Thursday, December 31, 2009

နှစ်သစ်ဆုတောင်း


၂၀၀၉ခုနှစ်ကုန်ဆုံးလို့၂၀၁၀ခုနှစ်တံခါးဝကိုရောက်ရှိလာပါပြီ။
နှစ်ဟောင်းကစိတ်ညစ်စရာတွေ၊ဒေါသဖြစ်စရာတွေ၊အဆင်မပြေတာတွေ၊အမှတ်မထင်
လုပ်ခဲ့မိတဲ့အမှားတွေ၊ပြုမိခဲ့တဲ့အပြစ်တွေအားလုံးနှုတ်ဆက်ထားခဲ့ပြီးကံကောင်းခြင်းတွေ
သယ်ဆောင်လာမဲ့နှစ်သစ်ကိုပျော်ရွှင်စွာတံခါးဖွင့်ပြီးကြိုဆိုကြရအောင်။
အလိုဆန္ဒတွေပြည့်ဝတဲ့နှစ်သစ်ကိုရယူပိုင်ဆိုင်နိုင်ကြပါစေ။
ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။
အလုပ်အကိုင်များအဆင်ပြေပြီးအလုပ်ခွင်မှာစိတ်အေးချမ်းသာအလုပ်လုပ်နိုင်ကြပါစေ။
ခွဲခွါနေရတဲ့မိသားစုများနဲ့လည်းအမြန်ဆုံးပျော်ရွှင်စွာပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့
နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်။

5 comments:

  1. ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျား....
    ထပ်တူညီမျှတဲ့ ဆုတောင်းခြင်းတွေ လည်းကျွန်တော် ဆန္ဒပြုခဲ့ပါတယ်...။
    ပျော်ရွှင်စရာ၊ အောင်မြင်စိတ်ချမ်းသာတဲ့နှစ်သစ်ရဲ့ နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့.....
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. Happy New year ပါ မရေ..
    အမြဲတမ်း ပျော်ရွှင်နိုင်ပါစေလို့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  3. နှစ်သစ်လေးရဲ့ ပထမဆုံးရက်လေးနော်မမ..
    ပျော်ရွှင်မှူများသာ ပိုင်ဆိုင်နိုင်ပါစေရှင်..။

    ReplyDelete
  4. Happy New Year !!!!
    May all your noble desires be fully acquired .

    ReplyDelete
  5.း) မင်္ဂလာနှစ်သစ်ပါဗျား) အားလုံးအဆင်ပြေချောမွေ့ပါစေဗျား)

    ReplyDelete