Friday, November 27, 2009

ပါမုန့်လေးတစ်လုံး

အိမ်မှာပါမုန့်ကုန်နေလို့စတိုးဆိုင်တခုမှာပါမုန့်သွားဝယ်ပါတယ်။ပလပ်စတစ်အိတ်အကြည်
တွေမှာပါမုန့်အဖြူဈေးဘယ်လောက်၊အညိုဈေးဘယ်လောက်ဆိုတာဘားကုတ်နဲ့ကပ်ထား
ပြီး၊ပါမုန့်အဖြူယူရင်အဖြူဈေးကပ်ထားတဲ့အိတ်ထဲထည့်၊အညိုယူရင်အညိုဈေးကပ်ထားတဲ့
အိတ်ထဲထည့်ကောင်တာကိုယူသွားပြီးပိုက်ဆံရှင်းရုံပါ။
အဲဒီနေ့ကပါမုန့်အဖြူမရှိလို့အညိုဘဲယူလိုက်ပါတယ်။ဒါပေမဲ့ပလပ်စတစ်အိတ်အကြည်မှာ
ဈေးနှုန်းနဲ့ဘားကုတ်ကပ်ထားတဲ့အိတ်တွေမရှိလို့ဘာမှကပ်မထားတဲ့အိတ်ထဲမှာဘဲထည့်ခဲ့
ရပါတယ်။
ကောင်တာရောက်လို့ငွေရှင်းမယ်လုပ်မှဈေးနှုန်းနဲ့ဘားကုတ်မပါတဲ့အိတ်မို့မမမဲကရစ်ပါ
တော့တယ်။သူကိုယ်တိုင်လည်းသူ့ဆိုင်ကဘာပစ္စည်းဘယ်ဈေးမှန်းမသိ၊ကိုယ်ကဈေးပြောပြ
တော့လဲလက်မခံ၊ပါမုန့်ထားတဲ့နေရာကိုတယောက်ယောက်လွှတ်ပြီးဈေးကြည့်ဖို့လဲမခိုင်း၊
တခြားကောင်တာကိုဈေးမေးဖို့လဲမကြိုးစားဘဲမယူနဲ့၊ထားခဲ့လို့သာတွင်တွင်ပြောပါတော့
တယ်။
ကျွန်မလဲအောင့်သက်သက်နဲ့တခြားပစ္စည်းတွေဘဲရှင်းပြီးပါမုန့်ကိုထားခဲ့ရပါတော့တယ်။
သူတို့ကဆိုင်ပိုင်ရှင်မဟုတ်ဘဲအရောင်းစာရေးမတွေဆိုတော့ပါမုန့်တစ်လုံးမရောင်းရလည်း
အရေးမကြီးဘူး၊ဘာမှမဖြစ်လောက်ဘူးဆိုပြီး၊ပြီးစလွယ်လုပ်လိုက်ပုံရပါတယ်။
ဒါပေမဲသူတို့ဆိုင်မှာအမြဲလာအားပေးနေတဲ့ဖေါက်သည်တစ်ဦးလျော့သွားတော့မယ်ဆို
တာတော့စဉ်းစားမိပုံမရပါဘူး။
ဒီလိုဆက်ဆံရေးကြဲပြီးပိုက်ဆံပေးဝယ်တာကိုတောင်မရောင်းချင်တဲ့ဆိုင်မျိုးကိုနောက်မလာ
ဖို့ဆုံးဖြတ်လိုက်တာဝယ်သူအလွန်မဟုတ်ဘူးထင်ပါတယ်။

Friday, November 20, 2009

သတိရမိပါသည်ဒေါ်နှင်းဆီ

ကျွန်မရဲ့ဘေးကပ်ရက်ခန်းမှာယူဂန်ဒါနိုင်ငံကဒီမှာလာပြီးအလုပ်လုပ်နေတဲ့ယူဂန်ဒါနိုင်ငံသား
လူမဲမိသားစုနေပါတယ်။သူတို့မိသားစုဒီကိုရောက်တာ၁၀နှစ်ကျော်ပါပြီ။
အဖေကအသက်၅၀ကျော်လောက်ရှိပြီးအမေလုပ်သူက၄၅လောက်ရှိပါပြီ။
အဖေကကွန်ပြူတာကုမ္မဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။အမေကတော့အလုပ်မလုပ်ပါ။
အမေရဲ့နာမည်ကRoseမို့ကျွန်မကသူ့ကိုဒေါ်နှင်းဆီလို့မြန်မာနံမည်ပေးထားပါတယ်။
အာဖရိကအလယ်ပိုင်းသူမို့ဒီကအမဲတွေထက်အသားပိုမဲပေမဲ့မျက်လုံးဝိုင်းဝိုင်းမျက်တောင်
ကော့ကော့နဲ့မျက်နှာပေါက်လှပါတယ်။ကိုယ်လုံးကတော့အမဲမတွေထုံးစံအတိုင်းခပ်ဖိုင့်ဖိုင့်
ပါ။သူတို့ရဲ့တစ်ဦးသောသားလေးကအသက်၁၉၊၂၀လောက်ရှိပါပြီ။သူ့နာမည်ရောဘတ်ပေမဲ့
ဂတုံးပြောင်အောင်တုံးပြီးခေါင်းကခပ်ချွန်ချွန်မို့ဘဲဥလို့ကျွန်မကနာမည်ပေးထားပါတယ်။
ဘဲဥဟာသွေးရောဂါတမျိုးရှိလို့၎၊၅လတစ်ခါသွေးသွင်းနေရသူပါ။မကျန်းမာလို့အလယ်တန်း
အောင်ပြီးကျောင်းဆက်မတက်တော့ပါ။ရောဂါသယ်ပေမဲ့အိပ်ရာထဲလဲနေလောက်အောင်
မပြင်းထန်တာမို့သွားသွားလာလာပါဘဲ။ဒေါ်နှင်းဆီဟာသူ့သားလေးကိုအလွန်ချစ်ပါတယ်။
သူတို့မိသားစုဟာစိတ်ထားနူးညံ့ပြီးသဘောကောင်းပါတယ်။ပျော်လဲပျော်တတ်ပါတယ်။
ကူညီစရာရှိရင်မတွက်မကပ်ကူညီတတ်လို့တတိုက်လုံးကအမဲတွေသာမကကုလားတွေ
ရောတရုတ်တွေပါသူတို့ကိုခင်ကြပါတယ်။
ဒေါ်နှင်းဆီနဲ့ကျွန်မတော်တော်ရင်းနှီးပါတယ်။ကျွန်မခရီးသွားရင်ကျွန်မအခန်းကို
သူတို့ကြည့်ပေးပြီးသူတို့ယူဂန်ဒါပြန်ရင်လဲသူတို့အခန်းသော့ကျွန်မကိုအပ်ခဲ့ပါတယ်။
ဒီမှာမပျော်တာ၊အိမ်လွမ်းတာ၊အမြဲအိမ်ပြန်ချင်နေတာတွေတူနေတော့တယောက်နဲ့
တယောက်နားလည်ခံစားအားပေးဖြစ်ကြတယ်လေ။
သူချက်တဲ့ဟင်းတွေ။သူလုပ်တဲ့မုန့်တွေခဏခဏလာပေးတတ်သလိုကျွန်မကလဲ
မြန်မာအစားအစာသူ့ကိုပြန်ပေးတတ်ပါတယ်။သူကအုန်းနို့ခေါက်ဆွဲကြိုက်လို့အိမ်
မှာခေါက်ဆွဲချက်တိုင်းသူ့ကိုသတိတရပို့ဖြစ်ပါတယ်။
စနေတနင်္ဂနွေတွေကျွန်မအလုပ်နားရက်တွေမှာအိမ်လာလည်ပြီးစကားစမြည်
ပြောလေ့ရှိပါတယ်။
သူကသတင်းစုံသူမို့အပေါ်ထပ်ကမူစလင်မလေးကိုမျက်နှာချင်းဆိုင်အခန်းကဟိန္နူကုလား
လေးခိုးပြေးတဲ့အကြောင်း၊အောက်ထပ်ကတရုတ်အိမ်ရဲဝင်စစ်တာတရားမ၀င်နေတဲ့
တရုတ်နှစ်ယောက်မိသွားလို့ပြသနာတက်နေတဲ့အကြောင်း၊မြို့လည်ကစတိုးဆိုင်သူခိုး
ဖေါက်သွားတဲ့အကြောင်းစုံအောင်ပြောပြတတ်ပါတယ်။စကားပြောကောင်းပြီး
ဟာသပြောတတ်သူမို့သူပြောတာတွေဟာနားထောင်ကောင်းပြီးရယ်ရလို့အပြင်းပြေ
ရပါတယ်။
သူတို့မိသားစုဘေးအခန်းမှာရှိတာကျွန်မအဖို့ကိုယ့်ဆွေမျိုးသားချင်းအနားမှာရှိနေ
သလိုပါဘဲ။
ပြီးခဲ့တဲ့နှစ်ကဘဲဥလေးအကောင်းကြီးကနေရောဂါဖေါက်ပြီးကောက်ခါငင်ခါဆုံးပါး
သွားပါတယ်။၂ရက်အတွင်းဖြစ်သွားတာမို့ဒေါ်နှင်းဆီခင်မျာဖြေမဆည်နိုင်အောင်ဖြစ်
ရပါတယ်။ဘဲဥအလောင်းကိုယူဂန်ဒါပြန်သယ်ပြီးအဲဒီမှာဘဲသဂြိုလ်ပါတယ်။
၂လလောက်နေတော့ဒေါ်နှင်းဆီတို့ပြန်လာပါတယ်။
အရင်ကလိုသွက်လက်ပြီးစကားတွေအများကြီးပြောတဲ့ဒေါ်နှင်းဆီမဟုတ်တော့ပါဘူး။
ဒီမှာနေရင်သူ့သားလေးအရိပ်ဟာနေရာတိုင်းမှာရှိနေတာမို့သူ့သားကိုပိုသတိရတယ်ဆိုပြီး
တငိုငိုတရီရီနဲ့မို့သူ့ကိုကြည့်ပြီးစိတ်ဆင်းရဲရပါတယ်။
၁လလောက်ကြာတော့သူတို့ဒီမှာမနေချင်တော့လို့သူတို့နိုင်ငံကိုအပြီးပြန်တော့မဲ့
အကြောင်းပြောပါတယ်။၅နှစ်နီးပါးတရင်းတနှီးနေခဲ့ကြတာမို့ကိုယ့်ဆွေမျိုးသားချင်းနဲ့
ခွဲခွာရသလိုစိတ်မကောင်းဖြစ်ရပါတယ်။
ဒေါ်နှင်းဆီတယောက်သူ့သားလေးကိုအောင့်မေ့လွမ်းဆွတ်ခြင်းတွေရင်မှာပိုက်လို့မျက်ရည်
စက်လက်နဲ့ပြည်တော်ပြန်သွားပါပြီ။
သူတို့ပြောင်းသွားပြီးနောက်နေ့မှာဘဲသူတို့အခန်းကိုဒီနိုင်ငံသားမိသားစုပြောင်းလာပါတယ်။
အဖေနဲ့အမေကအသက်၂၅၊၃၀လောက်ပဲရှိပါသေးတယ်။၃၊၄နှစ်လောက်သမီးလေးလဲရှိပါတယ်။
သမီးလေးကချစ်စရာကောင်းပြီးကျွန်မကိုလဲချောင်းချောင်းကြည့်ပါတယ်။
ခလေးကိုချစ်ပေမဲ့သူ့အမေအမဲမမျက်နှာထားတင်းတာကြောင့်အရောတ၀င်
နှုတ်မဆက်ဖြစ်ပါ။မျက်နှာချင်းဆိုင်တွေ့တိုင်းမျက်နှာထားတည်တည်နဲ့နေလို့မိတ်ဆက်ဖို့၊
နှုတ်ဆက်ဖို့မကြိုးစားတော့ဘဲဖာသိဖာသာဘဲနေလိုက်ပါတော့တယ်။
အခုဆိုသူတို့ပြောင်းလာတာ၆လနီးပါးရှိပါပြီ။
တစ်ခါမှရီပြခြင်း၊နှုတ်ဆက်ခြင်း၊စကားပြောခြင်းမရှိပါဘူး။
သူတို့ကိုမြင်တိုင်းအင်မတန်ဖေါ်ရွေပြီးခင်မင်ကူညီတတ်တဲ့ဒေါ်နှင်းဆီတို့မိသားစုကို
သတိရနေမိပါတော့တယ်။
အိမ်နီးချင်းကောင်းနဲ့ရေစက်ဆုံရတာလဲကံကောင်းခြင်းတစ်မျိုးမဟုတ်ပါလား။

Monday, November 9, 2009

ဓာတ်ဆီဆိုင်မှာ

ကားထဲမှာဆီနဲနေလို့ဆီသွားဖြည့်ပါတယ်။ဒီကဓာတ်ဆီဆိုင်ဝန်ထမ်းတွေကလဲခေသူတွေ
မဟုတ်ကြပါ။နည်းမျိုးစုံနဲ့အကြံအဖန်လုပ်ပါတယ်။
မိတ်ဆွေတစ်ဦးဆီသွားဖြည့်တာဆီတိုင်ကီအဖုံးဖွင့်ပေး၁၀၀ဖိုးပြောပြီးချက်ချင်းကားပေါ်က
ဆင်းပြီးပန့်ကိုကြည့်တော့၆၀ရောက်နေပါပြီ။
သုံညကမစဘဲအရင်ကားဖြည့်ပြီးသွားတဲ့၅၀ကစဖြည့်တာပါ။ချက်ချင်း၆၀တန်းရောက်
သွားတာမဖြစ်နိုင်မှန်းသိလို့ပြောပေမဲ့မျက်မြင်သက်သေမရှိတော့ဘယ်လိုမှပြောမရဘဲ
ငွေ၅၀အလကားပေးလိုက်ရပါတယ်။
ဒါကြောင့်ကျွန်မလဲဆီတိုင်ကီအဖုံးဖွင့်ကားပေါ်ကဆင်း၊ဆီပန့်ခလုတ်ဖိပြီးသုံညကစမစ
ပြူးပြဲကြည့်တော့ဆီဖြည့်တဲ့အမဲကောင်ကမနေသာဘဲခလုတ်ဖိပြီးသုံညကစပါတယ်။
ကျွန်မကတိုင်ကီအပြည့်ဖြည့်ခိုင်းတော့ဆီဖြည့်ရင်းသူတရုတ်စာအလွန်ကြိုက်ကြောင်း၊
သူ့ကိုနေ့လည်စာကျွေးပါလို့ပြောပါတယ်။
ကျွန်မလဲတရုတ်မဟုတ်ဘူးပြောတော့ထုံးစံအတိုင်းဘာလူမျိုးလဲဆိုပြီးရှာရှည်ပြန်ပါတယ်။
မြန်မာလို့ပြောလဲသိပုံမရပါဘူး၊ကျွန်မတော်တော်စိတ်တိုနေပါပြီ။
၁၉၆ မာလိုတီရောက်တော့ရပ်လိုက်ပါတယ်။တစ်ခါကားမှန်ဆေးရင်းမြန်မာအစားအစာ
ကိုသူမြည်းစမ်းကြည့်ချင်ကြောင်း။နေ့လည်စာစားဖို့သူ့ကိုလာခေါ်ပါပြောပြန်ပါတယ်။
ကျွန်မလဲစိတ်ထဲကပိတ်တီးချင်နေပေမဲ့ဆိုင်မှာလည်းအမဲတွေချည်းပဲမို့အေးအေးဆိုပြီး
မြန်မြန်စကားဖြတ်ရပါတယ်။၂၀၀တန်ပေးတာပြန်မအမ်းချင်လို့စကားရောဖေါရော
လုပ်နေတာကျွန်မရိပ်မိပါတယ်။
ကျွန်မလဲမြန်မြန်သွားချင်နေလို့ပြန်အမ်းငွေ၎မာလိုတီကိုမယူတော့ဘဲထွက်လာခဲ့ပါတယ်။
သူတို့ငွေ၎မာလိုတီဟာဒေါ်လာဝက်သာတန်လို့တန်ဖိုးမရှိလှပေမဲ့ကိုယ်ကကြည်
ကြည်ဖြူဖြူပေးခဲ့တာမဟုတ်ဘဲမလိမ့်တပတ်လုပ်ယူတယ်ခံစားရလို့ခံပြင်းမိပါတယ်။
နိုင်ငံခြားသားမိန်းခလေးတစ်ယောက်ထဲမို့အနိုင်ကျင့်တယ်ထင်လို့စိတ်ထဲမှာ
ခိုးလိုးခုလုလဲဖြစ်မိပါတယ်။
ဒါပေမဲ့...ကိုယ်မလိုတဲ့ပြက္ခဒိန်ကိုဈေးမတန်တဆနဲ့ဝယ်ခိုင်းတာတို့၊သဒ္ဒါမပေါက်တဲ့
ဘာရံပုံငွေ၊ညာရံပုံငွေတွေထည့်ခိုင်းတာနဲ့စာရင်အများကြီးတော်ပါသေးတယ်ဆိုပြီး
စိတ်ဖြေလိုက်ရပါတယ်။

Friday, November 6, 2009

ငယ်ငယ်တုန်းကသူငယ်ချင်း(ဒုတိယပိုင်း)

အဲဒီနှစ်ကခင်ထား၁၀တန်းမအောင်ခဲ့ပါဘူး။နောက်နှစ်လဲသူ့အမေမကျန်းမာလို့
ပင်စင်ယူလိုက်တာကြောင့်အိမ်ဆိုင်လေးဖွင့်ပြီးအိမ်ရဲ့စီးပွားရေးကိုခင်ထားက
တာဝန်ယူရတာကြောင့်၁၀တန်းပြန်မဖြေဖြစ်တော့ပါ။
နောက်ပိုင်းကျွန်မတို့၂ယောက်မတွေ့ ဖြစ်ပါ။
တက္ကသိုလ်ဒုတိယနှစ်မှာမိုးမိုးသူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ငွေကြေးချမ်းသာတဲ့
နှစ်ဖက်မိဘများရဲ့တစ်ဦးတည်းသောသားနဲ့သမီးဖြစ်လို့မင်္ဂလာပွဲကိုကြီးကြီး
ကျယ်ကျယ်ကျင်းပပါတယ်။ဧည့်ခံပွဲကိုငယ်သူငယ်ချင်းအားလုံးလိုလာကြပေမဲ့
ခင်ထားကိုတော့မတွေ့ပါ။မဖိတ်လို့မလာတာလား၊၀မ်းနည်းကြေကွဲအားငယ်မှု
တွေနဲ့အရှုံးကိုရင်မဆိုင်ရဲလို့မလာတာလားသူငယ်ချင်းရယ်။
ကျွန်မနောက်ဆုံးနှစ်ရောက်တော့ခင်ထားတစ်ယောက်အိမ်ထောင်ကျသွားကြောင်း
သတင်းရပါတယ်။
ရုံးတက်လက်မှတ်ထိုးပြီး၂ဖက်မိဘဆွေမျိုးလောက်နဲ့အကျဉ်းရုံးကျင်းပတဲ့မင်္ဂလာပွဲ
ကိုကျွန်မကိုမဖိတ်လို့မသွားခဲ့ရပါ။သူ့မိခင်စိတ်ချမ်းသာအောင်လက်ထပ်တာလား၊
သူကိုယ်တိုင်ချစ်ခင်နှစ်သက်လို့လား။အားကိုးရာမဲ့တဲ့ဘ၀အတွက်မှီခိုရာရှာချင်လို့
လက်ထပ်ခဲ့တာလားကျွန်မမသိပါ။
နောက်တစ်နှစ်လောက်ကြာတော့ခင်ထားခလေးဗိုက်ခွဲမွေးရင်းထုံဆေးကြောင့်
အောက်ပိုင်းသေသွားကြောင်းကြားရပါတယ်။
ခင်ထားအိမ်ကိုကျွန်မရောက်သွားပါတယ်။
ခင်ထားဟာတော်တော်လေးပိန်ပြီးစိတ်ဓာတ်ကျနေပါတယ်။သူ့ရဲ့မျက်လုံးတွေဟာ
မှုံမှိုင်းရီဝေပြီးမျှော်လင့်ချက်ကင်းမဲ့နေပါတယ်။
ဒုက္ခိတဘ၀မှာသူ့သားလေးကိုမပြုစုနိုင်လို့ယောက္ခမတွေကိုပေးထားရပါတယ်။
သူ့ယောက်ျားနဲ့မကျန်းမာတဲ့မိခင်အတွက်သူဟာဝန်ထုတ်ဝန်ပိုးဖြစ်နေပြီဆိုပြီး
မျက်ရည်ကျပါတယ်။ဒုက္ခတွေဝေနေတဲ့ကြားကမိုးမိုးအဆင်ပြေရဲ့လားမေးလိုက်
ပါသေးတယ်။ကံမကောင်းရှာတဲ့သူငယ်ချင်းကိုတတ်နိုင်သလောက်ကူညီအားပေး
ရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါ။
ကျွန်မဒီထွက်မလာခင်ကတော့ခင်ထားယောက်ျားနောက်အိမ်ထောင်ပြုသွားပြီး
သားလေးကိုလဲခင်ထားရဲ့ကျန်းမာရေးနဲ့စီးပွားရေးအခြေအနေကြောင့်ယောက္ခမ
တွေကိုအပြီးပေးလိုက်ရကြောင်းနောက်ဆုံးသတင်းကြားပါတယ်။
ကျွန်မလည်းဝေးတမြေမှာကိုယ့်ဘ၀ကိုယ်ရုန်းကန်ရှင်သန်ဖို့ကြိုးစားနေရတာကြောင့်
ခင်ထားကိုမေ့နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကအွန်လိုင်းမှာရန်ကုန်ကငယ်သူငယ်ချင်းတစ်ဦးနဲ့ပြန်ဆုံတော့ခင်ထား
အကြောင်းသတိတရမေးမိပါတယ်။
ခင်ထားတစ်ယောက်လွန်ခဲ့တဲ့၃လလောက်ကကွယ်လွန်သွားပြီဖြစ်ကြောင်းသူငယ်ချင်း
ကသတင်းပေးပါတယ်။
လူ့လောကကစွန့်ခွာသွားတာခင်ထားအတွက်ဆင်းရဲမှုအပေါင်းက၀ဋ်ကျွတ်သွားတယ်
ဆိုပေမဲ့အချိန်မတိုင်မှီကြွေလွင့်ခဲ့ရလို့စိတ်မကောင်းဘူးခင်ထားရယ်။
သူငယ်ချင်းလေးကောင်းရာသုဂတိလားပါစေ....

Tuesday, November 3, 2009

ငယ်ငယ်တုန်းကသူငယ်ချင်း

ကျွန်မမှာငယ်ငယ်တုန်းကအသားညိုညို၊မျက်လုံးတောက်တောက်၊ပါးချိုင့်လေးနဲ့
ခင်ထားလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့သူငယ်ချင်းလေးရှိခဲ့ဖူးပါတယ်။
သူနဲ့ကျွန်မ၂တန်းလောက်ကထဲကခင်ခဲ့တာပါ။
သူ့ အမေကကျွန်မတို့ကျောင်းကဆရာမပါ။အဖေကတော့ခင်ထား၃နှစ်သမီးလောက်
ထဲကသူတို့သားအမိကိုပြစ်ပြီးနောက်အိမ်ထောင်ပြုသွားပါတယ်။
ခင်ထားအမေဟာကျောထောက်နောက်ခံတောင့်တင်းသူမဟုတ်တော့သူတို့
သားအမိတော်တော်ရုန်းကန်ရရှာပါတယ်။
ခင်ထားဟာကျွန်မဆိုးတဲ့ဒဏ်ကိုလဲတော်တော်ခံခဲ့ရပါတယ်။
၃တန်းမှာကျွန်မအစာမကျေဖြစ်ပြီးအတန်းထဲမှာအန်ချတုန်းကအမတစ်ယောက်လိုမရွံမရှာ
သုတ်သင်ပေးပြီးကျောင်းဆေးခန်းကိုပို့ပေးခဲ့ပါတယ်။ခဏခဏစိတ်ကောက်တဲ့ကျွန်မကို
အမြဲသည်းခံပြီးစိတ်ရှည်ရှည်နဲ့ချော့တတ်ပါတယ်။
ကျွန်မကြည့်မရတဲ့သူတွေကိုလဲကျွန်မကမခေါ်ရဆိုပြီးအမိန့်ထုတ်လို့သူနဲ့ပါမခေါ်နိုင်
မပြောနိုင်ဖြစ်ကုန်ပါတယ်။
၆တန်းမှာကျွန်မဆေးလိပ်သောက်ချင်တယ်ဆိုပြီးဂျီကျလို့ဆေးလိပ်ခိုးသောက်ပြီး
ဆရာမမိသွားလို့ရိုက်ခံရတာလဲအတူတူပါ။
ရှစ်တန်းရောက်တော့ခင်ထားတယောက်ပိုလှလာသလိုစိတ်တွေလဲထွေပြားလာပါတယ်။
သူ့ကိုကြိုက်တဲ့ကောင်လေးတွေရှိပေမဲ့သူကြိုက်တာကတော့အတန်းထဲကတစ်ယောက်ပါ။
သူကချစ်စနိုးနဲ့မိုးမိုးလို့ခေါ်ပါတယ်။
မိုးမိုးမိဘတွေကရွှေဆိုင်ပိုင်ရှင်တွေဖြစ်ပြီးတော်တော်ချမ်းသာပါတယ်။
မိုးမိုးကလဲခင်ထားကိုစိတ်ဝင်စားပုံရပါတယ်။သူတို့၂ယောက်မျက်လုံးချင်းစကားပြော
နေပေမဲ့ဖွင့်ဟပြောပြီးပွင့်လင်းမှုတော့မရှိသေးပါ။
ခင်ထားကသူ့ခံစားချက်တွေကိုကျွန်မကိုရင်ဖွင့်တတ်ပါတယ်။
အဲဒီအချိန်ကျွန်မကအစားနဲ့ကစားကိုဘဲမက်နေတဲ့အချိန်မို့သူ့ခံစားချက်တွေကိုနားမလည်ဘဲ
စိတ်လိုရင်ပြန်ကြိုက်ပစ်၊ရည်းစားထားပစ်ဆိုပြီးမြှောက်ထိုးပင့်ကော်လုပ်ပြီးစိတ်မလိုရင်
မိုးမိုးကဘာပုံကြီးမှန်းလဲမသိဘူး၊လှလဲမလှဘူးပြန်မကြိုက်နဲ့ဆိုပြီးကပျက်ကယက်
လုပ်တတ်ပါတယ်။
သူကတော့အဲဒီကတဲကလောကအကြောင်းနားလည်နေပြီမို့ဘယ်လောက်
သံယောဇဉ်ရှိရှိငါတို့၂ယောက်မဖြစ်နိုင်ပါဘူးဟာ၊ဘ၀ချင်းမတူကြဘူးလေဆိုပြီးလွမ်းလွမ်း
ဆွေးဆွေးပြောတတ်ပါတယ်။
ဒီလိုနဲ့ခင်ထားဟာစိတ်တွေလေနေပုံရပါတယ်။စာလဲကောင်းကောင်းဖတ်ပုံမရပါ။
ရှစ်တန်းအောင်တော့ခင်ထားက၀ိဇ္ဖာဘာသာတွဲကိုရောက်သွားပြီးကျွန်မနဲ့မိုးမိုး
ကတော့သိပံ္ပတွဲအခန်းမှာကျန်ခဲ့ပါတယ်။
တကျောင်းထဲပေမဲ့အတန်းမတူတော့အရင်ကလိုသိပ်မတွဲမိတော့ပါဘူး။
၁၀တန်းစာမေးပွဲမဖြေခင်ကျွန်မနဲ့ခင်ထားစကားပြောဖြစ်ပါတယ်။
မဖြစ်နိုင်ဘူးဆိုတာသိနေပေမဲ့သူမိုးမိုးကိုချစ်နေဆဲပါဘဲ။
အဲဒီအချိန်မှာမိုးမိုးဟာအနေဝေးခဲ့ပြီမို့တခါကစိတ်ကစားဖူးတဲ့ခင်ထားကိုမေ့ပြီး
တခြားမိန်းကလေးတယောက်ကိုစိတ်ဝင်စားနေပြီဆိုတာတစ်တန်းထဲသားကျွန်မ
သိနေပေမဲ့ခင်ထားကိုမပြောပြရက်ခဲ့ပါ။မိုးမိုးကိုမေ့ပြစ်ပြီးကိုယ့်ဘ၀တိုးတက်ဖို့
စာကြိုးစားဖို့သာတိုက်တွန်းနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းဆက်ပါအုန်းမယ်။