Saturday, August 15, 2009

ဒီဇင်ဘာညများမလိုချင်ပါ

၁၂လရာသီမှာဒီဇင်ဘာလဟာကျွန်မအကြိုက်ဆုံးနဲ့အပျော်ဆုံးလပါ။
ရာသီဥတုအေးမြတာရယ်၊နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကိုကြိုရမဲ့နောက်ဆုံးလ
ဖြစ်တာရယ်၊ခရစ်ယာန်သူငယ်ချင်းတွေသီချင်းတွေဆိုကြ၊ခရစ်စမတ်ပွဲတော်
အတွက်ပြင်ကြဆင်ကြကျင်းပကြတာကိုရောယောင်ပျော်ရင်းကျွန်မအတွက်
ပျော်ရွှင်ကြည်နူးဖွယ်ဒီဇင်ဘာညတွေဖြစ်ခဲ့ရပါတယ်။မိသားစုနဲ့ခွဲခွာပြီး
ထွက်လာခဲ့တာလဲဒီဇင်ဘာလမို့ပျော်ရွှင်ဖွယ်ဒီဇင်ဘာညတွေဟာလွမ်းမောဖွယ်
်ညတွေဖြစ်လာခဲ့ရပါတယ်။ဒီကိုရောက်လာမှလွမ်းမောဖွယ်ညတွေဟာ
ခြောက်ခြားရတဲဒီဇင်ဘာညတွေဖြစ်လာပြန်ပါတယ်။
ကျွန်မနေတဲ့flatကအခန်း၄၀ကျော်ရှိပါတယ်။ခြံတစ်ဝင်းထဲမှာပဲအခန်း၂၀ကျော်စီ
ပါတဲ့flat၂ခုလည်းရှိပါသေးတယ်။ခြံဝင်းအ၀င်ဂိတ်၃ခုရှိပြီးတစ်ဂိတ်စီမှာသေနတ်
တစ်လက်နဲ့လုံခြုံရေးတစ်ယောက်စီရှိပါတယ်။ကျွန်မတို့flatမှာအစိုးရပိုင်ဝန်ထမ်း
အခန်း၁၀ခန်းနဲ့အခြားflat၂ခုမှာဝန်ထမ်းခန်း၃ခန်းစီရှိပါတယ်။ကျန်အခန်းတွေက
တော့ပုဂ္ဂလိကအခန်းတွေပါ။အစိုးရ၀န်ထမ်းတွေအပြင်စက်ရုံမှာလုပ်သူ၊
စတိုးဆိုင်ဝန်ထမ်း၊ကျောင်းဆရာ၊စက်ချုပ်သူ၊စားသောက်ဆိုင်ပိုင်ရှင်၊
ပြင်ပစီးပွားရေးသမားများနေထိုင်ကြပါတယ်။၈၀%ကနိုင်ငံခြားသားအိန္ဒိယ၊
တရုတ်၊ကျူဘား၊ဖီလစ်ပိုင်၊မြန်မာ၊အခြားအာဖရိကနိုင်ငံတွေကလူမဲတွေဖြစ်ပါတယ်။
ဒီမှာဒီဇင်ဘာလဟာရာဇ၀တ်မှုအများဆုံးလပါ။ဒီဇင်ဘာခရစ်စမတ်မှာဝတ်ချင်၊စားချင်၊
ဝယ်ချင်ချမ်းချင်၊သုံးချင်ဖြုံးချင်ကြတယ်။ငွေကိုစုတဲ့အကျင့်ကလဲမရှိလေတော့ဝင်ငွေ
ထက်ပိုသုံးချင်တဲ့ငွေကိုသူများဆီကလုယက်ကြတော့တာလေ။
ကျွန်မဒီကိုရောက်ပြီး၂ပတ်အကြာကျွန်မနေတဲ့flatဓားပြ၀င်တိုက်ပါတော့တယ်။
အဲဒီညက၉နာရီလောက်ပဲရှိပါသေးတယ်။လူ၈ရောက်သေနတ်တွေနဲ့ဝင်းထဲကို
ဝင်လာပြီးလုံခြုံရေး၂ယောက်ကိုတိုက်ဘေးမှာကြိုးတုတ်ထားပါတယ်။
ကျန်တစ်ယောက်ကတော့ထွက်ပြေးသွားပါတယ်။ဓားပြတွေဟာအနုကြမ်းမစီးခင်
ထဲကဘယ်အိမ်ကချမ်းသာတယ်ဆိုတာစုံစမ်းသိထားပြီးသားပါ။ကျွန်မတို့လိုအစိုးရ၀န်ထမ်း
အိမ်တွေကိုတော့စီးပွားရေးသမားတွေလိုပိုက်ဆံမပေါတာရယ်၊ရှိတဲ့ပိုက်ဆံကလဲ၁လ
သုံးလောက်ရုံသာအိမ်မှာရှိပြီးကျန်တာဘဏ်ထဲမှာသာထားတတ်ကြတာကြောင့်
သိပ်စိတ်မ၀င်စားကြပါဘူး။အဲဒီနေ့ကမြို့ထဲမှာဆိုင်ဖွင့်ထားတဲဆိုင်ပိုင်ရှင်
ကုလားသူဌေး၃အိမ်ကိုဓားပြတိုက်ပြီးရွှေ၊ငွေ၊cellphoneတွေယူသွားပါတယ်။
ဓားပြတိုက်ခံရတဲ့ကုလားအိမ်တွေဟာတံခါးခေါက်တာကိုဧည့်သည်ထင်
ပြီးတံခါးဖွင့်ပေးလိုက်တာအိမ်ထဲရောက်လာမှဓားပြတွေမှန်းသိရတာပါ။
အိမ်သားတွေကိုတော့ကြိုးတုတ်ပြီးအခန်းထဲထည့်ပြီးအပြင်ကသော့ခတ်ခဲ့ပါတယ်။
အဲဒီမှာကံဆိုးသူတရုတ်တစ်ယောက်ကတော့ဓားပြတိုက်မဲ့အစီအစဉ်မှာ
သူ့အိမ်ပါပုံမရပါဘူး။သူခမျာဓားပြတိုက်နေချိန်မှာညဖက်casinoကအပြန်ကား
parkingလုပ်ပြီးအိမ်ပေါ်ကိုအတက်လှေကားရင်းမှာစော့င်နေတဲ့ဓားပြနှစ်ယောက်နဲ့
ပက်ပင်းတိုးပါတော့တယ်။သေနတ်တေ့ပြီးသူ့ အိမ်ကိုလိုက်ပြခိုင်းပေမဲ့တရုတ်ကသူ့ 
cell phone နဲ့ပါတဲ့ပိုက်ဆံပေးပြီးလိုက်မပြလို့သေနတ်ဒင်နဲ့နားထင်ကိုထုပြီးလုံခြုံရေး
တွေနဲ့အတူကြိုးတုတ်ထားတယ်။ခဏအကြာရုန်းရင်းကန်ရင်းကြိုးပြေပြီးသူတို့၃ယောက်
ရဲစခန်းကိုထွက်ပြေးကြပါတယ်။ကူညီပါရစေတွေရောက်လာချိန်မှာတော့ဓားပြအားလုံး
ရသမျှယူပြီးထွက်ပြေးသွားကြပါပြီအခုထက်ထိတိုင်အောင်လဲဒီအမှုကဓားပြတွေမမိသေး
သလိုပစ္စည်းတွေလည်းပြန်ရတယ်လို့မကြားမိပါဘူး။တတိုက်လုံးအပြင်မှာရုတ်ရုတ်သဲသဲ
ဖြစ်နေချိန်မှာကျွန်မကတော့ဧည့်ခန်းမှာTVကြည့်ရင်းအိပ်ပျော်နေပါတယ်။
ဓားပြတိုက်သွားကြောင်းမနက်မိုးလင်းမှသိပါတယ်။မနက်ကျမှမျက်နှာချင်းဆိုင်အခန်းက
တရုတ်ကပြောပါတယ်။ညကဓားပြတွေကျွန်မအိမ်ကိုတံခါးခေါက်နေတာသူတွေ့ံ့တယ်။ကျွန်မကိုသတိပေးဖို့အပြင်လည်းမထွက်ရဲဖုန်းနံပါတ်လဲမသိလို့အိမ်ထဲက
ချောင်းကြည့်ရင်းကျွန်မများတံခါးဖွင့်ပေးလိုက်မိရင်အခက်ပဲလို့စိုးရိမ်မိကြောင်း
ပြောပါတယ်။ဘာဖြစ်လို့များကျွန်မအခန်းကိုလာခေါက်ရတာပါလိမ့်။
ဘယ်သူဌေးအခန်းနဲ့များမှားခေါက်တာပါလိမ့်။နောက်မှစဉ်းစားမိတာကတော့
့ကျွန်မရဲ့တံခါးမှာအန္တရယ်ကင်း၂၄ပစ္စည်းရေးထားတဲ့ရောင်စုံစက်ဝိုင်းလေးကပ်
ထားတယ်လေ။အဲတာကိုမှောင်မဲမဲမှာတရုတ်စာထင်ပြီးတရုတ်အိမ်နဲ့မှားခေါက်တာ
ဖြစ်မယ်ထင်ပါတယ်။အဲဒီတော့မှတစ်ညလုံးဆင်အော်လို့မနိုးအိပ်ပျော်နေတဲ့ကျွန်မ
ကြောက်ရကောင်းမှန်းသိတော့တာ၊တံခါးခေါက်သံသာကြားခဲ့ရင်အူကြောင်ကြား
ကျွန်မဖွင့်ပေးမိမှာအသေအချာပါပဲ။အိမ်ကထည့်ပေးလိုက်တဲ့ဒေါ်လာနဲ့
ဖုန်းအစုတ်လေးပါသွားတာကအရေးမကြီး၊လူကိုအန္တရယ်ပြုရင်အခက်။
ဒီနိုင်ငံမှာလူသတ်တာကလေးကစားသလောက်လွယ်ပါတယ်။
နားပါးပြီးအလွန်အအိပ်ဆတ်တဲ့ကျွန်မတံခါးခေါက်သံမကြားပဲလုံးဝအိပ်ပျော်သွားတာ
ကတော့ရတနာ၃ပါးဂုဏ်ကျေးဇူးကြောင့်ပါပဲ။နှောက်နှစ်ဒီဇင်ဘာတွေမှာတော့
လုံခြုံရေးတွေလည်းတိုးချ၊လူတွေကလည်းသတိနဲ့နေကြတော့ဘာမှမဖြစ်
တော့ပေမဲ့ဒီဇင်ဘာလရောက်တိုင်းဓားပြလာတိုက်ဦးမလားဆိုပြီးကြောက်တဲ့
စိတ္တဇကတော့ဒီနိုင်ငံမှာနေသ၍ရှိနေဦးမှာပါပဲလေ။

4 comments:

  1. အယ်...အစ်မရယ်..သတိများလည်းထားပါဦး..
    ကြောက်စရာကြီးရယ်....
    ဒါပေမယ့်..ဖတ်လို့တော့ကောင်းသား..
    စုံထောက်ဇာတ်လမ်းကျနေတာပဲ...ဟီး

    ReplyDelete
  2. ဘုရားတရားမမေ့နဲညီမရေ။အလုံခြုံဆုံးကတော့ ဘာသာရေးက စိတ်အချရဆုံးပဲ။

    ReplyDelete
  3. ဟုတ်တယ် မမရေ
    ဘုရား တရားရဲ့ ဂုဏ်ကျေးဖူးပါပဲ
    ပဌာန်း ၂၄ ပစ္စည်းရဲ့ တန်ခိုးပေါ့
    ဒီနှစ် ဒီဇင်ဘာ မမ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်ပါစေနော်
    ဆုတောင်းပေးနေပါ့မယ် မမရေ

    ReplyDelete
  4. ညီမက Lesothoက Maseruဆီမှာနေတာလား၊ အကိုတောင်ဒီနိုင်ငံအကြောင်းမသိလို့။ အရမ်းစိတ်ဝင်စားတယ်။ဖြစ်နိုင်ရင် မရောက်ဖူးတဲ့ အကိုတိုလိုသူတွေအတွက် ဒီနိုင်ငံအကြောင်းလေးရေးပါလား။ဗဟုသုတရချင်လို့ပါ။south Arfica ကနားကနိုင်ငံနော်။နောက်ညီမနေတာက
    Maseru Central Primary Schoolအနီးက
    Kingsway Bypassမှာလား။အသေချာတော့သိဘူး။ ဒီနိုင်ငံအကြောင်းစိတ်ဝင်စားလို့ပါ။အခြားမြန်မာတွေရှိသေးလား။

    ReplyDelete