ဒီနိုင်ငံမှာဆိုင်းပုတ်ကြီးတွေနဲ့ဘာriver၊ညာriverရေးထားပြီး။ကြည့်လိုက်ရင်သူတို့
riverဆိုတာတွေဟာရေစီးကြောင်းလေးတွေဘဲတွေ့ရတာပါ။တချို့riverဆိုတာတွေ
ကတော့ရေမရှိဘဲမြောင်းလေးတွေဘဲတွေ့ရတော့ဘယ်လိုကြီးပါလိမ့်။
သူတို့နိုင်ငံဟာမြစ်ချောင်းအင်းအိုင်တွေနည်းပါးလို့ရေစီးကြောင်းလေးကိုတောင်river
ခေါ်တယ်ထင်ခဲ့မိပါတယ်။ကိုယ့်နိုင်ငံကဧရာဝတီမြစ်တို့ချင်းတွင်းမြစ်တို့ပြပြီးဒါမှမြစ်လို့
ခေါ်တယ်ဆိုပြီးပြချင်စိတ်ဖြစ်မိပါတယ်။
နောက်မှဒေသခံတွေမေးတော့မှဒီရေစီးကြောင်းလေးတွေ၊ရေမရှိတဲ့မြောင်းတွေဟာ
လွန်ခဲ့တဲ့၎၊၅၊၁၀နှစ်ကရေတွေအများကြီးနဲ့မြစ်ကြီးတွေဖြစ်ခဲ့ဖူးပါတယ်တဲ့၊
တောင်ပေါ်မှာပိတ်ပြီးဆည်တွေဆောက်ပြီးနောက်ပိုင်းရေတွေတဖြည်းဖြည်းနည်းလာပြီးတချို့ကတော့လုံးဝရေမရှိတော့ဘဲကောသွားတယ်ပြောပါတယ်။
သူတို့နိုင်ငံကလည်းတောင်ပေါ်မှာဆည်တွေတော်တော်ဆောက်တဲ့နိုင်ငံလေ။
ကျွန်မတို့ဧရာဝတီမြစ်ကြီးကိုလည်းမြစ်ဆုံရေကာတာတည်ဆောက်လိုက်ရင်ဒီလိုဘဲ
ရေတွေတဖြည်းဖြည်းနည်းလာပြီးတိမ်ကောပျောက်ကွယ်မှာစိုးရိမ်မိပါတယ်။
ကျွန်မတို့ရဲ့နောက်မျိုးဆက်သစ်တွေကိုမြန်မာနိုင်ငံမြောက်ဖက်စွန်းကတောင်ဖက်စွန်းကိုစီးဆင်းတဲ့ပြည်သူတွေအသက်သွေးကြောဧရာဝတီမြစ်ကြီးအကြောင်းကို
ပုံပြင်ပြောသလိုပြန်ပြောပြကြရတော့မှာလား၊
ဧရာဝတီမြစ်ကြီးပျောက်ကွယ်သွားခဲ့ရင်ဒီမြစ်ကြီးကိုမှီတင်းနေထိုင်ကြတဲ့ပြည်သူတွေရဲ့
စိုက်ပျိုးရေး၊ကူးသန်းရောင်းဝယ်သွားလာရေး၊စီးပွားရေးအစစပျက်စီးဆုံးရှုံးရုံမက
သဘာဝအရင်းအမြစ်တွေ၊မျိုးကွဲဗီဇသတ္တ၀ါတွေပါပျောက်ကွယ်ရမဲ့အခြေအနေပါ။
ဧရာဝတီကိုဘယ်လိုအကျိုးအမြတ်နဲ့မှမလဲသင့်ပါဘူး။
ဒီဆည်ကြီးဆောက်လိုက်လို့ပြည်သူလူထုမှာဘာအကျိုးစီးပွားမှမဖြစ်ထွန်းဘဲအစစ
ဆုတ်ယုတ်ပျက်စီးမှုတွေဘဲကြုံတွေ့ကြရမှာမို့ပြည်ချစ်မြန်မာများအားလုံး
မြစ်ဆုံရေကာတာတည်ဆောက်တာကိုကန့်ကွက်ပြီးဧရာဝတီကိုကယ်တင်ကြပါစို့။
ဧရာဝတီင်္ကိုဘယ်သူကမှချောင်းလေးမြောင်းလေး
ReplyDeleteမဖြစ်စေချင်ကြဘူး..အမရယ်..
တချိန်ကခမ်းနားခဲ့တဲ့ မြစ်ကြီး
ဆက်လက်တည်တံနေပါစေလို့ဘဲ
ဆုတောင်းနေရတယ်
ဧရာဝတီ သည် မြန်မာပြည်သား အားလုံးနဲ့ဆိုင်သည့်အတွက် ၊
ReplyDeleteဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ခွင့်လည်း မြန်မာပြည်သားအားလုံးတွင်ရှိပါသည် ။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။
ခင်မင်စွာ
မကိ
မြန်မာပြည်သား အားလုံးရဲ့ ဧရာဝတီ
ReplyDeleteမြန်ပြည်သားအားလုံးရဲ့ ဧရာဝတီ
မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ပါသည်....
မြစ်ဆုံဆည် စီမံကိန်းကို အပြင်းအထန်းကန့်ကွက်ပါသည်...
ရေးပေးတာ ကျေးဇူးပါ...
ခင်မင်စွာဖြင့်
seesein
ဧရာဝတီနဲ့ မြန်မာပြည်
ReplyDeleteဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည်။
အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပျောက်
ReplyDeleteပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး သူတို့ဦးတည်ချက်အတိုင်း
ဧရာဝတီအတွက်ကန့်ကွက်ကြပါစို့
ညီမ ရေ
ReplyDeleteဧရာဝတီ အတွက် ပိုစ့်လေး ရေးပေးတာ ကျေးဇူး အများကြီး တင်ပါတယ်
ဧရာဝတီ ကိုအားလုံး ဝိုင်းဝန်း ကာကွယ်ကြမယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီး ဆင်းနိုင်ပါစေ။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
ဟုတ်ပါ့ မမရေ..မြောင်းကနေ ကုန်မြေ ဖြစ်သွားမှာကိုတော့ တွေးတောင်မတွေးရဲတော့ပါဘူး။
ReplyDelete