Friday, October 23, 2009

ပစ်တိုင်းထောင်ရုပ်ကြိုးတွေရှုပ်

ဒီနိုင်ငံမှာခွေးတွေကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးကြပေမဲ့ကြောင်ကလေး
တွေကိုတော့မွေးလေ့မရှိပါဘူး။လူမဲတော်တော်များများကလဲတိရိစ္ဆာန်
မချစ်တတ်ပါ။လူဖြူအာဖရိကန်တွေကသာခွေးတွေ၊ကြောင်တွေတယုတယ
မွေးကြပါတယ်။အမဲတွေခွေးမွေးတယ်ဆိုတာကလဲတောမှာသိုးတွေ၊
ဆိတ်တွေ၊နွားတွေကျောင်းဖို့၊မြို့မှာသူခိုးရန်ကာကွယ်ဖို့ပါ။ချစ်လို့မွေးကြတာ
ရှားပါတယ်။
ဒီကကြောင်တွေဟာတောထဲမှာ၊ကျင်းတွေဂလိုင်တွေထဲမှာနေပြီးနီးစပ်ရာ
မှာရှာစားရတဲ့ကြောင်ရိုင်းလေးတွေပါ။ကြောင်ရိုင်းဆိုပေမဲ့အေးတဲ့ဒေသမို့
အမွှေးထူပြီးမျက်နှာပေါက်ကလေးတွေကလှပါတယ်။
ကျွန်မတို့တိုက်ရဲ့အောက်ဘက်အမှိုက်ခန်းနားမှာဂလိုင်ကြီးတစ်ခုရှိပါတယ်။
အဲဒီထဲမှာကြောင်ရိုင်းလေးတွေနေပါတယ်။သူတို့ဟာဂလိုင်ထဲမှာနေ၊အမှိုက်
ခန်းကစားကြွင်းစားကျန်တွေစား၊အဲဒီမှာသားပေါက်နဲ့ကြောင်ဦးရေ
တိုးပွားလာပါတယ်။ဒါပေမဲ့တစ်ချို့လုံခြုံရေးအမဲတွေကအလစ်ဖမ်းပြီးစားလို့
ကြောင်ဦးရေကတိုးလိုက်လျော့လိုက်ပါ။
ကျွန်မတို့တိုက်မှာနေတဲ့မြန်မာအမျိုးသမီးတွေအားလုံးတိရိစ္ဆန်ချစ်တတ်ပြီး
ခွေးတွေကြောင်တွေ မွေးချင်ပေမဲ့တိုက်ခန်းစည်းကမ်းအရမွေးခွင့်မရှိပါဘူး။
ကျွန်မကတော့သူတို့လေးတွေနေမကောင်းရင်၊သေသွားရင်
ခံစားရလွန်းလို့ဘာတိရိစ္ဆာန်မှမမွေးဘဲသံယောဇဉ်ဖြတ်ထားတာကြာပါပြီ။
ကြောင်ဇာတ်လမ်းကိုစသူကတော့မသီတာဖြစ်ပါတယ်။
မသီတာဟာသူနဲ့၆နှစ်လောက်နေခဲ့တဲ့ကြောင်ကြီးကိုသူများပေးပြီးသူ့ 
ခင်ပွန်းရှိတဲ့ဒီကိုလိုက်လာသူဖြစ်ပါတယ်။သားသမီးမရှိသူမို့သူ့ကြောင်ကို
အလွန်ချစ်ပြီးသားသမီးလိုမွေးခဲ့တာကြောင့်ကြောင်ကိုသတိရတိုင်းယောင်္ကျား
ကိုဂျီကျတတ်သူလဲဖြစ်ပါတယ်။
သူကအိမ်ရှင်မသက်သက်မို့ချက်ပြုတ်ပြီးရင်ပြင်းပြင်းနဲ့ပြတင်းပေါက်မှာငေးရင်း
ကြောင်တွေကိုစိတ်ဝင်စားလာပါတယ်။ထမင်းဟင်းကျန်တွေနယ်ဖတ်ဖေါ့ဗန်း
လေးနဲ့ထည့်ပြီးဂလိုင်ပေါက်မှာသွားချထားပါတယ်။အရင်ကအမှုမဲ့အမှတ်မဲ့နေ
နေရာကကျွန်မတို့တတွေလည်းကြောင်လေးတွေကိုရှိတဲ့အရိုးအရင်းလေးတွေ
နဲ့အစာသွားကျွေးကြပါတယ်။
သူတို့တတွေဟာအနားသိပ်မကပ်ရဲကြပေမဲ့အစာကျွေးပါများတော့ကျွန်မတို့ကို
တဖြေးဖြေးမှတ်မိလာပါတယ်။အစာကျွေးဖို့သွားရင်ထွက်မပြေးပဲလူနဲ့အတော်
နီးနီးထိလာစားပါတယ်။ပြတင်းပေါက်မှာတွေ့ရင်လဲမော့ကြည့်ပြီးတညောင်ညောင်
အော်ရင်းအစာတောင်းတတ်ပါတယ်။တိရိစ္ဆာန်ပေမဲ့သဘာဝအသိစိတ်အရ
သူတို့ကိုအန္တရာယ်ပြုမဲ့သူဟုတ်မဟုတ်ခွဲခြားတတ်ပါတယ်။လုံခြုံရေးနဲ့ကုလား
ကလေးတွေမြင်ရင်အနားကပ်မခံပဲဂလိုင်ထဲဝင်ပြေးကြပါတယ်။
သူတို့ကကျွန်မတို့ကိုမှတ်မိလာသလိုကျွန်မတို့ကလဲကြည့်ရင်းသူတို့ကိုတစ်ကောင်
ချင်းသိလာပါတယ်။
ကျွန်မတို့နဲ့မျက်မှန်းတမ်းမိဆုံးကတော့ကုလားလေးတွေဂဲနဲ့ပေါက်လိုက်လို့ခြေထောက်လေး
တစ်ဘက်ခွင်နေတဲ့ခွင်ခွင်လေးပါ။ကိုင်လို့မရပေမဲ့တော်တော်လေးယဉ်ပြီးကျွန်မတို့နဲ့
နီးနီးမှာနေတတ်ပါတယ်။
တကိုယ်လုံးနက်တဲ့နက်နက်၊မျက်နှာချွန်ချွန်နဲ့ကောင်ကိုစုတ်ချွန်း၊မျက်နှာပေါက်လ
တဲ့ကြောင်မလေးကိုချောစု၊တခြားကြောင်တွေတွေကိုအနိုင်ကျင့်တဲ့ကောင်ကို
စွမ်းအားရှင်စသဖြင့်ပေါက်ကရနာမည်တွေလည်းပေးထားပါသေးတယ်။
ညနေဖက်တွေ့ကြရင်နက်နက်ကိုတခြားတိုက်ကကြောင်ထီးကြီးလာရစ်တာ၊
ပြောက်ကျားမလေးဇီးရှိနေတာ၊ချောစုလေးအစာကိုစွမ်းအားရှင်ကလုစားလို့
မောင်းထုတ်ရတာစသဖြင့်စက်ရပ်သတင်းတွေဖလှယ်ကြပါတယ်။
ကြောင်များရဲ့မိခင်ကြီးမသီတာကတော့အားလုံးထဲမှာအလုပ်အရှုပ်ဆုံးပါ။
အစာမှန်မှန်ကျွေးတဲ့အလုပ်အပြင်အမဲလုံခြုံရေးတွေဂလိုင်နားလာချောင်းရင်
ဖမ်းမှာစိုးလို့အသံပြုရတာနဲ့၊ကုလားလေးတွေဂဲနဲ့လာပေါက်ရင်ထွက်အော်ရတာ
နဲ့၊ကျွေးထားတဲ့အစာကိုတခြားတိုက်ကကြောင်တွေလာစားရင်ခြောက်ရတာနဲ့
ပြင်းတယ်လို့တောင်မငြီးနိုင်တော့ပါဘူး။
တနေ့တော့ခွင်ခွင်လေးပျောက်သွားပါတယ်။ကျွန်မတို့တွေဂလိုင်နားခဏခဏ
သွားချောင်းသူကချောင်း၊လက်နှိပ်ဓာတ်မီးနဲ့အပေါက်ထဲထိုးကြည့်သူကကြည့်၊
တခြားတိုက်ကအမှိုက်ခန်းတွေထဲနံနံစော်စော်သွားရှာသူကရှာ၊လုံခြုံရေး
တွေဖမ်းတာနေမှာဘဲဆိုပြီးကျိန်ဆဲသူကကျိန်ဆဲနဲ့အလုပ်တွေရှုပ်ကြပါတယ်။
၃ရက်လောက်ကြာမှကိုယ်တော်ချောကပြန်ရောက်လာပါတယ်။
သူတို့ရာသီမှာတခြားတိုက်ကကြောင်မတွေသွားပိုးပြီးအလည်လွန်နေတာဖြစ်မှာပါ။
အားလုံးပျောက်နေတဲ့ပစ္စည်းပြန်ရသလိုပျော်သွားကြပါတယ်။
အော်..သံယောဇဉ်များနော်..ကိုယ့်အိမ်မှာတယုတယမွေးထားတာမဟုတ်ပဲ
အဝေးကအစာလေးကြွေးရုံနဲ့တောင်တွယ်ငြိတတ်ပါတယ်။
တခါတရံအမှတ်မထင်တွယ်တဲ့သံယောဇဉ်တွေကဖြတ်ရခက်တတ်ပါတယ်လေ။

5 comments:

  1. အမရေ
    သံယောဇဉ်ဆိုတဲ့ ကြိုးက ဖြတ်ရခက်တဲ့အမျိုးထဲ ပါတယ်
    နာမည်ပြောင်လေးတွေ ဖတ်ပီး ရယ်သွားပါတယ် ဟိဟိ စွမ်းအားရှင်တဲ့ :)

    ReplyDelete
  2. တိပါဝူး...ခွင်ခွင်လေးကို အမ,လေးမှတ်နေတာ...ဒင်းကလေးကလည်းကဲပါ့...။
    စွမ်းအားရှင်ဆိုတဲ့ကောင်ကိုတော့ ဆောင့်ဆောင့်ပြီးသာ ကန်ပစ်ချင်တာပဲ...နာမည်ကိုပြောတာနော်အစ်မ ....ကြောင်ကိုပြောတာမဟုတ်ဘူး...:)

    ReplyDelete
  3.ူး) ရယ်ပြုံးမိတယ်ဗျာ
း) စွမ်းအားရှင်တဲ့
    ဟားဟား

    ReplyDelete
  4. ကိုလေးဖြူကြီးသီချင်းလိုပေါ့ သံယောဇဉ် သံယောဇဉ်... ခက်ပုံနော်..

    ReplyDelete
  5. ကျွန်တော်တို့စက်ရုံမှာလည်း...ကြောင်ကလေးတွေရှိတယ်ခင်ဗျ...။ ကျွန်တော်တို့လည်း အဲ့သလိုနာမည်ပေးတာပဲ..။
    အမည်းရောင်နဲ့ဆို...ကပ္ပလီလို့တောင် ကျွန်တော်က ပေးပစ်တာ...။
    စာရေးကောင်းတယ်ခင်ဗျ...။

    ReplyDelete