Saturday, October 10, 2009

အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

ကျွန်မနေတဲ့အခန်းရဲ့အပေါ်ထပ်မှာငပွကြီးကုလားမိသားစုရှိပါတယ်။
အသက်၃၀ကျော်လောက်ရှိတဲ့အဖေနဲ့ အမေ၊သူတို့ ကလေးဘုစုခရု၎ယောက်ပါ။
သူတို့ ပြောင်းလာတာ၁နှစ်လောက်ရှိပါပြီ။ကျွန်မရဲ့ငြိမ်သက်အေးချမ်းမှုတွေလည်း
ပျောက်ဆုံးခဲ့တာ၁နှစ်ရှိပြီပေါ့။
အဖေလုပ်သူကအပြင်သွားမယ်ဆိုရင်အောက်ထပ်ကားပါကင်ကနေသူ့မိန်းမနဲ့ကလေးတွေ အောက်ဆင်းမလာမချင်းဟွန်းတတီတီတီးပါတယ်။ကားဟွန်းသံကြောင့်အိမ်နီးချင်းတွေ
စိတ်အနှောက်အရှက်ဖြစ်ရပါတယ်။
အမေလုပ်သူကတော့အောက်ထပ်ကကုလားမတွေနဲ့မကြာခဏအော်ကြီးဟစ်ကျယ်ရန်ဖြစ်
တတ်ပါတယ်။ဝရံတာကနေအပေါ်နဲ့အောက်လှမ်းအော်ရန်ဖြစ်ကြတာမို့ပတ်ဝန်းကျင်အိမ်
တွေတော်တော်နားငြီးရပါတယ်။
မိဘတွေလူမှုရေးနားမလည်သလိုကလေးတွေကလည်းတက်ညီလက်ညီသောင်းကြမ်း
ကြပါတယ်။
တခြားအိမ်ကကုလားကလေးတွေနဲ့ပေါင်းပြီးဝရံတာမှာတစ်နေကုန်နေ၀င်မိုးချုပ်ထိ
စက်ဘီးစီးကြပြေးလွှားကစားကြပါတယ်။ရန်ဖြစ်ကြ၊ငိုကြအော်ကြနဲ့ဝရံတာတလျှောက်
ဆူညံပွက်လောရိုက်နေတာပါဘဲ။
မိဘတွေကတော့ဘယ်လောက်ဆူညံညံတစ်ချက်လေးမှထွက်မဟန့် ပါ။
ကျွန်မစိုက်ထားတဲ့ဝရံတာကချဉ်ပေါင်ပင်တွေလည်းသူတို့နှိပ်စက်လို့ဘာပင်မှ
မစိုက်တာကြာပါပြီ။
သူတို့ ဘေး၂ခန်းကျော်ကတရုတ်မအလုပ်မသွားခင်မနက်စောစောလျှော်ဖွတ်ပြီး အခန်းရှေ့ဝရံတာမှာချိတ်နဲ့လှမ်းခဲ့တဲ့အ၀တ်တွေလည်းယူဆော့ဖုန်တွေနဲ့လူး၊ချိတ်တွေ
ဝရံတာမှာလွှတ်ပြစ်တာမို့တရုတ်မခင်မျာအ၀တ်တွေအပြင်မှာမလှမ်းခဲ့ရဲတော့ပါ။
သူတို့ကလေးတွေသောင်းကြမ်းလွန်းလို့သွားပြောရင်လည်းအမေကုလားမကကက်ကက်
လန်အောင်အော်ကြီးဟစ်ကျယ်ရန်တွေ့တတ်တာကြောင့်အိမ်နီးချင်းအားလုံးကသူတို့နဲ့
မပြောချင်မဆိုချင်မပတ်သက်ချင်ကြပါ။
လှေခါးအတက်အဆင်းမှာစက္ကူစုတ်တွေ၊ချောကလက်ခွံတွေ၊သဲတွေနဲ့ပွစိတက်အောင်
ဆော့ထားကြတာလည်းသူတို့ ပါဘဲ။အဲဒီအပြင်ခြံဝင်းထဲကသူတို့ အရပ်နဲ့မှီတဲ့အပင်
မှန်သမျှပန်းပွင့်တွေခူးတစစီချွေ၊သစ်ကိုင်းတွေချိုး၊သစ်ရွက်တွေခူးလွှတ်ပြစ်ပြီးအမှိုက်တွေ
ဖွကြတာလဲသူတို့လက်ချက်ပါဘဲ။
ကျွန်မအခန်းကသူတို့အောက်တည့်တည့်မှာမို့တခြားအိမ်နီးချင်းတွေထက်ပိုခံစားရပါတယ်။
နေ့လည်ထမင်းစားပြီးထမင်းလုံးစီမလို့ငိုက်လာရုံရှိသေးအပေါ်ထပ်ကတဒုန်းဒုန်းတဒိုင်းဒိုင်း
သံတွေကြောင့်လန့်ဖြန့်နိုးပြီးရင်တုန်ရတာအခါခါပါ။
ည၁၁နာရီလောက်တဒုန်းဒုန်းထုတာကတမျိုး၊ညသန်းခေါင်အချိန်ကကျမှပစ္စည်းတွေရွှေ့လို့ ဆူညံသံကတမျိုး၊ဒေါက်ဖိနပ်စီးပြီးတအိမ်လုံးလျှောက်သွားနေတယ်ထင်ရတဲ့ဒေါက်ဖိနပ်သံ
တဂွပ်ဂွပ်ကတမျိုး၊တစ်နေ့ တမျိုးမရိုးရအောင်နှိပ်စက်ပါတယ်။
ဒါ့အပြင်ဂက်စ်အိုးတွန်းသံရွှေ့ သံကလဲနေ့ တိုင်းလောက်ကြားရပါတယ်။
ဂက်စ်အိုးဆိုတာမျိုးဟာတခါနေရာချပြီးရင်ခဏခဏရွှေ့စရာမလိုတာမို့သူတို့ဘာလို့နေ့တိုင်း
ရွှေ့ နေတာလဲစဉ်းစားလို့ မရပါ။
ဂက်စ်အိုးကုန်ပြီဆိုရငိတော့အဲဒီအိုးကိုမမချဘဲဝရံတာတလျှောက်လှိမ့်ပြီး၃ထပ်လှေခါး
ပေါ်ကတွန်းချလိုက်ပါတယ်။အိုးလိမ့်ဆင်းသွားသံတဂွမ်ဂွမ်ဆူညံနေတဲ့အပြင်လှေခါးက
ကွန်ကရစ်တွေလဲပဲ့လို့ ရွဲ့ လို့ ။
ဝရံတာကဆူညံသံတွေကိုတံခါးပိတ်ပြီးလစ်လျုရှုထားနိုင်ပေမဲ့အပေါ်တည့်တည့်က
အသံတွေကတော့နေ့စဉ်နဲ့ အမျှဒုက္ခပေးပါတယ်။
အများနဲ့နေရတဲ့တိုက်ခန်းတွေမှာနေမယ်ဆိုရင်ကိုယ့်ကြောင့်သူတပါးမှာအနှောက်အယှက်
မဖြစ်အောင်နေတတ်ဖို့ ၊ကိုယ့်ကြောင့်ပတ်ဝန်းကျင်ကိုမညစ်နွမ်းစေဖို့ လိုပါတယ်။
ကလေးသဘာဝဆော့တတ်တာမှန်ပေမဲ့ကိုယ့်ကလေးကြောင့်သူများမှာကသိကအောင့်
မဖြစ်ရလေအောင်ဆုံးမပဲ့ပြင်ရပါမယ်။
ဒီလိုအသိတရားမရှိတဲ့လူတွေနဲ့ဘယ်အချိန်ထိအောင်အပေါ်ထပ်နဲ့အောက်ထပ်ဆက်
နေရအုံးမလဲမသိပါတော့ပါ။

6 comments:

  1. ပတ်ဝန်းကျင်မကောင်းရင်တော်တော်စိတ်ညစ်ရတယ်ဗျ
    ကိုယ်ချင်းစာတယ်
း)

    ReplyDelete
  2. အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း
    ငပွကြီး ကြမ်းတတ်ပလေစမ်း
    အောက်ထပ်အတွက်တော့ ငရဲခန်း
    ခံတွေ့ရင် ဘုကျ ပွဲကြမ်း
    အမြန် ရောက်စမ်းဟေ့
    ကုလားပွကြီးးးးးး ဇာတ်သိမ်းခန်း

    ReplyDelete
  3. ဆိုးပါ့ဗျ.. ဒီမှာလည်း တူတူပဲ သိလား.. အိမ်နားမှာက Play Ground ရှိတော့ ညနေ၆ နာရီလောက်ကနေ ၁၁ လောက်ထိ ကလေးတွေက လာဆော့ပြီး ဆူညံနေတာပဲ။ ကျန်တဲ့ အချိန်ဆိုတော်သေးတယ် ခေါင်းတွေဘာတွေမူးနေရင် ဒေါသဖြစ်ရတယ်.. ကလေးတွေပြီးလို့ ဟုတ်ပြီလားဆိုတော့ လူကြီး မလေးကောင်တွေက ဘီယာတွေ လာသောက်ပြီး စကားပြောကြရော.. ပြီးရင် အော်ကြီးဟစ်ကျယ်တွေ ရယ်လိုရယ်နဲ့ အိပ်လို့ကို မရ.. သုံးထပ်မှာနေတာဆိုတော့ ပိုဆိုးတာပေါ့... တော်သေးတယ် လကုန်ရင် အိမ်ပြောင်းတော့မှာမို့... ကိုယ်ချင်းစာပါတယ် အစ်မရေ...

    ReplyDelete
  4. စိတ်ညစ်စရာပါပဲလား ကိုယ်ချင်းစာပါတယ် အဲ့ဒီလိုမျိုးဆို မနေနိုင်တာ အမှန်ပဲ အင်း..အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း တွေ့မှတွေ့တတ်ပလေစမ်းပဲနော်...

    ReplyDelete
  5. လူတွေမှာကိုယ်ချင်းစာစိတ်လေး နည်းနည်းလေးရှိရင်တောင် လောကကြီး အတော်ကို သာယာနေမှာ...ခုတော့....

    ReplyDelete
  6. ဒီမှာလဲ ဒီလိုပဲ.. အပေါ်ထပ်မှာ ကုလားတွေပဲ.. ည၁နာရီ,၂နာရီလောက် တူတွေထု၊ ပစ္စည်းတွေရွှေ့၊ နောက်တခါ Police ခေါ်မယ်သွားပြောထားတယ်၊

    ReplyDelete