Friday, August 28, 2009

လှသထက်လှမယ်ဆိုရင်

လူမဲတွေရဲ့ဆံပင်ဟာပြောင်းဖူးမွှေးတွေလိုပါ။တချို့ ကနီကျန်ကျန်၊တချို့ ကအမဲ ၊
ဆံလုံးသေးပြီးပျော့ပါတယ်။ကောက်ကွေးပြီးခေါင်းပေါ်ကိုသာလိပ်ဝင်နေလို့
ဆံပင်ဘယ်လောက်ရှည်ရှည်လည်ဂုတ်ကမကျော်ပါ။
အမျိုးသားတွေကတော့ရှင်းပါတယ်။အများစုကဂတုံးပြောင်တွေပါ။
ဒါမှမဟုတ်ဂတုံးဆံတောက်ထားပါတယ်။
အမျိုးသမီးတွေကတော့နဲနဲအလုပ်ရှုပ်ပါတယ်၊သူတို့ရဲ့ကောက်ကွေးဖွာလံကြဲ
ဆံပင်တွေကိုတင်းနေအောင်ဆွဲ၊ဆံပင်တုနဲ့ဆက်ပြီးကျစ်ဆံမြီးသေးသေးလေးတွေ
ကျစ်ပါတယ်။အချို့ကတော့လေးထောင့်ပုံလယ်ကွက်လေးတွေလိုအကွက်ဖေါ်
ပြီးဆံပင်တွေကိုလိမ်ပြီးအကွက်လေးတွေပေါ်လိပ်တင်ပါတယ်။တချို့ကျတော့လဲ
ဆီတွေလူးပြီးဖြောင့်စက်နဲ့ဆွဲကြပါတယ်။ဆံပင်သားကမတူလေတော့ကျွန်မတို့
ဆံပင်တွေလိုဖြောင့်စင်းပြီးတုန်မနေပါ။အောက်ခြေကခဲပြီးကားကားကြီးဖြစ်နေ
ပါတယ်။မြိုင်ရာဇာတွတ်ပီထဲကဗိုက်ကလေးဆံပင်ပုံမျိုးပေါ့။
ကျွန်မတို့အာရှသူတွေရဲ့ဆံပင်နက်နက်ဖြောင့်ဖြောင့်ကိုသူတို့အရမ်း
သဘောကျပါတယ်။ကျွန်မတို့ဆံပင်ကထူလဲထူ၊ဖြောင့်စင်းပြီးချောထွက်လို့သူတို့
လိုကျစ်ဆံမြီးကျစ်ရင်မလှပါ၊ကျစ်ရလဲခက်ပါတယ်။
အိမ်ဘေးကတရုတ်မလေးတယောက်ကတော့သူတို့ကျစ်ဆံမြီးကိုသဘောကျ
လို့သူတို့လိုကျစ်ဆံမြီးကျစ်ပါတယ်။၃၊၄ရက်လောက်နေတော့ခေါင်းတွေယားလို့
လျှော်လိုက်တာဆံပင်အစတွေဖွာထွက်လာပြီးပုံပျက်သွားလို့ပြန်ဖြေရပါတယ်။
ကျစ်တုံးကတော့ဘယ်လိုကျစ်လဲမသိ၊ပြန်ဖြေတော့ဆံပင်တွေကမာကျစ်ပြီးခဲနေ
လို့မနည်းဖြေယူရပါတယ်။
တစ်ခါကလဲကျူးဘားတယောက်သူတို့လိုကျစ်ဆံမြီးကျစ်တာညရောက်တော့
ဆွဲကျစ်ထားတဲ့ဆံပင်တွေကတအားတင်းပြီးခေါင်းတွေကိုက်တာမခံနိုင်လို့
မနက်ရောက်တော့ခေါင်းတုံးတုံးရတဲ့ဘ၀ရောက်ပါတယ်။
ဆံပင်တွေကိုအလှဆင်ပြီးရင်အနည်းဆုံး၂ပတ်လောက်ခေါင်းမလျှော်ရပါ။
တချို့ကတစ်လလောက်မလျှော်ပါ။လျှော်ရင်လဲဆိုင်မှာလျှော်တာပိုကောင်း
တယ်ပြောပါတယ်။သူတို့တွေကတော့ကျစ်နေကျ၊ပြင်နေကျ၊နေနေကျလို့လား
မသ၊ိဒီဆံပင်တင်းတင်းကြီးကိုအယားခံပြီးလနဲ့ချီနေနိုင်ပါတယ်။
၃လလောက်ကြာတော့တင်းတင်းဆွဲပြီးကျစ်ထားတဲ့ဆံပင်တွေကလျှော့လာ
ပါပြီ။အရင်လိုတင်းတင်းရင်းရင်းနဲ့ပုံမကျတော့ပါ။အဲဒီအခါပြန်ဖြေကြပြန်တယ်။
ပုံစံအသစ်ပြောင်းကျစ်ရင်ကျစ်၊မကျစ်နိုင်သေးရင်တော့ပုံပျက်နေတဲ့ဆံပင်ကို
မမြင်အောင်ခေါင်းကိုပုဝါနဲ့စီးရင်စီး၊ဦးထုတ်ဆောင်းရင်ဆောင်း၊ဆံပင်တုပုံစံ
လှလှလေးတွေစွပ်ချင်စွပ်။
ဆံပင်အလှပြင်ခကဈေးကြီးပါတယ်။အများစုကဆင်းရဲကြပေမဲ့အလှအပအတွက်
တော့မနှမြောကြပါဘူး။
အမဲမဖြစ်ဖြစ်၊အဖြူမဖြစ်ဖြစ်၊ဥရောပသူဖြစ်ဖြစ်၊အာရှသူဖြစ်ဖြစ်၊အာဖရိကသူဖြစ်ဖြစ်
မိန်းမဟာမိန်းမပါဘဲလေ။
အမျိုးသမီးတိုင်းဟာလှချင်ကြသူချည်းပဲမဟုတ်ပါလား...

5 comments:

  1. အမျိုးသမီးတိုင်း လှချင်တာတော့မပြောနဲ့..
    အသက်ကြီးလေလှချင်လေပဲ..(ဟိဟိ)။
    မသိတာတွေပြောပြတဲ့အတွက် ဗဟုသုတရပါတယ်..။
    ဖတ်ရတာ စိတ်ဝင်စားစရာလည်းကောင်းပါတယ်..။

    ReplyDelete
  2. ဖတ်ရတာ ဗဟုသုတရတယ်။ အဲဒီလို ကျစ်ဆံမြီးတော့ ကျစ်ချင်ပါဘူး။ ခေါင်းတင်းပြီး နာနေမယ်ဆိုလို့လေ :)

    ReplyDelete
  3. အနော်တော့ အဲ့လို ဆံပင်မျိုး ကြိုက်တယ်တော့ သိလား မမ
    အနော့်ဆံပင်က အုံထူပီး ကောက်ကွေးနေတာပဲ ဘာဆံပင်မှန်း မသိလို့
    ညှပ်ရင်း ညှပ်ရင်း အခု တိုတိုလေးပဲ ရှိတော့တယ်လေ
    ဒါပေမဲ့ ယားတာတော့ မခံနိုင်ဘူးတော့
    ဆံပင်ကျစ်ချင်တယ် အဲ့ကပ္ပလီမတွေလိုမျိုးလေ ဟိဟိ
    လှချင်ရင်တော့ အနာခံ အယားခံရမယ် ထင်တာပဲနော် ဟူးးးးးးးးးးးးးးးးးးး

    ReplyDelete
  4. အော်... လှချင်ကြတာတော့ သဘာဝပဲလေ... မိန်းခလေးဖြစ်နေတာကိုဗျ....

    မိန်းခလေးဖြစ်နေတာကို ဆိုလို့ တမျိုးမထင်နဲ့နော်...
    လူတိုင်းတော့မဟုတ်ပါဘူး... တချို့ပါ...

    မိန်းခလေးတွေက အလှအပကြောင့်ဘ၀တွေဆုံးကြ တချို့အသက်တွေဆုံးကြတဲ့အထိပါပဲလေ... ...

    အခုလို ပညာပေးပို့စ်လေးအတွက် ကျေးဇူးပါ...။

    ReplyDelete
  5. ဟုတ်မယ်..ဟုတ်မယ်.
    အကြိုက်အမျိုးမျိုးပေါ့လေ...
    နိုင်ငံအလိုက် စတိုင်လ်တွေမတူကြဘူးနော်..

    ReplyDelete