Friday, September 4, 2009

အကြိုက်ချင်းရယ်ဖြင့်မတူုပါလေ

သူတို့အမြဲစားတဲ့အစာဟာပါပါးလို့ခေါ်တဲ့ပြောင်းဖူးမှုန့်နဲ့မရောဟော်ခေါ်တဲ့မုန်ညင်းကြော်ပါ။
ပြောင်းဖူးမှုန့်ကိုရေနဲ့ဆားနည်းနည်းနဲ့ချက်လိုက်ရင်မုန့်ပေါင်းလိုရပါတယ်။
ပူနေတုန်းစားရင်မဆိုးပေမဲ့အေးရင်တော့မာပါတယ်။ပါပါးစားလို့လားမသိသူတို့ကလေးလေး
တွေရဲ့အသားတွေဟာမာပြီးကျစ်ပါတယ်။ဆန်ကိုကြိုက်ပေမဲ့ဈေးကြီးလို့အမြဲမစား
နိုင်ကြပါဘူး။
သူတို့စားတဲ့ဆန်တွေဟာboiledriceခေါ်ပြုတ်ဆန်တွေမို့ရေဘယ်လောက်ထည့်ထည့်
ပျော့ပျော့ပျောင်းပျောင်းမရှိပါဘူး။ကျွန်မတို့အာရှကလူတွေကတော့တရုတ်ဆိုင်က
ထိုင်းဆန်၊ဗီယက်နမ်ဆန်တွေဝယ်စားကြပါတယ်။
မရောဟော်ဆိုတာကတော့မုန်ညင်းလိုအရွက်ဖြစ်ပြီးဈေးပေါပါတယ်။နုတ်နုတ်စင်းပြီး
ဆီနည်းနည်းနဲ့ကြော်စားပါတယ်။ရောက်စကမုန်ညင်းကြော်သလိုကြော်စားတာ
ဗိုက်နာလို့နောက်ထပ်မစားရဲတော့ပါ။
တခါတရံခရမ်းချဉ်သီးကိုရေနဲ့ဆားနဲ့ပြုတ်ပြီးမွှေစားတတ်ပါတယ်။ခရမ်းချဉ်သီး
ငပိချက်လိုပေမဲ့ငါးပိ၊ငံပြာရည်၊ပုဇွန်ချောက်မပါတော့ကျွန်မတို့ကတော့အရသာမတွေ့ ပါ။
ပါပါးနဲ့မရောဟော်ဟာကျွန်မတို့ရဲ့ထမင်းနဲ့ငါးပိရည်လိုပါဘဲ။နေ့တိုင်းစားတဲ့အစာပါ။
သူတို့ကြိုက်တဲ့နောက်အစာတစ်ခုကတော့ရွှေဖရုံသီးပါ။ရွှေဖရုံသီးဟာဒီမှာအလွန်ပေါပါတယ်။
လမ်းဘေးမှာအလေ့ကျပေါက်သလိုစိုက်ထားတာတွေလဲရှိပါတယ်။
ရွှေဖရုံသီးကိုအခွံမသင်ဘဲအစိတ်စိတ်ပြီးရေနဲ့ဆားနဲ့ပေါင်းစားတာသူတို့အလွန်ကြိုက်ပါတယ်။
ကြက်သွန်မပါ၊ပုဇွန်ချောက်မပါမို့ဒီဟင်းလဲကျွန်မတို့မကြိုက်လှပါဘူး။
ပိုက်ဆံရှိသူဟာအသားနေ့တိုင်းစားနိုင်ပေမဲ့အများစုကဆင်းရဲတော့တစ်ပတ်ကိုတစ်ခါ၊နှစ်ခါ
လောက်၊အရမ်းဆင်းရဲသူကတော့တစ်လတစ်ခါလောက်သာအသားစားနိုင်ကြပါတယ်။
ကြက်၊၀က်၊အမဲ၊ဆိတ်၊သိုးအကုန်စားပေမဲ့ငါးနဲ့ပုဇွန်တော့သိပ်စားလေ့မရှိပါဘူး။
ငါးကိုအရိုးလွတ်အသားလွှာပြီးဂျုံနဲ့ကပ်ပြီးကြော်ထားတဲ့ငါးကြော်ကလွဲလို့ငါး၊ပုဇွန်မစားကြပါ။
ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အပြင်မြစ်ချောင်းအင်းအိုင်နည်းတာကြောင့်ငါး၊ပုဇွန်လဲများများ
မရှိပါဘူး။အာရှသားတွေကတော့တစ်ဖက်နိုင်ငံကသွင်းတဲ့ငါး၊ပုဇွန်ရေခဲရိုက်တွေပဲ
တရုတ်ဆိုင်က၀ယ်စားရပါတယ်။
နွေရာသီမှာတော့အနီးအနားရေကန်ကငါးတွေဖမ်းပြီးနိုင်ငံခြားသားများတဲ့ကျွန်မတို့
တိုက်ခန်းတွေမှာလာရောင်းတတ်ပါတယ်။ငါးကြင်းနဲ့တူပေမဲ့အရိုးများပြီးဒိုက်စော်နံတဲ့ငါး၊
ငါးခူကြီးကြီးတွေပါလာတတ်ပါတယ်။ကျွန်မတို့မြန်မာတွေငါးခူနဲ့မုန့်ဟင်းခါးချက်စားချင်ပေမဲ့
အရှင်တွေမို့မ၀ယ်ဖြစ်ကြတော့ပါ။ငါးရှားတဲ့အရပ်မို့ငါးကြိုက်တဲ့အာရှသားတွေဝိုင်းဝယ်ကြတာ
ဆာလာအိပ်အပြည့်နီးပါးငါးတွေဟာနာရီဝက်လောက်ဆိုကုန်သွားပါတယ်။
တစ်ခါကမြန်မာအိမ်တစ်အိမ်ကငါးခူကိုအသေထင်ပြီးဝယ်လိုက်တာရှင်နေပြီးလူးနေတာ
သတ်လဲမသတ်ရဲတာကြောင့်ရေဇလုံကြီးထဲရေဖြည့်ထဲ့ထားပြီးနောက်နေ့မနက်မှကားငှား
ပြီးမြို့ပြင်ကရေကန်မှာသွားလွှတ်ရပါတယ်။
ငါးခူက၁၀ဘဲပေးရပေမဲ့ကားငှားခကအသွားအပြန်၂၀ကျတာကြောင့်ငါးမစားရတဲ့အပြင်
ငွေ၃၀ထွက်သွားပါတယ်။
သူတို့အစာတွေဟာဆား၊မဆလာ၊ဟင်းခတ်မှုန့်တွေပါပေမဲ့အချိုမှုန့်၊ငံပြာရည်၊ငပိ၊
ပုဇွန်ချောက်မပါလို့ပေါ့ရွှတ်ရွှတ်နဲ့အရသာမရှိလိှို့ကျွန်မတို့မနှစ်သက်သလို၊
ကျွန်မတို့ချက်တဲ့မုန့်ဟင်းခါး၊ငါးပိချက်၊အသုတ်တွေကိုလည်းငါးပိ၊ငံပြာရည်နံ့နံလို့မကြိုက်
ကြပါဘူး။ကျွန်မတို့အတွက်မွှေးပေမဲ့သူတို့ကအနံ့မခံနိုင်ကြပါ။
နေရာဒေသအလိုက်စားတဲ့အစာ၊ချက်ပုံချက်နည်း၊သုံးတဲ့ဟင်းခတ်တွေမတူကြသလို
အကြိုက်ချင်းလည်းဘယ်တူနိုင်ပါ့မလဲလေ...

7 comments:

  1. မ့ရေ..မတူညီတဲ့ စားသောက်ပုံလေးတွေကို လာရောက်ဖတ်တယ်။ မငုံတော့ ကုလားစာကြိုက်လို့လား မသိဘူး။ ကုလားပြည်လာနေရတယ်။ :)

    ReplyDelete
  2. မရေ..မရဲ့ Post လေးတွေဖတ်ရတိုင်း ဗဟုသုတ တကယ်ရပါတယ်..

    ReplyDelete
  3. လူတစ်ကိုယ် အကြိုက်တစ်မျိုး စကားပုံလိုပဲ
    လူမျိုးတစ်မျိုး အကြိုက် အမျိုးမျိုးလို့ ဆိုရမယ်နော် မမ
    အစားအသောက်ချင်း မတူတော့ စားရတော့ ဒုက္ခရောက်မှာပဲနော်
    ချဉ်ပေါင်ရွက်လေးအကြောင်း ဖတ်ကတည်းက စိတ်မကောင်းဘူး :(

    ReplyDelete
  4. ငါးခူတွေရှိတာတော့ကောင်းတာပေါ့။ အရှင်တွေဆိုတော့ တို့တွေအတွက်က တစ်ဒုက္ခပဲ။ပျော်ရွှင်ပါစေညီမရေ။မရောက်တာကြာလို့ ခွင့်လွှတ်ပါ။

    ReplyDelete
  5. ဟာပါပါ ဆိုတာလည်းမသိရပါလား ဘယ်လိုကြီးတုန်းဟင် အော် ဘယ်နိုင်ငံကလည်း မသိဘူးနော် လာလည်တဲ့အတွက်ကျေးဇူးပါ

ိ့် အားပေးလျှက်
    သမီးပျို

    ReplyDelete
  6. ဒီမှာတော့ ကြိုက်တဲ့ မြန်မာအစားအစာ ကို ကြိုက်သလို ၀ယ်လို့ ချက်လို့ စားလို့ရတယ်.. တော်သေးတာပေါ့နော်.. အစ်မအတွက်စိတ်မကောင်းပါဘူး... အစားဆင်းရဲနေလို့လေ... စားပါဦးလား.. အခုတောင် နန်းကြီးသုတ်စားနေတယ်.. :)

    ReplyDelete
  7. အကြိုက်ချင်းမတူတာတော့ ဗျာ ပြောနေချင်တော့ဖူးဗျို့ 
    ငပိဆိုအသေကြိုက်တဲ့ ကျွန်တော်တို့ နဲ့  သူတို့ တွေက
    တူဖူးဗျ ချဉ်ပေါင်ပင်ဆို ခြံထဲမှာမြန်မာပြည်က အစေ့ ယူစိုက်ထားတယ်
    ပြီးရော အမုန်း ကြော်မလား ချက်မလား ဂွတ်တယ်ဗျို့ 
း)

    ReplyDelete