Wednesday, July 8, 2009

ကျွန်မနှင့်blog

Blogလေးတစ်ခုလောက်ရေးချင်တာကြာပါပြီ။ computerကလဲမကျွမ်းကျင်၊အချိန်ကလဲမရမို့ သူများblogလေးတွေလျှောက်လည်ဖတ်ရင်းကျေနပ်နေခဲ့တာပါ။ဒါပေမဲ့ဝါသနာဆိုတာကလဲ
အခက်သားလား၊ငယ်ငယ်ကကျောင်းမဂ္ဂဇင်း၊ဟိုမဂ္ဂဇင်းဒီမဂ္ဂဇင်းတွေမှာဟိုရေး
်ဒီချစ်အခံကရှိလေ တော့အခုကူညီပေးမဲ့သူရှိတုန်းblogလေးတစ်ခုဖွင့်လိုက်ပါတယ်။bloggerမိသားစုလေးဟာ
စိတ်ညစ်ရင်တဦးနဲ့ တဦးအားပေးကြကူညီကြနဲ့ နွေးထွေးတဲ့ပတ်ဝန်းကျင်လေးတစ်ခုပါ။မိသားစုနဲ့ အ
ဝေးမှာနေနေရတဲ့ဘ၀မှာရေမြေမတူ၊ယဉ်ကျေးမှူမတူ၊လူမျိုးမတူတဲ့သူ
တွေရဲ့ကြားမှာနေ့ စဉ်နဲ့ အမျှသောကတွေ၊ဒေါသတွေ၊စိတ်ဖိစီးမှူတွေကိုခံစားနေကြရတာပါ။စိတ်ရဲ့မွန်း
ကြပ်မှူ၊ဖိစီးမှူတွေ ဖြေလျှော့ပေးနိုင်မဲ့ဒီblogလေးမှာရောက်တတ်ရာရာရေးပြီးအချိန်တွေကိုဖြတ်
ကျော်ရင်းအိမ် ပြန်ချိန်ကိုမျှော်လင့်နေပါတယ်။

3 comments:

  1. အိမ်သစ်လေးအတွက် ဂုဏ်ယူမိပါတယ်။
    ခင်မင်အားပေးလျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  2. မွန်းကျပ်မှုတွေ ဖြေဖျောက်နိုင်တဲ့ နေရာလေးဖြစ်ပါစေဗျာ
    welcome to blog world

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  3. ရေးသာရေးပါဗျာ။ ဘာပဲရေးရေး ကိုယ်စိတ်ထဲ စိတ်ပြေဖိုပဲ မဟုတ်လား။အားပေးနေပါတယ်။
    အရေးအသားကောင်းတယ်။

    ReplyDelete