Friday, November 27, 2009

ပါမုန့်လေးတစ်လုံး

အိမ်မှာပါမုန့်ကုန်နေလို့စတိုးဆိုင်တခုမှာပါမုန့်သွားဝယ်ပါတယ်။ပလပ်စတစ်အိတ်အကြည်
တွေမှာပါမုန့်အဖြူဈေးဘယ်လောက်၊အညိုဈေးဘယ်လောက်ဆိုတာဘားကုတ်နဲ့ကပ်ထား
ပြီး၊ပါမုန့်အဖြူယူရင်အဖြူဈေးကပ်ထားတဲ့အိတ်ထဲထည့်၊အညိုယူရင်အညိုဈေးကပ်ထားတဲ့
အိတ်ထဲထည့်ကောင်တာကိုယူသွားပြီးပိုက်ဆံရှင်းရုံပါ။
အဲဒီနေ့ကပါမုန့်အဖြူမရှိလို့အညိုဘဲယူလိုက်ပါတယ်။ဒါပေမဲ့ပလပ်စတစ်အိတ်အကြည်မှာ
ဈေးနှုန်းနဲ့ဘားကုတ်ကပ်ထားတဲ့အိတ်တွေမရှိလို့ဘာမှကပ်မထားတဲ့အိတ်ထဲမှာဘဲထည့်ခဲ့
ရပါတယ်။
ကောင်တာရောက်လို့ငွေရှင်းမယ်လုပ်မှဈေးနှုန်းနဲ့ဘားကုတ်မပါတဲ့အိတ်မို့မမမဲကရစ်ပါ
တော့တယ်။သူကိုယ်တိုင်လည်းသူ့ဆိုင်ကဘာပစ္စည်းဘယ်ဈေးမှန်းမသိ၊ကိုယ်ကဈေးပြောပြ
တော့လဲလက်မခံ၊ပါမုန့်ထားတဲ့နေရာကိုတယောက်ယောက်လွှတ်ပြီးဈေးကြည့်ဖို့လဲမခိုင်း၊
တခြားကောင်တာကိုဈေးမေးဖို့လဲမကြိုးစားဘဲမယူနဲ့၊ထားခဲ့လို့သာတွင်တွင်ပြောပါတော့
တယ်။
ကျွန်မလဲအောင့်သက်သက်နဲ့တခြားပစ္စည်းတွေဘဲရှင်းပြီးပါမုန့်ကိုထားခဲ့ရပါတော့တယ်။
သူတို့ကဆိုင်ပိုင်ရှင်မဟုတ်ဘဲအရောင်းစာရေးမတွေဆိုတော့ပါမုန့်တစ်လုံးမရောင်းရလည်း
အရေးမကြီးဘူး၊ဘာမှမဖြစ်လောက်ဘူးဆိုပြီး၊ပြီးစလွယ်လုပ်လိုက်ပုံရပါတယ်။
ဒါပေမဲသူတို့ဆိုင်မှာအမြဲလာအားပေးနေတဲ့ဖေါက်သည်တစ်ဦးလျော့သွားတော့မယ်ဆို
တာတော့စဉ်းစားမိပုံမရပါဘူး။
ဒီလိုဆက်ဆံရေးကြဲပြီးပိုက်ဆံပေးဝယ်တာကိုတောင်မရောင်းချင်တဲ့ဆိုင်မျိုးကိုနောက်မလာ
ဖို့ဆုံးဖြတ်လိုက်တာဝယ်သူအလွန်မဟုတ်ဘူးထင်ပါတယ်။

7 comments:

  1. အဲ့ဒါက မတိုးတက်မကြီးပွားရခြင်းရဲ့ အခြေခံအကြောင်းတရားပေါ့ဗျာ အရာရာကို အလေးအနက်မထားတာပေါ့ အဲ့လိုမျိုး ၀န်ထမ်းတွေ ကြောင့်ဆိုင်ရှင်တွေ နစ်နာပါတယ်
    မရောင်းလိုက်ရတဲ့ ပေါင်မုန့် တစ်လုံးရဲ့တန်ဖိုးကတော့ ဘာမှမရှိပါဘူး ဒါပေမယ့် အဲ့ဒီနောက်အကျိုးဆက်ကတော့ အတော်ဆိုးဝါးပါတယ် ဘာလို့ဆိုတော့ ကျွန်တော် ကိုယ်တိုင်လဲ အဲ့ဒီနယ်ပယ်ထဲက မို့လို့ပါ

    ReplyDelete
  2. ဟုတ်တယ်အစ်မရေ အဲလိုဖြစ်တတ်လွန်းလို့ ဈေးဝယ်ရင် ကိုယ်ယူမယ့်
    ပစ္စည်း ဈေးနှုန်းဘားကုတ်ပါမပါအရင်ကြည့်ရတယ် နို့မို့ဆိုကောင်တာမှာ
    အဲလိုရစ်ခံရလွန်းလို့ ထားခဲ့ရလွန်းလို့း)

    ReplyDelete
  3. ဒီကကျွန်တော်လည်း..ကြုံရတာ..ခဏခဏပါဗျာ...။ စိတ်ပျက်စရာနော်...။
    (နောက်မ၀ယ်တော့နဲ့သိလား...အဲ့သလိုဆိုင်မျိုးကို...။ တစ်ကယ်ခင်လို့ မြှောက်ပေးတာနော်..။ ကျွန်တော်ဆို...ဆောရီးပဲ...။ အဟဲ...)

    ReplyDelete
  4. မှတ်ထားအုန်းမယ် ဆွေလေးတော့ ကြုံဖူးသေးဘူး

    ReplyDelete
  5. သူတို့က အလုပ်ရှင်မှမဟုတ်တာပဲ ပေါင်မုန့်တစ်လုံးမရောင်းရလဲ သူတို့လစာမလျော့လောက်ပါဘူးဆိုတဲ့ နိမ့်ကျတဲ့အတွေးနဲ့ ရောင်းတာကိုး။ ဆိုင်ရှင်ဆို ဒီနေရာမှာ ပြာပြာသလဲနေမှာ။

    ReplyDelete
  6. အမ်....ဘယ်နှယ့် အရောင်းစာရေးမတွေလဲနော်...ဈေးမသိရင် သိအောင်တနည်းနည်းလုပ်ရမှာပေါ့နော်...။
    အဲ့ဆိုင်မှာ ၀ယ်နဲ့တော့...:)

    ReplyDelete
  7. ဟုတ်တယ်နော်။ ကိုယ့်နဲ့မဆိုင်သလိုပဲ။ သူတို့အလုပ်က အချိန်တန် လစာရပြီးရော ဆိုပြီး ရောင်းရရ မရရ သူတို့နဲ့အနေသာကြီးဆိုတဲ့ ပုံစံနဲ့ အရောင်းစာရေးမ တော်တော်များများ တွေ့ဖူးတယ်။

    ReplyDelete