Friday, October 30, 2009

အွန်လိုင်းစာပေလောက

အွန်လိုင်းစာပေလောကဆိုတာကိုယ့်စာကိုယ်တည်းဖြတ်၊ကိုယ်ရေးတဲ့စာ
ကိုယ်တာဝန်ယူပြီးရေးးသားနေကြတဲ့စာပေ၀ါသနာရှင်များရဲ့ရင်ဖွင့်ရာ
နေရာလေးလို့ကျွန်မမြင်ပါတယ်။
စာရေးသူအများစုဟာရေခြားမြေခြားမှာမိဝေးဖဝေးမိသားစုဝေးနဲ့
ပညာသင်ဖို့၊၀မ်းရေးတွက်အလုပ်လုပ်ဖို့စတဲ့အကြောင်းအမျိုးမျိုးကြောင့်
နေနေကြရသူတွေဖြစ်ပါတယ်။သူများနိုင်ငံဘယ်လောက်တိုးတက်ပြီး
ဘယ်လောက်ကောင်းတယ်ဆိုဆိုကိုယ်နေထိုင်ကြီးပြင်းအရွယ်ရောက်ခဲ့
တဲ့ဇာတိမြေကိုတော့ဘယ်သူမှမေ့နိုင်ကြမယ်မထင်ပါဘူး။အမိမြေမှာ
ကျန်ခဲ့တဲ့ချစ်သူ၊မိဘဆွေမျိုး၊မိတ်ဆွေငယ်သူငယ်ချင်းတွေကိုလဲအမြဲ
တမ်းတလွမ်းဆွတ်နေကြမှာပါ။ဒီကြားထဲယဉ်ကျေးမှုဓလေ့စရိုက်မတူ
တဲ့လူမျိုးခြားတွေနဲ့အလုပ်လုပ်ရလို့အဆင်မပြေမှုတွေ၊အခက်အခဲတွေ
ကလဲအများကြီးပါ။
အိမ်အလွမ်းနဲ့စိတ်ဖိစီးမှုတွေကိုဖြေဖြောက်နိုင်တဲ့နေရာကတော့အွန်လိုင်း
စာပေလောကလေးပါဘဲ။
စာရေးသူဟာအလွမ်းအဆွေး၊ပျော်စရာ၊ဒေါသဖြစ်စရာ၊
ဝမ်းနည်းစရာ၊မခံချင်တာစတဲ့သူ့ ခံစားမှုတွေကိုဆင်ဆာမရှိ၊တည်းဖြတ်သူ
မရှိလွတ်လပ်စွာရင်ဖွင့်နိုင်တာအွန်လိုင်းဘလော့မှာပါ။
မမြင်ဘူးကြပေမဲ့ဘလော့မောင်နှမတွေအချင်းချင်းရိုင်းပင်းကူညီအားပေး
မှုတွေကလဲလျော့ပါးကျဆင်းနေတဲ့စိတ်ဓာတ်တွေအတွက်အင်အားတခုပါပဲ။
ဒီလောကထဲရောက်လာလို့အားပေးခင်မင်တတ်တဲ့မိတ်ဆွေတွေတိုးလာသလို
ကိုယ်မသိနားမလည်တဲ့အကြောင်းအရာတွေလည်းမိတ်ဆွေများရဲ့ဘလော့တွေ
ကလေ့လာသိရှိနိုင်တာမို့်အွန်လိုင်းစာပေလောကလေးဟာကျွန်မအတွက်တော့
စိတ်၏ဖြေရာအားဆေးလေးတစ်ခွက်ပါပဲရှင်။
မိတ်ဆွေကြီးကိုဘကြိုင်ရေ..တဂ်ထားတာလေးတတ်သလောက်မှတ်သလောက်
ရေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေနော်။

5 comments:

  1. မမရေ တဂ်ပို့စ်လေး လာဖတ်ပါတယ်
    ဟုတ်တယ် မမရေ ရေခြားမြေခြားမှာ ကိုယ်ရင်ဖွင့်စရာဆိုလို့ ဘေးမှာ ဘယ်သူမှ မရှိတဲ့အချိန်မှာ ခံစားရသမျှလေးတွေကို ဘလော့ပေါ်မှာ သွန်ချနိုင်တယ်.. ဘလော့ပေါ်ကနေ ခင်တဲ့ သူငယ်ချင်းတွေဆီကနေ အားပေးတဲ့စကား ထောက်ခံတဲ့ စကားလေးတွေ ကြားနေနိုင်မယ်
    ဒီလိုအားတွေနဲ့ ပို့စ်တွေ တစ်ခုပီး တစ်ခု တင်ဖို့ အားအင်တွေရှိလာခဲ့တယ်
    ဒီလိုပဲ ကိုယ်တင်တဲ့ စာတွေကို ကိုယ့်ဘာသာကိုယ် တည်းဖြတ် ကိုယ့်ဘာသာကိုယ် တာဝန်ယူရဲတဲ့ စိတ်တွေ တိုးပွားလာတယ်
    ဘလော့လေးက ကိုယ့်ရဲ့ နောက်ဘဝတစ်ခု ဖြစ်လာတာပါပဲ

    ReplyDelete
  2. ကျေးဇူးအများကြီးတင်တယ်ဗျာ ဒီခေါင်းစဉ်လေးနဲ့ဝိုင်းဝန်းဆွေးနွေးပေး
    ကြတာကျေးဇူးဗျာ
    အွန်လိုင်းစာပေလောကဟူသည်ကားမည်သူသည်မူပိုင်ရှင်အစစ်ဖြစ်သည်ကို ဝေခွဲရခက်သည်။ ကျော်စောနေသော bloggerတစ်ယောက်
    အဖို့ကား မိမိစာများသည် မိမိရေးသားကြောင်းမပြောလည်း အများက သိပြီးဖြစ်မည်။ အရေးအသားကောင်းပြီး လူသိနည်းသော အွန်လိုင်းစာပေသမားတစ်ယောက်၏စာကို ယူသုံးထားလိုက်လျှင်မူ တော်တော်ဂွကျသည့်အရာဖြစ်သည်။

    ပြောမည်ဆိုလျှင် ပြောမကုန်ဖြစ်မည်။ အွန်လိုင်းစာပေလောက တိုးတက်ဖို့ရာကျွန်တော်တို့ လက်ထဲမှာသာရှိသည်။ ကျွန်တော်တို့ နေစဉ်နှင့်အမျှ အွန်လိုင်းတက်နေကြသည်။ ကျွန်တော်တို့သည် စကားပြောဖို့ရာ ရောက်လာကြသည်မဟုတ်။ ကျွန်တော်တို့၏ ၀ါသနာအတွက်နှင့် စိတ်အာဟာရအတွက်သာ အွန်လိုင်းလာကြခြင်းဖြစ်သည်။ တစ်ချို့များလည်း အလုပ်အတွက် အွန်လိုင်းလာကြသည်။ ထိုအခါ ပြင်ပတွင် ဆက်ဆံရသော လူဦးရေထက် အွန်လိုင်းပေါ်ဆက်ဆံရသော လူဦးရေကလည်း များလာသည်။ အွန်လိုင်းပေါ်တွင် အများဆုံးတွေ့ရမှာကား စာရူးပေရူးများဖြစ်လိမ့်မည်။
    မြန်မာဖရင်းဒေးဆိုက်မှာ မောင်နီကိုဆွေးနွေးပြသွားတာလေးပါ
    သူပြောသလိုပဲဗျာ အွန်လိုင်းစာပေလောကကိုဝိုင်းဝန်းထိန်းသိမ်းကြ တာပေါ့
း)

    ReplyDelete
  3. ဟုတ်ပါတယ်...။ ကျွန်တော်ဆို ကွန်ပျူတာနဲ့ပတ်သတ်တာတွေကို အွန်လိုင်းစာပေလောက...ဆိုတဲ့နေရာလေးကနေပြီး လေ့လာခဲ့ရတာပါ...။
    အကျိုးကျေးဇူးရှိပါတယ်....။
    (သုံးတတ်ရင်ပေါ့နော်..ဗျ...)

    ReplyDelete
  4. ဟုတ်တယ်အစ်မ ...ခရမ်းလည်း စိတ်ထဲမြိုသိပ်ရတာတွေကို ချချရေးလိုက်မှ ...အစ်မက်ုလည်း မမြင်ဖူးပေမယ့် ခင်တယ်အစ်မရေ..။
    အစ်မ စာတွေများများရေးနိုင်ပါစေ..။

    ReplyDelete
  5. မ့ရေ..သိပ်မှန်တာပေါ့။ ရေခြားမြေခြားရောက်နေတော့ ကိုယ့်ရဲ့ ခံစားချက်တွေအားလုံးကို စာရွက်ပေါ်ချရေးရာကနေ မျှဝေချင်လာတယ်။ တတ်သလောက်လေးနဲ့ ဝေမျှပေးတာကို လာေ၇ာက်ခံစားသူတိုင်းကို ကျေးဇူးတင်တယ် သိလား

    ReplyDelete