Wednesday, December 14, 2011

ဈေးသည်ကြီး

ဒီနိုင်ငံကိုရောက်ကတဲကနယ်ကိုမပြောင်းရွှေ့ဘဲမြို့တော်မှာနေလာတာ၇နှစ်
ရှိပါပြီ။
၇နှစ်အတွင်းမ၀ယ်ဘူး၊မ၀ယ်ဘူးနဲ့ပစ္စည်းကြီးတွေရောတိုလီမုတ်စတွေပါတတိတိ
နဲ့ဝယ်လာပြောင်းရတော့မယ်ဆိုမှဝယ်ထားတဲ့ပစ္စည်းတွေကဟိုချောင်ကထွက်လာ
ဒီကြားကထွက်လာနဲ့မနဲမနောပါဘဲ။
ဒါတွေအကုန်လုံးသယ်သွားဖို့မဖြစ်နိုင်ပါ။
တကယ်အသုံးလိုတဲ့ပစ္စည်း တွေဘဲချန်ထားပြီးကျန်တာတွေရောင်းတန်တာရောင်း
အလကားပေးတန်ပေးရပါတယ်။
ပရိဘောဂဆိုင်တွေကပစ္စည်းဝယ်ရင်အိမ်တိုင်ရာရောက်ကားနဲ့အခမဲ့ပို့ပေးတဲ့အပြင်
၁၂လပေး၊၂၄လပေးအကြွေးရောင်းတော့ရေခဲသေတ္တာ၊ဆိုဖာစက်တီ၊မှန်တင်ခုံစတဲ့
ပစ္စည်းဟောင်းတွေရောင်းရတာမလွယ်ပါ။
၁၀၀၀လောက်တန်တဲ့ပစ္စည်းကိုခေါက်ချိုးမက၃၀၀၊၄၀၀လောက်နဲ့လျှော့ရောင်း ရ
ပါတယ်။
အားလုံးထဲမှာတရုတ်တွေရောင်းရတာအဆင်ပြေဆုံးပါ။
ဝယ်မဲ့ပစ္စည်းကြည့်၊ကြိုက်ရင်ဈေးဆစ်၊ဈေးဆစ်တဲ့အခါလည်းမတရားမဆစ်ပါ။
ရောင်းသူလျှော့နိုင်မဲ့ဈေးအနည်းအကျဉ်လျှော့ခိုင်းတာလောက်ပါ။
ဈေးတဲ့ရင်ချက်ချင်းငွေချေ၊ပစ္စည်းယူသွားတာမို့စိတ်မရှုတ်ရပါ။
ကုလားတွေကျတော့အလွန်စေ့စပ်ပါတယ်။
ဝယ်မဲ့ပစ္စည်းကိုအမြီးပြန်ခေါင်းပြန်အထပ်ထပ်ကြည့်ပါတယ်။
ကျေနပ်ပြီဆိုမှဈေးဆစ်ပါတယ်။ခေါ်ဈေးထက်ခေါက်ချိုးမကမတရားဆစ်ပါတယ်။
မတည့်ရင်ပြန်သွားပါတယ်။နောက်နေ့လာပြီးဈေးနဲနဲတိုးပေးပြီးဆစ်ပြန်ပါတယ်။
မရရင်ပြန်နောက်နေ့ထပ်လာထပ်ဆစ်ပါတယ်။တကယ်တော့ဒီပစ္စည်းဒီဈေးနဲ့
တန်တယ်ဆိုတာလူလည်တွေမို့သိပါတယ်။ဒါပေမဲ့သူတို့ကအလကားလောက်နီးနီး
လိုချင်တာပါ။၃ခါလောက်လာပြီးတအိအိဈေးနှဲ့နေရင်စိတ်မရှည်တော့ဘဲသူတို့ဆစ်
တဲ့ဈေးနဲ့ရောင်းလိုက်မှဇာတ်လမ်းပြတ်ပါတယ်။
အမည်းတွေဈေးဝယ်ပုံကတော့တမျိုးပါ။
ကိုယ်ရောင်း မဲ့ပစ္စည်းထဲမှာသူတို့လိုချင်တာပါရင်ဝယ်မယ်ချန်ထားပါပြောပါတယ်။
တချို့ကမိတ်ဆွေတွေကတဆင့်ဖုံးဆက်ပြီးချန်ထားခိုင်းပါတယ်။
ပစ္စည်းလဲလာမကြည့်၊ဈေးလည်းမဆစ်၊စရံလည်းပေးမထားပါ။
တပတ်လောက်ပေါ်မလာလို့မေးတော့ပိုက်ဆံမရှိသေးလို့ပါ ။မနက်ဖန်လာမယ်၊
သဘက်ခါလာမယ်ဆိုပြီးနေ့ရွှေ့ညရွှေ့လုပ်ပါတယ်။
စကားမတည်၊အချိန်မတိကျတဲ့သူတို့ကိုစောင့်မနေနိုင်ဘဲဝယ်သူရှိလို့ရောင်းလိုက်
ပြီး၎၊၅၊၁၀ရက်နေမှဘယ်မှာလဲပစ္စည်းလုပ်ပါတယ်။
ရောင်းလိုက်ပြီဆိုရင်သူတို့ယူမယ်ဆိုပြီးပြောထားရဲ့နဲ့ရောင်းလိုက်ရမလားဆိုပြီး
စိတ်ဆိုးမာန်ဆိုးရန်တွေ့တာခံရပါတယ်။
အချိန်နဲ့အလုပ်လုပ်ရတာမို့စရံပေးမထားတဲ့ပစ္စည်းကိုယူမယ်မယူမယ်မသေချာ
ဘဲသူတို့ပိုက်ဆံရှိတဲ့အချိန်ထိစောင့်ဖို့မဖြစ်နိုင်ကြောင်းပြောလည်းနားမလည်ပါ။
အမည်းတွေဟာပစ္စည်းတခုကိုကြိုက်ရင်သိပ်စစ်စစ်ပေါက်ပေါက်ကြည့်တာမဟုတ်
ပါ။ကက်ဆက်ဝယ်တာတောင်ကောင်းမကောင်းဖွင့်မကြည့်ပါ။
သူတို့မှာပိုက်ဆံရှိရင်ဈေးမဆစ်ပဲတန်းဝယ်တတ်ကြပါတယ်။
ပိုက်ဆံမရှိရင်တော့အကြွေးရရင်ရ၊မရရင်ပါးစပ်နဲ့ဝယ်ပြီးတောပြောတောင်ပြော
ပြောတတ်ပါတယ်။သူတို့ကိုအကြွေးရောင်းလိုက်ရင်လည်းဘယ်တော့မှအကြွေး
ဆပ်လေ့မရှိပါ။
ဘာပဲပြောပြောလူအမျိုးမျိုးစိတ်အထွေထွေဈေးရောင်းရတဲ့အတွေ့အကြုံတော့ရလိုက်
ပါတယ်။
ဈေးရောင်းသူဟာမိတ္တဗလကောင်းပြီးပါးနပ်ရပါတယ်။လူကဲခတ်ကျွမ်းပြီးလည်လည်
ပတ်ပတ်ပြောဆိုတတ်ရပါတယ်။နှုတ်ချိုတဲ့အပြင်စိတ်ရှည်ဖို့လည်းလိုပါတယ်။
ဒီအရည်အချင်းတွေမပြည့်စုံတဲ့ကျွန်မဈေးရောင်းစားလို့မဖြစ်တာသေချာတာပေါ့ရှင်။













Sunday, December 4, 2011

ဘယ်သွားနေလဲမရွှေဖဲ

စိတ်၏ဖြေရာတို့ဘလော့လည်းမရေး၊g talkလည်းမတက်တာ၂လ
လောက်ရှိပြီမို့မိတ်ဆွေများကဘယ်ရောက်နေလည်းမေးကြပါတယ်။
ဘယ်မှမရောက်ပါ။အာဖရိကမှာဘဲရှိပါတယ်။
မပေါ်လာအတော်ကြာတဲ့အကြောင်းကတော့မြို့တော်နဲ့ကီလိုမီတာ၁၀၀လောက်
ဝေးတဲ့နယ်မြို့လေးကိုပြောင်းရလို့ပါ။
ကျွန်မတာဝန်ယူထားရတဲ့ဌာနတစ်ခုလုံးပြောင်းရမှာမို့အိမ်ပြောင်းဖို့သိမ်းရတာက
တမျိုး၊ဌာနပြောင်းဖို့စီစဉ်ရတာတမျိုးနဲ့အလုပ်တွေရှုပ်နေခဲ့ပါတယ်။
ဌာနမှာအနှစ်နှစ်အလလသိမ်းထားတဲ့ချောင်ကြိုချောင်ကြားကစာရွက်စာတန်း
တွေ၊ဖိုင်တွေဆွဲထုတ်၊မလိုတာတွေလွှတ်ပြစ်၊လိုတာတွေထုတ်ပိုးကတ်ပုံးတွေထဲထည့်
တနေ့တနေ့ဖုံတွေကြားထဲမှာနှာတွေချေ၊ချောင်းတွေဆိုးရင်တွေကြပ်နဲ့။
အောက်တိုဘာ၁ရက်နေ့ပြောင်းဖို့အမိန့်ထုတ်ထားတာပါ။
တကယ်တန်းကျတော့ပြောင်းရမဲ့မြို့မှာကျွန်မနေရမဲ့အိမ်ကအဆင်သင့်ဖြစ်ပေမဲ့
ဌာနကအဆင်သင့်မဖြစ်သေးပါဘူး။
သူတို့ရဲ့ဖြေးဖြေးပေါ့ထုံးစံအရအောက်တိုဘာ၂၈ရက်ကျမှပြောင်းရွှေ့ဖို့နယ်က
ကားလွှတ်ပေးပါတယ်။
အိမ်အသစ်ရောက်ပြန်တော့ရှင်းရလင်းရပစ္စည်းတွေနေရာချရနဲ့မနားရပါဘူး။
အားလုံးနေသားကျမှအင်တာနက်တပ်ဖို့လှုပ်ရှားရပါတယ်။
ဖုံးလိုင်းချိတ်ဖို့သူတို့မြို့ရဲ့ဖုံးဌာနကိုအကြိမ်ကြိမ်သွားရပါတယ်။အိမ်ဘေးဖုံးတိုင်ကနေလိုင်း
ချိတ်ပေးဖို့လိုင်းမင်း(သူတို့အခေါ်technician)ကိုတနေ့၂ခါလောက်ဖုံးဆက်ခေါ်ရပါတယ်။
ဒီနေ့လာမယ်နက်ဖန်လာမယ်နဲ့ကိုယ်တော်ချောကနက်ဖန်သို့မဟုတ်ဘယ်သောခါ
လုပ်နေတာ၁၀ရက်လောက်ကြာပါတယ်။ဖုံးတပ်ပြီးပြန်တော့modemကိုမြို့တော်က
မှာရတာမို့၂ရက်လောက်ထပ်စောင့်ရပါတယ်။
အခုတော့အင်တာနက်လည်းရပါပြီ။နေရာအသစ်မှာလည်းနေသားတကျဖြစ်ပါပြီ။
နယ်ရဲ့အတွေ့အကြုံ၊နယ်ဓလေ့တွေအကြောင်းအလျင်းသင့်ရင်တင်ပြပါအုန်းမယ်။