Wednesday, April 21, 2010

စားသောက်ဆိုင်မှာ




ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံတဲ့မင်္ဂလာနှစ်သစ်ပါရှင်။
ှုInternetမကောင်းတာရယ်၊ကျန်းမာရေးမကောင်းတာရယ်ကြောင့်
အသစ်မတင်ဖြစ်တာခွင့်လွှတ်ပါ။
နှစ်သစ်ကူးမှာကျွန်မတို့မြန်မာတွေစုပြီးဆိုင်မှာသွားစားကြပါတယ်။
ကြက်၊၀က်နံရိုး၊၀က်ပေါင်၊ငါး၊အမဲ၊ဆိတ်၊သိုးစတဲ့အသားကင်ရောင်းတဲ့ဆိုင်ပါ။
ဘာဂါနဲ့အအေးမျိုးစုံလည်းရပါတယ်။
ဆိုင်အခင်းအကျင်းကောင်းပြီး၊အစားအသောက်တွေအရသာရှိတာတင်မက
ဝန်ဆောင်မှုလည်းကောင်းပါတယ်။ဝန်ထမ်းတွေကလည်းပြုံးရွှင်ဖေါ်ရွေပြီး
ဆက်ဆံရေးကောင်းလို့ဒီနိုင်ငံမှာနာမည်ရတဲ့အပြင်အခြားအာဖရိကနိုင်ငံတွေ
မှာဆိုင်ခွဲတွေအများကြီးရှိပါတယ်။
ကျွန်မတို့စားနေရင်းတိုးတိုးငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့သီချင်းသံကနေမြူးကြွ
ကျယ်လောင်တဲ့သီချင်းသံရုတ်တရက်ပြောင်းသွားပြီးစားပွဲထိုးဝန်ထမ်းလေးတွေ
ရောမီးဖိုနောက်မှာအသားကင်နေတဲဝန်ထမ်းတွေရောငွေသိမ်းကောင်တာက
ဝန်ထမ်းတွေရောအားလုံးပြေးထွက်လာပြီးစားပွဲတွေကြားကမင်းလမ်းနဲ့နေရာလွတ်
တွေမှာအသီးသီးနေရာယူပြီးတေးသွားနဲ့အတူလက်ခုတ်တီးပြီးညီညီညာညာကကြ
ပါတယ်။
သီချင်းကဘာသီချင်းမှန်းမသိပေမဲ့အင်မတန်မြူးပါတယ်။
ကကွက်တွေကလည်းလက်ခုတ်တီး၊ခြေမြှောက်လက်မြှောက်ဘယ်လှည့်ညာလှည့်
ခက်ခက်ခဲခဲမဟုတ်ပါ။
ဆိုင်းသံကြားရင်ကချင်တဲ့စားတဲ့သူတချို့ကလည်းပျော်လာပြီးသူတို့အားလုံးနဲ့အတူ
လိုက်ကကြပါတယ်။
၁၀မိနစ်လောက်ကပြီးသီချင်းဆုံးတော့မှကိုယ်တာဝန်ကျရာနေရာကိုပြန်ပြီးအလုပ်ဆက်
လုပ်ကြပါတယ်။
ဝန်ထမ်းတွေကြည့်ရတာငြီးငွေ့မှုနဲ့စိတ်တင်းကြပ်မှုတွေလျော့ပြီးလန်းဆန်းသွားပုံ
ရပါတယ်။
၂နာရီ၊၃နာရီခြားတခါကကြကြောင်းဝန်ထမ်းတဦးကပြောပြပါတယ်။
အားရပါးရခုန်ပေါက်ကပြီးနောက်အပြောင်းအလဲဖြစ်ပြီးစိတ်ကြည်လင်လန်းဆန်း
လာတာမို့ဝန်ဆောင်မှုကောင်းကောင်းပိုပေးနိုင်ကြမှာပါ။
စားတဲ့သူတွေရောဝန်ထမ်းတွေရောပျော်ရွှင်စေတဲ့ကောင်းမွန်တဲ့နည်းလေးကို
တင်ပြလိုက်ရပါတယ်။

5 comments:

  1. ထုးထူးဆန်းဆန်းလေးပါပဲ မမရေ..
    တစ်ခါမှတော့ တွေ့ဖူးသေးဖူး..
    တင်ပြပေးတာ ဗဟုတုတ ရစရာပါပဲ..မမ..
    မမ ကျန်းမာပါစေ..

    ReplyDelete
  2. ဟင်...ထူးထူးဆန်းဆန်းပဲနော် မမ... ဒါပေမယ့် အဲဒီလိုလုပ်လိုက်တာ ငြီးငွေ့မှုနဲ့ တင်းကြပ်မှုတွေ လျော့သွားစေမယ် ဆိုတာတော့ အမှန်ပဲ ထင်တယ်...

    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ မမ...

    ညီမလေး
    အင်ကြင်း

    ReplyDelete
  3. ဟုတ်တယ်နော်...စိတ်လွတ်ကိုယ်လွတ်အော်လိုက်ရတာတို့ ၊ စိတ်လွတ်လက်လွတ် ကလိုက်ရတာတို့က စိတ်ကို stress တွေကနေ ဝေးစေတယ်လို့ ထင်တာပဲ...။
    ဒီနိုင်ငံမှာ ဒီလိုကောင်းတာလေးတွေလည်း ရှိသားနော်အစ်မ...:)

    ReplyDelete
  4. အင်း ကောင်းသားဘဲနော် ညီမ အဲလို ကလိုက်တော့လည်း tension တွေ ပြေပျောက် သွားတာပေါ့

    မြန်မာမှာ ကြ လုပ်နေမကြလို့ တမျိုးဖြစ်နေမလား မသိဘူး

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  5. လာစားတဲ့သူတွေကိုဝန်ဆောင်မှု့ပေးတဲ့သဘောပေါ့နော်..
    ကောင်းပါတယ်..စားသောက်ရင်းနဲ့အချင်းချင်းရင်းနှီးပြီးပျော်ရွှင်
    ရအောင်လုပ်ထားတဲ့plan လေးပါဘဲ...
    နှစ်သစ်မှာပျော်ရွှင်ပါစေရှင်...

    ReplyDelete