Friday, November 6, 2009

ငယ်ငယ်တုန်းကသူငယ်ချင်း(ဒုတိယပိုင်း)

အဲဒီနှစ်ကခင်ထား၁၀တန်းမအောင်ခဲ့ပါဘူး။နောက်နှစ်လဲသူ့အမေမကျန်းမာလို့
ပင်စင်ယူလိုက်တာကြောင့်အိမ်ဆိုင်လေးဖွင့်ပြီးအိမ်ရဲ့စီးပွားရေးကိုခင်ထားက
တာဝန်ယူရတာကြောင့်၁၀တန်းပြန်မဖြေဖြစ်တော့ပါ။
နောက်ပိုင်းကျွန်မတို့၂ယောက်မတွေ့ ဖြစ်ပါ။
တက္ကသိုလ်ဒုတိယနှစ်မှာမိုးမိုးသူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ငွေကြေးချမ်းသာတဲ့
နှစ်ဖက်မိဘများရဲ့တစ်ဦးတည်းသောသားနဲ့သမီးဖြစ်လို့မင်္ဂလာပွဲကိုကြီးကြီး
ကျယ်ကျယ်ကျင်းပပါတယ်။ဧည့်ခံပွဲကိုငယ်သူငယ်ချင်းအားလုံးလိုလာကြပေမဲ့
ခင်ထားကိုတော့မတွေ့ပါ။မဖိတ်လို့မလာတာလား၊၀မ်းနည်းကြေကွဲအားငယ်မှု
တွေနဲ့အရှုံးကိုရင်မဆိုင်ရဲလို့မလာတာလားသူငယ်ချင်းရယ်။
ကျွန်မနောက်ဆုံးနှစ်ရောက်တော့ခင်ထားတစ်ယောက်အိမ်ထောင်ကျသွားကြောင်း
သတင်းရပါတယ်။
ရုံးတက်လက်မှတ်ထိုးပြီး၂ဖက်မိဘဆွေမျိုးလောက်နဲ့အကျဉ်းရုံးကျင်းပတဲ့မင်္ဂလာပွဲ
ကိုကျွန်မကိုမဖိတ်လို့မသွားခဲ့ရပါ။သူ့မိခင်စိတ်ချမ်းသာအောင်လက်ထပ်တာလား၊
သူကိုယ်တိုင်ချစ်ခင်နှစ်သက်လို့လား။အားကိုးရာမဲ့တဲ့ဘ၀အတွက်မှီခိုရာရှာချင်လို့
လက်ထပ်ခဲ့တာလားကျွန်မမသိပါ။
နောက်တစ်နှစ်လောက်ကြာတော့ခင်ထားခလေးဗိုက်ခွဲမွေးရင်းထုံဆေးကြောင့်
အောက်ပိုင်းသေသွားကြောင်းကြားရပါတယ်။
ခင်ထားအိမ်ကိုကျွန်မရောက်သွားပါတယ်။
ခင်ထားဟာတော်တော်လေးပိန်ပြီးစိတ်ဓာတ်ကျနေပါတယ်။သူ့ရဲ့မျက်လုံးတွေဟာ
မှုံမှိုင်းရီဝေပြီးမျှော်လင့်ချက်ကင်းမဲ့နေပါတယ်။
ဒုက္ခိတဘ၀မှာသူ့သားလေးကိုမပြုစုနိုင်လို့ယောက္ခမတွေကိုပေးထားရပါတယ်။
သူ့ယောက်ျားနဲ့မကျန်းမာတဲ့မိခင်အတွက်သူဟာဝန်ထုတ်ဝန်ပိုးဖြစ်နေပြီဆိုပြီး
မျက်ရည်ကျပါတယ်။ဒုက္ခတွေဝေနေတဲ့ကြားကမိုးမိုးအဆင်ပြေရဲ့လားမေးလိုက်
ပါသေးတယ်။ကံမကောင်းရှာတဲ့သူငယ်ချင်းကိုတတ်နိုင်သလောက်ကူညီအားပေး
ရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါ။
ကျွန်မဒီထွက်မလာခင်ကတော့ခင်ထားယောက်ျားနောက်အိမ်ထောင်ပြုသွားပြီး
သားလေးကိုလဲခင်ထားရဲ့ကျန်းမာရေးနဲ့စီးပွားရေးအခြေအနေကြောင့်ယောက္ခမ
တွေကိုအပြီးပေးလိုက်ရကြောင်းနောက်ဆုံးသတင်းကြားပါတယ်။
ကျွန်မလည်းဝေးတမြေမှာကိုယ့်ဘ၀ကိုယ်ရုန်းကန်ရှင်သန်ဖို့ကြိုးစားနေရတာကြောင့်
ခင်ထားကိုမေ့နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကအွန်လိုင်းမှာရန်ကုန်ကငယ်သူငယ်ချင်းတစ်ဦးနဲ့ပြန်ဆုံတော့ခင်ထား
အကြောင်းသတိတရမေးမိပါတယ်။
ခင်ထားတစ်ယောက်လွန်ခဲ့တဲ့၃လလောက်ကကွယ်လွန်သွားပြီဖြစ်ကြောင်းသူငယ်ချင်း
ကသတင်းပေးပါတယ်။
လူ့လောကကစွန့်ခွာသွားတာခင်ထားအတွက်ဆင်းရဲမှုအပေါင်းက၀ဋ်ကျွတ်သွားတယ်
ဆိုပေမဲ့အချိန်မတိုင်မှီကြွေလွင့်ခဲ့ရလို့စိတ်မကောင်းဘူးခင်ထားရယ်။
သူငယ်ချင်းလေးကောင်းရာသုဂတိလားပါစေ....

4 comments:

  1. သူငယ်ချင်းလေး သနားပါတယ်နော်
    ဝဋ္ဋ်ကြီးတယ်လို့ ဘဲပြောရမလား
    စိတ်မကောင်းစရာဘဲနော်...

    ReplyDelete
  2. စိတ်မကောင်းစရာပဲဗျာ ကောင်းရာဘုံးဘဝရောက်ပါစေလို့ဆုတောင်းပေး
    ပါတယ်

    ReplyDelete
  3. ဟာ...ခင်ထားဘ၀က..သနားစရာလေးဗျာ...။
    သူ့ဘ၀မှာ ဘယ်နှစ်ခါလောက်ပဲ ပျော်ခဲ့ရမလဲမသိပါဘူးဗျာ...
    စိတ်တောင်မကောင်းဘူး...

    ReplyDelete
  4. ဟင်....အစ်မရယ်....ခင်ထား ၀ဋ်တွေကြီးလိုက်တာ....။
    ဘ၀တစ်လျှောက်လုံး ပျော်စရာမရှိလိုက်ရှာပါလားနော်...:(

    ReplyDelete