Tuesday, July 28, 2009

သူုတို့ စရိုက် (၂ )

နောက်ထပ်တောင်းတတ်တာကတော့ လူ ကိုပါ။
မြန်မာအန်တီတစ်ယောက်နဲ့၁၇နှစ်အရွယ်သူ့သမီးလေးရုံးတရုံး ကိုအသွားဓာတ်လှေခါး
အ၀မှာ အလုပ်သမားဝတ်စုံဝတ်ထားပြီးစုတ်စုတ်ပြတ် ပြတ်နဲ့  အသက် ၄၀ လောက် လူတယောက်ကနှုတ်ဆက်တော့အန်တီလဲ မသိပေမဲ့လူမှုရေးအရ်ြပန်နှုတ်ဆက်ပါတယ်။ဒီလူကသူ့ သမီးကိုစေ့စေ့
ကြည့်ရင်းစပ်ဖြဲဖြဲနဲ့ 
" သူ့ ကိုကြိုက်တယ်၊လိုချင်တယ်။ငါ့ကိုပေးမလား "
အန်တီလဲဒေါသဖြစ်ဖြစ်နဲ့ NO..NO..NO လို့ အော်တော့မှ OK.OK ဆိုပြီးထွက်သွားပါတယ်။
အန်တီ့မှာတော့ဒေါသတွေထွက်..သွေးတွေတက်လို့ .......
နောင်လဲလမ်းသွားရင်ခဏခဏတောင်းခံရတော့ဒေါသထွက်ဖို့ မောလာပြီးသမီးပျိုလေးကိုကလေးအမေလုပ်လိုက်ရပါတယ်။
"သူ့မှာယောင်္ကျားရှိတယ်၊ကလေး၂ယောက်တောင်ရှိတယ်"ကိုယ်ကဒေါသချောင်းချောင်း
ထွက်နေပေမဲသူ့တို့ကရယ်ကြဲကြဲနဲ့ နားမလည်သလိုဘာလိုစိတ်ဆိုးရတာလဲပြန်မေးနေသေးတာ။်
ယောင်္ကျားနဲ့ ကလေးရှိတယ်ဆိုမှာပဲဇာတ်လမ်းဆုံးတော့တာလေ။

တစ်ခါကလည်းမြန်မာဇနီးမောင်နှံနဲ့၈နှစ်အရွယ်သူတို့ သမီးလေးဈေးဝယ်ထွက်တာဈေးထဲမှာ၁၈နှစ်အရွယ်လောက်ရှိတဲ့ကောင်လေး၂ယောက်က
စကားရောဖောရောလုပ်ပြီးသမီးတောင်းလို့အဖေလုပ်တဲ့လူကထီးနဲ့ လိုက်ရိုက်ဖူးပါတယ်။

ကျွန်မတို့ယဉ်ကျေးမှုအရသူစိမ်းတစ်ယောက်ကမိဘကိုရှေ့ထားပြီးသမီးတောင်းတာ
တော်တော်ရိုင်းစိုင်းတဲ့အပြုအမူပါ။
သူတို့အနေနဲ့ကတော့စော်ကား
မှုတစ်ခုလို့ယူဆချင်မှယူဆမှာပါ။ကျီဆယ်မှုတစ်ရပ်ဖြစ်ခဲ့ရင်တောင်ကျွန်မတို့အဖို့မှာတော
့တော်တော်ကသိကအောက်ဖြစ်စေတာပါ။
ပြည်တော်မပြန်နိုင်သေးသ၍ဒီလိုခိုးလိုးခုလုလေးတွေကိုသည်းငြီ်းခံရင်း
့်ဒေါသတွေကိုမျိုချလို့  ရေလိုက်ငါးလိုက်နေသွားရုံသာရှိပါတော့တယ်။်

6 comments:

  1. သူတို့စရိုက်တွေကို လာဖတ်ပါတယ်ဗျာ
    ဘယ်နိုင်ငံလဲ မသိဘူးနော်။

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  2. မမရေ... ဟုတ်ပါတယ်..ဘယ်နိုင်ငံကလဲ မသိဘူးနော်... သူတို့ စရိုက် 1 နဲ့ 2 ကိုပဲ ဖတ်ရသေးလို့ ဘယ်နိုင်ငံလဲ ဆိုတာ မှန်းမတတ်လို့ပါရှင်...။

    ReplyDelete
  3. :( အဲဒီလိုကြီးကျတော့ စိတ်ညစ်မှာပဲ။ ဒေါသထွက်မှာပဲနော်။ ဟုတ်တယ်။ မ့ ဘယ်နိုင်ငံကလဲ??

    ReplyDelete
  4. သူတို့စရိုက် ၁ ရော ၂ ရောဖတ်သွားပါတယ်။ ဟုတ်ပါ့နော် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဓလေ့စရိုက်တွေကလည်းကွာပါ့နော်။ ဗဟုသုတရမိပါတယ်။လူတောင်းတယ်ဆိုတော့ သဘောကျမိတယ်

    ReplyDelete
  5. ဘယ်နိုင်ငံရဲ့ ယဉ်ကျေးမှု့လည်းဆိုတာ ကျွန်မလည်းသိချင်လိုက်တာ :)

    ReplyDelete
  6. အာ...ဒီဟာပိုဆိုးနေပါလားဗျ..
    အဲ့ဒါဘယ်နိုင်ငံလဲဟင် ?

    ReplyDelete