယ်......။ ကြောင်ကလေးလေ.....။ သူ့နာမည်က သားသားတဲ့ဗျ.....။ နှစ်လသားလောက်ပဲရှိဦးမှာ.......။ အားကြီးလည်တဲ့ကောင်လေးဗျ......သိလား......း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. သြော် ရွှေလုံး ရွှေလုံး

    ReplyDelete